CoWorx Co-working Space

CoWorx Co-working Space Coworx is a shared working environment designed to foster collaboration and productivity among professionals from diverse backgrounds.

နှစ်သစ်ရောက်တိုင်း “ဒီနှစ်တော့ ပိုကြိုးစားမယ်” လို့ပဲ ပြောနေမယ့်အစား ဒီလို လက်တွေ့ကျတဲ့ အချက်လေးတွေကို စမ်းကြည့်မလား 💥✅ ...
28/01/2026

နှစ်သစ်ရောက်တိုင်း “ဒီနှစ်တော့ ပိုကြိုးစားမယ်” လို့ပဲ ပြောနေမယ့်အစား ဒီလို လက်တွေ့ကျတဲ့ အချက်လေးတွေကို စမ်းကြည့်မလား 💥

✅ 1) “အလုပ်ရှိတဲ့နေ့” နဲ့ “အလုပ်မရှိတဲ့နေ့” ကို ခွဲမယ်။

အလုပ်မရှိတဲ့နေ့တွေကို Skill တွေထပ်လေ့လာ၊ portfolio ပြင်၊ proposal template ပြန်လုပ်တဲ့နေ့အဖြစ် သတ်မှတ်မယ်။
👉 ဒါဆို အလုပ်မရှိတဲ့နေ့က နောက်အလုပ်ရဖို့ ပြင်ဆင်တဲ့နေ့ဖြစ်သွားပါပြီ။

✅ 2) လုပ်နိုင်တဲ့ပမာဏကိုသတ်မှတ်မယ်။

Freelancer တွေ burnout ဖြစ်တာက လုပ်စရာ အများကြီးကို တစ်ပြိုင်နက်လုပ်ချင်တာကြောင့်ပါ။
👉 ဒီနှစ်မှာတော့ တစ်ရက်အတွင်းပြီးသင့်တဲ့အလုပ်ပမာဏကို သတ်မှတ်ပါမယ်။ အလုပ် (၁) ခု ပြီးတိုင်း စိတ်ပင်ပန်းမှုလျော့ပြီး၊ self-confidence လည်း တက်လာစေပါတယ်။

✅ 3) Client message ကိုမကြောက်တော့ဘူး။

ကိုယ့်ဘက်က Reply မပို့ရဲလို့ အလုပ်ပိုရှုပ်သွားတာ အချိန်ပိုကြာသွားတာတွေ ရှိတတ်ပါတယ်။
👉 ဒီနှစ်မှာတော့ ပိုပြီး Professional ဆန်စွာနဲ့ ပွင့်ပွင့်လင်းလင်းပြောပြီးရင်ဆိုင်ပါမယ်။
“ဘယ်အချိန်ပြီးနိုင်မလဲ၊ ပေးနိုင်မလဲဆိုတာတွေ၊ ဘာကြောင့်အချိန်လိုအပ်တာလဲဆိုတာတွေရောပါ”

✅ 4) Perfect ဖြစ်ဖို့မလိုဘူး — Consistency ရှိဖို့ပဲလိုတယ်။
နေ့တိုင်း motivation အပြည့်ရှိမနေပါဘူး။ ဒါပေမယ့် နေ့တိုင်းနည်းနည်းချင်း လုပ်သွားရင် နောက်တစ်နှစ်မှာ အတော်လေးခရီးရောက်နေမှာအသေအချာပါပဲ။

✅ 5) အလုပ်လုပ်တဲ့နေရာကို ဂရုစိုက်မယ်။

Noise, internet, air-con, distraction… စတာတွေကြောင့် အိမ်မှာလုပ်လို့မရတဲ့ နေ့တွေလည်းရှိနိုင်ပါတယ်။
👉 အလုပ်လုပ်တဲ့နေရာက အလုပ်အရည်အသွေးကို တိုက်ရိုက်သက်ရောက်တာကြောင့် ကိုယ်နဲ့ကိုက်ညီမယ့် နေရာကောင်းလေးလည်းရှာထားသင့်ပါတယ်။

🔰Focus ဖြစ်စေမယ့်နေရာမှာ freelance routine အသစ်စချင်ရင်တော့ CoWorx ကို သတိရလိုက်ပါ ♥️

