Healing path with Kath

Healing path with Kath Guiding through Tarot 🗺️
Healing through Energy 🌌Awakening through Intuition🪷
(1)

ဘာကပိုအရေးကြီးလည်းဆိုတာကိုသိဖို့ကတော့ သတိနဲ့ပညာ လိုအပ်ပါတယ်။
12/05/2026

ဘာကပိုအရေးကြီးလည်းဆိုတာကိုသိဖို့ကတော့ သတိနဲ့ပညာ လိုအပ်ပါတယ်။

10/05/2026

10.5.2026/ Self-Care Sunday 🍀
တစ်‌နေ့တာမှာ ကိုယ်အတွေးနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို အားဖြည့်‌ဖို့အတွက် အချိန်ပေးပါ။

လွန်ခဲ့တဲ့ ၁နှစ်လောက်က “တီကလျာ... သမီး ကတ်မဖတ်နိုင်တော့ရင် ဘာဆက်လုပ်ရမလဲ” လို့အဖြေမရှာနိုင်တဲ့စိတ်နဲ့ မေးမိခဲ့ဖူးတယ်။တီက...
09/05/2026

လွန်ခဲ့တဲ့ ၁နှစ်လောက်က “တီကလျာ... သမီး ကတ်မဖတ်နိုင်တော့ရင် ဘာဆက်လုပ်ရမလဲ” လို့အဖြေမရှာနိုင်တဲ့စိတ်နဲ့ မေးမိခဲ့ဖူးတယ်။

တီကလျာကတော့ ခပ်အေးအေးပဲ ပြန်ဖြေခဲ့တယ်။ “သမီးက Healer ပဲလေ၊ Healing တွေဆက်လုပ်ပေါ့” တဲ့။

အဲ့အချိန်တုန်းကတော့“အေး... ဟုတ်သားပဲ” ဆိုပြီး စိတ်ထဲ ဖြေသာသွားခဲ့တယ်။
ဒါပေမယ့် အဲ့ဒီကာလက ထင်ထားတာထက် ပိုမြန်မြန် ရောက်လာမယ်လို့တော့ မထင်ထားခဲ့မိဘူး။

နဂိုထဲက Keywords တွေထပ်အာရုံထဲဝင်လာတဲ့ စကားတွေ၊ Messages တွေကိုပဲပိုဖတ်ချင်၊ ပိုပြောချင်တဲ့ reader မို့ ဒီရက်တွေဟာ အတော်လေး ခေါင်းစားရပါတယ်။

Daily Reading တွေတင်ခါနီးတိုင်း၊
Personal Reading တွေဖတ်ပေးခါနီးတိုင်း “လုပ်သင့်တယ်၊ လုပ်ရမယ်” ဆိုတဲ့စိတ်ကရှိနေသေးပေမယ့် နောက်ကွယ်မှာတော့ ဗလာကြီးဖြစ်နေခဲ့ပါတယ်။

အဲ့ဒါကြောင့် ဒီတလော ပုံမှန်ဖတ်ပေးနေကြ Reading လေးတွေ မဖတ်ပေးဖြစ်တာပါ။

အရင်တုန်းကဆို Energy Burnout ဖြစ်လို့နားတယ်၊ အားပြည့်ရင် ပြန်လာတယ်။
ဒီတစ်ခေါက်ကတော့ အရင်နဲ့ မတူနေဘူးဆိုတာကို ကိုယ့်ဘာသာလည်း သတိထားမိနေပါတယ်။

🧿 ဒါကတော့ လတ်တလော Update လေးပါ။

Page မှာ မနက်တိုင်းတင်နေကြ Daily Reading, PAC တွေနဲ့ Personal Reading Package လေးတွေကိုတော့ အခြေအနေအရ ခဏနားထားပါမယ်ရှင့်။

ဖျတ်ခနဲ ပေါ်လာတဲ့ Messages 🧩 လေးတွေရှိရင်တော့ သတိတရ လာပြောပေးပါမယ်။

ကတ်တွေနားနေတဲ့အချိန်မှာ
Healing Section လေးတွေ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

Group Healing နဲ့ Private Healing Section လေးတွေကိုလည်း
Booking ပြန်ယူလို့ရပါပြီရှင့်။

Self Healing & Self Awareness နဲ့ပတ်သက်တဲ့ ပိုစ့်အတိုအထွာလေးတွေ၊ Video / Audio လေးတွေကတော့ အလျဉ်းသင့်သလို ဆက်ရှိနေဦးမှာပါ။

အားပေးနေတဲ့ မိတ်ဆွေများနဲ့
Healing path with Kath ရဲ့စာဖတ်သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့် 🤍
၉.၅.၂၀၂၆

အပြင်ကိုကြည့်ဖြစ်တာများနေလား?အတွင်းကပြောတဲ့စကားသံတွေကိုကြားရဲ့လား? ဒီနေ့အတွက်တော့..... ကိုယ်လုပ်ရမယ့်အလုပ်ကိုသာအားစိုက်ပ...
08/05/2026

အပြင်ကိုကြည့်ဖြစ်တာများနေလား?
အတွင်းကပြောတဲ့စကားသံတွေကိုကြားရဲ့လား?
ဒီနေ့အတွက်တော့..... ကိုယ်လုပ်ရမယ့်အလုပ်ကိုသာအားစိုက်ပြီး အကောင်းဆုံးလုပ်ပါ။
8.5.2026

https://www.facebook.com/share/18nSQjQupt/
07/05/2026

https://www.facebook.com/share/18nSQjQupt/

ဆံပင်ဖြူတာဟာ 'ကံမကောင်းတာ' မဟုတ်သလို၊
မဖြူသေးတာကလည်း 'ကံကောင်းတာ' မဟုတ်ပါဘူး။


နုပျိုလိုက်တာနော်
-စိတ်ချမ်းချမ်းသာသာနဲ့ ဘဝကို ဖြတ်သန်းရပုံပဲ
-ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်နေ/လုပ်ခဲ့ပုံပဲနော်
ဒီစကားတွေ ကြားဖူး/ ပြောဖူးလားဟင်။

