eYangon

eYangon A Gateway to Yangon Government's Services.

30/04/2018

နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် ပါရှိရမည့် အထောက် အထားများ

( ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ)

(၁) အသက် (၁၀) နှစ်ပြည့်‌ (သို့မဟုတ်) (၁၈) ပြည့်‌နှစ်လျှောက် ထားခြင်း

(က) အသက် (၁၀) နှစ်ပြည့်လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင်နှင့် အတူ မိဘ သို့မဟုတ် အုပ်ထိန်းသူမှ လာရောက်ရမည်။ အသက် (၁၈) နှစ် လျှောက်ထားခြင်း ဖြစ်ပါက ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။

(ခ) လျှောက်ထားသူ အမည်ပါသော အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူ တစ်စောင် ပါရှိ ရမည်။

(ဂ) မျိုးရိုးစဉ်ဆက် ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေး လျှောက်လွှာ ပါရှိရမည်။

(ဃ) အသက် အတွက် ကျောင်းထောက်ခံချက် သို့မဟုတ် မွေးစာရင်း မူရင်းနှင့် မိတ္တု ပါရှိရပါမည်။

(င) မိဘ (၂) ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်းနှင့် မိတ္တု ပါရှိရမည်။

(စ) ကာယကံရှင်၏ သွေးစစ် လက်မှတ် မူရင်း ပါရှိရမည်။

(ဆ) ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက် ပါရှိရမည်။

( ဇ ) (၀.၈ လက်မ x ၀.၈ လက်မ) အရွယ်ဓါတ်ပုံ (၄) ပုံ (မျက်မှန်မပါ) ပါရှိရမည်။

( ၂ ) အသက် (၁၀) နှစ်မှ အသက် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်လျှောက်ထားခြင်း

(က) ကာယကံရှင် ကိုယ်တိုင် လာရောက်ရမည်။

(ခ) အိမ်ထောင်စု စာရင်း မူရင်းနှင့် မိတ္တူ (၁) စောင်ပါရှိ ရမည်။

(ဂ) ကာယကံရှင် ယခင် ကိုင်ဆောင်ခဲ့သော အသက် (၁၀) နှစ်ပြည့်‌ နိုင်ငံသား စိစစ်ရေး ကတ်ပြား မူရင်း ပါရှိရမည်။

(ဃ) မိဘ (၂) ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်မူရင်း/ မိတ္တူ ပါရှိရမည်။

(စ) ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ ပါရှိရမည်။

(ဆ) (၀.၈ လက်မ x ၀.၈ လက်မ) အရွယ်ဓါတ်ပုံ (၄) ပုံ (မျက်မှန်မပါ) ပါရှိရမည်။

(၃) နိုင်ငံသား စိစစ်ရေး ကတ်ပြား (ပျောက်ဆုံး/ ပျက်စီးမိတ္တူ လျှောက်ထားခြင်း )

(က) ကာယကံရှင်၏ ဝန်ခံချက်နှင့် ကိုယ်တိုင် လာရောက် လျှောက်ထားရမည်။

(ခ) မျိုးရိုးစဉ်ဆက် ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေး လျှောက်လွှာ ပါရှိရမည်။

(ဂ) ပျောက်ဆုံး / ပျက်စီး မိတ္တူ ထုတ်ပေးရန် လျှောက်လွှာ (ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အမှန်တကယ် ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံချက် ပါရှိသော)ပုံစံထွေ(၄) ပါရှိရမည်။

(ဃ) လျှောက်ထားသူ အမည်ပါသော အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူ (၁) စောင်စီပါရှိရ မည်။

(င) မိဘ (၂) ပါး ကိုင်ဆောင်ထားသော လက်မှတ်မူရင်းနှင့် မိတ္တူ ပါရှိရမည်။

(စ) ပျက်စီးပါက ပျက်စီးသည့်‌ ကတ်ပြား မူရင်းနံပါတ် ပါရှိရမည်။

(ဆ) (၀.၈ လက်မ x ၀.၈ လက်မ) အရွယ် ဓါတ်ပုံ (၄) ပုံ (မျက်မှန် မပါ) ပါရှိရမည်။

ဥပဒေ အရ နိုင်ငံသားများ အတွက် သက်ဆိုင်ရာ မြို့နယ်ရုံးများတွင်သွားရောက် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ဝန်ဆောင်မှု ပေးသည့်‌ ရုံး တည်နေရာ

သက်ဆိုင်ရာ ခရိုင် / မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာနမှူး ရုံးများ။

ဝန်ဆောင်မှု ပေးသည့်‌ ရုံးဖွင့်ချိန်

အစိုးရ ရုံးဖွင့်ရက်များ (တနင်္လာနေ့မှ သောကြာနေ့ အထိ)

နံနက် ၀၉း ၃၀ နာရီမှ ညနေ ၁၆း ၃၀ နာရီချိန်ထိ ။

27/04/2018

နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများမှ သတိပြု လိုက်နာရမည့် အချက်များ

မိမိ ကိုင်ဆောင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် တရားမ၀င် ပြင်ခြင်း ၊ ဖျက်ခြင်း ၊ ရေးသွင်းခြင်း မပြုလုပ်ရ။

မိမိ ကိုင်ဆောင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ဓါတ်ပုံ ပျက်စီး / မထင်မရှားဖြစ်ပါက မိမိ သဘောဖြင့် ဓါတ်ပုံ လဲလှယ်ခြင်း ၊ ကပ်ခြင်း မပြုလုပ်ရ။

မိမိကိုင်ဆောင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအား အခြားသူ တစ်ဦး ထံသို့ လွှဲပြောင်းကိုင်ဆောင်ခြင်း မပြုလုပ်ရ။

အခြားသူ တစ်ဦးတစ်ယောက်၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားအား ကောက်ရ / တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ် လူဝင်မူ ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာနမှူးရုံးသို့ သွားရောက် အပ်နှံရမည်။

မိမိနေအိမ်မှ မြို့နယ်ကျော် ခရီးသွားလျှင် မိမိ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားအား တစ်ပါတည်း ယူဆောင် သွားရမည်။

မိမိ ကိုင်ဆောင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပျောက်ဆုံးလျှင် နီးစပ်ရာ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားပြီး မြို့နယ် လူဝင်မူကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာနမှူးရုံးသို့ မိတ္တူ ထုတ်ပေးခွင့်ကို ကိုယ်တိုင် လျှောက်ထားရမည်။

လူတစ်ဦး တစ်ယောက်တည်း နံပါတ်တစ်ခု ထက်ပို၍ နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထား ကိုင်ဆောင်ထားကြောင်း တွေ့ရှိပါက ဥပဒေနှင့် အညီ အရေးယူခြင်း ခံရမည်။

25/04/2018

လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာန မှ ပြည်သူသို့ပေးနေသော ၀န်ဆောင်မှုများ

၁။ အိမ်ထောင်စု အလိုက် ပြောင်းဝင်ခြင်း

အိမ်ထောင်ဦးစီး ကိုယ်တိုင် လာရောက်ရမည်။ အိမ်ထောင်ဦးစီး ကိုယ်တိုင် မလာရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် အိမ်ထောင်စုဝင်များထဲမှ အသက် (၁၈)နှစ်ပြည့်ပြီးသူ တစ်ဦး အား ကိုယ်စားလှယ် လွှဲစာဖြင့် စေလွှတ်ရမည်။

ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

အိမ်ထောင်ဦးစီး ၏ လျှောက်လွှာ ပါရှိရမည်။

နောက်ဆုံး နေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိ ရမည်။

ဝင်ရောက် နေထိုင်လိုသည့် လိပ်စာ မှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

ပြောင်းဝင်မည့် အိမ်ခန်း ( သို့မဟုတ်) အိမ်အား ပိုင်ဆိုင်သည့် အထောက်အထား မူရင်း / မိတ္တူ ပါရှိရမည်။

ပိုင်ဆိုင်သည့် အထောက်အထား မပြနိုင်ပါက လိပ်စာပါ နေရာတွင် မည့်သည့် အခြေအနေဖြင့် နေထိုင်ကြောင်း ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး၏ ထောက်ခံချက် ပါရှိရမည်။

၂။ အိမ်ထောင်စု အလိုက် ပြောင်းထွက်ခြင်း

အိမ်ထောင်ဦးစီး ကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက် နိုင်ပါက အိမ်ထောင်စုဝင်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီး သူ တစ်ဦး အား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။

ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

အိမ်ထောင်ဦးစီး၏ လျှောက်လွှာ ပါရှိရမည်။

ပြောင်းထွက်မည့် သူများ အမည် ပါရှိသော အိမ်ထောင်စု လူဦးရေ စာရင်း အိမ် လက်ခံ မူရင်း/ မိတ္တူ ပါရှိရမည်။

ရပ်ကွက် / ကျေးရွာအုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ၏ ထောက်ခံချက် ပါရှိရမည်။

၃။ အိမ်ထောင်စု လူဦးရေ တိုးခြင်း

ကာယကံရှင်နှင့် အိမ်ထောင်ဦးစီး တို့မှ လာရောက် လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက် နိုင်ပါက အိမ်ထောင်စုဝင်များ ထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ် လွှဲစာဖြင့် စေလွှတ်ရမည်။

ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

၎င်းနည်းတူ ကာယကံရှင် ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ် လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။

ကာယကံရှင်၏ လျှောက်လွှာ ပါရှိရမည်။နောက်ဆုံး နေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။

လက်ခံမည့် အိမ်ထောင်ဦးစီး၏ သဘောတူ ၀န်ခံချက် ပါရှိရမည်။

အိမ်ထောင်ဦးစီး အမည်ပါ အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်း ပါရှိရမည်။

ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း ရောက်ရှိ နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး၏ ထောက်ခံချက် ပါရှိရမည်။

၎။ အိမ်ထောင်စု လူဦးရေ လျော့ခြင်း

ကာယကံရှင်နှင့် အိမ်ထောင်ဦးစီး တို့မှ လာရောက် လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီး သည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက် နိုင်ပါက အိမ်ထောင်စုဝင်များထဲမှ အသက်(၁၈) နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ် လွှဲစာဖြင့် စေလွှတ်ရမည်။

ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

၎င်းနည်းတူ ကာယကံရှင် ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ် လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။

အိမ်ထောင်ဦးစီး၏ သဘောတူ ၀န်ခံချက် ပါရှိရမည်။

လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီး အမည်ပါ အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်း၊ မိတ္တူ ပါရှိရမည်။

ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

၅။ မွေးဖွားသူ အမည်စာရင်း တိုးခြင်း

အိမ်ထောင်ဦးစီး ကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီး ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ် လွှဲစာဖြင့် စေလွှတ်ရမည်။

ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။

မိဘနှစ်ပါး၏ အမည် ပါရှိသော အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူ ရှိရမည်။

မိဘ နှစ်ပါး ၊ အိမ်ထောင်စု လူဦးရေ စာရင်း သီးခြား တစ်ခုစီ ရှိပါက လူဦးရေ တိုးမည့် မိဘ၏ အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်း ၊ မိတ္တူနှင့် လူဦးရေ စာရင်း တိုးရန် မလိုသည့် မိဘ၏ အိမ်ထောင်စု လူဦးရေ စာရင်း မိတ္တူ ပါရှိရမည်။

ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။မွေးဖွားကြောင်း ပုံစံ-၁(က) (သို့မဟုတ်) မွေးစာရင်း လက်မှတ် မူရင်းနှင့် မိတ္တူ ပါရှိရမည်။

၆။ သေဆုံးသူ အမည်စာရင်း ပယ်ဖျက်ခြင်း

အိမ်ထောင်ဦးစီး ကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ် လွှဲစာဖြင့် စေလွှတ်ရမည်။

ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

သေဆုံးကြောင်း ပုံစံထွေ-၁(က) (သို့မဟုတ်) သေဆုံးကြောင်းလက်မှတ် မူရင်း ၊ မိတ္တူ ပါရှိရမည်။

တိုင်ကြားသူနှင့် သေဆုံးသူ အမည် ပါသော အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်း/မိတ္တူ ပါရှိရမည်။
သေဆုံးသူသည် ရပ်ကွက် / ကျေးရွာအုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

၇။ သီးခြား အိမ်ထောင်စု ခွဲထွက်ခြင်း

ကာယကံရှင် ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီး တို့မှ လာရောက် လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်များ ထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ် လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

၎င်းနည်းတူ ကာယကံရှင် ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ် လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။ အိုးခွဲ ၊ အခန်းခွဲ ၊ ခေါင်ခွဲ ၊ စီးပွားခွဲ စသည့် ခွဲ (၄)ခွဲနှင့် ညီညွတ်ရမည်။

အိမ်ထောင်ဦးစီး၏ သဘောတူဝန်ခံချက် ပါရှိရမည်။

လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စု လူဦးရေ စာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူ ပါရှိရမည်။

ရပ်ကွက် /ကျေးရွာ အုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။

ဝန်ဆောင်မှု ပေးသည့်‌ ရုံး တည်နေရာ

သက်ဆိုင်ရာ ခရိုင် / မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာနမှူး ရုံးများ။

ဝန်ဆောင်မှု ပေးသည့်‌ ရုံးဖွင့်ချိန်

အစိုးရ ရုံးဖွင့်ရက်များ (တနင်္လာနေ့မှ သောကြာနေ့ အထိ)

နံနက် ၀၉း ၃၀ နာရီမှ ညနေ ၁၆း ၃၀ နာရီချိန်ထိ ။

ထရန်စဖော်မာ လျှောက်ထားခြင်း အတွက် လိုအပ်သော အချက်များဝန်ကြီး ဌာန အနေဖြင့် လျှပ်စစ် ကြောင့် အန္တရာယ် မဖြစ်စေရေး ဓာတ်အား သံ...
23/04/2018