CoWorx မှာ Monday တိုင်း (9 am to 5 pm) နေရာ Free ပေးနေတဲ့ အစီအစဉ်လည်းရှိတာကြောင့် Budget ချုံ့ရင်းလည်း Work done ဖြစ်နိုင်ပါပြီနော် 😉

📲 09756632338
📧 [email protected]
📍Address - No.19, (2nd Floor), 20th Street (Lower Block), Latha Township, Yangon

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities


❄️ဆောင်းလေ အေးအေးလေးရနေချိန်မှာ ကော်ဖီပူလေးသောက်ရင်း အလုပ်လုပ်ရတာလည်း Vibe တစ်မျိုးပါပဲ ✨🌱စိတ်ကြည်ကြည်နဲ့ Focus ဖြစ်စေမယ...
15/01/2026

❄️ဆောင်းလေ အေးအေးလေးရနေချိန်မှာ ကော်ဖီပူလေးသောက်ရင်း အလုပ်လုပ်ရတာလည်း Vibe တစ်မျိုးပါပဲ ✨

🌱စိတ်ကြည်ကြည်နဲ့ Focus ဖြစ်စေမယ့် နေရာလေးမှာ တစ်နေ့တာ To-do-task တွေ တစ်ခုချင်းပြီးသွားတာကို CoWorx မှာခံစားနိုင်ပါတယ်။

☕ Coffee Free Flow ရှိတာကြောင့် တစ်ခွက်ကုန်သွားရင်လည်း နောက်တစ်ခွက်ကို ထပ်ပြီးဖြည့်လို့ရသလို…

CoWorx ကလည်း အတွေးအခေါ်တွေ၊ idea တွေ၊ motivation တွေကို မရပ်မနား refill လုပ်နိုင်တဲ့ Co-woking space လေးတစ်ခုပါရှင် ♥️

ဆောင်းရာသီ Vibe လေးနဲ့ ဆိတ်ငြိမ်တဲ့နေရာလေးမှာ Task တွေပြီးအောင်လုပ်မယ်ဆိုရင် Booking ကြိုယူနိုင်သလို Walk in လည်းလာနိုင်ပါတယ် …🌸

📲 09756632338
📧 [email protected]
📍Address - No.19, (2nd Floor), 20th Street (Lower Block), Latha Township, Yangon

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities


Coworx Coworking Space မှ မိတ်ဆွေတို့အားလုံးအတွက် နေရာ လက်ဆောင်🎁အနာဂတ်ကို ပုံဖော်တည်ဆောက်နေသူတိုင်းအတွက်Coworx Co-Workin...
11/01/2026

Coworx Coworking Space မှ မိတ်ဆွေတို့အားလုံးအတွက် နေရာ လက်ဆောင်🎁

အနာဂတ်ကို ပုံဖော်တည်ဆောက်နေသူတိုင်းအတွက်
Coworx Co-Working Space ကနေ အလုပ်နေရာ Support လုပ်ချင်ပါတယ်။

လူတိုင်းမှာ စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေ၊ လုပ်စရာတွေ ရှိပေမယ့် စိတ်ကူးထဲက အရာတွေကို လက်တွေ့မှာ အကောင်းဆုံး ပုံဖော်နိုင်ဖို့အတွက် အေးအေးဆေးဆေးတွေးရင်း စာလုပ်လို့ရမယ့်၊ အလုပ်လုပ်လို့ရမယ့်နေရာ ရမရှိလို့ စိတ်ရှုပ်မခံပါနဲ့တော့။

Coworx Co-Working Space ကနေ တနင်္လာနေ့တိုင်း၊ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း
Coworx ကို အခမဲ့ လာရောက် အသုံးပြုခွင့်ပြုရင်း သင့်အိပ်မက်ကို Support လုပ်ပါရစေ🎈

ဒါက Community ကိုလည်း Support လုပ်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့အတူ သင့်ရဲ့ ပထမဆုံး ခြေလှမ်းမှာလည်း Coworx Co-Working Space က အတူရှိချင်ပါတယ်။

Freelancer ဖြစ်ဖြစ်၊ Entrepreneur ဖြစ်ဖြစ်၊ Remote Worker ဖြစ်ဖြစ် သင့်အတွက် စာရေး စားပွဲတစ်လုံး၊ Wi-Fi၊ ဆိတ်ငြိမ်တဲ့ ဝန်းကျင်နဲ့ လင်းထိန်နေတဲ့ အလုပ်နေရာလေးက အသင့်ရှိနေပါတယ်🎁