ရှေ့ရက်တုန်းက ဆံပင်ဖြူနဲ့ပက်သက်တဲ့ပို့စ်တခု
ကိုယ်ပိုင်အကောင့်မှာတင်ဖြစ်ပြီး မထင်မှတ်ပဲ ပုံမှန်မြင်နေကျလူတွေထက်ပိုပြီး လူတွေမြင်ခဲ့ ဝင်ဆွေးနွေးခဲံကြပါတယ် ။
အဲဒီမှာ ဆံပင်ကို ဆေးမဆိုးချင် ဓာတုပစ္စည်းတွေ မသုံးချင်ပေမယ့်
လူအများနဲ့ ပြောဆိုဆက်ဆံနေရတာမို့ အမြင်တင့်တယ်အောင် ဆိုးနေရတယ်ဆိုတာတွေ တွေ့ရသလို၊ ဓာတုပစ္စည်းမသုံးချင်လည်းမြင်ကောင်းအောင် ဘယ်လိုလုပ်ပါလား လို့ အကြံပေးတာတွေ့ရပါတယ်၊ ဘယ်အသက်ရှိပြီ ဆံပင်မဖြူသေးဘူးကုသိုလ်ကောင်းတယ်ဆိုတာမျိုးလည်း တွေ့ရပြန်ပါတယ်။

လူအများစုက သွေးဆုံးတာ၊ ဆံပင်ဖြူတာ၊
အရေးအကြောင်း ဖြစ်လာတာတွေကို "မဖြစ်သင့်တဲ့ အရာ" တွေလို မြင်ကြပါတယ်။ တကယ်တော့ ဆံပင်ဖြူတစ်ပင်ချင်းစီမှာဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တဲ့ ခွန်အားတွေရှိနေပါတယ်။ မျက်နှာပေါ်က အတွန့်အချိတ်တွေဆိုတာဟာလည်း ရယ်မောခဲ့တဲ့ အခိုက်အတန့်တွေနဲ့ ခံနိုင်ရည်ရှိခဲ့တဲ့ သက်သေတွေပါ။

ဒါကို ဖုံးကွယ်ရမယ့်
"အပြစ်အနာအဆာ" လို့ မမြင်ဘဲ၊"ရှင်သန်ခြင်းရဲ့ အမှတ်အသား" လို့ မြင်တတ်ဖို့လိုပါတယ်။

အမှန်တော့ ဒါတွေဟာ ဘဝရဲ့ အောင်ပွဲခံ
တံဆိပ်စာလုံးတွေ (Badges of Life) ဖြစ်ပါတယ်။

ဇာခြည်တို့တွေရဲ့လူမှုအသိုင်းအဝိုင်းက "အိုမင်းခြင်း" ဆိုတာကို
ကြောက်စရာတစ်ခုလို၊ ရှောင်လွှဲရမယ့် အရာတစ်ခုလို ပုံဖော်နေကြတာက တကယ်တော့ အမျိုးသမီးတွေအပေါ်
စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ အများကြီး ဖြစ်စေပါတယ်။

ငယ်ရွယ်နုပျိုမှုကိုပဲ အမွှမ်းတင်ပြီး
အိုမင်းခြင်းကို နှိမ့်ချတာဟာ အမျိုးသမီးတွေကို မိမိကိုယ်ကို ယုံကြည်မှု
ပျောက်ဆုံးစေပါတယ်။ တကယ်တော့"အိုမင်းခွင့်ရခြင်း" ကသာ ကံကောင်းခြင်း ဖြစ်ပါတယ်။ ဘဝကို အဆုံးအထိအဓိပ္ပာယ်ရှိရှိ ရှင်သန်ခွင့်ရလို့သာ ဒီအရွယ်ကို ရောက်လာတာပါ။

ဇာခြည်ကတော့ လေးဆယ်ပြည့်ပြီးနောက်မှာ နုပျိုခြင်းကို အတင်းအကြပ် ဖမ်းဆုပ်တာမျိုး မလုပ်ဘဲ အသက်အရွယ်နဲ့အညီ "ကျန်းမာသန်စွမ်းပြီး ကျက်သရေရှိတဲ့ အမျိုးသမီး (Healthy & Graceful Aging)" ဖြစ်ဖို့ပဲ အာရုံစိုက်ဖြစ်ပါတယ်။ဆံပင်ဖြူတာကို အပြစ်မတင်ဘဲ "ဒါဟာ ငါ့ရဲ့ ရင့်ကျက်မှုပဲ" လို့ ဂုဏ်ယူစွာ လက်ခံလိုက်ပါတယ်။

စိတ်ရောကိုယ်ပါ ကျန်းမာ ပျော်ရွှင်ဖို့အတွက် အိုမှာကို ကြောက်နေမယ့်အစား၊ဒီပြောင်းလဲမှုတွေနဲ့အညီ ကျန်းမာ ကြံ့ခိုင်စေဖို့ ဝန်နဲ့အား သုံးးရတဲ့ Strength Training ‌တွေလုပ်ပါ၊ အာဟာရ ပြည့်ဝအောင် စားပါ၊ စိတ်ဖိစီးမှုကို
လျှော့ချပါနော်။

"နုပျိုမှ လှတာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ယုံကြည်မှုရှိတဲ့ အမျိုးသမီးတိုင်းက လှပနေတာပါ။"

