Hobbyists for Resilience and Change - HRC

Hobbyists for Resilience and Change - HRC HRC is a local NGO founded by hobbyists who believed it was possible to bring beneficial outcomes for the societies through their hobbies.

HRC prioritizes promoting positive changes and impacts within the societies over the financial profit. HRC ဆိုသည်မှာ မိမိတို့၏ ဝါသနာများမှတဆင့် အများအတွက် အကျိုးရှိသည့် အရာများကို ဖော်ဆောင်၍ ရနိင်သည်ဟု ယုံကြည်သည့် ဝါသနာရှင်များမှ တည်ထောင်ထားသော လူမှုအကျိုးပြု Social Enterprise လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ HRC သည် ငွေကြေးအကျိုးအမြတ် ရရန်ထက် လူ့အဖွဲ့အစည်းအတွင်း ကောင်းမွန်သည့် အပြောင်းအလဲများ၊ သက်ရောက်မှ

ုများ ရှိလာစေရန် ကူညီပံ့ပိုးပေးသည့် လုပ်ငန်းများကို ဦးစားပေးပါသည်။ လူအများ ဝါသနာပါသော အရာအမျိုးမျိုးတွင် အကျိုးရှိသော ဝါသနာအများအပြား ရှိသည်ဟု ယုံကြည်သည့်အလျှောက် ယင်းတို့ကို အသုံးချပြီး အခြားသူများအတွက် ကောင်းမွန်သည့် အရာများ ဖန်တီးပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး လုပ်ငန်းများ ဆောင်ရွက်နေပါသည်။
HRC is a social Enterprise founded by hobbyists who believed it was possible to bring beneficial outcomes for the societies through their hobbies. HRC prioritized promoting positive changes and impacts within the societies over the financial profit. As we believed there were many beneficial hobbies among different types of them, we tried to identify means to utilize them to create positive outcomes and implemented activities.

(English below)⬇️🟡HRC ကနေ ဇွန်လကနေစပြီး ကောက်ယူနေတဲ့ ဝါသနာနဲ့ပတ်သက်တဲ့ စစ်တမ်းရဲ့ ပထမ 3️⃣ လတာ တွေ့ရှိချက်တွေအတွက် Report...
16/10/2025

(English below)⬇️
🟡HRC ကနေ ဇွန်လကနေစပြီး ကောက်ယူနေတဲ့ ဝါသနာနဲ့ပတ်သက်တဲ့ စစ်တမ်းရဲ့ ပထမ 3️⃣ လတာ တွေ့ရှိချက်တွေအတွက် Report လေး ထွက်လာပါပြီ။
သူ့ရဲ့ အနှစ်ချုပ်ကိုတော့ အောက်မှာ ဖတ်ရှုလို့ ရပါတယ်😊😊
🔹Report လေး အပြည့်အစုံကို ဒီလင့်ကနေ ဒေါင်းယူနိုင်ပါတယ်🥰

https://drive.google.com/file/d/1834lJGedF1HYt2_r_qCtGW5sR1SlW3wi/view?usp=sharing

🔸တကယ်လို့ စစ်တမ်းကနေရရှိတဲ့ အချက်အလက်တွေကို စိတ်ဝင်စားပြီး ထပ်လိုချင်ရင် HRC ကနေ တောင်းယူနိုင်ပါတယ်❤️
———————————
စစ်တမ်း၏ အနှစ်ချုပ်
၂၀၂၅ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း HRC မှ ကောက်ယူခဲ့သော ဤစစ်တမ်းသည် ရန်ကုန်မြို့နေ ပြည်သူများ စိတ်ဝင်တစား ပြုလုပ်သော ဝါသနာ အမျိုးအစားများနှင့် ၎င်းတို့၏ဘဝတွင် ဝါသနာ၏ အခန်းကဏ္ဍကို မည်သို့ရှုမြင်ကြောင်းကို လေ့လာခဲ့ပါသည်။ ယခုလေ့လာမှုသည် ဝါသနာ၊ စိတ်ကျန်းမာရေးနှင့် လူမှုကျန်းမာပြည့်စုံခြင်းတို့အကြား ဆက်စပ်မှုကို အသိအမှတ်ပြုကာ၊ မြန်မာနိုင်ငံတွင် ယခင်က မလေ့လာရသေးသော နယ်ပယ်တစ်ခုဖြစ်သည့် ဝါသနာများကို ထိတွေ့လုပ်ဆောင်နေမှုဆိုင်ရာ အခြေခံအချက်အလက်များကို ပေးရန် ရည်ရွယ်ပါသည်။