ထရန်စဖော်မာ လျှောက်ထားခြင်း အတွက် လိုအပ်သော အချက်များ

ဝန်ကြီး ဌာန အနေဖြင့် လျှပ်စစ် ကြောင့် အန္တရာယ် မဖြစ်စေရေး ဓာတ်အား သုံးစွဲမည့် အဆောက်အဦးများ အတွက် ထရန်စဖော်မာ တင်ပြ လျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှ စ၍ ဓာတ်အား ဆက်သွယ်သည့် အချိန် အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ အတိုင်း စိစစ် ဆောင်ရွက်လျက် ရှိပါသည်။

(၁) ပုဂ္ဂလိက၊ စက်မှုဇုန်နှင့် ကျေးရွာ မီးလင်းရေး ထရန်စဖော်မာများ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီမှု ရှိ/ မရှိ စာရွက် စာတမ်းနှင့် အထောက်အထားပိုင်း ဆိုင်ရာများ စစ်ဆေးခြင်း၊ ဓာတ်အား ရယူမည့် ပင်မနှင့် တစ်ဆင့်ခံ ဓာတ်အား ခွဲရုံနှင့် ဓာတ်အားလိုင်းများ ဝန်အားနိုင်နင်းမှု ရှိ / မရှိ စစ်ဆေးခြင်း

(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသော Proposal အား ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ အသေးစိတ် ထပ်မံ စိစစ်စေ၍ YESC ရုံးချုပ်၏ နည်းပညာ ကော်မတီ သို့ တိုက်ရိုက် တင်ပြစေ၍ မြို့နယ် / ခရိုင် လျှပ်စစ် မန်နေဂျာရုံးများမှ စိစစ် ထောက်ခံချက် တင်ပြလာသော Technical Proposal အား မှန်ကန်မှု ရှိ / မရှိ ထပ်မံ စိစစ်၍ YESC ၏ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးသို့ တင်ပြကာ ခွင့်ပြုမိန့် ထုတ်ပေးခြင်း

(၃) ၃၃/ ၁၁ ကေဗွီ (သို့မဟုတ်) ၆၆ / ၁၁ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အား ရယူလိုသော Consumer များ၏ ဓာတ်အား တောင်းခံမှုများ ကိုမူ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန၊ ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီး ဌာန ၏ သဘောထား မှတ်ချက် ထပ်မံရယူ၍ ပြည်ထောင်စု ဝန်ကြီးရုံး၏ လုပ်ငန်းမှု ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ အစည်းအဝေးအထိ တင်ပြပြီးမှ ခွင့်ပြုမိန့် ထုတ် ပေးခြင်း

(၄) ခွင့်ပြုမိန့် ရရှိပါက ထရန်စဖော်မာ တပ်ဆင်ခြင်း အတွက် အောက်ဖော်ပြပါ လျှောက်ထားသည့် ထရန်စဖော်မာ(ကေဗွီအေ) အလိုက် သတ်မှတ်နှုန်းထားများအား ပေးသွင်းစေရာတွင် Infrastructure ကြေးအား ကာယကံရှင် ကိုယ်တိုင် ဘဏ်သို့ ပေးသွင်းစေခြင်း၊ ထရန်စဖော်မာ တပ်ဆင်ခြင်းနှင့် ဓာတ်အားလိုင်း တည်ဆောက်ခြင်း အတွက် သတ်မှတ်ထားသော အုပ်ချုပ်မှု စရိတ်နှင့် ကြီးကြပ်ခများကို သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးတွင် ​ ကာယကံရှင် ကိုယ်တိုင် ပေးသွင်းစေခြင်း

(၅) တပ်ဆင် သုံးစွဲမည့် ပစ္စည်းများ၏ အမျိုးအစား၊ စံချိန် စံညွှန်းများနှင့် တည်ဆောက်မည့် ပုံစံ တို့ကို ခရိုင် လျှပ်စစ် အင်ဂျင်နီယာ ထံ ဦးစွာ တင်ပြ၍ ဓာတ်အား ခွဲရုံ၊ Switch Gear များနှင့် ပတ်သက်ပြီး သတ်မှတ် စံချိန် စံညွှန်းနှင့် ကိုက်ညီမှု ရှိ / မရှိကို ဓာတ်အားခွဲရုံ (ထိန်း / ပြင်၊ တည်ဆောက်၊ ၂၄ နာရီ ပြင် / ထိန်း) ဌာနခွဲမှ လည်းကောင်း၊ HT Cable, LT Cable များနှင့် ပတ်သက်ပြီး မြေအောက် ဓာတ်ကြိုး ဌာနခွဲမှ လည်းကောင်း၊ ကောင်းကင် ဓာတ်အားလိုင်းနှင့် ပတ်သက်ပြီး ကောင်းကင် ဓာတ်အားလိုင်း ဌာနခွဲမှ လည်းကောင်း အတည်ပြုချက် ရယူပြီးမှသာ လုပ်ငန်း ဆောင်ရွက်စေခြင်း

(၆) စီတီမီတာ ထုတ်ယူရန် အတွက် မြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ တစ်ဆင့် YESC ရုံးချုပ်သို့ Indent ဖြင့် တင်ပြ တောင်းခံစေ၍ ရရှိပါက မီတာ တပ်ဆင်ပေးခြင်း

(၇) ရန်ကုန်တိုင်း ဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာန၊ (လျှပ်စစ် စစ်ဆေးရေး)သို့ တည်ဆောက်ပြီးသော ဓာတ်အားလိုင်း၊ ထရန်စဖော်မာနှင့် Internal Wiring အား စစ်ဆေးစေပြီး လျှပ်စစ် အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရယူစေခြင်း

(၈) လျှပ်စစ် အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရရှိပါက ငွေသွင်း ပြေစာ မိတ္တူများ၊ တည်ဆောက် ပြီးစီးမှု မှတ်တမ်း ဓာတ်ပုံများ နှင့် အတူ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ခရိုင် လျှပ်စစ် မန်နေဂျာရုံး သို့ တင်ပြစေ၍ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ဓာတ်အား ဆက်သွယ်ခွင့်(ဓာတ်လွှတ်မိန့် ) ထုတ်ပေးပြီး ဓာတ်အား ဆက်သွယ်ရာတွင် စမ်းသပ်ရေးနှင့် မီတာ ဌာနမှ အင်ဂျင်နီယာ(၁)ဦး၊ ဓာတ်အား ခွဲရုံ ( ထိန်း / ပြင်၊ တည်ဆောက်၊ ၂၄ နာရီ ပြင် / ထိန်း) ဌာနခွဲမှ အင်ဂျင်နီယာ(၁)ဦး၊ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ကြီးကြပ်သူ (၁) ဦး၊ မြို့နယ် လျှပ်စစ် မန်နေဂျာတို့ ပါဝင်သော (၄) ဦး ကော်မတီဖြင့် ၄၀၀ ဗို့ Breaker အထိ ဓာတ် အား ဆက်သွယ်ပေးခြင်း

