Dreaming Child

Dreaming Child Dreaming Child is here to hold space with presence, courage, and love — honoring the dreams that guide us toward new possibilities.

🎉 “အကွဲအပြဲတွေကြားက ခေါင်းဆောင်မှု - သင်တန်းသားများ၏ အမြင်နှင့် ပြောင်းလဲမှုများ" "ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့ အမြင်ကို ကျ...
03/04/2026

🎉 “အကွဲအပြဲတွေကြားက ခေါင်းဆောင်မှု - သင်တန်းသားများ၏ အမြင်နှင့် ပြောင်းလဲမှုများ"

"ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့ အမြင်ကို ကျော်လွှားပြီး Generative Dialogue ရဲ့ အတတ်ပညာတွေကို လက်တွေ့ကျင့်သုံးခဲ့ကြတဲ့ ၄ ရက်တာ Masterclass ကနေတစ်ဆင့် မိမိကိုယ်တိုင်နဲ့ မိမိအဖွဲ့အစည်းအတွက် ဘယ်လိုအသိအမြင်သစ်တွေ ရရှိသွားသလဲဆိုတာကို ပါဝင်သူတွေက အခုလိုပဲ မျှဝေပေးထားပါတယ်။ (ပုံတစ်ပုံချင်းစီတွင် ဖတ်ရှုနိုင်ပါသည်)

နောက်ထပ်ပြုလုပ်မယ့် Dreaming Child ရဲ့ သင်တန်းတွေ၊ အစီအစဉ်တွေကို စိတ်ဝင်စားရင် Page ကို Follow လုပ်ထားဖို့ ဖိတ်ခေါ်အပ်ပါတယ်။

👏🏻Leading Through the Divide: A Masterclass in Generative Dialogue သင်တန်း အဆင်ပြေပြေနဲ့ပြီးမြောက်ခဲ့ပါပြီ။ ပါဝင်တက်ရောက...
29/03/2026

👏🏻Leading Through the Divide: A Masterclass in Generative Dialogue သင်တန်း အဆင်ပြေပြေနဲ့ပြီးမြောက်ခဲ့ပါပြီ။ ပါဝင်တက်ရောက်ခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ပြုပါတယ်။

သင်တန်းတစ်ခုလုံးမှာ သင်တန်းသားတွေ အကြိုက်ဆုံးနဲ့ သင်ယူမှုအဖြစ်ဆုံးအပိုင်းကတော့ Role Dynamic in Dialogue လို့ သင်တန်းပြီးမြောက်မှုဆန်းစစ်ခြင်းမှာတွေ့ရပါတယ်။

ကျွန်တော်တို့ စကားဝိုင်းတစ်ခုမှာ ပါဝင်ဆွေးနွေးတဲ့အခါ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အောက်ပါ အခန်းကဏ္ဍ (၄) ခုထဲက တစ်ခုခုမှာ ရှိနေတတ်ကြပါတယ်-

🚀 The Mover: "ဒီလိုလုပ်ကြည့်ရင်ကော?" ဆိုပြီး လမ်းစဖော်ပေးတတ်သူ။
🛡️ The Opposer: "ဒါကတော့ ဒီလိုအခက်အခဲရှိနိုင်တယ်" ဆိုပြီး စိန်ခေါ်ထောက်ပြတတ်သူ။ (သူဟာ ရန်သူမဟုတ်ပါဘူး၊ စကားဝိုင်းကို ပိုမိုခိုင်မာအောင် လုပ်ပေးသူပါ)
🤝 The Follower: "ဟုတ်တယ်၊ အဲ့ဒါကောင်းတယ်" ဆိုပြီး အားဖြည့်ထောက်ခံပေးသူ။
👁️ The Bystander: "အခု ငါတို့ ဆွေးနွေးနေတာက ဒီလမ်းကြောင်းကို ရောက်နေပြီ" ဆိုပြီး အခြေအနေကို အဝေးကနေ ကြည့်ပြီး သုံးသပ်ပေးသူ။

👉ဘာကြောင့် ဒါကို သိဖို့ လိုအပ်တာလဲ?

