Elevate Her Empower

Elevate Her Empower အမျိုးသမီးများ စိတ်ပိုင်းဆိုင်ကျန်းမာရေး ကိုယ်ရေကိုယ်သွေးတိုးတတ်ဖို့ အချင်းအချင်းဖေးမကူညီကြမယ်🤍

စီးပွားရေး စိတ်ကူးများ ဖော်ထုတ်ခြင်းမလုပ်ပေးတာ ကြာပြီ ဖြစ်တဲ့ ပညာဒါန သင်တန်းလာပါပြီဘယ်လိုသူတွေ တတ်ရမလဲ?ကိုယ်ပိုင်လုပ်ငန်...
19/05/2025

စီးပွားရေး စိတ်ကူးများ ဖော်ထုတ်ခြင်း

မလုပ်ပေးတာ ကြာပြီ ဖြစ်တဲ့ ပညာဒါန သင်တန်းလာပါပြီ

ဘယ်လိုသူတွေ တတ်ရမလဲ?

ကိုယ်ပိုင်လုပ်ငန်းစချင်တာ ဘာလုပ်ရမှန်း မသိနေဘူး

စိတ်ကူးထားတဲ့ ideas တွေ များနေပေမဲ့ တကယ်အကောင်အထည်မဖော်ဖြစ်ဘူး

ကိုယ်ကတွေးနေတုန်း အဲ့ဒီ ideas ကို သူများတွေက အကောင်အထည်ဖော်ပြီးနေပြီ

ကိုယ့် ideas တွေက တကယ် အလုပ်ဖြစ်ပါ့မလား မယုံရဲဘူး ဖြစ်နေတယ်
အဲ့လို ခံစားနေရရင်တော့ join သင့်ပါတယ်

သင်တန်းအချက်အလက်
ရက်စွဲ 24.5.25(စနေနေ့)
အချိန် pm7 -9 pm
နေရာ Zoom
သင်တန်းကြေး Free

သင်တန်းတတ်ရောက်လိုပါက

၁။ ဒီသင်တန်း post ကို share ပေးပါ

https://www.facebook.com/share/p/1AbXnzr1qf/

၂။ Share ထားကြောင်း screenshot ကို comment မှာ မန့်ပေးပါ

၃။ Form ဖြည်​့ပေးပါ
https://docs.google.com/forms/d/e/1FAIpQLSezS1Hhe6QBgSIHpstmpT27tq3K_InIodSlR3zFeIitsOPbgg/viewform?usp=sharing&ouid=108043924159454388561

စိတ်ကူးတွေ လက်တွေ့အကောင်အထည်ပေါ်ဖို့ အခုပဲ စတင်လိုက်ပါ

ယနေ့ လုပ်ဆောင်Team 1မနက်ပိုင်း မင်းလမ်းထိပ် ပိုးဇာဓမ္မာရုံ ညနေMobile Clinic (ဆရာဝန်အဖွဲ့) Team 2အိမ်ဖြိုဆိုဒ် 1Team 3ဆရာ...
05/04/2025

ယနေ့ လုပ်ဆောင်

Team 1
မနက်ပိုင်း မင်းလမ်းထိပ်
ပိုးဇာဓမ္မာရုံ ညနေ
Mobile Clinic (ဆရာဝန်အဖွဲ့)

Team 2
အိမ်ဖြိုဆိုဒ် 1

Team 3
ဆရာလေးကျောင်းဖြို ဆိုဒ် 2

Team 4
အိမ်ပြိုမိသားစုစာရင်းကောက်

Team 5
မန္တလေး ပစ္စည်းထုတ်

စုစုပေါင်း ပူးပေါင်းအဖွဲ့ အင်အား ၉၀

#နမ့်လတ် #စစ်ကိုင်း #ငလျင်

Street Food Vocational Training & Entrepreneurship Training သင်တန်း ပုံရိပ်များ part (1)ကလောမြို့မှာ ဖွင့်လှစ်ခဲ့တဲ့Stre...
02/03/2025

Street Food Vocational Training & Entrepreneurship Training သင်တန်း ပုံရိပ်များ part (1)

ကလောမြို့မှာ ဖွင့်လှစ်ခဲ့တဲ့
Street Food & Entrepreneurship Training သင်တန်းကို
သင်တန်းသား (40)ဦး တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်