အိုမင်းခြင်းကို လက်မခံနိုင်တဲ့အသိုင်းအဝိုင်းကြားမှာ "ကိုယ့်ကိုယ်ကို အမှန်အတိုင်း လက်ခံရဲတဲ့ " အင်အားရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်စံပြရပ်တည်ကြပါစို့နော်။

ဆံပင်ဖြူတာ ပါးရေနားရေတွန့်တာ လိုပဲ
သွေးဆုံးတာဟာလည်း ကုသိုလ်နည်းလို့ဖြစ်တာမဟုတ်သလို၊ ကျန်းမာရေး ချို့တဲ့လို့ ဖြစ်တာလည်း မဟုတ်ပါဘူး။ မျိုးပွားနိုင်စွမ်းရှိတဲ့ အရွယ်ကနေ"ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပျိုးထောင်ရမယ့်အရွယ်" ကိုကူးပြောင်းသွားတဲ့ ဇီဝကမ္မ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကို"ကံကောင်းခြင်း/ကံဆိုးခြင်း" နဲ့ တိုင်းတာတာဟာ ခန္ဓာဗေဒ (Physiology) ကိုနားမလည်ခြင်းသာ ဖြစ်ပါတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်မှာတော့ သွေးဆုံးတဲ့အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ အပြင်းအထန်ပြဿနာရှိသူတွေအဖြစ် ပုံဖော်ထားတာက အမျိုးသမီးတွေအတွက် ဖိအားတမျိုးဖြစ်လာစေပါတယ်။

မင်္ဂလာပါ ဇာခြည်က Holistic Coach တယောက်ဖြစ်ပြီး
Menopause Coaching Specialist တယောက်လည်းဖြစ်ပါတယ်

သဘာဝကို မသိနားမလည်ခြင်းကြောင့် ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေကို နားလည်စေဖို့ အတွက် သွေးဆုံးချိန်နဲ့ သွေးဆုံးအကြိုကာလ (အသက် ၃၀ မှ ၅၀ ကြား) မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ နဲ့ ဖြေရှင်းနည်းတွေကို မျှဝေချင်တာမို့ စိတ်ဝင်စားတယ်ဆိုရင်
လို့ မန့်ခဲ့ပါနော်။


#ဇာခြည်နဲ့trainပါ

လွန်ခဲ့တဲ့ ၂နှစ်က ဒီလိုရက်မျိုးမှာ Tattoo 2ခု ထိုးဖြစ်ခဲ့ပါတယ်။🍎 ကတော့ကာလ ကြာရှည်ဖြတ်ကျော်ခဲ့ရတဲ့ Childhood trauma ကိုကိ...
07/05/2026

လွန်ခဲ့တဲ့ ၂နှစ်က ဒီလိုရက်မျိုးမှာ Tattoo 2ခု ထိုးဖြစ်ခဲ့ပါတယ်။
🍎 ကတော့ကာလ ကြာရှည်ဖြတ်ကျော်ခဲ့ရတဲ့ Childhood trauma ကို
ကိုယ်စားပြုပြီး
🌠 ကတော့ Relationship Healing ရဲ့ state တစ်ခုကို လှမ်းတက်နိုင်ခဲ့တဲ့အတွက်ပါ။

Healing Journey ကို လျှောက်လှမ်းရင်း ကိုယ့်ဒဏ်ရာတွေကိုကိုယ်ပြန်ရင်ဆိုင်ရတဲ့အခါမှာ အခက်ခဲဆုံး နဲ့အတော်လေးအချိန်‌ပေး ကုစားခဲ့ရတာက Inner Child healing ဖြစ်ပါတယ်။

မှတ်မှတ်ရရ အသက် 30 ပြည့်တဲ့ ညတစ်ခုမှာ တရားဖြုတ်ပြီး ခဏလေး ထိုင်နေတုန်း၊ ပြီးခဲ့တဲ့ အနှစ်၃၀ ကာလမှာ မှတ်သားစွဲထင်နေတဲ့ အနာတရတွေဟာ Projector နဲ့ ထိုးပြသလို အာရုံမှာ ထင်လာခဲ့ပါတယ်။

လူလည်းမျက်ရည်နဲ့ မျက်ခွက်ပေါ့။
ဘူးသီးလုံးလောက် မျက်ရည်တွေကျတယ်ဆိုတာ အဲ့အချိန်မှာမှ အစစ်ပါ။

ဒီတစ်ကြိမ်မှာတော့ ကိုယ်က victim ခံရသူဆိုတဲ့နေရာကနေ ကြည့်တာ မဟုတ်တော့ပဲ Drama Triangle ထဲက ထွက်ပြီးကြည့်မိသွားတယ်။

အဲ့အချိန်မှာမှ Healing က system ထဲမှာစပြီးအလုပ်လုပ်တယ်လို့ တောင် ထင်မိပါတယ်။

အဲ့နောက်မှာမှ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ (ဗြဟ္မစိုရ်တရား ၄ ပါး) က တစ်ခုခြင်းစီလိုက်လာပါတယ်။

ဒီအတိုင်းအသာတကြည်တော့မဟုတ်ပါဘူး။ စာစစ်အရမ်းကြမ်းတဲ့ Examiner လိုမျိုး လိုက်လာတာပါ😄

မေတ္တာ၊ ကရုဏာ၂မျိုး (သူတပါး နဲ့ ကိုယ်တိုင်အတွက်) ကို တစ်ချိန်လုံး စစ်လိုက်၊ ကျလိုက်၊ ကပ်အောင်လိုက်နဲ့ ကျော်ဖြတ်ရပါတယ်။