ခေါင်းဆောင်မှုမှာ အရေးကြီးတာက ဒီ Role တွေအားလုံး မျှတနေဖို့ ဖြစ်ပါတယ်။ အားလုံးက Follower ချည်းပဲဖြစ်နေရင် အဖြေအသစ်မထွက်နိုင်သလို၊ အားလုံးက Opposer ချည်းပဲ ဖြစ်နေရင်လည်း ရှေ့မဆက်နိုင်ပါဘူး။

ဒီ Role တွေကို နားလည်သွားတဲ့အခါ အမြင်မတူသူ (Opposer) ကို ရန်သူလို့ မမြင်တော့ဘဲ စကားဝိုင်းအတွက် "မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်း" တစ်ခုအဖြစ် ပြောင်းလဲရှုမြင်နိုင်လာမှာ ဖြစ်ပါတယ်။

သင်ရော... ပုံမှန်အားဖြင့် စကားဝိုင်းတွေမှာ ဘယ် Role ထဲမှာ အနေများတတ်သလဲ? (Comment မှာ မျှဝေပေးခဲ့ပါဦး) 👇

ပြဿနာတွေရဲ့ ပြဿနာစနစ်တွေ အားလုံး ယိုင်နဲ့နေတဲ့ ခေတ်ပျက်ကြီးထဲမှာ ကျွန်ုပ်တို့ ရောက်နေကြတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊အဖွဲ့...
10/03/2026

ပြဿနာတွေရဲ့ ပြဿနာ

စနစ်တွေ အားလုံး ယိုင်နဲ့နေတဲ့ ခေတ်ပျက်ကြီးထဲမှာ ကျွန်ုပ်တို့ ရောက်နေကြတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊အဖွဲ့အစည်း၊ လူမှုအသိုင်းအဝိုင်းကနေ မိသားစုအထိ စနစ်တိုင်းဟာ တုန်လှုပ်နေပါတယ်။

ဒါပေမဲ့ အဲဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ ငွေကြေးမဟုတ်သလို၊ ဝါဒရေးရာတွေလည်း မဟုတ်ဘူး။

တကယ့်ပြဿနာက ကျွန်တော်တို့ကြားက "ပတ်သက်ဆက်နွယ်မှု" တွေ ပျက်စီးနေတာပါ။ကျွန်တော်တို့မှာ "အတူတကွ တွေးခေါ်ဖို့" အင်အားမရှိတော့ဘူးလား…

နည်းပညာတွေကြောင့် ကမ္ဘာကြီးက ပိုနီးကပ်လာပေမဲ့ စိတ်ချင်းကတော့ ပိုဝေးကွာ။
အမြဲစကားတွေ ပြောနေကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် နားမလည်ကြ။
ထင်မြင်ချက်တွေ အများကြီးကြားမှာ အသိဉာဏ်အလင်းကိုတော့ ရှာတွေ့ဖို့ခက်ခဲလာ

ဒါဟာ လူတွေညံ့ဖျင်းလို့တော့ မဟုတ်ပါ
တစ်ဦးနဲ့တစ်ဦး "အနှစ်သာရရှိရှိ ဆွေးနွေးနားထောင်မှု" (Dialogue) အားနည်းသွားလို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ …

အဖွဲ့အစည်း
လူမှုအသိုင်းအဝိုင်း
မိသားစုနဲ့
မတူကွဲပြားတဲ့ အစုအဖွဲ့တွေကြားထဲမှာ ဆက်ဆံရေးပြန်တည်ဆောက်ပြီး အဓိပ္ပါယ်သစ်တွေ ရှာဖွေချင်ရင်

Leading Through the Divide: A Masterclass in Generative Dialogue သင်တန်းကို အခုပဲ Register လုပ်ဖို့ DM ပို့ပြီး စုံစမ်းပါ။