ပမာဏကို အခြေခံသော (Quantitative) အချက်အလက်ကောက်ယူမှု ပုံစံကို အသုံးပြုခဲ့ပြီး စစ်တမ်းဖြေဆိုသူ ၃၂၉ ဦး ပါဝင်ကာ ၎င်းတို့ထဲမှ တစ်ဝက်နီးပါးသည် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားရှိသူများ ဖြစ်သည်။ ပါဝင်သူအများစုသည် အမျိုးသမီးများဖြစ်ပြီး (၆၂%)၊ သုံးပုံတစ်ပုံကျော်သည် ကျောင်းသားများ ဖြစ်ကြသည်။ အများစုသည် တက္ကသိုလ်ဘွဲ့ မရရှိထားကြဘဲ ၄၅% ခန့်သည် တစ်လလျှင် ကျပ် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကြား ဝင်ငွေရှိသူများ ဖြစ်ကြသည်။ စုစုပေါင်း အဖြေများထဲမှ ကွဲပြားသော ဝါသနာ ၁၇၉ မျိုးကို ဖော်ထုတ်ခဲ့ပြီး ပင်မအမျိုးအစားကြီး ငါးမျိုးအောက်ရှိ အမျိုးအစားခွဲ ၇၆ မျိုးအဖြစ် ခွဲခြား သတ်မှတ်ခဲ့သည်။

ရလဒ်များအရ စစ်တမ်းဖြေဆိုသူ ၆၄% သည် ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဝါသနာများသည် အရေးကြီးသည်ဟု မြင်ကြပြီး ၈၃% သည် ၎င်းတို့ကို ၎င်းတို့ဘဝ၏ မရှိမဖြစ် အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုကြသည်။ ကျား-မ ကွာခြားချက်များမှာ ထင်ရှားပြီး အမျိုးသားများသည် ဘောလုံးကန်ခြင်း၊ ဂိမ်းကစားခြင်းနှင့် ခရီးသွားခြင်းတို့ကို နှစ်သက်ကြကာ၊ အမျိုးသမီးများက သီချင်းဆိုခြင်း၊ သီချင်းနားထောင်ခြင်းနှင့် ခရီးသွားခြင်းတို့ကို ပိုနှစ်သက်ကြသည်။ စာဖတ်ခြင်းသည် အုပ်စုနှစ်ခုစလုံးတွင် အဖြစ်များသော ဝါသနာဖြစ်သော်လည်း စာဖတ်သည်ဟု ဖြေဆိုသူများ၏ တစ်ဝက်ကျော်သည် တစ်ပတ်လျှင် သုံးနာရီ သို့မဟုတ် သုံးနာရီထက် နည်းသော အချိန်ကိုသာ လုပ်ဆောင်ကြသည်။

ယေဘုယျအားဖြင့်၊ တွေ့ရှိချက်များသည် စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေးနှင့် ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရာတွင် ဝါသနာများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မီးမောင်းထိုးပြပါသည်။ ဤစစ်တမ်းသည် မြန်မာနိုင်ငံ၏ လက်ရှိ လူမှုအခြေအနေတွင် အပြုသဘောဆောင်သော ရင်ဆိုင်ဖြေရှင်းရေး နည်းလမ်းများနှင့် ကျန်းမာပြည့်စုံခြင်းဆီသို့ ဦးတည်သော လမ်းကြောင်းများအဖြစ် အကျိုးကျေးဇူးသော ကွဲပြားခြားနားသည့် ဝါသနာများကို အားပေးရန် လိုအပ်ချက်ကို အလေးပေးဖော်ပြပါသည်။
———————————
Executive Summary

This survey, conducted by HRC between June and August 2025, examined the types of hobbies pursued by people in Yangon and how they perceive the role of hobbies in their lives. Recognizing the link between hobbies, mental health, and social well-being, the study aimed to provide baseline data on hobby engagement, an area previously unexplored in Myanmar.

A quantitative approach was used, involving 329 respondents, nearly half of whom were aged 18–24. Most participants were women (62%), and over one-third were students. The majority did not hold a university degree, and about 45% earned between 100,000 and 500,000 MMK per month. From the total responses, 179 distinct hobbies were identified and classified into 76 subcategories under five main categories.

