Chin League For Democracy

Chin League For Democracy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin League For Democracy, Political Party, No.1097, Pyidaungsu Road, 45 Bus Top, 45 Ward, North Dagon Township, Yangon.

ချင်းဒီမိုကရေစီအဖွဲ့ချုပ်

နိဒါန်း။
ချင်းလူမျိုးတို့သည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ မကျရောက်မီ ကိုယ့်ကြမ္မာကို ဖန်တီးလျက် မိမိတို့နယ်မြေဒေသကို လွတ်လပ်စွာ စီမံအုပ်ချုပ်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ် လက်အောက်သို့ ကျရောက်သည့်အခါတွင် ချင်းတောင်တန်းဒေသကို ၁၈၉၆ခုနှစ်၊ ချင်းတောင်တန်းဒေသဥပဒေ (Chin Hills Regulation, 1896)ဖြင့် အုပ်ချုပ်ခဲ့သည်။ ချင်းတိုင်းရင်းသားတို့သည် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ရှမ်း

၊ ကချင်၊ တိုင်းရင်းသားများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာအစိုးရကိုယ်စားလှယ်များနှင့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှုဖြင့် ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးအတူရယူခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်တံ့ခိုင်မြဲရေးအတွက်လည်း ချင်းလူမျိုးများသည် သစ္စာရှိစွာ ပါဝင်ဆောင်ရွက် ခဲ့ကြသည်။
ချင်းတိုင်းရင်းသားတို့သည် ပင်လုံစာချုပ်အရ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖွဲ့စည်း တည်ထောင်သော ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ခဲ့ရာ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချင်းတောင်တန်းဒေသကို ချင်းဝိသေသတိုင်းဟုလည်းကောင်း၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်နယ်ဟုလည်းကောင်း၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၉အရ ချင်းပြည်နယ်ဟုလည်းကောင်း ပိုင်းခြားသတ်မှတ်ထားပါသည်။
ချင်းလူမျိုးများသည် ချင်းပြည်နယ်အတွင်းတွင်သာ စုစည်းနေထိုင်ကြခြင်းမဟုတ်ဘဲ ချင်းပြည်နယ်ပြင်ပ မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် ပြန့်ကျဲနေထိုင်လျက်ရှိပါသည်။ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် စစ်မှန်သောဒီမိုကရေစီရရှိရေးနှင့်အတူ စစ်မှန်သောပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အခြားတိုင်းရင်းသားများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည် ဆောင်ရွက်ရန်လိုအပ်လာပါသည်။ သို့ဖြစ်၍ ချင်းအမျိုးသားတစ်ရပ်လုံးအရေးအတွက် စည်းလုံး ညီညွတ်စွာ ရပ်တည်ဆောင်ရွက်နိုင်ရန် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို (၁-၄-၂၀၁၄)ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပါသည်။

ပါတီ၏ ရည်မှန်းချက်

ပါတီ၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်နှင့် တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုရှိသည့် စစ်မှန်သော ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊
(ခ) တိုင်းရင်းသားလူမျိုးများအားလုံးနှင့်အတူ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး နှင့် မိမိတို့ကြမ္မာကို လွတ်လပ်စွာ ဖန်တီးခွင့်ရရှိရေး၊
(ဂ) ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးကိုရှေးရှု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် တန်းတူညီမျှသော အခွင့်အလမ်းများ ရရှိရေးနှင့် တပြေးညီဖွံ့ဖြိုးတိုးတက်စေရေး။
(ဃ) ချင်းပြည်နယ်ပြင်ပ၌ ပြန့်ကျဲနေထိုင်ကြသော ချင်းလူမျိုးအနေဖြင့် ဥပဒေအရ ရပိုင်ခွင့်များ အပြည့်အ၀ရရှိနိုင်ရေး၊
(င) ချင်းအမျိုးသားရေးတွင် ချင်းအမျိုးသားတစ်ရပ်လုံး တစ်လုံးတစ်ဝတည်းဖြင့် လက်တွဲ ဆောင်ရွက်နိုင်ရေး၊
(စ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က လက်မှတ်ရေးထိုးအတည်ပြုပြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ချင်းလူမျိုးအားလုံး အပါအ၀င် နိုင်ငံသားတိုင်း အပြည့်အ၀ ခံစားရရှိနိုင်ရေး၊
(ဆ) တိုင်းရင်းသားလူနည်းစုများနှင့် ချင်းတိုင်းရင်းသားတို့၏ အခွင့်အရေးကို ထိခိုက် နစ်နာမှုမရှိစေရန် လုံလောက်သော အကာအကွယ်ရရှိရေး၊

ပါတီ၏အခြေခံမှုများ

ပါတီ၏ အခြေခံမူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ပါတီသည် စစ်မှန်သော ဒီမိုကရေစီစနစ်ကို အစဉ်ကျင့်သုံးသည်။
(ခ) ပါတီသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံး ညီညွတ်ရေးကို အစဉ်ရှေ့ရှုသည်။
(ဂ) ပါတီသည်ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အလေးထားဆောင်ရွက်သည်။
(ဃ) လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် စနစ်တကျထွန်းကားလာရေးအတွက် အလေးထား ဆောင်ရွက်မည်။
(င) စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ်တည်ဆောက်ရေးနှင့် တိုင်းရင်းသားလူမျိုးများအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လှုပ်ရှား ဆောင်ရွက်သော
နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲ ဆောင်ရွက်မည်။
(စ) ချင်းအမျိုးသားရေးအတွက် ရည်မှန်းချက်နှင့် မူဝါဒချင်းတူညီသော ချင်းနိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မည်။
(ဆ) ချင်းပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများအရေးကိစ္စအ၀၀နှင့် စပ်လျဉ်း၍သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအာဏာပိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများ၊
နိုင်ငံတော်အဆင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်။
(ဇ) ပညာရေး၊ ကျန်းမာရေး၊ လူမှုဘ၀မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် ဆောင်ရွက်သွားမည်။

Address

No.1097, Pyidaungsu Road, 45 Bus Top, 45 Ward, North Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when Chin League For Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Chin League For Democracy:

Share