Read more

https://www.facebook.com/share/p/1FMVNCRbrh/?mibextid=wwXIfr





Together in Solidarity. 🤝Dreaming Child ရဲ့ 'Courage in Action' စကားဝိုင်းလေး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ပါဝင်မျှဝေ...
09/03/2026

Together in Solidarity. 🤝

Dreaming Child ရဲ့ 'Courage in Action' စကားဝိုင်းလေး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ပါဝင်မျှဝေပေးတဲ့ အမ ၃ ယောက်၊ အတူတူ ရှိနေပေးခဲ့ကြတဲ့ အမ/ညီမ၊ အကို/မောင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုယ့်အိပ်မက်အတိုင်းရှေ့ဆက်နိုင်ကြပါစေ ✊

📢REMINDERမနက်ဖြန် ၈ ရက်နေ့ည ၆ ခွဲ မှာ Courage In Action: Women Who Follow Their Dreams အွန်လိုင်းစကားဝိုင်းလေးရှိတာကို r...
07/03/2026

📢REMINDER

မနက်ဖြန် ၈ ရက်နေ့ည ၆ ခွဲ မှာ Courage In Action: Women Who Follow Their Dreams အွန်လိုင်းစကားဝိုင်းလေးရှိတာကို remind လုပ်ပါတယ်

📌 Event Detail

နေ့ရက် - ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် (တနင်္ဂနွေနေ့)
အချိန် - ညနေ ၆:၃၀ နာရီ

📌 Zoom Link

https://us06web.zoom.us/j/85877480351?pwd=B07xJl4RJpsFH9pQ52UMOXPHK5aujR.1

Meeting ID: 858 7748 0351
Passcode: Courage

အားလုံးပဲ See you tomorrow ပါနော်

Courage in Action: Women Who Follow Their Dreams” လာမယ့် မတ်လ ၈ ရက် (အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့) မှာ Dreaming Ch...
03/03/2026

Courage in Action: Women Who Follow Their Dreams”

လာမယ့် မတ်လ ၈ ရက် (အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့) မှာ Dreaming Child ကနေ စီစဉ်တင်ဆက်မယ့် အထူးအွန်လိုင်းစကားဝိုင်းလေးမှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“ရဲရင့်တယ်ဆိုတာ ကိုယ့်စိတ်ကူးအိပ်မက်ကို ကိုယ်ယုံကြည်တာဖြစ်သလို ကိုယ့်ဘဝမှာ ဖြစ်စရာရှိတာတွေ ဖြစ်လာဖို့အတွက် ကျရှုံးမှု အဆင်မပြေမှုတွေနဲ့လည်း အလုပ်လုပ်နိုင်ခြင်းပါ။” ဆိုတာကို ထင်ဟပ်ပြမယ့် အမျိုးသမီး ၃ ဦးရဲ့ ကိုယ်တွေ့ကိုယ်ကြုံများကို အတူတူနားထောင်ကြဖို့ဖြစ်ပါမယ်။

🌼 Real Stories & Witnessing: ကိုယ်ပိုင်လမ်းကို ဖောက်ထွက်ရွေးချယ်ခဲ့ရတဲ့ တကယ့်ဘဝခရီးလမ်းတွေကို အတူတူ နားထောင်ရင်း၊ တစ်ဦးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြစ်တည်မှုကို တစ်ဦးက အသိအမှတ်ပြုကြမယ်။

✊ Solidarity by Being Presence: "ငါတို့ အတူရှိနေတယ်" ဆိုတဲ့ ခံစားချက်နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် အဝေးကနေဖြစ်စေ၊ အနီးကနေဖြစ်စေ ဝန်းရံပေးကြမယ်။

👂🏻Deep Listening: အချင်းချင်းရဲ့ အသံတွေကို စာနာနားလည်စွာ နားထောင်ပေးရင်း၊ အတူရှိနေပေးခြင်းဖြင့် ခွန်အားယူကြမယ်။