(၉) ၁၁/ ၀.၄ ကေဗွီ၊ ၁၀၀၀ ကေဗွီအေနှင့် အထက်၊ ၃၃ ကေဗွီနှင့် အထက် Voltage Level ဖြင့် ဓာတ်အား ရယူ သုံးစွဲမှုများ အတွက် ဓာတ်အား ဆက်သွယ်ခွင့်အား ဓာတ်အား ဖြန့်ဖြူးရေးဌာန (ရုံးချုပ်) မှ ဓာတ်အား ဆက်သွယ်ခွင့် (ဓာတ်လွှတ်မိန့်) ထုတ်ပေးပြီး ဓာတ်အား ဆက်သွယ်ရာတွင် စမ်းသပ်ရေးနှင့် မီတာ ဌာနမှ အင်ဂျင်နီယာ(၁)ဦး၊ ဓာတ်အားခွဲရုံ (ထိန်း / ပြင်၊ တည်ဆောက်၊ ၂၄ နာရီ ပြင် / ထိန်း) ဌာနခွဲ မှ အင်ဂျင်နီယာ(၁)ဦး၊ ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ကြီးကြပ်သူ (၁)ဦး၊ Test Lab ဌာန မှ အင်ဂျင်နီယာ(၁)ဦး၊ မြို့နယ် လျှပ်စစ် မန်နေဂျာတို့ ပါဝင်သော (၅)ဦး ကော်မတီဖြင့် ၄၀၀ ဗို့ Breaker အထိ ဓာတ်အား ဆက်သွယ်ပေးခြင်း

ထရန်စဖော်မာ မီတာ အသစ် တပ်ဆင်ခြင်း (မီးသုံးသူ အသစ် စာရင်း ရေးသွင်းခြင်း) နှင့် စပ်လျဉ်း၍ မီတာ စတင် လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်း ထွက်ပြီးသည် အထိ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာ ရုံးများရှိ ဌာန အသီးသီးမှ အောက်ဖော်ပြပါ အတိုင်း လုပ်ငန်းစဉ် အဆင့်ဆင့်အား လိုက်နာ ဆောင်ရွက်လျက် ရှိပါသည်။

(က) စီမံ ခန့်ခွဲရေး ဌာန

လျှောက်လွှာသစ်များ လက်ခံခြင်း ဘုံမှတ်တမ်း( လျှပ်စစ်ပုံစံ -၂၈၄) ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့် အညီ ဓာတ်အား ဆက်သွယ်ရန် လျှောက်လွှာ ပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ် ပုံစံ-၁၆)၊ ဓာတ်ကြိုး တပ်ဆင်ရန် လျှောက်လွှာ (လျှပ်စစ်ပုံစံ-၂၅၈)လက်ခံခြင်း

(ခ) ဘဏ္ဍာရေး ဌာန

မှတ်ပုံတင်ကြေးအား ငွေရ ပြေစာ (လျှပ်စစ် ပုံစံ -၂၃) ဖြင့် လက်ခံခြင်း

(ဂ) အင်ဂျင်နီယာ ဌာန

လုပ်ငန်း ကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ်ပုံစံ -၁၃၈) ဖြင့် မီတာ တပ်ဆင်ရန် စစ်ဆေးခြင်း

(ဃ) စီမံ ခန့်ခွဲရေး ဌာန

မီတာ တပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်း ရန် အကြောင်းကြားစာ (လျှပ်စစ် ပုံစံ-၂၄) ရေးသွင်းခြင်း

(င) ဘဏ္ဍာရေး ဌာန

ကြိုးသွယ်ခ၊ ကြီးကြပ်ခ၊ မီးဆက်ခ အား ( လျှပ်စစ်ပုံစံ-၂၃) မီတာ သတ်မှတ်ကြေး(လျှပ်စစ်ပုံစံ-၂၃)နှင့် အာမခံ စဘော်ငွေ(လျှပ်စစ် ပုံစံ-၉၅)လက်ခံခြင်း၊ (လျှပ်စစ် ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း


(စ) စီမံ ခန့်ခွဲရေး ဌာန

လျှပ်စစ် ပုံစံ-၁၃၈ တွင် ငွေရပြေစာ အမှတ် ရေးသွင်းပြီး မြို့နယ် လျှပ်စစ် မန်နေဂျာမှ လက်မှတ် ရေးထိုး၍ မီတာ ထုတ်ယူရန် အင်ဂျင်နီယာ ဌာန သို့ ပေးပို့ခြင်း

(ဆ) အင်ဂျင်နီယာ ဌာန

မီတာ တပ်ဆင်ရန် အတွက် ပစ္စည်း စီမံရေး ဌာနသို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ် ပုံစံ-၂၅(က)ဖြင့် မီတာ တောင်းခံခြင်း

(ဇ) ပစ္စည်း စီမံရေး ဌာန

မီတာအား ပစ္စည်း ထုတ်ပေးလွှာ ပုံစံ-၂၅(ခ) ဖြင့် ထုတ်ပေးခြင်း၊ မီတာ မှတ်ပုံတင် စာအုပ်(လျှပ်စစ် ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ် ပုံစံ-၂၆) ရေးသွင်းခြင်း

(ဈ) အင်ဂျင်နီယာ ဌာန

ထုတ်ယူ ရရှိသော မီတာကို သွားရောက် တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံ ခန့်ခွဲရေး ဌာနသို့ ပေးပို့ခြင်း

(ည) စီမံ ခန့်ခွဲရေး ဌာန

မီတာ အသစ်ဆက်ခြင်း၊ ဘုံမှတ်တမ်း (လျှပ်စစ် ပုံစံ-၂၈၀) ရေးသွင်းခြင်း

(ဋ) ဘဏ္ဍာရေး ဌာန

မီတာဖတ် ကဒ်ပြား ( လျှပ်စစ် ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ်အား သုံးစွဲသူများ လယ်ဂျာ(လျှပ်စစ် ပုံစံ-၄၃) ရေးသွင်းခြင်း၊ လျှပ်စစ် ပုံစံ - ၉၅ လက်ခံ တွင် မီတာ အမှတ်နှင့် စာရင်း အမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ် ထုတ်ခြင်း

ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Call Center ဖုန်းနံပါတ်များ

၀၁-၂၃၀၂၂၈၅ ၀၁-၂၃၀၂၂၈၆ ၀၁-၂၃၀၂၂၈၇ ၀၁-၂၃၀၂၂၈၈ ၀၁-၂၃၀၂၂၈၉ ။


ပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး /  စက်မှုသုံး) လျှောက်ထားရာတွင် လိုအပ်သော အချက်များပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး / ...
19/04/2018

ပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) လျှောက်ထားရာတွင် လိုအပ်သော အချက်များ

ပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ ပြည့်စုံစွာ ပါရှိရန် သတ်မှတ် ထားရှိပါသည်။

(၁) မှတ်ပုံတင်မိတ္တူ (မူရင်း ယူဆောင်လာစေခြင်း)

(၂) သန်းခေါင်စာရင်း မိတ္တူ (မူရင်း ယူဆောင်လာစေခြင်း)

(၃) အိမ်သုံးမီတာ ဘေလ် မိတ္တူ (မူရင်း ယူဆောင် လာစေခြင်း)

(၄) ပိုင်ဆိုင်မှု စာချုပ်/ အထောက်အထား (မူရင်း ယူဆောင်လာစေခြင်း)

(၅) အသုံးပြုမည့် ဝန်အားစာရင်း

(၆) လုပ်ငန်း လိုင်စင်/ ကုမ္ပဏီ မှတ်ပုံတင်(လုပ်ငန်းသုံး / စက်မှုသုံး ပါဝါမီတာ အတွက်)