ကိုယ့်အတွက်ခက်ခဲတာတော့ မုဒိတာ ပါ။ တန်းတူနဲ့ အောက်လူတွေကို ချစ်ခင် စာနာ နိုင်တယ်။

ဒါပေမယ့် သူကျရတယ်၊ ဖြစ်တယ်.....
ငါကျတော့ ဆိုတဲ့ နှိုင်းယှဉ်တဲ့ အတွေးကိုပဲ အရင်တွေးမိသူမို့ မုဒိတာထားနိုင်ဖို့ကို အတော်လေးအားစိုက်ရပါတယ်။

စစ်လိုက် ကျလိုက်၊ ကျလိုက်ပြန်ဖြေရင်း နဲ့ တစ်ရက်မှာ ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ် (Oxford ဆရာတော်ရဲ့ တရားစာတစ်ပုဒ်နဲ့ နည်းလမ်းတွေ့ခဲ့တာပါ)

Self Healing Journey ဟာ စိတ်ရှည်ရပါတယ်။ အကြိမ်ပေါင်းများစွာ ကိုယ့်ကိုကိုယ်ပြန်ရွေးချယ်ရပါတယ်။

စိတ်ပင်ပန်းစေတဲ့ အကြောင်းတရားတွေ နဲ့ ရင်ဆိုင်ရတိုင်း ကိုယ့်ကိုယ်ကို ကြင်နာစွာဖေးမရပါတယ်။

တစ်ဆင့်ခြင်း၊ တစ်လွှာခြင်း ရှင်းထုတ် ဖြတ်သန်းခဲ့ရပါတယ်။ အရင် 2021 - 2024 နဲ့ အခု 2026 ကြားကာလတွေမှာတောင်မှ ရင့်ကျက်မှုတွေဟာ တူမနေခဲ့ပါဘူး။

Inner Child နဲ့ RS ပြသာနာတွေကို မဆိုင်ဘူးထင်နေမိပေမယ့် ချိတ်ဆက်အမြစ်တွယ်နေကြတာမျိုးပါ။

တစ်ခုကို အရင်းမြစ်အထိ ရှင်းလင်းပြီးတဲ့နောက်မှာ နောက်တစ်ခုကို အဖြေရှာအစားထိုးဖို့က ပိုပြီးလွယ်ကူ မြန်ဆန်ခဲ့ပါတယ်။
(မြန်တယ်ဆိုပေမယ့်လည်း ၅နှစ်၊ ၆နှစ်‌လောက်ပေါ့😄)

အဲ့ဒီပိုစ့်ရေးတော့မှအသေချာပြန်တွေးကြည့်မိလိုက်တာ ဒီ ၃၆ နှစ်တာကာလမှာ အနှစ် ၃၀ က ဒဏ်ရာတွေရဲ့ သင်ခန်းစာကို သင်ယူပြီး၊ ကျန်တဲ့ ၆နှစ်က ဘယ်လိုကုစားရသလဲ ဆိုတာကို စာတွေ့လက်တွေ့ သင်ယူနေရသလိုပါပဲလား....😆

Thank you Universe 🌌 မနောက်ဘူး အတည်ပြောတာပါ။ ကြုံတွေခဲ့ရတာ တွေကြောင့် ဒီနေ့ဒီလိုအချိန်မှာ
ဒီလိုလူတစ်ယောက်ဖြစ်လာတယ်။ ထပ်တူညီသူမရှိဘူး။ Unique ဖြစ်တယ်။

ဖြတ်သန်းခဲ့တဲ့ ကာလတွေမှာ အမှားတွေလုပ်ခဲ့မိတာရှိနိုင်ပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို သဘောကျတယ်။
ကိုယ့်ရဲ့ စစ်မှန်မှုကို ဂုဏ်ယူတယ်။

အကျေနပ်ဆုံးကို ပြောရရင် ကိုယ်ငယ်ငယ်က လိုချင်ခဲ့တဲ့ လူတစ်ယောက်လိုမျိုး ကိုယ် ရင့်ကျက်ကြီးပြင်းလာခဲ့ပါတယ်။

ဖြတ်သန်းခဲ့တဲ့ကာလတွေဟာ ပန်းပုထုနေသလိုမျိုး အကာတွေခွာပြီး အတွင်းက အနှစ်အသားကိုသိမြင်အောင် ပြနေသလိုပါပဲ။

လူတွေအကြောင်း၊ စိတ်အကြောင်းကို အများကြီးလေ့လာခဲ့ရတယ်။
ကံကြွေးတွေလည်း ချေခွင့်ရခဲ့တယ်။ ရတနာသုံးပါးကို သက်ဝင်ယုံကြည်သူဖြစ်လာပြီး ဓမ္မလမ်းကြောင်းပေါ်လည်း လျှောက်ခွင့်ရတယ်။

ကိုယ့်ရဲ့ Hero Journey ဟာ အိမ်ပြန်ချိန်တိုင်ခဲ့ပြီထင်ပါတယ်။

"Grateful for the journey, excited for what's next".