အခုပို့စ်လေးကို လိုအပ်သူတွေစီရောက်အောင် ပံ့ပိုးကူညီတဲ့အနေနဲ့ Share ပေးဖို့ မမေ့ပါနဲ့နော်❣️

📣Happy New Yearအခုလာမဲ့ နှစ်သစ် 2026 ကိုလည်း အကောင်းဆုံးအင်အားတွေနဲ့ ပျော်ရွှင်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး ကိုယ်ချစ်ခင...
01/01/2026

📣Happy New Year

အခုလာမဲ့ နှစ်သစ် 2026 ကိုလည်း အကောင်းဆုံးအင်အားတွေနဲ့ ပျော်ရွှင်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ သာယာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ CoWorx မိသားစု မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🙏❤️



Merry Christmas 🎄🎁 အေးချမ်းပျော်ရွှင်စရာကောင်းတဲ့နေ့လေးမှာ လူသားများအားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝ...
25/12/2025

Merry Christmas 🎄🎁

အေးချမ်းပျော်ရွှင်စရာကောင်းတဲ့နေ့လေးမှာ လူသားများအားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝပြည့်စုံကြပါစေကြောင်း CoWorx မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities

အကောင်းဆုံးအာရုံစိုက်မှုအတွက် အေးဆေးတည်ငြိမ်တဲ့ အလုပ်လုပ်ဖို့ နေရာတစ်ခု📣အလုပ်တွေကပင်ပန်းနေပြီလား? အိမ်မှာအလုပ်လုပ်ရင်း အ...
20/12/2025

အကောင်းဆုံးအာရုံစိုက်မှုအတွက် အေးဆေးတည်ငြိမ်တဲ့ အလုပ်လုပ်ဖို့ နေရာတစ်ခု📣

အလုပ်တွေကပင်ပန်းနေပြီလား? အိမ်မှာအလုပ်လုပ်ရင်း အာရုံထွေပြားနေပြီလား? ကော်ဖီဆိုင်တွေရဲ့ ဆူညံသံတွေကြားမှာ အာရုံစိုက်ဖို့ခက်ခဲနေပြီလား?

Productive ဖြစ်ဖြစ်နဲ့ အလုပ်လုပ်တော့မယ်ဆိုရင်

✨ အေးချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်
(အသံဆူညံမှုကင်းတဲ့၊ သီးသန့်ခွဲထားတဲ့ အလုပ်လုပ်နိုင်တဲ့နေရာ)

✨ စိတ်ကြိုက် ရွေးချယ်စရာ နေရာ
(တစ်ကိုယ်စာ အသုံးပြုနိုင်တဲ့ နေရာ၊ Group လိုက်အခန်းများ၊ သီးသန့် အလုပ်စားပွဲ)

✨ ပြည့်စုံပြီး အဆင်သင့်ဖြစ်နေတဲ့ ပြင်ဆင်မှု
(အမြန်နှုန်းမြင့် အင်တာနက်၊ ရေပူနေအေး/ ကော်ဖီ၊ ပရင့်ထုတ်ခြင်း၊ စာကြည့်စားပွဲနှင့် အဆင်သင့်ထိုင်ခုံများ၊ စာအုပ်တွေ စိတ်ကြိုက်ဖတ်လို့ရမယ့် စာအုပ်စင်၊ Projector)

✨ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်း
(အမျိုးမျိုးသော လုပ်ငန်းလုပ်နေသူတွေနဲ့ တွေ့ဆုံနိုင်ပြီး ၊ Networking ပါလုပ်နိုင်မယ့် အခွင့်အရေး)

ဒီလိုအရာတွေနဲ့ ပြည့်စုံနေတဲ့ နေရာလေးတစ်ခုက ဘယ်သူ့အတွက်မဆို အာရုံစူးစိုက်လို့ကောင်းပြီး အလုပ်တွင်စေမယ့် နေရာလေးတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities

နောက်ဆုံးပိတ် အိတ်နဲ့လွယ် Promotion 🎉🎊CoWorx ရဲ့ Guest တွေအတွက် အထူးစပါယ်ရှယ် လျှော့စျေးလေးကို Christmas နဲ့ နှစ်ကုန်လက်...
12/12/2025