Results showed that 64% of respondents viewed hobbies as important for coping with life’s challenges, and 83% recognized them as an essential part of their lives. Gender differences were evident where men favored football, gaming, and traveling, while women preferred singing, listening to music, and traveling. Reading was a common hobby across both groups, though more than half of those who listed it engaged for only three hours or less per week.

Overall, the findings highlight the crucial role hobbies play in promoting mental health, social connection, and resilience. The survey underscores the need to encourage diverse and healthy hobbies as positive coping mechanisms and pathways to well-being in Myanmar’s current social context.

ဒီနေ့ ပန်းခြံမှာ စစ်တမ်းကောက်ခဲ့တာလေးပါ
12/10/2025

ဒီနေ့ ပန်းခြံမှာ စစ်တမ်းကောက်ခဲ့တာလေးပါ

Check out HRC Myanmar’s video.

🔶HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ 4️⃣ ဦးထဲမှာ စတုတ္ထတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြော...
09/10/2025

🔶HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ 4️⃣ ဦးထဲမှာ စတုတ္ထတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်☺️☺️

🔷ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်📝📚

❤️“ဝါသနာကတော့ ပန်းချီဆွဲခြင်း ဖြစ်ပါတယ်။ ကလေးဘဝတည်းက ဝါသနာပါခဲ့တာပါ။

လောလောဆယ် တခြားသင်တန်းတွေ တက်နေရတဲ့အတွက်ကြောင့် အချိန်သိပ်မရှိပေမဲ့ အားတဲ့အချိန်တိုင်း အပန်းဖြေဖို့ ပန်းချီဆွဲပါတယ်။

နောင်တချိန်တွေမှာ အချိန်ပိုရလာရင် ဝါသနာနဲ့ပတ်သက်ပြီး အသစ်အသစ်တွေ သင်ယူပြီး တိုးတက်လာချင်ပါတယ်”❤️

🟡HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ 4️⃣ ဦးထဲမှာ တတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်...
08/10/2025

🟡HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ 4️⃣ ဦးထဲမှာ တတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်🥰🥰

🔵ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်✍️📖

❤️“ဝါသနာကတော့ Crocheting (သိုးမွှေးတစ်ချောင်းထိုး) ဖြစ်ပါတယ် …..

Teenage 13 နှစ် အရွယ် 2013 ထဲက ဝါသနာပါခဲ့ပြီး Covid ကာလ 2020 မှစပြီး သေချာလုပ်ဖြစ်ခဲ့ပါတယ် ….

Crocheting project လေးတွေ ကိုယ့်စိတ်ကြိုက် styling လုပ်ဖို့ ထိုးဖြစ်သလို အပျော်တန်းအနေနဲ့လည်း ရောင်းပါတယ် …

ချစ်တဲ့သူတွေအတွက် လက်ဆောင်လေးတွေလည်း အများကြီးလုပ်ပေးဖြစ်ပါတယ်”❤️

🟠HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ 4️⃣ ဦးထဲမှာ ဒုတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင...
07/10/2025

🟠HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ 4️⃣ ဦးထဲမှာ ဒုတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်🥰🥰

🔵ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်✍️📖

❤️“ဝါသနာက ရသသုတ စာပေများ၊ ကဗျာများ ဖတ်ရှုခြင်း၊ ရေးသားခြင်း ဖြစ်ပါတယ်။

စာအုပ်စာပေ၊ ကဗျာ၊ ရသဝတ္ထုများ၊ ဆောင်းပါးများ အက်ဆေး (ရသစာတမ်း) များ ကို အသက် ၁၅ နှစ် အရွယ် အထက်တန်းကျောင်းသား လူငယ်ဘဝက စတင်ကာ စိတ်ဝင်စားခဲ့ပါတယ်။

အခုအချိန်ထိ ရသစာပေ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေးများကို မဂ္ဂဇင်းစာမျက်နှာများ၊ နေ့စဥ်ထုတ်သတင်းစာ၊ ဂျာနယ်များကနေ ရေးသားဖြတ်သန်းနေခဲ့ကာ လက်ရှိစာပေ Online စာမျက်နှာ များမှာလည်း ရသစာပေ၊ အက်ဆေးများ၊ ကဗျာများ၊ ဝတ္ထုများ ရေးသားနေလျက်ရှိပါတယ်။