ဝန်ကြီး ဌာန အနေဖြင့် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေရေး ဓာတ်အား သုံးစွဲမည့် အဆောက်အဦးများ အတွက် ပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) တင်ပြ လျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှ စ၍ ဓာတ်အား ဆက်သွယ်သည့် အချိန် အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ အတိုင်း စိစစ် ဆောင်ရွက်လျက် ရှိပါသည်။

(၁) သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီမှု ရှိ / မရှိ စာရွက်စာတမ်းနှင့် အထောက်အထား ပိုင်း ဆိုင်ရာများ စစ်ဆေးခြင်း၊ ၄၀၀ ဗို့ (3F 4 W) ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိ / မရှိ ၊ ဓာတ်အား ဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ များ ဝန်အား နိုင်နင်းမှု ရှိ / မရှိ ကွင်းဆင်း စစ်ဆေးခြင်း

(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါက ခရိုင် လျှပ်စစ် မန်နေဂျာရုံးသို့ တင်ပြ ၍ ခွင့်ပြုမိန့် ရယူခြင်း

(၃) ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ခွင့်ပြုချက် ရရှိပါက မြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ခွင့်ပြုမိန့် ရရှိပါက မီတာ တပ်ဆင်ခြင်း အတွက် အောက်ဖော်ပြပါ လျှောက်ထား သည့် ပါဝါမီတာ (ကီလိုဝပ်) အလိုက် သတ်မှတ် နှုန်းထားများအား ပေးသွင်းစေရာတွင် Infrastructure ကြေးများအား ကာယကံရှင် ကိုယ်တိုင် ဘဏ်သို့ ပေးသွင်းစေခြင်း၊ အုပ်ချုပ်မှု စရိတ်နှင့် ကြီးကြပ်ခများကို သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးတွင် ​ ကာယကံရှင် ကိုယ်တိုင် ပေးသွင်းစေခြင်း၊ ရန်ကုန်တိုင်း ဒေသကြီး စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီး ဌာန၊(လျှပ်စစ် စစ်ဆေးရေး) သို့ Internal Wiring အား စစ်ဆေးစေပြီး လျှပ်စစ် အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရယူစေခြင်း

(၄) ကာယကံရှင်မှ သတ်မှတ်ကြေးများ ပေးသွင်းပြီးပါက ၄င်းပြေစာနှင့် အတူ မီတာ ထုတ်ယူရန် အတွက် ခရိုင် လျှပ်စစ် မန်နေဂျာရုံးသို့ Indent ဖြင့် တင်ပြ တောင်းခံ၍ ရရှိပါက မီတာတပ်ဆင်ပေးပြီး ၄၀၀ ဗို့ Breaker အထိ ဓာတ်အား ဆက်သွယ်ပေးခြင်း


အထက် ဖော်ပြပါ ပါဝါမီတာ ( အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) အသစ် တပ်ဆင်ခြင်း ( မီးသုံးသူ အသစ် စာရင်း ရေးသွင်းခြင်း)နှင့် စပ်လျဉ်း၍ မီတာ စတင် လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်း ထွက်ပြီး သည် အထိ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးများရှိ ဌာန အသီးသီးမှ အောက် ဖော်ပြပါ အတိုင်း လုပ်ငန်းစဉ် အဆင့်ဆင့်အား လိုက်နာ ဆောင်ရွက်လျက် ရှိပါသည်။

(က) စီမံ ခန့်ခွဲရေး ဌာန

လျှောက်လွှာသစ်များ လက်ခံခြင်း ဘုံမှတ်တမ်း ( လျှပ်စစ်ပုံစံ -၂၈၄) ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့်အညီ ဓာတ်အားဆက် သွယ်ရန် လျှောက်လွှာပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ် ပုံစံ-၁၆)၊ ဓာတ်ကြိုး တပ်ဆင်ရန် လျှောက်လွှာ (လျှပ်စစ် ပုံစံ - ၂၅၈) လက်ခံခြင်း

(ခ) ဘဏ္ဍာရေး ဌာန

မှတ်ပုံတင်ကြေးအား ငွေရပြေစာ ( လျှပ်စစ် ပုံစံ -၂၃) ဖြင့် လက်ခံခြင်း

(ဂ) အင်ဂျင်နီယာ ဌာန

လုပ်ငန်း ကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ်ပုံစံ -၁၃၈) ဖြင့် မီတာ တပ်ဆင်ရန် စစ်ဆေးခြင်း

(ဃ) စီမံ ခန့်ခွဲရေး ဌာန

မီတာ တပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်းရန် အကြောင်းကြားစာ ( လျှပ်စစ်ပုံစံ-၂၄) ရေးသွင်းခြင်း

(င) ဘဏ္ဍာရေး ဌာန

ကြိုးသွယ်ခ ၊ ကြီးကြပ်ခ ၊ မီးဆက်ခအား (လျှပ်စစ် ပုံစံ-၂၃) မီတာ သတ်မှတ်ကြေး(လျှပ်စစ်ပုံစံ-၂၃) နှင့် အာမခံ စဘော်ငွေ(လျှပ်စစ် ပုံစံ-၉၅) လက်ခံခြင်း၊ (လျှပ်စစ် ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း

(စ) စီမံ ခန့်ခွဲရေး ဌာန

လျှပ်စစ် ပုံစံ-၁၃၈ တွင် ငွေရပြေစာ အမှတ် ရေးသွင်းပြီး မြို့နယ် လျှပ်စစ် မန်နေဂျာမှ လက်မှတ် ရေးထိုး၍ မီတာ ထုတ်ယူရန် အင်ဂျင်နီယာဌာန သို့ ပေးပို့ခြင်း

(ဆ) အင်ဂျင်နီယာ ဌာန

မီတာ တပ်ဆင်ရန် အတွက် ပစ္စည်း စီမံရေး ဌာနသို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ်ပုံစံ-၂၅(က) ဖြင့် မီတာ တောင်းခံခြင်း

(ဇ) ပစ္စည်း စီမံရေး ဌာန

မီတာအား ပစ္စည်း ထုတ်ပေးလွှာ ပုံစံ- ၂၅(ခ)ဖြင့် ထုတ်ပေးခြင်း၊ မီတာ မှတ်ပုံတင် စာအုပ်(လျှပ်စစ် ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ် ပုံစံ-၂၆) ရေးသွင်းခြင်း

(ဈ) အင်ဂျင်နီယာ ဌာန

ထုတ်ယူ ရရှိသော မီတာကို သွားရောက် တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံ ခန့်ခွဲရေး ဌာနသို့ ပေးပို့ခြင်း

(ည) စီမံ ခန့်ခွဲရေး ဌာန

မီတာ အသစ် ဆက်ခြင်း၊ ဘုံမှတ်တမ်း ( လျှပ်စစ် ပုံစံ-၂၈၀) ရေးသွင်းခြင်း

(ဋ) ဘဏ္ဍာရေး ဌာန

မီတာဖတ် ကတ်ပြား(လျှပ်စစ် ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ်အား သုံးစွဲသူများ လယ်ဂျာ(လျှပ်စစ် ပုံစံ-၄၃) ရေးသွင်းခြင်း၊ လျှပ်စစ် ပုံစံ-၉၅ လက်ခံ တွင် မီတာ အမှတ်နှင့် စာရင်း အမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ်ထုတ်ခြင်း

ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Call Center ဖုန်းနံပါတ်များ

၀၁-၂၃၀၂၂၈၅ ၀၁-၂၃၀၂၂၈၆ ၀၁-၂၃၀၂၂၈၇ ၀၁-၂၃၀၂၂၈၈ ၀၁-၂၃၀၂၂၈၉ ။


အိမ်သုံးမီတာ လျှောက်ထားရာတွင် လိုအပ်သော အချက်များအိမ်သုံးမီတာ လျှောက်ထားရာတွင် အောက် ဖော်ပြပါ အချက်များ ပြည့်စုံစွာပါရှိ...
10/04/2018

အိမ်သုံးမီတာ လျှောက်ထားရာတွင် လိုအပ်သော အချက်များ

အိမ်သုံးမီတာ လျှောက်ထားရာတွင် အောက် ဖော်ပြပါ အချက်များ ပြည့်စုံစွာပါရှိရန် သတ်မှတ်ထား ရှိပါသည်။

(၁) မှတ်ပုံတင် မိတ္တူ ( မူရင်း ယူဆောင်လာစေခြင်း)

(၂) သန်းခေါင် စာရင်း မိတ္တူ (မူရင်း ယူဆောင် လာစေခြင်း)

(၃) ပိုင်ဆိုင်မှု စာချုပ် / အထောက်အထား (မူရင်း ယူဆောင် လာစေခြင်း)

ဝန်ကြီး ဌာန အနေဖြင့် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေသည့် ဓာတ်အား သုံးစွဲမည့် အဆောက်အဦးများ အတွက် အိမ်သုံးမီတာ၊ လုပ်ငန်းသုံး မီတာ နှင့် ထရန်စဖော်မာ မီတာများ တင်ပြ လျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှ စ၍ ဓာတ်အား ဆက်သွယ်သည့် အချိန် အထိ အောက် ဖော်ပြပါ လုပ်ငန်းစဉ်များ အတိုင်း စိစစ် ဆောင်ရွက်လျက် ရှိပါသည်။

(၁) သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီမှု ရှိ / မရှိ စာရွက်စာတမ်းနှင့် အထောက်အထားပိုင်း ဆိုင်ရာများ စစ်ဆေးခြင်း၊ ၂၃၀ (သို့) ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိ/ မရှိ ၊ ဓာတ်အား ဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ဝန်အား နိုင်နင်းမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်း

(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါက သတ်မှတ် နှုန်းထားများ အတိုင်း ပေးသွင်းစေခြင်း

(၃) သတ်မှတ်ကြေးများ ပေးသွင်းပြီးပါက မီတာ တပ်ဆင်ပေးပြီး မီတာအထွက် Breaker အထိ ဓာတ်အား ဆက်သွယ်ပေးခြင်း


အထက် ဖော်ပြပါ အိမ်သုံးမီတာ၊ အသစ် တပ်ဆင်ခြင်း ( မီးသုံးသူ အသစ် စာရင်း ရေးသွင်းခြင်း) နှင့် စပ်လျဉ်း၍ မီတာ စတင် လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်း ထွက်ပြီးသည်အထိ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာ ရုံးများ ရှိ ဌာန အသီးသီးမှ အောက် ဖော်ပြပါ အတိုင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်နာ ဆောင်ရွက်လျက် ရှိပါသည်။

(က) စီမံ ခန့်ခွဲရေး ဌာန

လျှောက်လွှာသစ်များ လက်ခံခြင်း ဘုံမှတ်တမ်း (လျှပ်စစ်ပုံစံ -၂၈၄) ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့် အညီ ဓာတ်အား ဆက်သွယ်ရန် လျှောက်လွှာ ပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ်ပုံစံ-၁၆)၊ ဓာတ်ကြိုး တပ်ဆင်ရန် လျှောက်လွှာ(လျှပ်စစ် ပုံစံ-၂၅၈)လက်ခံခြင်း

(ခ) ဘဏ္ဍာရေး ဌာန

မှတ်ပုံတင်ကြေးအား ငွေရ ပြေစာ(လျှပ်စစ်ပုံစံ -၂၃) ဖြင့် လက်ခံခြင်း



(ဂ) အင်ဂျင်နီယာဌာန

လုပ်ငန်း ကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်းဆောင် ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ် ပုံစံ -၁၃၈) ဖြင့် မီတာ တပ်ဆင်ရန် စစ်ဆေးခြင်း

(ဃ) စီမံ ခန့်ခွဲရေး ဌာန

မီတာ တပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်းရန် အကြောင်းကြားစာ(လျှပ်စစ်ပုံစံ-၂၄) ရေးသွင်းခြင်း

(င) ဘဏ္ဍာရေး ဌာန

ကြိုးသွယ်ခ၊ ကြီးကြပ်ခ၊ မီးဆက်ခအား (လျှပ်စစ် ပုံစံ-၂၃) မီတာ သတ်မှတ်ကြေး(လျှပ်စစ် ပုံစံ-၂၃)နှင့် အာမခံစဘော်ငွေ(လျှပ်စစ် ပုံစံ-၉၅)လက်ခံခြင်း၊ (လျှပ်စစ် ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း

(စ) စီမံ ခန့်ခွဲရေး ဌာန

လျှပ်စစ် ပုံစံ-၁၃၈တွင် ငွေရပြေစာ အမှတ် ရေးသွင်းပြီး မြို့နယ် လျှပ်စစ် မန်နေဂျာမှ လက်မှတ် ရေးထိုး၍ မီတာ ထုတ်ယူရန် အင်ဂျင်နီယာ ဌာန သို့ ပေးပို့ခြင်း

(ဆ) အင်ဂျင်နီယာ ဌာန

မီတာ တပ်ဆင်ရန် အတွက် ပစ္စည်းစီမံရေး ဌာန သို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ် ပုံစံ-၂၅(က)ဖြင့် မီတာ တောင်းခံခြင်း

(ဇ) ပစ္စည်း စီမံရေး ဌာန

မီတာအား ပစ္စည်း ထုတ်ပေးလွှာ ပုံစံ-၂၅(ခ) ဖြင့် ထုတ်ပေးခြင်း၊ မီတာ မှတ်ပုံတင် စာအုပ် (လျှပ်စစ် ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ် ပုံစံ-၂၆) ရေးသွင်းခြင်း

(ဈ) အင်ဂျင်နီယာ ဌာန

ထုတ်ယူ ရရှိသော မီတာကို သွားရောက် တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံ ခန့်ခွဲရေး ဌာနသို့ ပေးပို့ခြင်း