နောက်ဆုံးပိတ် အိတ်နဲ့လွယ် Promotion 🎉🎊

CoWorx ရဲ့ Guest တွေအတွက် အထူးစပါယ်ရှယ် လျှော့စျေးလေးကို Christmas နဲ့ နှစ်ကုန်လက်ဆောင်အဖြစ် ပေးသွားမှာဖြစ်ပါတယ်။

🎁Hot desk နဲ့ Meeting room ကို Whole day ယူသူတိုင်း 20% off ရမှာဖြစ်ပြီး၊

ထုံးစံအတိုင်း CoWorx ရဲ့တခြား facilities တွေဖြစ်တဲ့ Coffee free flow, Air con, Library စတာတွေလည်း ပုံမှန်အတိုင်းရရှိသွားမှာပါ။

Concentration ကောင်းဖို့ အေးဆေးငြိမ်သက်တဲ့ပတ်ဝန်းကျင်မှာ High speed Wifi နဲ့ ကော်ဖီလေးသောက်ရင်း အလုပ်ထိုင်လုပ်ရုံပဲဆိုတော့…

2025 မှာကျန်နေတဲ့အလုပ်တွေကို CoWorx ရဲ့ ရှယ်တန် Promotion နဲ့ Work done လာလုပ်လို့ရပြီနော် 🥳🥳

📲 09756632338
📧 [email protected]
📍Address - No.19, (2nd Floor), 20th Street (Lower Block), Latha Township, Yangon

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities


CoWorx ရဲ့ Free Library Corner လေးကို စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်စာအုပ်တွေကိုနှစ်သက်တဲ့ Bibliophile လေးတွေအကြိုက် ~~ Bo...
11/12/2025

CoWorx ရဲ့ Free Library Corner လေးကို စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်

စာအုပ်တွေကိုနှစ်သက်တဲ့ Bibliophile လေးတွေအကြိုက် ~~ Bookshelf ကိုဖြည့်ထားပေးပါတယ် 🤓

အလုပ်ပြီးလို့နားရင်းပဲဖြစ်ဖြစ် Break time လေးယူရင်းပဲဖြစ်ဖြစ် စာအုပ်ပြေးဖတ်လို့ရပါပြီရှင်။

📚CoWorx ရဲ့ Bookshelf မှာ သုတရသ မြန်မာစာအုပ်လေးတွေရော၊ English book series လေးတွေရော စီစဉ်ပေးထားပါတယ်။

📒 အိမ်ကိုငှါးခွင့်လေးမရှိပေမယ့် CoWorx မှာတင် တစ်နေကုန် အားရပါးရဖတ်နိုင်မှာဖြစ်ပြီး၊ စာရွက်လေးတွေမခေါက် စေဖို့ 🔖Bookmark လှလှလေးတွေလည်း ရှိပါတယ်နော်။

ကဲ…ဘာမှမလုပ်ချင်ဘူး စာလေးပဲထိုင်ဖတ်ချင်တော့တယ်ဆိုရင်လည်း အဲကွန်းအေးအေးလေးနဲ့ ကော်ဖီ Free flow သောက်ရင်း CoWorx မှာလာဖတ်ပါရှင် ♥️✨

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities


Confidential ရှိရမယ့် အရေးကြီး Meeting တွေအတွက်လား⁉️Client ကို Professional ကျကျတွေ့ဖို့ Meeting Room ကောင်းကောင်းလေး လိ...
12/09/2025

Confidential ရှိရမယ့် အရေးကြီး Meeting တွေအတွက်လား⁉️

Client ကို Professional ကျကျတွေ့ဖို့ Meeting Room ကောင်းကောင်းလေး လိုအပ်တာလား⁉️

📌Projector,
📌High-speed Wifi,
📌Air-con အပြင်၊
📌အခန်းထဲမှာရှိတဲ့လူတိုင်းပါ ကော်ဖီ free flow သောက်နိုင်တာမို့ Coffee break အတွက်လည်း အထူးတလည် ပြင်ဆင်နေစရာမလိုပါဘူး။