ရှေ့ဆက်မယ့် နှစ်တွေမှာလည်း ကမ္ဘာမြေကြီးပေါ်က ကြင်နာတတ်တဲ့ နှလုံး သား အဖြစ် ဆက်ပြီး ရှိနေပါမယ်။
Happy Blessed Birthday to me!
🥳🎉🕊️

💛💛💛
06/05/2026

💛💛💛

ပျော်ဖို့ဘာလိုသလဲဆိုရင်..... ပျော်ရွင်ဖို့ကိုရွေးချယ်နေဖို့သာလိုပါတယ်လို့ မြင်မိပါတယ်။
ပြီးတော့လေ အဲ့ဒါကအလေ့အကျင့်နဲ့လည်း ဆိုင်တယ် သိလား! ဘယ်လိုလဲဆိုတော့ ပျော်ပျော်နေတတ်တဲ့သူတွေဟာ ပျော်ဖို့ကိုပဲမကြာခဏ ပြန်ရွေးချယ်လေ့ရှိလို့ပါ။

ကျွန်မငယ်ငယ်က အရမ်းအဆိုးမြင် စိတ်ဓာတ်ကျလွယ်ခဲ့တယ်။ 2020-21 မှာစပြီးတရားတွေနာယူကျင်သုံးရင်းနဲ့ စိတ်အလုပ်တွေစလုပ်ခဲ့တယ်။

တဖြေးဖြေးနဲ့ ဘဝဆိုတာကြီးမှာ Balance ရှိရမယ် ဆိုတာကိုသဘောပေါက်လာတယ်။ အရင်ကလို အရမ်းကာရော( Over Drama) တွေမလုပ်ဖြစ်တော့ဘူးဆိုပါတော့။
တစ်ရက် Inner Child Healing အတွက် ငယ်ဘဝရဲ့ပျော်စရာအခိုက်အတန့်လေးတွေကို ပြန်စဉ်းစားရတဲ့ Meditation တစ်ခုမှာ ကျွန်မမှာ ပျော်စရာ အမှတ်တရ အဖြစ်သိမ်းထားတဲ့ Memories မရှိဘူးဖြစ်နေခဲ့ပါတယ်။

အဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုလည်း သနားသွားတယ်။ နောက်ပိုင်းမှာပိုပြီး ပျော်အောင်နေမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။
ဆုံးဖြတ်ချက်တော့ချလိုက်ပေမယ့် အဲ့ဒီအချိန်အထိလည်း နည်းလမ်းသေချာမသိ သေးပါဘူး။
သူများတွေပြောတဲ့ ပျော်ဖို့ကောင်းတဲ့အရာတွေ လိုက်လုပ်ကြည့်ပါတယ်😄
ဥပမာ ...... Shopping ထွက်တာ၊‌ မုန့်တွေအဝစားတာ၊ မနက်၃နာရီအထိ ကိုရီးယား ဇာတ်လမ်းတွဲတွေကြည့်တာ၊ စိတ်ထဲရှိရာကို မတားစီးပဲ စိတ်အလိုလိုက်ပြီး လုပ်ခွင့်ပြုလိုက်တာမျိုးတွေအပါအဝင်ပေါ့.....
အဲ့ခဏတော့ ဟုတ်သလို ပျော်သလိုနဲ့ ရေရှည်တော့ အဆင်မပြေနေခဲ့ပါ ဘူး။

အဲ့ဒါနဲ့ ကိုယ့်မှာ ရှိတဲ့ Resources ‌တွေနဲ့ကိုက်တဲ့ နည်းလမ်းကိုထပ်ပြီးရှာဖွေခဲ့ပါတယ်။
Reflection တွေလုပ်မိလာရင်း နဲ့ ကျွန်မနဲ့ကိုက်တဲ့နည်းလေးတစ်ခုကို စပြီးတွေ့လာပါတယ်။
အရင်က အချိန်ကာလဆိုတာ အတိတ်၊ ပစ္စပ္ပန် ၊အနာဂတ်ကာလဆိုတာ တဆက်ထဲ အရှည်ကြီးလို့ထင်ခဲ့ပါတယ်။ တကယ်တော့ ပစ္စုပ္ပန်အစုလေးတွေပါလားလို့
နားလည်သွားတဲ့ အချိန်ကစပြီး "Enjoy your moment" ဆိုတဲ့နည်းလေးကို စပြီးကျင့်သုံးခဲ့ပါတယ်။

ဖြစ်ရပ်တွေတိုင်းမှာ အရင်လိုအဆိုးမြင်၊ ငြီးထွားတာတွေမလုပ်တော့ပဲ စတင် Enjoy ဖို့ကြိုးစားပါတော့တယ်။

ဘယ်လွယ်မလဲနော်.....မလွယ်ကူတဲ့အချိန်မှာလည်း Enjoyပါတယ်။
ချစ်ရတဲ့သူတွေနဲ့ပျော်စရာကောင်းတဲ့ moment ~ အဆင်မပြေတဲ့သူတွေ နဲ့ လောကဓံရဲ့ moment ~ ဖြစ်ချင်ရာဖြစ်လာတဲ့ အခြေနေတွေကြားမှာ ပစ္စပ္ပန်အခိုက်အတန့်လေးတွေနဲ့အတူ Moment လေးတွေတိုင်းမှာ Enjoy ခဲ့ပါတယ်။

ဖြတ်သန်းခဲ့တဲ့အချိန်တွေကို ပြန်ကြည့်ရင် ဒီ၃နှစ်တာ ကာလဟာ ပိုပြီးပျော်စရာကောင်းတယ် ဆိုတဲ့ခံစားချက်မျိုးဖြစ်မိပါတယ်။
စိတ်ထဲမှာ ခံစားရရုံတင်ဘယ်ကပါ့မလဲ.... ဓာတ်ပုံအ‌ဟောင်းတွေပြန်ကြည့်မိတိုင်းမှာလည်းအရောင်တောက်နေတဲ့မျက်လုံးတွေနဲ့ အသက်ဝင်နေသောအပြုံးတွေက "ကျွန်မပျော်နေတယ်"ဆိုတာရဲ့ အသိသာဆုံးသက်သေတွေပါပဲ။

ကျွန်မကတော့ Enjoy your moment ဆိုတဲ့ Magic Words 🪄 လေးနဲ့ Happiness is self-made ဆိုတာကိုနားလည်ခဲ့ပါပြီ။