စာပေဝမ်းစာ ပြည့်ဝဖို့၊ ရသစာပေခွန်အားတွေ တိုးတက်ဖို့အတွက် သုတရသစာအုပ်၊ ကဗျာ၊ အက်ဆေးနဲ့ ဝတ္ထုတိုစာအုပ်တွေကို ရရှိတဲ့စာမူခတွေနဲ့ ဝယ်ယူဖတ်ရှုလျက် ရှိပါတယ်။”❤️

🟠HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ ပထမတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင...
06/10/2025

🟠HRC က ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ ပထမတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်🥰😊

🔵ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်✍️📖

❤️“လှတဲ့ ရှု့ခင်းပုံတွေ ရိုက်ရတာ ဝါသနာပါပါတယ်။ ခရီးသွားတိုင်း၊ လှတဲ့နေရာတွေ ရောက်တိုင်းလည်း ပုံရိုက်ဖြစ်ပါတယ်။ ရိုက်ရင်းနဲ့ သူငယ်ချင်းတွေကလည်း ရိုက်တာလှလိုက်တာဆိုပြီး ပြောတာတွေကြားပြီး ဓါတ်ပုံရိုက်တာ ဝါသနာပါမှန်းသိခဲ့ရပါတယ်။ သူငယ်ချင်းတွေကိုလည်း ပုံလှလှရိုက်ပေးတတ်ပါတယ်။ ဒီပုံတွေက ဖုန်းနဲ့ကိုယ်တိုင်ရိုက်ထားတာပါ”❤️

🟡HRC ကနေ ပြုလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ မိမိရဲ့ ဝါသနာကို အထင်ဟပ်နိုင်ဆုံး ပုံ (၃) ပုံစီကို ပေးပို့နိုင်ခဲ့တ...
05/10/2025

🟡HRC ကနေ ပြုလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ မိမိရဲ့ ဝါသနာကို အထင်ဟပ်နိုင်ဆုံး ပုံ (၃) ပုံစီကို ပေးပို့နိုင်ခဲ့တယ်လို့ HRC က ယူဆတဲ့သူ 4️⃣ ဦးကို ရွေးချယ်လို့ ပြီးသွားပါပြီ 😊😊

🟢အဲဒီသူတွေကို HRC ကနေ အကြောင်းကြားထားပြီးလို့ ဆုငွေ (၅) သောင်းကျပ်စီလည်း ပေးပို့နေပါတယ်🎁🎉

🔵အစီအစဥ်အတွက် ပုံပေးပို့သူ ၆၃ ဦးက မတူညီတဲ့ ဝါသနာအမျိုးမျိုးနဲ့ ပတ်သက်ပြီး ပုံတွေ ပို့ပေးခဲ့ကြတာမို့ HRC အနေနဲ့ တော်တော်လေး အချိန်ယူပြီး ရွေးချယ်ခဲ့ရပါတယ်💪

🔴ရွေးချယ်ခံခဲ့ရသူ ၄ ဦးရဲ့ ဝါသနာတွေကတော့
➡️ ရှုခင်းပုံများ ဓါတ်ပုံရိုက်ခြင်း
➡️ စာပေများ၊ ကဗျာများ ဖတ်ရှုခြင်း
➡️ ပန်းချီဆွဲခြင်း
➡️ သိုးမွှေးတစ်ချောင်းထိုး ထိုးခြင်း စသည်တို့ပဲ ဖြစ်တယ်👀📜

🟠မနက်ဖြန်ကစပြီး တစ်ဦးချင်းရဲ့ ပုံတွေနဲ့ သူတို့ ဝါသနာအကြောင်းရေးထားတဲ့ စာလေးတွေကို HRC page ကနေ ဖော်ပြပေးသွားမှာမို့ စောင့်မျှော်ကြည့်ပေးကြပါဦး🙏🥰

❤️HRC ကနေ သြဂုတ်လ ၁၄ ရက်မှာ စလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဥ်ကတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အောင်မြင်စွာ ပြီးဆ...
02/10/2025

❤️HRC ကနေ သြဂုတ်လ ၁၄ ရက်မှာ စလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဥ်ကတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ👏🎉