📅 ပွဲကျင်းပမည့်အစီအစဉ် 📌
နေ့ရက် - ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် (တနင်္ဂနွေနေ့)
အချိန် - ညနေ ၆:၃၀ နာရီ
နေရာ - Zoom (Online)

စိတ်ဝင်စားသူမည်သူမဆို အခမဲ့ ပါဝင်နားထောင်နိုင်ဖို့အတွက် စီစဉ်ပေးထားတာဖြစ်လို့ ပါဝင်မယ်ဆိုရင် “ Courage In Action “ လို့ Comment နဲ့ Page messenger မှာ ရေးခဲ့ရုံနဲ့ Join ရမယ့် Zoom link လေးတွေကို ပေးပို့သွားမှာပါ။

Courage in Action: Women Who Follow Their Dreams (ကိုယ်ပိုင်လမ်းကို ရဲရဲရွေးချယ်ပြီး အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်...
01/03/2026

Courage in Action: Women Who Follow Their Dreams

(ကိုယ်ပိုင်လမ်းကို ရဲရဲရွေးချယ်ပြီး အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်သူ အမျိုးသမီးများ)

မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြုဖို့အတွက် Dreaming Child က အထူးအစီအစဉ်လေးတစ်ခု ပြင်ဆင်ထားပါတယ်။

ဒီနှစ်အတွက် ကျွန်မတို့ရဲ့ Theme လေးကတော့ “Courage in Action” ပါ။ ဘဝရဲ့ စိန်ခေါ်မှုတွေကြားမှာ ကိုယ်ယုံကြည်ရာ လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ရွေးချယ်ပြီး အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နေကြတဲ့ အမျိုးသမီး (၃) ဦး နဲ့အတူ အွန်လိုင်းစကားဝိုင်းလေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းဟာ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့ပွဲ မဟုတ်သလို ပြုပြင်မွမ်းမံထားတဲ့ အားပေးစကားတွေ ပြောမယ့် စင်မြင့်တစ်ခုလည်း မဟုတ်ပါဘူး။

DC ရဲ့ Courage in Actionစကားဝိုင်းမှာ …

🌼 Real Stories & Witnessing: ကိုယ်ပိုင်လမ်းကို ဖောက်ထွက်ရွေးချယ်ခဲ့ရတဲ့ တကယ့်ဘဝခရီးလမ်းတွေကို အတူတူ နားထောင်ရင်း၊ တစ်ဦးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြစ်တည်မှုကို တစ်ဦးက အသိအမှတ်ပြုကြမယ်။

✊Solidarity by Being Presence: "ငါတို့ အတူရှိနေပေးတယ်" ဆိုတဲ့ ခံစားချက်နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် အဝေးကနေဖြစ်စေ၊ အနီးကနေဖြစ်စေ ဝန်းရံပေးကြမယ်။

👂🏻Deep Listening: အချင်းချင်းရဲ့ အသံတွေကို စာနာနားလည်စွာ နားထောင်ပေးရင်း၊ အတူရှိနေပေးခြင်းဖြင့် ခွန်အားယူကြမယ်။

ဒီစကားဝိုင်း ဘာကြောင့် အရေးကြီးတာလဲ?

အမျိုးသမီးအတော်များများဟာ သူတို့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ အမြဲလို ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကြားမှာ ရှင်သန်နေကြရပါတယ်

• လုံခြုံမှု နဲ့ လွတ်လပ်မှု

• အသိုင်းအဝိုင်းထဲ ဝင်ဆံ့မှု နဲ့ မိမိရဲ့ တစ်သီးပုဂ္ဂလ ဖြစ်တည်မှု

• ရပ်တန့်မှုနဲ့ ဖောက်ထွက်မှု

• အခြားသူကို ဂရုစိုက်ခြင်း နဲ့ ကိုယ့်လမ်းကိုယ် ဖောက်ခြင်း

ဒီလို အားပြိုင်မှုတွေကို မမြင်နိုင်ကြတာ များသလို၊ တစ်ယောက်တည်း ကြိတ်ခံစားနေရတာလည်း များပါတယ်။