စာဖတ်သူမိတ်ဆွေမှာကော ပျော်ရွှင်ဖို့အတွက် ကျင့်သုံးဖြစ်နေတဲ့ Secret Spell လေးများရှိပါသလားရှင်?သိပါရစေနော်။

ကျွန်မရေးဖြစ်နေတဲ့ Beginning Self-Care tips လေးတွေကကော တွေးစရာဖြစ်ရဲ့လား? စာဖတ်သူအတွက်အကျိုးရှိလားဆိုတာလေးပါ သိပါရစေရှင့်။
အဆုံးထိဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ပိုစ့်တွေမှာ ပြန်တွေ့ကြမယ်နော်။ 5.7.2025

https://www.facebook.com/share/p/14YESLoGpBk/
06/05/2026

https://www.facebook.com/share/p/14YESLoGpBk/

"သီလဆိုတာ လူကောင်းပုံစံလုပ်ပြတာ မဟုတ်ဘူး၊ ကိုယ့်စိတ်ကို ကိုယ်မရှက်ရအောင် နေခြင်းပါ"

🔳 သီလလို့ ပြောလိုက်တာနဲ့ လူတော်တော်များများက ပြင်ပပုံစံကို အရင်မြင်တတ်ကြတယ်။ စကားပြောတာ သိမ်မွေ့ရမယ်။ လူရှေ့မှာ အနေအထိုင်ကောင်းရမယ်။ ဘုရားတရားကိုင်းရှိုင်းပြရမယ်။ လူတွေမြင်တဲ့နေရာမှာ “လူကောင်း” ပုံစံနဲ့ နေရမယ်။

အဲဒါတွေ မလိုဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ သီလရဲ့အတွင်းအနှစ်က အဲဒီထက် ပိုလေးနက်တယ်လို့ ဉာဏ မြင်မိတယ်။

သီလဆိုတာ လူတွေမြင်အောင် ကောင်းပြတာ မဟုတ်ဘူး။ လူမမြင်တဲ့နေရာမှာ ကိုယ့်စိတ်ကို ကိုယ်မရှက်ရအောင် နေနိုင်တာပါ။

🔳 လူရှေ့မှာ ကောင်းနေဖို့က တစ်ခါတလေ လွယ်ပါတယ်။ လူတွေချီးကျူးမယ်၊ ယုံကြည်မယ်၊ လေးစားမယ်ဆိုတဲ့ အကျိုးရှိနေလို့ပါ။ ခက်တာက လူမမြင်တဲ့နေရာမှာ ကောင်းနေဖို့ပါ။

ကိုယ်လိမ်လို့ရတယ်။
ကိုယ်ယူလို့ရတယ်။
ကိုယ်ဖုံးကွယ်လို့ရတယ်။
ကိုယ်အခွင့်အရေးယူလို့ရတယ်။
ဘယ်သူမှ သိမှာ မဟုတ်ဘူး။

ဒါပေမဲ့ ကိုယ့်စိတ်ကတော့ သိနေတယ်။

အဲဒီ “ကိုယ့်စိတ်က သိနေတယ်” ဆိုတဲ့ အချက်က သီလရဲ့ အစစ်အမှန် စောင့်ကြပ်သူပါ။

🔳 အဘိဓမ္မာမှာ ဟိရီ၊ ဩတ္တပ္ပ ဆိုတာ ရှိတယ်။

ဟိရီဆိုတာ မကောင်းတာလုပ်ရမှာ ကိုယ့်စိတ်ကို ကိုယ်ရှက်ခြင်း။ ဩတ္တပ္ပဆိုတာ မကောင်းမှုရဲ့ အကျိုးကို ကြောက်ခြင်း။ ဒီနှစ်ခုက လူ့အတွင်းပိုင်းမှာ တပ်ထားတဲ့ Security System လိုပဲလို့ မြင်မိတယ်။ CCTV မလိုဘူး။ လူစောင့်မလိုဘူး။ ဥပဒေမလိုဘူး။ ကိုယ့်စိတ်က ကိုယ့်ကို စောင့်နေတယ်။

🔳 တချို့လူတွေက လူရှေ့မှာ အရမ်းယဉ်ကျေးတယ်။ စကားပြောရင်လည်း တရားသံပါသလို ပြောတတ်တယ်။ ဒါပေမဲ့ အခွင့်အရေးရလာတဲ့အခါ တခြားသူကို အသုံးချတယ်။ အားနည်းတဲ့သူကို ဖိတယ်။ ကိုယ့်အကျိုးအတွက် လူတွေကို လိမ်တယ်။ အဲဒီလိုဆိုရင် အပြင်ပုံစံက သန့်နေပေမဲ့ အတွင်းစိတ်က ညစ်နေတတ်တယ်။

တစ်ခါတလေ သီလပျက်တာက ကြီးကြီးမားမား မဟုတ်ဘူး။ စကားတစ်ခွန်းမှာ စတတ်တယ်။

မမှန်တာကို သိလျက်နဲ့ ပြောလိုက်တာ။ တစ်ဖက်လူမရှိတဲ့အချိန်မှာ သူ့အကြောင်းကို မတရားပြောလိုက်တာ။
ကိုယ်အမှားကို တခြားသူအပေါ် လွှဲချလိုက်တာ။
ကိုယ့်အကျိုးအတွက် အချက်အလက်ကို တမင်ဖျောက်ထားလိုက်တာ။

အဲဒီလို အသေးအဖွဲလေးတွေကို ကိုယ်တိုင်ခွင့်လွှတ်ပေးနေရင်းနဲ့ စိတ်က တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ် မလေးစားတော့တာပါ။