ရုတ်တရက်မီးပျက်သွားရင်လည်း မီးစက်ရော၊ အင်ဗာတာရော အဆင်သင့်ရှိတာမို့ လူကြီးမင်းတို့က အလုပ်ကိုပဲအာရုံစိုက်ပါ၊ လိုအပ်တဲ့ Facilities တွေကို CoWorx ကပေးထားမှာပါရှင် ♥️

🔺လူဦးရေများတဲ့ Team အတွက်- Meeting Room
🔺လူဦးရေနည်းတဲ့ Team အတွက်- Private Room ရွေးချယ်နိုင်ပြီး၊

အချိန်ပိုင်း၊ တစ်ရက်ချင်း၊ တစ်လချင်းအထိငှါးလို့ရနိုင်ပြီး၊ Team ရဲ့လိုအပ်မှုအပေါ် အသေးစိတ် customize လုပ်ပေးတာမို့…

Page chat box ကဖြစ်စေ၊ အောက်ပါနံပါတ်ကဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါပြီ ✅

📲 09756632338
📧 [email protected]
📍Address - No.19, (2nd Floor), 20th Street (Lower Block), Latha Township, Yangon

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities


တစ်နာရီကို 3200 ကျပ်ပဲကျတော့မှာပါ ‼️September မှာဖြေရမယ့် စာမေးပွဲတွေများလို့ ခေါင်းပူနေရပြီလား 🤦🏻‍♀️စာကိုအာရုံစိုက်ဖို့...
29/08/2025

တစ်နာရီကို 3200 ကျပ်ပဲကျတော့မှာပါ ‼️

September မှာဖြေရမယ့် စာမေးပွဲတွေများလို့ ခေါင်းပူနေရပြီလား 🤦🏻‍♀️

စာကိုအာရုံစိုက်ဖို့ အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးမှာ ပြောင်းလုပ်ချင်ရင်တော့ Facilities ပြည့်စုံတဲ့ 𝐂𝐨𝐖𝐨𝐫𝐱 ရှိတယ်နော်။ Air-con, Wifi အပြင် အိပ်ငိုက်တိုင်းသောက်လို့ရတဲ့ Nescafé barista လေးကလည်း free flow ပါ ✅

သန့်ရှင်းသပ်ရပ်တဲ့အခန်းထဲမှာ စိတ်ကြည်ကြည်လေးစာလုပ်နိုင်မှာဖြစ်ပြီး၊ 𝐂𝐨𝐖𝐨𝐫𝐱 ရဲ့ Vibe လေးကြောင့် Motivation အပြည့်နဲ့ Concentration လည်းကောင်းစေမှာပါ။

💢 ဒါ့အပြင် ကျောင်းသား/သူတိုင်းအတွက် Happy September ဖြစ်စေဖို့ 𝐂𝐨𝐖𝐨𝐫𝐱 က Hot desk area 20% discount ရှိပါသေးတယ်။

🪪Students special discount ဖြစ်တာကြောင့် ကျောင်းသားကဒ်လေးတော့ယူခဲ့ဖို့မမေ့နဲ့နော် 🫆

September တစ်လတည်းရမှာမို့ အမြန်လေး Booking ကြိုယူထားနိုင်သလို၊ Walk-in လည်းလာနိုင်ပါတယ်ရှင် ♥️

📲 09756632338
📧 [email protected]
📍Address - No.19, (2nd Floor), 20th Street (Lower Block), Latha Township, Yangon

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities


#ပရိုမိုးရှင်း

To-do list လုပ်ပြီး အချိန်ကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်မယ့် Free Applications တွေမျှဝေပေးသွားပါမယ် 📌အလုပ်တွေကို Major န...
22/08/2025

To-do list လုပ်ပြီး အချိန်ကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်မယ့် Free Applications တွေမျှဝေပေးသွားပါမယ် 📌

အလုပ်တွေကို Major နဲ့ Minor ခွဲထားတဲ့ကြားက မေ့ပြီးကျန်ခဲ့တာတွေများနေရင် ဒီ App တွေကိုသုံးကြည့်ပါ။ Reminder လည်းပါသလို ပြီးသွားတဲ့ Task တွေလည်းမြင်ရတာမို့ Productive ဖြစ်ဖို့ အတော်လေးအသုံးဝင်ပါတယ်။