Day 1Street Food Vocational and Entrepreneurship TrainingKalaw
28/02/2025

Day 1
Street Food Vocational and Entrepreneurship Training

Kalaw

26/02/2025

မင်္ဂလာပါ ကလောသင်တန်းကို စိတ်ဝင်တစား လျှောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်
သတ်မှတ်ဦးရေ ကျော်လွန်နေပြီမို့ သင်တန်းသားထပ် လက်မခံတော့ပါဘူးရှင့်
၂၈ ရက်နေ့ သင်တန်းမှာ ဆုံကြမယ်နော်

Street Food Vocational Training ကလောမြို့မှာ Street Food Vocational Training ကို၂လပိုင်း ၂၈ ရက်နေ့မှာဖွင့်လှစ်သွားမှာဖြစ...
22/02/2025

Street Food Vocational Training

ကလောမြို့မှာ Street Food Vocational Training ကို
၂လပိုင်း ၂၈ ရက်နေ့မှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်
သင်တန်းကာလ ၃ ရက်ဖြစ်ပါတယ်
တပိုင်တနိုင်လုပ်ငန်းစတင်လိုသူများအတွက်ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်

သင်တန်းစာရင်းကို (၂၆)ရက်နေ့ထိ ရက်တိုးလက်ခံပေးမှာ
ဖြစ်တာကြောင့် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ

Online သင်တန်းဖောင်ဖြည့်ရန်

https://docs.google.com/forms/d/e/1FAIpQLSdrNjp4pXLExKGbxrvgHLimOAzeAHlE_y5F9rWOgs0j_iQP8w/viewform?usp=sharing

Online Form ဖြည့်လို့အဆင်မပြေသူများ
Cb ကို လာပြောပေးပါခင်ဗျာ




ရှမ်းပြည်နယ် တောင်ပိုင်း ရေဘေးသင့်ခဲ့သောဒေသများမှ တနိုင်တပိုင်ကနေ စီးပွားဖြစ်လုပ်ငန်းစတင်ချင် သူများသို့ သတင်းကောင်းကိုယ...
14/02/2025

ရှမ်းပြည်နယ် တောင်ပိုင်း ရေဘေးသင့်ခဲ့သော
ဒေသများမှ တနိုင်တပိုင်ကနေ စီးပွားဖြစ်လုပ်ငန်းစတင်ချင် သူများသို့ သတင်းကောင်း

ကိုယ်ပိုင်လုပ်ငန်းစချင်တယ် ဘယ်လိုစရမှန်းမသိဘူး

စီးပွားရေးအကြောင်းနားမလည်လို့ စရမှာကြောက်နေတယ်

တပိုင်တနိုင် Street Food လုပ်ငန်း
စတင်ဖို့ကို စနစ်တကျဖြစ်ချင်တယ် ဆိုရင်
ဒီ သင်တန်းက မိတ်ဆွေအတွက်ပါ

သင်တန်းရည်ရွယ်ချက်ကတော့
ရှမ်းတောင် ရေဘေးသင့်ပြည်သူများ စီးပွားရေး ပြန်လည်ထူထောက်ရာမှာ အထောက်အပံ့တစ်ခု အနေနဲ့ ကူညီပေးခြင်း ဖြစ်ပါတယ်

ဒါ့အပြင် တနိုင်တပိုင်လုပ်ငန်းများ စနစ်တကျနဲ့ လွယ်ကူစွာ စတင်နိုင်ရန် ရည်ရွယ်ထားပါတယ်

သင်တန်းကာလ (၃) ရက်အတွင်းမှာ
၁။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေ သိရှိ​ခြင်း

၂။ ကိုယ့်မှာရှိတဲ့ တတ်နိုင်သလောက် အရင်းအနှီးနဲ့ လုပ်ငန်းစဖို့ အစီစဥ်ရေးဆွဲခြင်း

၃။ Street Food Bussiness များထဲမှ
ငါးကင် စီးပွားရေး နှင့် အာလူးကြော်/အာလူးထုတ်ကုန် စီးပွားရေးကို လက်တွေ့ လုပ်နည်းများ သင်ကြားခွင့်ရခြင်း

၄။ သင်တန်းမှာ မိတ်ဆွေများတိုးပွားခြင်း
စတဲ့ အချက်အလက်များကို သင်ယူခွင့် ရရှိမည် ဖြစ်ပါသည်

ဒါ့အပြင် သင်တန်းအပြီးတွင် ပါဝင်သူများအတွက် လိုအပ်သလို အကြံပေးခြင်း လမ်းညွှန်ခြင်းများ လိုအပ်သလို ဆက်လက်ကူညီသွားမည် ဖြစ်ပါသည်