💚ဒီ ၄၈ ရက်တာ ကာလမှာ အစီအစဥ်အတွက် ဓါတ်ပုံတွေ ပေးပို့ပြီး ပါဝင်ခဲ့တဲ့သူ စုစုပေါင်း ၆၃ ဦး ရှိပါတယ်👀😮

💜အခုလို စိတ်ဝင်တစားနဲ့ ပါဝင်ပေးခဲ့တဲ့သူ အားလုံးကို HRC က အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်🙏🙏

💙အစီအစဥ်စတင် ကြေညာခဲ့စဥ်ကတည်းက ပြောခဲ့သလို အဲဒီ ၆၃ ဦးထဲကနေ ကိုယ့်ဝါသနာကို အကောင်းဆုံးကိုယ်စားပြုနိုင်တဲ့ ပုံရိပ်တွေကို ပေးပို့နိုင်ခဲ့သူ 4️⃣ ဦးကို HRC က ရွေးချယ်ပြီး ဆုငွေ (၅) သောင်းကျပ်စီ ပေးအပ်သွားမှာပါ 🥰🥰🥰

🧡ရွေးချယ်ခံရသူ ၄ ဦးကို မကြာခင်မှာ HRC page ကနေ ကြေညာပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦး☺️☺️

🔸HRC က ဇွန်လကနေ သြဂုတ်လအထိ စုစုပေါင်း ၃၂၉ ဦးကို ဝါသနာနဲ့ ပတ်သက်တဲ့ စစ်တမ်း ကောက်ယူနိုင်ခဲ့ပါတယ်📖🔹၃၂၉ ဦးထဲမှာ အမျိုးသမီး ...
25/09/2025

🔸HRC က ဇွန်လကနေ သြဂုတ်လအထိ စုစုပေါင်း ၃၂၉ ဦးကို ဝါသနာနဲ့ ပတ်သက်တဲ့ စစ်တမ်း ကောက်ယူနိုင်ခဲ့ပါတယ်📖

🔹၃၂၉ ဦးထဲမှာ အမျိုးသမီး စုစုပေါင်း ၂၀၄ ဦးပါဝင်ပြီး ထိုအထဲက ၁၁.၂၇% ဖြစ်တဲ့ အမျိုးသမီး ၂၃ ဦးက အစားအသောက်စားရတာကို သူတို့ရဲ့ ဝါသနာတစ်ခုအနေနဲ့ ဖြေဆိုခဲ့ပါတယ် 👀 ဒါဟာ အမျိုးသမီးတွေ အများဆုံး ဝါသနာပါတဲ့ ထိပ်ဆုံးအရာ (3️⃣) ခုမှာ မပါပေမယ့် သိသာထင်ရှားတဲ့ ဝါသနာတစ်ခုအနေနဲ့တော့ တွေ့ရပါတယ်📊📈

🟢HRC က အစာအသောက်စားတာကို ဝါသနာတစ်ခုအနေနဲ့ သတ်မှတ်ပါတယ်။ လူတစ်ယောက်အနေနဲ့ စားသောက်တာက အသက်ရှင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုလာပြီး မစားဖူးတာ စားချင်တယ်၊ ကောင်းတာစားချင်တယ်၊ မတူတာတွေ စားချင်တယ်၊ အဲဒါတွေအတွက် သီးသန့် အချိန်၊ ငွေ၊ လုပ်အားတွေကို အသုံးပြုရတာ ပျော်တယ်၊ ကျေနပ်တယ်၊ စွဲလမ်းတယ်ဆိုရင် ဒါဟာ ဝါသနာပါပဲ😊😊

🟢ဒါ့အပြင် အခုလို အစားအသောက်စားရတာကို ဝါသနာပါတယ်ဆိုတဲ့ သူတွေရဲ့ ၅၈ ရာခိုင်နှုန်းလောက်က ဒီဝါသနာအတွက် သူတို့ရဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်အထိ သုံးနေကြတယ် ဆိုတာကိုလည်း တွေ့ရပါတယ်📑📚

Reminder... ‼️📣🔔စိတ်ဝင်စားလို့ လျှောက်ချင်ရင် အချိန် (၆) ရက်ပဲ ကျန်ပါတော့တယ်။-------------------------------------------...
22/09/2025

Reminder... ‼️📣🔔
စိတ်ဝင်စားလို့ လျှောက်ချင်ရင် အချိန် (၆) ရက်ပဲ ကျန်ပါတော့တယ်။
-------------------------------------------------------------------