(ည) စီမံ ခန့်ခွဲရေး ဌာန

မီတာအသစ် ဆက်ခြင်း၊ ဘုံမှတ်တမ်း (လျှပ်စစ် ပုံစံ-၂၈၀) ရေးသွင်းခြင်း

(ဋ) ဘဏ္ဍာရေး ဌာန

မီတာဖတ် ကတ်ပြား (လျှပ်စစ် ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ်အား သုံးစွဲသူများ လယ်ဂျာ(လျှပ်စစ် ပုံစံ-၄၃) ရေးသွင်းခြင်း၊ လျှပ်စစ် ပုံစံ - ၉၅ လက်ခံ တွင် မီတာ အမှတ်နှင့် စာရင်း အမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ်ထုတ်ခြင်း

ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Call Center ဖုန်းနံပါတ်များ

၀၁-၂၃၀၂၂၈၅ ၀၁-၂၃၀၂၂၈၆ ၀၁-၂၃၀၂၂၈၇ ၀၁-၂၃၀၂၂၈၈ ၀၁-၂၃၀၂၂၈၉ ။



06/04/2018

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ် ပျက်စီး / ပျောက်ဆုံးလျှင် မိတ္တူ လျှောက်ထားခြင်း အတွက် လိုအပ်သော အချက်များ

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ်များ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး ပျောက်ဆုံး သွားလျှင် မိတ္တူ ထပ်မံ ထုတ်ပေးရန် ကုန်သွယ်ရေး ဦးစီး ဌာနတွင် လျှောက်ထားခွင့် ရှိပါသည်။ ဆောင်ရွက်မှု အခကြေးငွေ အဖြစ် ငွေ ၃၀၀၀ကျပ် ပေးဆောင်စေပြီး၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် မိတ္တူများ ထုတ်ပေးမည် ဖြစ်ပါသည်။ မိတ္တူမှန် လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရပါမည်။

(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ

(ခ) ကုမ္ပဏီ မှတ်ပုံတင် ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ ( မိတ္တူ / မူရင်း)

(ဂ) ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း )

(ဃ) ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ( မိတ္တူ )

(င) ဒါရိုက်တာ အဖွဲ့ဝင် အမည်စာရင်း(Form 26)( မိတ္တူ / မူရင်း )

(စ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း(Form 6) ( မိတ္တူ / မူရင်း )

(ဆ) ပျောက်ဆုံးကြောင်း သတင်းစာကြော်ငြာ (မူရင်း)

(ဇ) ရပ်ကွက် ၊ ရဲစခန်း တို့တွင် ပျောက်ဆုံးကြောင်း ထောက်ခံစာ (မူရင်း)

ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ

ကုန်သွယ်ရေး ဦးစီး ဌာန

ပို့ကုန် သွင်းကုန်ရုံး(ရန်ကုန်)

၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့်ရွှေဘုံသာလမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။

ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်) ။

ဝန်ဆောင်မှု ပေးသည့် ရုံးဖွင့်ချိန်

တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း၃၀)။

04/04/2018

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် ပြင်ဆင်ခြင်း အတွက် လိုအပ်သော အချက်များ

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် ပြင်ဆင်ခြင်းများ နှင့် ပတ်သက်၍ အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက် ပေးလျက် ရှိပါသည်။

(က) ဒါရိုက်တာ အဖွဲ့ဝင် အမည်စာရင်း ပြင်ဆင်ခြင်း

( ခ) ကုမ္ပဏီ ရုံးလိပ်စာ ပြင်ဆင်ခြင်း

( ဂ) ကုမ္ပဏီ အမည် ပြင်ဆင်ခြင်း

(ဃ) လုပ်ငန်း ရည်ရွယ်ချက် ပြင်ဆင်ခြင်း

ပြင်ဆင်ခြင်းများ အတွက် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန မှ ခွင့်ပြု ထုတ်ပေးသော CRD ပါရှိရပါမည် ။ ပြင်ဆင်ချက် တစ်မျိုးလျှင် ပြင်ဆင်ကြေး (၁၀၀၀ ကျပ်) နှင့် ရည်ရွယ်ချက် ပြောင်းခြင်း အတွက် ပြင်ဆင်သည့် အချက် တစ်ချက်လျှင် (၁၀၀၀ ကျပ်) ပေးသွင်းရပါသည် ။

ပြင်ဆင်ချက် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ

(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ (မိတ္တူ / မူရင်း)

(ဂ) ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း)

(ဃ) ပြောင်းလဲခြင်း ၊ ပြင်ဆင်ခြင်းများအတွက် ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသည့် အထောက် အထားလက်မှတ်(CRD)

(င) ဒါရိုက်တာ အဖွဲ့ဝင် အမည်စာရင်း (Form 26) ( မိတ္တူ / မူရင်း )

(စ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း ( Form 6 ( မိတ္တူ / မူရင်း)

ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ

ကုန်သွယ်ရေး ဦးစီး ဌာန

ပို့ကုန် သွင်းကုန်ရုံး(ရန်ကုန်)

၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့် ရွှေဘုံသာလမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။

ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်) ။

ဝန်ဆောင်မှု ပေးသည့် ရုံး ဖွင့်ချိန်

တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း ၃၀)။

02/04/2018

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် သက်တမ်းတိုးခြင်း အတွက် လိုအပ်သော အချက်များ

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် သက်တမ်း ကာလကို ကုမ္ပဏီ၏ မှတ်ပုံတင် လက်မှတ် ခွင့်ပြု ထုတ်ပေးသည့် သက်တမ်း အတိုင်း ခွင့်ပြု ထုတ်ပေးပါသည် ။ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် သက်တမ်းတိုးခြင်းကို သက်တမ်း ကုန်ဆုံးသည့် နေ့ မတိုင်မီ (၃)လ ကြိုတင်၍ လျှောက်ထားနိုင် ပါသည်။ ကုမ္ပဏီများ အတွက် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနနှင့် သမဝါယမ အသင်းများ အတွက် သမဝါယမ ဦးစီး ဌာန တွင် သက်တမ်း တိုးခွင့် ဦးစွာ ဆောင်ရွက် ရပါမည်။ မှတ်ပုံ တင်သက်တမ်း ကုန်ဆုံးသည့်နေ့ နှင့် ယင်းနေ့ မတိုင်မီ ကြိုတင် လျှောက်ထားခြင်းကို သတ်မှတ်သည့် သက်တမ်း တိုးမြှင့်ကြေးများ သာ ပေးဆောင်စေပြီး ထပ်မံ သက်တမ်း တိုးမြှင့်ခွင့်ပြုပါသည်။

သက်တမ်းတိုး တင်ပြရာတွင် အောက် ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရပါမည်။

(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ

(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ ( မိတ္တူ / မူရင်း)

(ဂ) ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း)

(ဃ) ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်( မိတ္တူ / မူရင်း )

(င) ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ / ရှယ်ယာ စာရင်း ( မိတ္တူ / မူရင်း )

သမဝါယမ အသင်းများ သည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် သက်တမ်းတိုး လျှောက်ထား လိုပါက အောက်ဖော်ပြပါ တင်ပြ ရမည့် စာရွက်စာတမ်းများကို တင်ပြ ရပါမည်။

(က) အသင်းမှ လျှောက်ထားသော Letter Head လျှောက်လွှာ

( ခ) သမဝါယမ ဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ ထောက်ခံစာ

(ဂ) သမဝါယမ အသင်း မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း)

