Min Nyunt Naing

Min Nyunt Naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min Nyunt Naing, Social service, Yangon.

27/03/2026

“အသက်လုပြီး ထွက်ပြေး လွတ်မြောက်လာတဲ့ ခွေး ၇ ကောင်ရဲ့ ဇာတ်လမ်း”

ခွေးအသားရောင်းဝယ်တဲ့ ကုန်သည်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ကျေးရွာတရွာတည်းမှ ခွေး ၇ ကောင်ဟာ ကားပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူတို့ရဲ့နေရပ်ဆီကို ၁၇ ကီလိုမီတာ (၁၀ မိုင်ကျော်) ခရီးကို အတူတကွ စုပေါင်းပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဂျီလင်ပြည်နယ်က ချန်ချွန်းမြို့လေးမှာ ဖြစ်သွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ရုပ်ရှင်တကားလိုပါပဲ။ ခွေးသားကုန်သည်တွေလက်ထဲကနေ အသက်လုပြီး ထွက် ပြေး လွတ်မြောက်လာတဲ့ ခွေး ၇ ကောင်ရဲ့ ဇာတ်လမ်းပေါ့။

သူတို့ဟာ ကိုယ့်အသက်ဘေးလွတ်ရုံတင် ပြေးခဲ့ကြတာ မဟုတ်ပါဘူး။ အချင်းချင်း လက်တွဲမဖြုတ်ဘဲ ၁၀ မိုင်ကျော်ဝေးတဲ့ အိမ်ပြန်လမ်းကို အတူတူ လျှောက်လှမ်းခဲ့ကြတာပါ။

ခေါင်းဆောင်ကောင်းပီသတဲ့ ကော်ဂီလေးဗီဒီယိုဖိုင်ထဲမှာ အထင်ရှားဆုံးကတော့ ခြေတိုတိုနဲ့ ကော်ဂီ (Corgi) လေးပါ။ သူက အုပ်စုရဲ့ ရှေ့ဆုံးကနေ လမ်းပြပေးနေသလိုမျိုး ကျန်တဲ့သူငယ်ချင်းတွေ လိုက်လာရဲ့လားဆိုတာကို ခဏ ခဏ နောက်လှည့်ကြည့်ပြီး စောင့်ပေးနေတာ တွေ့ရတယ်။

အရွယ်အစား သေးပေမယ့် သူ့ရဲ့ တာဝန်ယူစိတ်ကတော့ တကယ့်ကို ကြီးမားပါတယ်။ ဘယ်သူ့ကိုမှ အနောက်မှာ ချန်မထားခဲ့ဘူး။

ဒီအုပ်စုထဲမှာ ဒဏ်ရာရထားတဲ့ ဂျာမန်သိုးထိန်း (German Shepherd) ခွေးကြီး တကောင်လည်း ပါပါတယ်။ တ ကယ်တော့ တခြားခွေးတွေက သူ့ကိုထားခဲ့ပြီး မြန်မြန် ပြေးရင် လွတ်နိုင်ပေမယ့် သူတို့ မလုပ်ခဲ့ကြဘူး။

ဒဏ်ရာနဲ့ လမ်းဖြည်းဖြည်းပဲ လျှောက်နိုင်တဲ့ ခွေးကြီးရဲ့ ဘေးနားမှာ တခြားခွေးတွေက ဝိုင်းရံပြီး ကာကွယ်ပေးထားကြတာ မြင်ရတာ တကယ်ကို ရင်ထဲထိစရာပါ။

ကံကောင်းထောက်မစွာနဲ့ပဲ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ Bitter Coffee Stray Dog Base က စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီ၊ ဒရုန်းတွေနဲ့ စောင့်ကြည့်ပေးမှုတွေကြောင့် ဒီခွေး ၇ ကောင်စလုံးဟာ မတ်လ ၁၉ ရက်နေ့မှာ သူတို့ရဲ့ အိမ်တွေကို ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားခဲ့ပါပြီ။

ဒီဖြစ်ရပ်က ကျွန်တော်တို့ကို တစ်ခုတော့ သတိပေးသွားတယ်လို့ ထင်ပါတယ်။ တိရစ္ဆာန်လေးတွေဆိုတာ အကောင်လေးတွေသာ ဖြစ်ချင်ဖြစ်မယ်၊ သူတို့ရဲ့ စိတ်နှလုံးသားကတော့ တခါတလေ ကျွန်တော်တို့ လူသားတွေထက်တောင် ပိုပြီး နက်ရှိုင်း၊ ပိုပြီး ခိုင်မာနေတတ်ပါတယ်။

သူတို့အတွက်တော့ ဒါဟာ အသက်ရှင်သန်ရေး တိုက်ပွဲတစ်ခုဖြစ်သလို၊ သူငယ်ချင်းအချင်းချင်းအပေါ် ထားတဲ့ မပျက်ပြယ်တဲ့ သစ္စာတရားလည်း ဖြစ်ပါတယ်။

တစ်ခါတလေမှာ ကျွန်တော်တို့ လူသားတွေလည်း သူတို့ဆီကနေ "ဘယ်သူ့ကိုမှ ချန်မထားခဲ့ကြေး" ဆိုတဲ့ သင်
ခန်းစာကို ပြန်သင်ယူရမလိုပါပဲ။

#ဒေါက်တာစံဝေ

22/03/2026

104.5K likes, 679 comments. “Lovely baby says papa Papa for the first time 🥰❤️”

26/02/2026

262 likes, 32 comments. “လူမှုရေးဖောက်ပြန်မှုတွေကြုံလာရရင် မနာကြည်းပါနဲ့ ဝမ်း မနည်းပါနဲ့ ကိုယ့်ကိုကိုယ်လည်း ထိခိုက်အောင....

I did it.
12/11/2024

I did it.

14.3K likes, 3 comments. “ #နွယ်ပိုးအိမ် #နွယ်ပိုးအိမ်တစ်ထည်၅၀ကျပ် 🇲🇲🇲🇲 🇲🇲 🇲🇲❤️✨❤❤ ”

19/08/2024
03/01/2024
01/01/2024

Address

Yangon

Telephone

+959421110807

Website

Alerts

Be the first to know and let us send you an email when Min Nyunt Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category