🤖 Notion- ဒီနောက်ပိုင်းမှာ ညွှန်းစရာမလိုအောင် အသုံးများလာတဲ့ App ပါ။ သူကဖုန်းမှာရော Laptop နဲ့ရောသုံးလို့ရတာမို့ အဆင်ပြေပါတယ်။ Habit tracker, Monthly to-do list, Travel planner စတာတွေကိုပါ အသေးစိတ်ပြင်ဆင်လို့ရပြီး Free Version အများကြီးပါဝင်ပါတယ်။

🤖 Reminder- ဖုန်းမှာပါပြီးသား Original App ဖြစ်ပါတယ်။ သတိမထားမိပေမယ့် တကယ်သုံးကြည့်ရင် ထင်မထားလောက်အောင် အသုံးဝင်ပါတယ်။ ပြီးသွားတဲ့ Task တွေကို အမှန်ခြစ်ပြီး Tick လုပ်တာ၊ Meeting တွေအတွက် Notify လုပ်ပြီး Alarm ပေးတာ စတာတွေလည်းသုံးနိုင်ပါတယ်။

🤖 Evernote- အစည်းအဝေးက Meeting minutes တွေ၊ To-do list တွေအပြင်၊ မှတ်ချင်တဲ့အမျိုးအစားအလိုက် Categories ခွဲလို့ရပြီး၊ Audio, Images, links, Attachments တွေပါတွဲမှတ်နိုင်တာမို့ သုံးလို့ကောင်းတဲ့ App တစ်ခုပါပဲ။

🤖 Flora - Green Focus- အပေါ်မှာ Organized ဖြစ်စေတဲ့ App တွေပြောပြီးဆိုတော့ ဒီတစ်ခုက Productive ဖြစ်စေတာပါ။ အလုပ်ကိုစကိုင်လိုက်တာနဲ့ ဖုန်းပဲကြည့်မိနေတယ်ဆိုရင် ဒါလေးသေချာပေါက် သုံးကြည့်ပါ။ အပင်လေးစိုက်ထားပြီး သတ်မှတ်ထားတဲ့အချိန်မပြည့်မချင်း Social media app တွေဝင်မရတာမျိုးဆိုတော့ အလုပ်ပိုပြီးတာပေါ့နော်။

🤖 Study Bunny: Focus Timer - ဒီ App လေးက Function လေးတွေပိုပြီးပါဝင်ပါတယ်။ To-do list တွေလည်းထားလို့ရပြီး တစ်ခုချင်းပြီးသွားရင်လည်း Rewards လေးတွေရတဲ့ Fun & productive App မျိုးပါ။

မျှဝေပေးလိုက်တဲ့ App လေးတွေကိုသုံးပြီး အားလုံးအကျိုးရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

‼️ နှစ်မကုန်ခင်အပီအပြင်ကြိုးစားဖို့ တိတ်ဆိတ်ပြီး Focus လုပ်နိုင်မယ့် နေရာကောင်းလေးလိုအပ်ရင်တော့ CoWorx ရှိပါတယ်နော်။

Booking ကြိုယူထားနိုင်သလို၊ Walk-in တန်းလာလို့လည်းရပါတယ်။ လစဉ် Promotion တွေလည်းရှိတာကြောင့် Page မှာအမြဲစောင့်ကြည့်နိုင်ပါတယ်ရှင် ♥️

📲 09756632338
📧 [email protected]
📍Address - No.19, (2nd Floor), 20th Street (Lower Block), Latha Township, Yangon

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities



အလုပ်တွေ ဒီလောက်အသည်းအသန်လုပ်နေတာတောင် Work done မဖြစ်နေဘူးလား 🤯🤯လုပ်သလောက်မပြီးတာတွေ၊ အလောတကြီးမြန်မြန်လုပ်လွန်းလို့ တလ...
15/08/2025

အလုပ်တွေ ဒီလောက်အသည်းအသန်လုပ်နေတာတောင် Work done မဖြစ်နေဘူးလား 🤯🤯

လုပ်သလောက်မပြီးတာတွေ၊ အလောတကြီးမြန်မြန်လုပ်လွန်းလို့ တလွဲဖြစ်ပြီး ပြန်ပြင်ရတာတွေများနေရင် ဒီအချက်လေးတွေနဲ့စစ်ကြည့်နိုင်ပါတယ်။