ဒီ Webinar မှာတော့ ဒီလိုအစွန်းတွေကြားမှာသတ္တိနဲ့ သူတို့ အိမ်မက်တွေ ပုံဖော်နေတဲ့ စိုက်ပျိုးရေး၊ အနုပညာနဲ့ ဗိသုကာပညာရပ် နယ်ပယ်အသီးသီးက အမျိုးသမီးသုံးဦးကို ဖိတ်ခေါ်ထားပါတယ်။ သူတို့ကို "အောင်မြင်ကျော်ကြားသူတွေ" အနေနဲ့ မဟုတ်ဘဲ "ရှင်သန်နေဆဲ ဖြစ်စဉ်များ" (Living Processes) အဖြစ်နဲ့ စကားပြောသွားမှာပါ။

အမျိုးသမီးထုရဲ့ စွမ်းဆောင်ရည်နဲ့ ရဲရင့်မှုကို ဂုဏ်ပြုမယ့် ဒီစကားဝိုင်းလေးမှာ ဘယ်သူတွေ Speaker အဖြစ် ပါဝင်မလဲဆိုတာ သိရှိနိုင်ဖို့ Dreaming Child ရဲ့ နောက်ထပ် Post လေးတွေကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

"ငါနဲ့မတူငါ့ရန်သူ" သဘောထားတွေကို ကျော်လွှားဖို့အတူတကွ 'တွေးခေါ်နိုင်ဖို့' Leading Through the Divide: A Masterclass in G...
25/02/2026

"ငါနဲ့မတူငါ့ရန်သူ"
သဘောထားတွေကို ကျော်လွှားဖို့
အတူတကွ 'တွေးခေါ်နိုင်ဖို့'

Leading Through the Divide: A Masterclass in Generative Dialogue

အကွဲအပြဲတွေကြားကခေါင်းဆောင်မှု-အသစ်ဖြစ်ပေါ်စေသော ဒိုင်ယာလော့သင်တန်း

ကျွန်တော်တို့ စကားပြောဆိုတဲ့ ပုံစံဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံဖော်ပါတယ်။ ခေါင်းဆောင်မှုမှာ အလိုအပ်ဆုံးအရည်အသွေးက “အမိန့်ပေးနိုင်စွမ်း" မဟုတ်ဘူး “နက်နက်ရှိုင်းရှိုင်း အတူတကွဆွေးနွေးနိုင်စွမ်း" ဖြစ်တယ်။

အခုလို စိန်ခေါ်မှုတွေများတဲ့ ကာလမှာ အတူတူစကားပြောဆိုဆွေးနွေးဖို့ခက်ခဲလာနေတယ်။ အမြင်မတူရုံနဲ့ အချင်းချင်း နားမထောင်နိုင်တော့ဘဲ တစ်ယောက်နဲ့ တစ်ယောက် ပိုဝေးကွာလာကြတယ်။

"တကယ်လို့ အဖွဲ့အစည်းတခုမှာ လူတွေဟာ အတူတူ တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားရင်၊ သူတို့ အတူတူ လုပ်ကိုင်နိုင်စွမ်းလည်း ပျောက်ဆုံးသွားပါလိမ့်မယ်။"

ဒီ သင်တန်း ကနေတစ်ဆင့်...
လူမှုဆက်ဆံရေးနဲ့ အဖွဲ့အစည်းတွေထဲက ကွဲပြားမှုတွေကို ကျော်လွှားပြီး၊ "အတူတကွ တွေးခေါ်နိုင်တဲ့" (Thinking Together) အလေ့အကျင့်တွေကို ခေါင်းဆောင်မှုနယ်ပယ် အသီးသီးမှာ ပြန်လည် တည်ဆောက်သွားကြဖို့မြော်ရည်ပါတယ်။

For Whom - ဘယ်သူတွေ တက်ရောက်သင့်သလဲ?

