SSID - Yangon

SSID - Yangon အသေးစားစက်မှုလက်မှုဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး

ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ကျင်းပခြင်းနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းအောက်တိုဘာ ၂ ဝန်ထမ...
03/10/2026

ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ကျင်းပခြင်းနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း
အောက်တိုဘာ ၂
ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပခြင်းနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်း အဝေးခန်းမတွင် (၂.၁၀.၂၀၂၆)ရက်နေ့ (၁၄း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဦးစီးမှူးက “ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ် စစ်ဆေးခံနိုင်ရေး ကြိုတင်ဆောင်ရွက်ထားကြရန်၊ လွှဲပြောင်းလက်ခံမှတ်တမ်းစာအုပ်များ ပြင်ဆင် ထားကြရန်၊ ဝန်ထမ်းများအနေဖြင့် ရုံးတက်ချိန်နံနက်(၉း၃၀) အချိန်မှီအောင် ရုံးတက်ကြရန်၊ စူပါအယ်နီညို ကဲ့သို့သောရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်မည်ဖြစ်သဖြင့် ကျန်းမာရေးဂရုစိုက်နေထိုင်ကြရန်၊ ရေချွေတာ သုံးစွဲကြရန်တို့ကို မှာကြားခဲ့ပါသည်။ ထို့နောက်ဒုတိယညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လက်ထောက် ညွှန်ကြားရေးမှူးက ရုံးချုပ်(နေပြည်တော်)မှ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများမှ တင်ပြလာမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကာ ဝန်ထမ်းများ သက်သာချောင်ချိစေရေးအတွက် ရွှေဘို ပေါ်ဆန်းမွှေးဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကာ အခမ်းအနားကို (၁၅း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery)ဆင်းပွဲ ကျင်းပခြင်းစက်တင်ဘာ ၂၈ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လ...
28/09/2026

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery)ဆင်းပွဲ ကျင်းပခြင်း
စက်တင်ဘာ ၂၈
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery)ဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမတွင် (၂၈.၉.၂၀၂၆) ရက်နေ့ (၁၃း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများတို့တက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းဦးစီးမှူးက ယခုသင်တန်းမှသင်ကြားပေးလိုက်သော ပညာရပ်အခြေခံများမှတဆင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာသင်ယူကာ မိမိထုတ်ကုန်များကို ထုတ်လုပ်ပြီး ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ လုပ်ငန်းထူထောင်ပါက ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာရောင်းချနိုင်ရန် ဌာနတွင်မှတ်ပုံတင်ပြီး ဓါတ်ခွဲစမ်းသပ်ရန်၊ လိုအပ်သည့် အချက်အလက်များကိုလည်း မိမိတို့ကိုယ်တိုင်ဌာနတွင် လာရောက်စုံစမ်းကာ တိုင်ပင်ဆွေးနွေးနိုင်ကြောင်း မှာကြားခဲ့ပြီး သင်တန်းသူတစ်ဦးအား သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသူတစ်ဦးကို သင်တန်းထုတ်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(Bakery)ဖွင့်ပွဲကျင်းပခြင်းစက်တင်ဘာ ၂၁ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လု...
21/09/2026

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(Bakery)ဖွင့်ပွဲကျင်းပခြင်း
စက်တင်ဘာ ၂၁
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (Bakery) ဖွင့်ပွဲအခမ်းအနားကို (၂၁.၉.၂၀၂၆)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသင်တန်းခန်းမ၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဦးစီးမှူးက “ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပို့ချနေမှုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင် ဆောင်ရွက် ပေးနေမှုများ၊ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ စျေးကွက်အတွင်းသို့ ဘေးအန္တရာယ် ကင်းရှင်းစွာရောင်းချနိုင်ရန် ဓါတ်ခွဲစမ်းသပ်ပေးနေမှုများ၊ ဝင်‌ငွေတိုးစီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သော ပညာရပ်များကို ဆက်လက်လေ့လာသင်ယူပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်အောင် ကြိုးစားဆောင်ရွက် ကြရန်နှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ပြီးပါက ဈေးကွက်ရရှိစေရန် ဌာနနှင့်ချိတ်ဆက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းရုံးတွင် ကျင်းပသော ဈေးရောင်းပွဲတော်များ၊ ပြပွဲများတွင် ဝင်ရောက်ပြသရောင်းချနိုင်ကြောင်း ” မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသားသင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (Bakery)တွင် Milk Bread၊ Donut၊ Banana Cake၊ Butter Cake၊ Chiffon Cake၊ Cookies အမျိုးမျိုး၊ လျှာပေါ်ဝဲ၊ နံကထိုင်မုန့် ပြုလုပ်နည်းများနှင့် တာရှည်ခံ ထုတ်လုပ်နည်းများကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်နှုန်းဖြင့် (၂၁.၉.၂၀၂၆) ရက်နေ့မှ (၂၇.၉.၂၀၂၆)ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အသေးစား စက်မှုလက်မှုဥပဒေ၊ နည်းဥပဒေနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းသွားမည် ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အငြိမ်းစားယူမည့် ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးနှင့် မြန်မာ့လက်...
19/09/2026