🔳 သီလရဲ့ အရေးကြီးဆုံးအကျိုးက တခြားသူတွေက ကိုယ့်ကို လူကောင်းလို့ ထင်လာတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာတာပါ။

ကိုယ့်စကားကို ကိုယ်ယုံနိုင်တယ်။
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်အားကိုးနိုင်တယ်။
ကိုယ့်လက်ထဲက အရာတွေကို ကိုယ်သန့်သန့်ရှင်းရှင်း ကိုင်တွယ်နိုင်တယ်။

လူတစ်ယောက်မှာ ပိုက်ဆံမရှိသေးတာထက် ဆိုးတာက ကိုယ့်ကိုယ်ကိုယ် မယုံတော့တာပါ။

အပြင်မှာ ဘယ်လောက်အောင်မြင်နေပါစေ၊ အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေရင် စိတ်က မငြိမ်းချမ်းဘူး။

🔳 သီလဆိုတာ ဘုရားကျောင်းကန်ထဲမှာပဲ လိုအပ်တာ မဟုတ်ဘူး။

လုပ်ငန်းခွင်မှာလည်း လိုတယ်။
ချစ်ခြင်းမေတ္တာထဲမှာလည်း လိုတယ်။
သူငယ်ချင်းဆက်ဆံရေးမှာလည်း လိုတယ်။
ငွေရေးကြေးရေးမှာလည်း လိုတယ်။
Online ပေါ်မှာတောင် လိုတယ်။

လူတွေမမြင်တဲ့ Chat Box ထဲမှာ ကိုယ်ဘယ်လိုပြောလဲ။
အခွင့်အရေးရတဲ့အခါ ကိုယ်ဘယ်လိုယူလဲ။
ပါဝါအာဏာနည်းနည်းရလာတဲ့အခါ ကိုယ်ဘယ်လိုပြောင်းလဲသွားလဲ။ တစ်ဖက်လူက ကိုယ့်ကို ယုံကြည်လာတဲ့အခါ အဲဒီယုံကြည်မှုကို ကိုယ်ဘယ်လိုကိုင်တွယ်လဲ။

အဲဒီနေရာတွေမှာပဲ သီလအစစ်က ပေါ်လာတယ်။

📌 တစ်နေ့တာပြီးလို့ ညအိပ်ရာဝင်တဲ့အခါ ..

“ဒီနေ့ ငါ အကုန်မှန်ခဲ့တယ်” လို့ မပြောနိုင်ရင်တောင်
“ဒီနေ့ ငါ ကိုယ့်စိတ်ကို မညစ်နွမ်းအောင်တော့ ကြိုးစားခဲ့တယ်” လို့ ပြောနိုင်ရင်ပဲ အဲဒီနေ့ဟာ သီလနဲ့ နေခဲ့တဲ့နေ့တစ်နေ့ပါပဲ။

#ဉာဏ

May 5, 2026

________________________________________________

ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

{May 6 to October 15, 2026}Pluto Retrograde ကာလအတွင်းသိသင့်တဲ့ဆောင်ရန်၊ ရှောင်ရန်လေးတွေကို Blessing တောင်းခံပြီး ကတ်ဖတ်ထ...
04/05/2026

{May 6 to October 15, 2026}
Pluto Retrograde ကာလအတွင်းသိသင့်တဲ့ဆောင်ရန်၊ ရှောင်ရန်လေးတွေကို Blessing တောင်းခံပြီး ကတ်ဖတ်ထားပါတယ်ရှင့်။

Gratitude ~ When you've received, give it forward.

ဒီကာလတွေမှာ လူတွေဟာ အပူများပြီး ပျော်စရာရှားပါးနိုင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကိုယ်မှာရရှိ လက်ခံထားတဲ့ ကံကောင်းမှုလေးတွေကို
ကိုယ်နဲ့ နီးစပ်ရာအဝန်းအဝိုင်းလေးတွေမှာ ဝေမျှပေးပါ။ လက်ဆင့်ကမ်းပေးပါ။ ပျော်စရာလေးတွေဖန်တီးပေးဖို့ တိုက်တွန်းထားပါတယ်။

Grief Management ~ Giving your pain a voice. Feel it and let it go.

ဒီကာလမှာ အရင်ကစိတ်ခံစားချက်အဟောင်းတွေပြန်ကြွလာတာ၊ ပြန်ပေါ်လာတာ၊ ပြန်ခံစားမိတာမျိုးလေးတွေကို ဒီ၅လပိုင်းအစမှာထဲ အနည်းနဲ့အများ ခံစား‌ရနိုင်ပါတယ်။

တစ်ချို့လည်း စာတွေအဖြစ်၊ တစ်ချို့လည်း ရင်းနှီးသူတွေကို ထုတ်ပြော ရင်ဖွင့်ကြတာမျိုးတွေလုပ်ဖြစ်ကြမယ်ထင်ပါတယ်။

'ဟုတ်' ပြောဖြစ်ရင် (သို့ ) ရေးချ၊ထုတ်ဖော်ပြောဖြစ်ရင် ကောင်းပါတယ်လို့ အဆင်းဘီးတပ်ပါရစေ။ ဒါပေမယ့်စနစ်တကျဖြစ်ဖို့လိုအပ်ပါတယ်။

ဖွင့်ထုတ်ပြီးသွားရင်တော့ ကိုယ့်ရဲ့ခံစားချက်ကို ခံစားနေတဲ့ပုံစံအတိုင်း (အဲ့ဒီကာလအပိုင်းခြားလေးမှာ) ခံစားပေးပါ။
ပြီးရင်တော့ အဲ့ဒါတွေကို (လက်ခံပေးပါ) အတိတ်ကဖြစ်ရပ်ကို အနာဂတ်ကို ထပ်မသယ်သွားပါနဲ့တော့။

လွတ်ချပြီး (ဖြစ်ပြီးတာတွေကနေ သင်ခန်းစာယူပြီး၊ ပြင်ဆင်ပြီးရှေ့ဆက်ပေးပါ။)

ဒီ၅လတာ ကာလဟာ အတွင်းစိတ်ရဲ့ အညစ်အကြေးတွေကို ရှင်းလင်းဖို့အတွက် အခွင့်အခါကောင်းပါ။

Rely on ~ Allow yourself to be embraced with Unconditional love.