• Managers & Team Leaders: လုပ်ငန်းခွင်အတွင်း မတူကွဲပြားတဲ့ အမြင်ရှိသူတွေကို စုစည်းပြီး ဘုံရည်မှန်းချက်ဆီ ဦးဆောင်လိုသူများ။

• Civil Society & Community Leaders: လူမှုအဖွဲ့အစည်းအတွင်း ပဋိပက္ခဖြေရှင်းရေးနဲ့ လူမှုသဟဇာတဖြစ်ရေးအတွက် အလုပ်လုပ်နေသူများ။

• Social Entrepreneurs: မိမိတို့ရဲ့ လုပ်ငန်းပုံစံမှာ ပူးပေါင်းပါဝင်မှု (Participatory Approach) ကို အခြေခံပြီး ရေရှည်တည်တံ့တဲ့ အပြောင်းအလဲ ဖော်ဆောင်လိုသူများ။

• Educators & Facilitators: သင်ကြားပြသခြင်းနဲ့ ဆွေးနွေးပွဲများကို ဦးဆောင်ရာမှာ Dialogue နည်းလမ်းကောင်းတွေကို အသုံးပြုလိုသူများ။

• Visionary Leaders: အနာဂတ်အတွက် "ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့ အမြင်ကို ကျော်လွှားပြီး အတူတကွဆွေးနွေးတိုင်ပင်ခြင်းနဲ့ ရှေ့ဆက်လိုတဲ့ ခေါင်းဆောင်များ။

အထူးသဖြင့်ဆွေးနွေးမှုတွေအားဖြင့် ယုံကြည်မှု ပြန်တည်ဆာက်ဖို့ ၊ တီထွင်ဖန်တီးမှု ရှိတဲ့ အဖြေတွေကိုစူးစမ်းရှာဖွေဖို့ နဲ့ အချင်းချင်းကြားဆက်ဆံရေးကို သေရေးရှင်ရေးတမျှလိုအပ်ချက်ရှိနေတဲ့
အဖွဲ့အစည်း၊ ဌာန နဲ့ မိမိခေါင်းဆောင်မှုအရည်အသွေးကို မြှင့်တင်လိုသူတွေ တက်ရောက်သင့်တယ်။

What You Will Explore - ဘာတွေ လေ့လာရမလဲ?

Session 1: The Foundation of Generative Dialogue
(မဏ္ဍိုင် ၄ ရပ် - Dialogue ၏ အခြေခံအုတ်မြစ်များကို တည်ဆောက်ခြင်း)

Session 2: Decoding the Invisible Architecture
(မမြင်သာသော ဒိုင်ယာလော့ သဘောသဘာဝများအား ဖော်ထုတ်ခြင်း)

Session 3: 4 Phases of Dialogue :
From Politeness to Flow
( ပြောဆိုဆွေးနွေမှုတိုင်းမှာ ဖြစ်သန်းစီးဆင်းသွားတဲ့ ဒိုင်ယာလော့ အဆင့်များ)

Session 4: Harvesting the Future
(အနာဂတ်ကို ရိတ်သိမ်းခြင်း - Dialogue ကို မိမိ၏ Leadership Style တွင် ပေါင်းစပ်အသုံးချခြင်း)

Key Benefits - ဒီသင်တန်းမှ ရရှိမယ့် အကျိုးကျေးဇူးများ

✅ Transformative Communication: စကားပြောဆိုမှုပုံစံများကို နားလည်ပြီး အပြန်အလှန် လေးစားမှုရှိသော Dialogue ဝန်းကျင် (The Container) ကို တည်ဆောက်နိုင်ခြင်း။

✅ Conflict Mastery: ဆွေးနွေးပွဲများ၏ နောက်ကွယ်ရှိ မမြင်ရသော dynamics များနဲ့ အလုပ်လုပ်တတ်လာပြီးပဋိပက္ခဖြစ်နေတဲ့ စကားဝိုင်းတွေကို ပိုမိုကိုင်တွယ်ဖြေရှင်းနိုင်ခြင်း။