(ဃ) ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် မူရင်း / မိတ္တူ

ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ

ကုန်သွယ်ရေး ဦးစီး ဌာန

ပို့ကုန် သွင်းကုန် ရုံး(ရန်ကုန်)

၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့် ရွှေဘုံသာ လမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။

ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်) ။

ဝန်ဆောင်မှု ပေးသည့် ရုံးဖွင့်ချိန်
တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း၃၀)။

29/03/2018

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် ထုတ်ပေးခြင်း

၁။ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ်များကို နေပြည်တော် ရုံးချုပ်ရှိ ကုန်သွယ်ရေး ဦးစီး ဌာန မှ ခွင့်ပြု ထုတ်ပေးလျက် ရှိရာမှ လုပ်ငန်းရှင်များ ပိုမို လွယ်ကူစွာ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် ပို့ကုန် ၊ သွင်းကုန် ရုံး(ရန်ကုန်) တွင် ၁၇-၁၁-၂၀၀၄ ရက်နေ့မှ စ၍ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် အသစ် ထုတ်ပေးခြင်း ၊ သက်တမ်းတိုး ဆောင်ရွက်ခြင်း ၊ အခြား ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းနှင့် မိတ္တူမှန် ထုတ်ပေးခြင်း ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် စိစစ်ရေးကတ်များ စိစစ် ခွင့်ပြု ပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိပါသည်။

၂။ နိုင်ငံသား ကုမ္ပဏီများသည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်များကို အောက်ဖော်ပြပါ စာရွက် စာတမ်းများဖြင့် တင်ပြ လျှောက်ထားနိုင်ပါသည်။

(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ / Online ပုံစံဖြင့် လျှောက်လွှာ

(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ( မိတ္တူ / မူရင်း) ၊ ကုမ္ပဏီ မှတ်ပုံတင်ကြေး ပေးသွင်းသည့် Certificate of Registration of Documents (CRD) (မိတ္တူ / မူရင်း) နှင့် ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်(မိတ္တူ / မူရင်း)

(ဂ) ဒါရိုက်တာ အဖွဲ့ဝင် အမည် စာရင်း(Form 26) (မိတ္တူ / မူရင်း)

(ဃ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း(Form 6) (မိတ္တူ / မူရင်း)

(င) ဒါရိုက်တာ / အမှုဆောင် အဖွဲ့ဝင်များ၏ ဓါတ်ပုံဇယား

(စ) သင်းဖွဲ့ မှတ်တမ်း စာအုပ် (မူရင်း)



(ဆ) MIC ခွင့်ပြုမိန့်( MIC ခွင့်ပြုချက်ဖြင့် လျှောက်ထားသော ကုမ္ပဏီများသာ)

(ဇ) လျှောက်ထားသူ MD / Director ၏ Pass Port မိတ္တူ (MIC ခွင့်ပြုချက်ဖြင့် လျှောက်ထားသော နိုင်ငံခြား ကုမ္ပဏီများသာ)

(ဈ) လုပ်ငန်း ခွင့်ပြုမိန့် (Form of Permit) ( MIC ခွင့်ပြုချက် ဖြင့် လျှောက်ထားသော နိုင်ငံခြား ကုမ္ပဏီ များသာ)

၃။ MIC ခွင့်ပြုမိန့် ရယူရန် မလိုသော နိုင်ငံခြား ဝန်ဆောင်မှု ကုမ္ပဏီများနှင့် နိုင်ငံခြား ကုန်သွယ်မှု ကုမ္ပဏီများ သည် အောက် ဖော်ပြပါ စာရွက်စာတမ်းများ ဖြင့် တင်ပြ လျှောက်ထား နိုင်ပါ သည်။

(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ / Online ပုံစံဖြင့် လျှောက်လွှာ

(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ ( မိတ္တူ / မူရင်း ) / ကုမ္ပဏီ မှတ်ပုံတင်ကြေး ပေးသွင်းသည့် Certificate of Registration of Documents (CRD) ( မိတ္တူ / မူရင်း) နှင့် ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်( မိတ္တူ /မူရင်း )

(ဂ) ဒါရိုက်တာ အဖွဲ့ဝင် အမည် စာရင်း( Form 26 ) ( မိတ္တူ / မူရင်း )

(ဃ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း( Form 6 ) ( မိတ္တူ / မူရင်း )

(င) ဒါရိုက်တာ / အမှုဆောင် အဖွဲ့ဝင်များ၏ ဓါတ်ပုံဇယား

(စ) သင်းဖွဲ့ မှတ်တမ်း စာအုပ် ( မူရင်း)

(ဆ) လျှောက်ထားသူ MD/Director ၏ Pass Port မိတ္တူ

(ဇ) လုပ်ငန်း ခွင့်ပြုမိန့် ( Form of Permit ) ( မူရင်း / မိတ္တူ )

၎။ သမဝါယမ အသင်းများ အနေဖြင့် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် အသစ် လျှောက်ထားရာတွင် အောက် ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရပါမည်။

(က) အသင်းမှ လျှောက်ထားသော Letter Head လျှောက်လွှာ / Online ပုံစံဖြင့် လျှောက်လွှာ

(ခ) သမဝါယမ ဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ထောက်ခံစာ

(ဂ) သမဝါယမ အသင်း မှတ်ပုံတင် လက်မှတ် (မိတ္တူ / မူရင်း)

(ဃ) သမဝါယမ အသင်း၏ အမှုဆောင် စာရင်း

(င) သမဝါယမ အသင်း အမှုဆောင်များ၏ ဓါတ်ပုံဇယား

(စ) သမဝါယမ အသင်း စည်းကမ်း စာအုပ်

၅။ မှတ်ပုံတင် သက်တမ်း ကာလမှာ ရင်းနှီး မြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန မှ ကုမ္ပဏီ အား မှတ်ပုံတင် ခွင့်ပြုသည့် ကာလ အတိုင်း ဖြစ်ပြီး မှတ်ပုံတင်ကြေးများမှာ အောက်ပါ အတိုင်း ပေးသွင်း ရပါမည်။

(က) (၁) နှစ် ၅၀၀၀၀ ကျပ်

(ခ) (၂) နှစ် ၁၀၀၀၀၀ ကျပ်

(ဂ) (၃) နှစ် ၁၅၀၀၀၀ ကျပ်

(ဃ) (၃) နှစ် အထက် ၂၀၀၀၀၀ ကျပ်

မှတ်ပုံတင် သက်တမ်း ကာလကို ကုမ္ပဏီ၏ မှတ်ပုံတင် လက်မှတ် ခွင့်ပြု ထုတ်ပေးသည့် သက်တမ်း အတိုင်း ခွင့်ပြု ထုတ်ပေးပါသည် ။

ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ

ကုန်သွယ်ရေး ဦးစီး ဌာန

ပို့ကုန် သွင်းကုန်ရုံး(ရန်ကုန်)

၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့်ရွှေဘုံသာလမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။

ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်)

ဝန်ဆောင်မှု ပေးသည့် ရုံးဖွင့်ချိန်
တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း၃၀)။

Address

EYangon Project Office Room 219, Yangon Regional Government Office Hluttaw Building
Yangon

Alerts

Be the first to know and let us send you an email when eYangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to eYangon:

Share