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အငြိမ်းစားယူမည့်
ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးနှင့် မြန်မာ့လက်မှု အနုပညာစင်တာ ရန်ကုန် မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းဦးတို့၏ နှုတ်ဆက်ညစာစားပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ

15/09/2026
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery)ဆင်းပွဲ ကျင်းပခြင်းစက်တင်ဘာ ၁၅ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လ...
15/09/2026

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery)ဆင်းပွဲ ကျင်းပခြင်း
စက်တင်ဘာ ၁၅
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery)ဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမတွင် (၁၅.၉.၂၀၂၆) ရက်နေ့ (၁၃း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းဦးစီးမှူးက ယခုသင်တန်းမှသင်ကြားပေးလိုက်သော ပညာရပ်အခြေခံများမှတဆင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာသင်ယူကာ မိမိထုတ်ကုန်များကို ထုတ်လုပ်ပြီး ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ လုပ်ငန်းထူထောင်ပါက ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာရောင်းချနိုင်ရန် ဌာနတွင်မှတ်ပုံတင်ပြီး ဓါတ်ခွဲစမ်းသပ်ရန်၊ လိုအပ်သည့် အချက်အလက်များကိုလည်း မိမိတို့ကိုယ်တိုင်ဌာနတွင် လာရောက်စုံစမ်းပြီး တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ စျေးကွက်တွင် မိမိတို့ထုတ်ကုန်များကို တင်ပို့ရောင်းချရာတွင်လည်း Packaging များကို သေချာစွာ ထုပ်ပိုးပြီး qualityကိုထိန်းထားနိုင်အောင် ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသူတစ်ဦးကို သင်တန်းသားများကိုယ်စား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ သင်တန်းဆင်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

14/09/2026

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား MRTV တွင်သတင်းပါရှိမှုမှတ်တမ်း

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်...
14/09/2026

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း
စက်တင်ဘာ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ (၁၄.၉.၂၆)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦး‌အောင်နိုင်သူ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများတို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအောင်နိုင်သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လုပ်ငန်းထူထောင်မည့်သူများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျန်လုပ်ငန်းရှင်များကို လုပ်ငန်းသုံး ပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့ပါသည်။ ထို့နောက်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြားခြင်းစက်တင်ဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး အ...
10/09/2026

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြားခြင်း
စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ NEW Myanmar Society of Manufacturing Enterprises (NEW MSME) အသင်းအဖွဲ့မှ အသေးစားစက်မှုလက်မှုလုပ်ငန်းထူထောင်လုပ်ကိုင်နေသူများကို ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၄း၀၀)နာရီ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပို့ချနေမှုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည့်လုပ်ငန်းစဉ်များ၊ စားသောက်ကုန်လူသုံးကုန်ပစ္စည်းများ ဓါတ်ခွဲစမ်းသပ်ပေးနေမှုများ၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ သင်တန်းကျောင်းများမှ သင်တန်းပို့ချပေးနေမှုများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်လုပ်ငန်းရှင်များက မေးမြန်းသည်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို (၁၆း၀၀)တွင် ရုပ်သိမ်းခဲ့ပါသည်။

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(Bakery)ဖွင့်ပွဲကျင်းပခြင်းစက်တင်ဘာ ၉ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ...
10/09/2026

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(Bakery)ဖွင့်ပွဲကျင်းပခြင်း
စက်တင်ဘာ ၉
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (Bakery) ဖွင့်ပွဲအခမ်းအနားကို (၉.၉.၂၀၂၆)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသင်တန်းခန်းမ၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဦးစီးမှူးက “ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပို့ချနေမှုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင် ဆောင်ရွက် ပေးနေမှုများ၊ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ စျေးကွက်အတွင်းသို့ ဘေးအန္တရာယ် ကင်းရှင်းစွာရောင်းချနိုင်ရန် ဓါတ်ခွဲစမ်းသပ်ပေးနေမှုများနှင့် ဝင်‌ငွေတိုးစီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သော ပညာရပ်များကို ဆက်လက်လေ့လာသင်ယူပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်အောင် ကြိုးစားဆောင်ရွက် ကြရန် ” မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသားသင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (Bakery)တွင် Milk Bread၊ Donut၊ Banana Cake၊ Butter Cake၊ Chiffon Cake၊ Cookies အမျိုးမျိုး၊ လျှာပေါ်ဝဲ၊ နံကထိုင်မုန့် ပြုလုပ်နည်းများနှင့် တာရှည်ခံ ထုတ်လုပ်နည်းများကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်နှုန်းဖြင့် (၉.၉.၂၀၂၆) ရက်နေ့မှ (၁၅.၉.၂၀၂၆)ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အသေးစား စက်မှုလက်မှုဥပဒေ၊ နည်းဥပဒေနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းသွားမည် ဖြစ်ပါသည်။

Address

မြောက်ဥက္ကလာ၊ မယ်လမုဘုရားအနီး
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SSID - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share