ဒါဆိုကိုယ့်ရဲ့ Productivity လည်တိုးတက်နိုင်ပြီး အလုပ်ကိုလည်းပိုပြီး အာရုံစိုက်နိုင်မှာပါ။

Task တွေနည်းအောင်ခွဲလိုက်ပါ✅

အလုပ်များနေရင် တာဝန်ကြီးနေရင် အချိန်ဆွဲမိတတ်သလို အမှားလည်းပါတတ်ပါတယ်။ သူ့ကို small steps လေးတွေခွဲလိုက်ပြီး တစ်ခုချင်းစီကိုပဲ အာရုံစိုက်သွားရင် မြန်လည်းမြန်သလို မှန်လည်းမှန်မှာပါ။

Timer သုံးနိုင်ပါတယ်✅

အလုပ်လုပ်နေပြီဆိုရင် ရေထသောက်တာ ဗိုက်ဆာတာ ဖုန်းဝင်လာတာ အိမ်ကစကားလာပြောတာ စသဖြင့်အကြောင်းမျိုးစုံပေါ်လာတတ်ပါတယ်။ ထိုင်ရာကခဏခဏထရရင် Focus လျော့တာမို့ Timer တစ်ခုသတ်မှတ်ထားတာ ပိုကောင်းပါတယ်။ ဒါကအာရုံစူးစိုက်မှုလည်းကောင်းစေသလို Timer ပြည့်ရင်အနားရတာမို့ လူလည်းသက်သာစေပါသေးတယ်။

Multitask လုပ်တာကိုလည်း ကန့်သတ်ထားပါ✅

အလုပ်ကများလွန်းလို့ တစ်ခုတည်းထိုင်လုပ်နေလို့မရတဲ့အချိန်တွေလည်းရှိမှာပါ။ ဒါပေမယ့် Multitasking က အမှားပါတတ်သလို အလုပ်လည်းနှေးစေနိုင်တာမို့ တတ်နိုင်သလောက် တစ်ခုချင်း Work done ဖြစ်အောင်လုပ်ကြည့်ပါ။

အမြဲ Perfect ဖြစ်နေဖို့ကိုမမျှော်လင့်ပါနဲ့ ✅

အလုပ်ပြီးလို့ Work done ဖြစ်တာကောင်းပါတယ်။ ဒါပေမယ့်ပြီးတဲ့ Task တစ်ခုစီတိုင်းကို မလိုအပ်ဘဲ Perfect မဖြစ် ဖြစ်အောင် ပြန်လုပ်နေရရင်တော့ အချိန်ကုန်တာပဲရှိပါတယ်။

ချီးကျူးပါ✅

ပိစိလေးအလုပ်ပြီးတာလည်း Work done ပါပဲ။ ဒါက Big task ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သလို၊ အလုပ်ကြီးတစ်ခုရဲ့ ပထမခြေလှမ်းလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် Work done ဖြစ်တိုင်းလည်း ကိုယ့်ကိုယ်ကိုယ်ချီးကျူးပေးပါ။

ကဲ‼️ ဒါဆို အလုပ်လည်းပြီး စိတ်လည်းပျော်တဲ့အခြေအနေလေးကို ကိုယ်တိုင်ဖန်တီးနိုင်ပါပြီနော်။ အားလုံးပဲ ကြိုးစားသမျှအရာထင်ပြီး ပန်းတိုင်တွေဆီ အရောက်သွားနိုင်ပါစေရှင်♥️

အလုပ်တွေပြီးဖို့ တိတ်ဆိတ်တဲ့နေရာ၊ Wifi လိုင်းကောင်းကောင်းနဲ့ အဲကွန်းအမြဲဖွင့်ပေးထားတဲ့ Productive ဖြစ်စေမယ့် နေရာလေးလိုအပ်ရင်တော့ CoWorx ရှိနေပါတယ်📍

📲 09756632338
📧 [email protected]
📍Address - No.19, (2nd Floor), 20th Street (Lower Block), Latha Township, Yangon

𝑪ollaborate - 𝑪reate - 𝑪owor𝕩
Your Space for Infinite Possibilities



Address

No. 19 (2nd Floor), 20th Street (Lower Block), Latha Township
Yangon
11141

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Telephone

+959756632338

Website

Alerts

Be the first to know and let us send you an email when CoWorx Co-working Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CoWorx Co-working Space:

Share