သင်တန်းကြေး Free

သင်တန်း အစီစဥ်အသေးစိတ်
နေ့ရက် (28.2.2025 မှ 2.3.2025) ၃ ရက်

အချိန် မနက် (၈) နာရီမှ ညနေ (၅) နာရီ

နေရာ - ကလောမြို့

တတ်ရောက်လိုပါက
(1) ယခု post ကို like and share လုပ်ပြီး SME လို့ မန့်ခဲ့ပေးပါ

(2) လျှောက်လွှာတင်ရန်

https://docs.google.com/forms/d/e/1FAIpQLSdrNjp4pXLExKGbxrvgHLimOAzeAHlE_y5F9rWOgs0j_iQP8w/viewform?usp=sharing

လျှောက်လွှာ ပိတ်ရက် ၂၆ ဖေဖော်ဝါရီ ၂၀၂၅

သင်တန်းသား ဦးရေ ကန့်သတ်ထားသောကြောင့် စိတ်ဝင်စားပါက အမြန်ဆုံး လျှောက်ထားပေးပါ။


စိတ်ပင်ပန်းမှုတွေ ခဏပျောက်သွားဖို့ ရည်ရွယ်ထားတဲ့ Group Coaching Session လေး ပြီးသွားပါပြီအကျိုးရှိတယ် ပြောကြလို့ ဝမ်းသာမ...
02/02/2025

စိတ်ပင်ပန်းမှုတွေ ခဏပျောက်သွားဖို့ ရည်ရွယ်ထားတဲ့ Group Coaching Session လေး ပြီးသွားပါပြီ

အကျိုးရှိတယ် ပြောကြလို့ ဝမ်းသာမိပါတယ် 😊

နောက် သင်တန်းတွေမှာ ပြန်ဆုံပါမယ်နော်

တစ်ယောက်ထဲ အတွေးတွေပိတ်လှောင်မွန်းကြပ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသူတွေ Free Online Group Coaching Session👸လုပ်စရာရှိတာတေ...
28/01/2025

တစ်ယောက်ထဲ အတွေးတွေပိတ်လှောင်မွန်းကြပ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသူတွေ
Free Online Group Coaching Session

👸လုပ်စရာရှိတာတော့လုပ်နေပေမဲ့ တစ်ခါတလေ ကိုယ့်လျှောက်နေတဲ့လမ်းက မှန်ကန်ရဲ့လား သံသယ ဖြစ်နေသူတွေ
ကြိုးစားနေပေမဲ့ တခုခုက နောက်ပြန်ဆွဲနေသလို ခံစားနေရရင်

👸အဘက်ဘက်က အခြေနေတွေထိုးနှက်မှုနဲ့ စိတ်ဓာတ်တွေ အောက်ဆုံးထိ ကျနေသူတွေ

👸အနှစ်နှစ်အလလ ကြိုးစားပေမဲ့ ကိုယ်လုပ်ချင်တဲ့ အရာတွေကို အခုထိ အကောင်အထည်မဖော်နိုင်နေသေးဘူးဖြစ်နေသူတွေ

👸တစ်ယောက်ယောက်ကို ပြောပြချင်ပေမဲ့ ဘယ်သူ့ကို ပြောပြရမှန်းမသိဘဲ အထီးကျန်နေသူတွေ

👸တစ်ယောက်ထဲ စိတ်ဒုက္ခအရောက်မခံဘဲ
တစ်ရက်လောက် ကိုယ့်အတွက်ကိုယ်အချိန်ပေးပြီး အဖြေရှာကြည့်ချင်သူတွေ

အတူတူအဖြေရှာကြည့်ကြမှာဖြစ်ပါတယ်။

👸ဒီ Group Session ပြီးသွားတဲ့အခါမှာ
မွန်းကြပ်နေတဲ့ ခံစားချက်တွေ ပြေလျော့သွားပါမယ်
ကိုယ့်ဖြစ်တည်မှုကို သိရှိပြီး ဘယ်အရာတွေကို အာရုံစိုက်သင့်နေလဲဆိုတာကို သိရှိသွားပါမယ်။