တစ်ဦးတစ်ယောက်ထဲ ကြိတ်မှိတ်ပြီး ဖြတ်သန်းသွားဖို့ မလိုအပ်ပါဘူး။

သင့်တော်တဲ့သူ၊ စိတ်ရင်းမှန်တဲ့အဝန်းအဝိုင်းမှာနေထိုင်ခြင်းဖြင့် အားဖြစ်ပါစေ။
ကိုယ့်တိုင် သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ဖြစ်မလာတဲ့ အခါမှာလည်း ကိုယ့်ကိုယ်ကို နားလည်မှုပေးပါ။
ခွင့်လွှတ်ပေးပါ။ ထွေးပွေ့ပေးပါ။
ချစ်ခင်စွာနဲ့ စောင့်ရှောက်ပေးပါ။

Transform ~ Embracing change. Make room for something that serves you.

ဘဝရဲ့အခန်းကဏ္ဍတွေ မှာ ကိုယ်မထင်ထားတဲ့ အပြောင်းအရွေ့တွေဖြစ်လာနိုင်ပါတယ်။

ပြောင်းလဲခြင်း နဲ့အတူ ကြားကာလဟာ ခက်ခဲနိုင်ပါတယ်။ အဲ့ဒါကြောင်ဘ သတ္တိရှိပါ။ ရဲရင့်လိုက်ပါ။

ရင်ထဲက အမှောင် (Shadows) ကိုပြန်ကြည့်ပါ။ ရှောင်ပြေးဖို့အစား လက်ခံဖို့ကြိုးစားကြည့်ပေးပါ။
100% တန်းဖြစ်ဖို့မလိုဘူး။ တစ်နေ့ကို 0.5 -1% လောက်သာဖြေးဖြေး‌ကြိုးစားပေးပါ။
မရပ်တန့်ပါနဲ့။ စိတ်ရှည်ပေးပါ။ ဒီကာလဟာ 'ထာဝရ' မကြာရှည်ဘူး ဆိုတာလေးကိုမကြာခဏ ပြန်သတိရပေးပါ။

Gateway to the End 🔚
You can't close an Awakening eye.
Just accept and take this journey to the end.

သိပြီးသာပညာ၊ ဖြစ်ပြီးသား ဉာဏ်ဟာ ပျက်စီးသွားရိုး ထုံးစံ မရှိပါဘူး။
ထိုနည်းတူစွာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု တည်ဆောင်မှုတွေဟာ လည်း သိသိသာသာ (သို့) မသိမသာနဲ့ အကျိုးဖြစ်နေမှာပါ။
ကိုယ့်ရဲ့ အလုပ်က စိတ်ရိုင်းတွေကို ယဉ်ကျေးစေဖို့၊ အမှောင်တွေကိုအလင်းတွေလိုပဲ ထွေးပွေ့လက်ခံဖို့၊
ကိုယ့်အတွက်မဟုတ်တဲ့ အရာတွေကို လွှတ်ချ ဖြတ်တောက်ဖို့၊
ကိုယ့်ရဲ့ခရီးလမ်းကြောင်းကို ဖြောင့်အောင်သွားဖို့ပဲ ဖြစ်ပါတယ်။

ဒီ၅လတာကာလကို အသိ၊ သတိလေးနဲ့ ဖြတ်ကျော်နိုင်ဖို့ ဒီပိုစ့်လေးကလည်း တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

စာဖတ်သူမိတ်‌ဆွေများလည်းကောင်းမွန်တဲ့ အထောက်အပံ့တွေရရှိပြီး လွယ်ကူ၊ သက်သာစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း Reading လေးကို ရပ်နားလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်🕊️

ဘယ်ကိစ္စမှာ ဖြစ်ဖြစ်ပါ....အမှန်ကိုမြင်နိုင်ဖို့ဆိုရင် ဘက်လိုက်လို့မရပါဘူး။အစွန်း ၂ဘက် (ချစ်စွန်း၊ မုန်းစွန်း ) ကိုလည်းကပ...
03/05/2026

ဘယ်ကိစ္စမှာ ဖြစ်ဖြစ်ပါ....အမှန်ကိုမြင်နိုင်ဖို့ဆိုရင် ဘက်လိုက်လို့မရပါဘူး။

အစွန်း ၂ဘက် (ချစ်စွန်း၊ မုန်းစွန်း ) ကိုလည်းကပ်ကြည့်လို့မရပါဘူး။

အလယ်မှာရပ်ရမယ်။ မျှတခြင်းကိုမြတ်နိုးတဲ့စိတ် ရှိဖို့ကိုလည်း အတိအကျကို လိုအပ်ပါတယ်။

ဆိုတော့ကွာ အစွန်းလွတ်ပြီလား?
အလယ်ရပ်နိုင်ပြီလား?

မဟုတ်ရင်တော့.......မင်းရဲ့အမြင်ဟာ ‌မှန်ကန်တဲ့အမြင်မျိုးမဖြစ်နိုင်တော့ပါဘူး။

Address

Yangon

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Healing path with Kath posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share