❤️HRC နဲ့ လက်တွဲပြီး အချိန်ပိုင်း အလုပ်လုပ်နိုင်မယ့် သူ (၂) ဦး အလိုရှိပါတယ် ❤️
👉 အချိန်ကာလ - (၃) လ (အောက်တိုဘာ မှ ဒီဇင်ဘာ အထိ)
❗️(မှတ်ချက် - Online အလုပ် မဟုတ်ပါ)
🟠ရာထူးကတော့ Data Collector ပါ။
🟢လုပ်ရမယ့် အလုပ်က HRC လစဉ် ကောက်ယူနေတဲ့ ဝါသနာနဲ့ ပတ်သက်တဲ့ စစ်တမ်းကို ကောက်ပေး ရမှာပါ။ HRC ရဲ့ Data & Program Assistant က ဦးဆောင်ပြီး သွားတဲ့နောက်ကို လိုက်ပြီး Data ကောက်ရာမှာ ကူပေးရမှာပါ။
🔵အလုပ်ချိန်က တပတ်မှာ စနေ၊ တနင်္ဂနွေ 2️⃣ရက်၊ တရက်ကို အများဆုံး ၄ နာရီ ပါပဲ။ Data ကောက်ဖို့ အတွက် အများပြည်သူအပန်းဖြေတဲ့ နေရာတွေကို သွားရမှာပါ။
🟡လစာကတော့ တလကို ၁၂၀,၀၀၀ ကျပ် ဖြစ်ပြီး ခရီးစရိတ်အနေနဲ့ ၁၀,၀၀၀ ကျပ် ပေးမှာပါ 😊😊
🔸စိတ်ဝင်စားလို့ လျှောက်ချင်တယ်ဆိုရင် ဒီအချက်လေးတွေတော့ ပြည့်စုံဖို့ လိုပါတယ်
▶️ အသက် ၁၈-၃၅ နှစ် အကြား
▶️ အနိမ့်ဆုံး အထက်တန်းအောင်မြင်ပြီးသူ
▶️ အင်္ဂလိပ်စာကို အခြေခံအဆင့် ဖတ်နိုင်သူ
▶️ လူများနှင့် စကားပြောဆိုဆက်ဆံရန် အခက်အခဲမရှိသူ
▶️ အလုပ်ကို တန်ဖိုးထားပြီး သွက်လက်ချက်ချာသူ
🟣ဒီအလုပ်အတွက် လျှောက်မယ်ဆိုရင် ကိုယ့်ရဲ့ CV ကို [email protected] ကို ဖြစ်စေ၊ Viber နံပါတ် 09253025353 ကို ဖြစ်စေ ပို့ပေးလို့ ရပါတယ် 📩 နောက်ဆုံး လက်ခံမယ့်နေ့က ၂၈.၉.၂၀၂၅ ပါ 🔔👀
🔹နောက်ဆုံး လက်ခံမယ့်နေ့ ရောက်သွားတဲ့အခါ ရလာတဲ့ လျှောက်လွှာတွေထဲက သင့်တော်နိုင်မယ့်သူ တွေကို ပမာဏရွေးချယ်ပြီး နောက်တဆင့် ဖုန်း/online အင်တာဗျူးအတွက် ဆက်သွယ်မှာပါ 🙂
🟨တခုခုသိချင်တာရှိရင်လည်း အပေါ်ကပြောထားတဲ့ Email, Viber နဲ့ HRC page ရဲ့ Message box မှာ မေးလို့ ရပါတယ် 🥰

🟡ဒီနေ့ စက်တင်ဘာလ 2️⃣1️⃣ ရက်မှာတော့ Media and Information Literacy (MIL) တစ်ရက် သင်တန်းလေးကို ပေးဖြစ်ခဲ့ပါတယ်။ အရင်အပတ်ကပ...
21/09/2025

🟡ဒီနေ့ စက်တင်ဘာလ 2️⃣1️⃣ ရက်မှာတော့ Media and Information Literacy (MIL) တစ်ရက် သင်တန်းလေးကို ပေးဖြစ်ခဲ့ပါတယ်။ အရင်အပတ်ကပေးခဲ့တဲ့ Digital Literacy သင်တန်းရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ Digital & Media Information Literacy (၂) ရက် သင်တန်းရဲ့ ဒုတိယနေ့ပေါ့😊😊