စိတ်ဝင်စားပြီး တတ်ရောက်လိုပါက သင်တန်းကြော်ငြာထားတဲ့ post ကို like and share လုပ်ပြီး ပုံကို comment မှာ
မန့်ခဲ့ပေးပါနော်
သင်တန်း join ရမဲ့ ပုံစံလေး
စာပြန်ပို့ပေးပါမယ်

နေရာ Zoom
နေ့စွဲ 1.2.2025 (စနေနေ့)
အချိန် 7pm to 8.30pm

Nam Latt Empowers ရဲ့ ပထမဆုံးBusiness Ideas Generation Workshop(Online)အောင်မြင်စွာပြီးစီး သွားပါပြီ တက်ရောက်ကြသူတွေအနေန...
19/01/2025

Nam Latt Empowers ရဲ့ ပထမဆုံး
Business Ideas Generation Workshop(Online)
အောင်မြင်စွာပြီးစီး သွားပါပြီ

တက်ရောက်ကြသူတွေအနေနဲ့လည်း
အကျိုးတစ်စုံတစ်ရာ ရရှိကြမယ်
မျှော်လင့်ပါတယ်

BIG မှာ ကိုယ်ရလိုက်တဲ့
အတွေးအမြင်ကောင်းတွေကို
လက်တွေ့အကောင်အထည်ဖော်ကြမယ်နော် 💪💪💪💪

နောက်အတန်းတွေမှာလည်း ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ



Nam Latt Empowers ရဲ့ ပထမဆုံး သင်တန်းအဖြစ် စီးပွားအကြံဥာဏ် ထုတ်ခြင်း သင်တန်းကို join ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းကို ကျေးဇ...
18/01/2025

Nam Latt Empowers ရဲ့ ပထမဆုံး သင်တန်းအဖြစ် စီးပွားအကြံဥာဏ် ထုတ်ခြင်း သင်တန်းကို join ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်

သင်တန်း Zoom link ကို Telegram Group မှ ပို့ပေးမှာ ဖြစ်လို့ Telegram Group ထဲ မရောက်သေးရင် cb ကလာပြောပေးပါနော်

ညနေမှ ဆုံပါမယ်နော်

စီးပွား အကြံဥာဏ်ထုတ်ခြင်း (Business idea Generation Online Training)ကိုယ်ပိုင် လုပ်ငန်းစချင်တယ် ဘာလုပ်ရမှန်း မသိနေဘူးစိတ...
12/01/2025

စီးပွား အကြံဥာဏ်ထုတ်ခြင်း (Business idea Generation Online Training)

ကိုယ်ပိုင် လုပ်ငန်းစချင်တယ် ဘာလုပ်ရမှန်း မသိနေဘူး

စိတ်ကူးထားတဲ့ ideas တွေ များနေပေမဲ့ တကယ်အကောင်အထည်မဖော်ဖြစ်ဘူး

ကိုယ်ကတွေးနေတုန်း အဲ့ဒီ ideas ကို သူများတွေက အကောင်အထည်ဖော်ပြီးနေပြီ

အဲ့လိုအခြေနေတွေ ကြုံနေရတဲ့မိတ်ဆွေတွေ အတွက် သင်တန်းတစ်ခု စီစဥ်ပေးထားပါတယ်

ဒီသင်တန်းမှာ စီးပွားရေးအကြံဥာဏ်တွေ ဘယ်လိုရယူမလဲနဲ့ စိ​တ်ကူးမိတဲ့
အကြံဥာဏ်တွေကို လုပ်သင့်မလုပ်သင့် ဆန်းစစ်မဲ့ နည်းလမ်းတွေကို မျှဝေပြီး အတူတကွ လက်တွေ့ လုပ်ဆောင်ရမဲ့ သင်တန်း ဖြစ်ပါတယ်

Date : 18 Jan 2025

Time : 7pm to 8:30 pm

Place : Zoom

သင်တန်း တတ်ရောက်လိုသောသူများ အနေဖြင့်

(1) Nam Latt Empowers page ကို like လုပ်ပြီး သင်တန်းကြော်ငြာ Post ကို share လုပ်ကာ comment မှာ BIG လို့ ရေးခဲ့ပေးပါ။

(2) သင်တန်းလျှောက်လွှာ ဖြည့်ပေးပါ။

https://docs.google.com/forms/d/e/1FAIpQLSfqCUxjJuv5fGxEVDVq8q3tKR4SUdNfIuRa4XcFRb_0rjnShQ/viewform?usp=header











Address

Yangon

Website

Alerts

Be the first to know and let us send you an email when Elevate Her Empower posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category