🔵MIL ဆိုတာ ဘာလဲ၊ Misinformation/Disinformation/Malinformation စတာတွေ၊ Fake News တွေကို ဘယ်လို စိစစ်လို့ရသလဲ၊ Hate Speech ဆိုတာ ဘာလဲဆိုတာတွေကို မျှဝေ ဆွေးနွေးဖြစ်ခဲ့ပါတယ် 🙂 လက်ရှိ social media ပေါ်မှာ တွေ့နေရတဲ့ အချက်အလက်တွေကို မူတည်ပြီး အမေးအဖြေလုပ်၊ ဆွေးနွေးခဲ့တာလည်း ရှိပါတယ်🗣👤📖

🟢ဒီနေ့က HRC ရဲ့ Co-founder လည်းဖြစ်၊ သင်တန်းဆရာလည်း ဖြစ်တဲ့ ဒေါက်တာအောင်သူဟိန်းရဲ့ မွေးနေ့လည်း ဖြစ်တာမို့ သင်တန်းအပြီးမှာ သင်တန်းစီစဥ်သူများက ပေးတဲ့ မွေးနေ့ကိတ်ကို surprise ရလိုက်တာကတော့ တကယ်ကို အမှတ်ရစရာပါပဲ🥳🥰🎉

⚠️Reminder Alert!!!🟣“ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဉ်လေးအတွက် ပါဝင်ချင်တဲ့သူတွေ ဓါတ်ပုံ (၃) ပုံ ပို့ပေးလို့ရမယ့် နောက်ဆု...
16/09/2025

⚠️Reminder Alert!!!
🟣“ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဉ်လေးအတွက် ပါဝင်ချင်တဲ့သူတွေ ဓါတ်ပုံ (၃) ပုံ ပို့ပေးလို့ရမယ့် နောက်ဆုံးရက်ရောက်ဖို့ အချိန် (2️⃣) ပတ်ပဲ ကျန်ပါတော့တယ် 😱

🟡ဓါတ်ပုံ (၃) ပုံ ပို့ပေးပြီး ကိုယ့်ဝါသနာလေး အကြောင်းပြောပြရုံနဲ့ ဆုငွေ ၅ သောင်းကျပ် ရနိုင်မယ့် အခွင့်အရေးကို ရယူဖို့ အချိန်က သိပ်မကျန်တော့ဘူးနော် 😊😊

🟢နောက်ဆုံး ပို့လို့ရမယ့်နေ့က စက်တင်ဘာလ (၃၀) ရက်နေ့ ဖြစ်တာမို့ အချိန်မကျော်ခင် ပို့ပေးကြဖို့တော့ လိုပါမယ်‼️

🔵စိတ်ဝင်စားတယ်၊ ပို့မယ်ဆိုရင် HRC ရဲ့ Viber နံပါတ်တွေ ဖြစ်တဲ့ 09253025353 နဲ့ 09965282363 တို့ကို အောက်ပါ အချက်တွေ ပို့ပေးရမှာပါ👇👇

➡️ဝါသနာအတွက် ဓါတ်ပုံ ၃ ပုံ
➡️ဝါသနာက ဘာလဲ၊ အဲဒီဝါသနာကို ဘယ်အချိန်ကတည်းက စိတ်ဝင်စားခဲ့တာလဲ၊ အခု အဲဒီဝါသနာနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နေသလဲ ဆိုတဲ့ အချက်တွေ
➡️ကိုယ့်ကို ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ် နှင့်/သို့ Email

🟠အသေးစိတ်ကို သိချင်တယ်ဆိုရင် HRC ကို မေးလို့ရသလို မူရင်း ပို့စ် ဖြစ်တဲ့ ဒီလင့်ခ် မှာလည်း သွားကြည့်လို့ရပါတယ် 👇
https://www.facebook.com/hrcmyanmar/posts/pfbid02CECKQw4rSasVscD8eW8kmPfYzygSbUuW21wiDXmDHmzYnA6xD62gNK9BJ7tFmHKWl

❤️“ပျော်ရွှင်စွာ ရှေ့သို့ လျှောက်လှမ်းကြပါစို့”❤️

Address

No. 102, 3rd Floor, 21 Street, Latha Township
Yangon
11141

Website

Alerts

Be the first to know and let us send you an email when Hobbyists for Resilience and Change - HRC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category