✅ Inclusive Decision-Making: အားလုံးပူးပေါင်းပါဝင်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း။

✅ Trust Building: မတူကွဲပြားမှုများကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ခြင်း။

✅ Strategic Leadership Tools: မိမိ၏ လုပ်ငန်းခွင်နှင့် လူမှုနယ်ပယ်တွင် အားလုံးပါဝင်နိုင်သော ခေါင်းဆောင်မှု (Participatory Leadership) ကို လက်တွေ့ ကျင့်သုံးနိုင်ခြင်း။

📅 သင်တန်းရက်: ၁၇/၁၈/၂၄/၂၅ မတ်လ ၂၀၂၆
အချိန် : ည ၇:၃၀

🕒 ကြာချိန်: တစ်ကြိမ်လျှင် ၂ နာရီခွဲ ( စုစုပေါင်း ၄ ကြိမ်)

💻 Format: Zoom Online (တက်ကြွစွာ ပူးပေါင်းပါဝင်သင်ယူမှုကိုတော့ လိုအပ်ပါတယ်)

💰 သင်တန်းကြေး: [100,000 MMK ]

Page messenger မှတစ်ဆင့် အခုပဲ စာရင်းပေးသွင်းလိုက်ပါ!

လူဦးရေအကန့်အသတ်ရှိတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းအပ်ပါတယ်။





အတူတကွပြောဆိုဆွေးနွေးတဲ့ အလုပ်က လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ဒါက ပြောဆိုဆွေးနွေးခြင်းတွေအတွက် တကယ်အလုပ်ဖြစ်မယ့်”ဂွင်” ကိုစီမ...
21/02/2026

အတူတကွပြောဆိုဆွေးနွေးတဲ့ အလုပ်က လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။

ဒါက ပြောဆိုဆွေးနွေးခြင်းတွေအတွက် တကယ်
အလုပ်ဖြစ်မယ့်”ဂွင်” ကိုစီမံတည်ဆောက်ရတဲ့ သဘော

👉 အဖွဲ့အစည်းတွေမှာ ကျင့်သုံးနေတဲ့မူဝါဒတွေ ဆိုတာ ပြောဆိုဆွေးနွေးခြင်းကို အခြေခံပြီး အကောင်အထည်ပေါ်လာတာ

👉 ပဠိပက္ခဆိုတာလည်း အချင်းအချင်း ဘယ်လိုပြောဆိုဆက်သွယ် ဆက်ဆံနိုင်သလဲ ဆိုတဲ့အပေါ် မှုတည်ပြီး သူ့အရှိန်က အတိုး/အလျော့ဖြစ်ရတာ

👉 ယုံကြည်မှုရသွား ဒါမှမဟုတ် ပျက်စီးသွားလားဆိုတာလည်း Conversation ကိုဖြတ်သန်းစီးဆင်းပြီး ထွက်လာတဲ့ရလဒ်

အကယ်၍ ကိုယ့်ရဲ့ အဖွဲ့အစည်း(organization)နဲ့ ဒီလူ့အဖွဲ့အစည်း(society)ကို တဖြစ်လဲပြီး ပြောင်းသွားအောင် ( transform) လုပ်ချင်ရင်

ကျွန်တော်တို့အားလုံး

👂ဘယ်လိုနားထောင်သလဲ
🗣️ဘယ်လို ပြောသလဲ
👉ဘယ်လို ဆုံးဖြတ်ချက် အတူချသလဲဆိုတာကို
အသွင်သစ်ပြောင်းလဲရပါလိမ့်မယ်

ဒါတွေက အတူပူးပေါင်းပါဝင်လုပ်ဆောင်တဲ့ ခေါင်းဆောင်မှု နဲ့ ဒိုင်ယာလေ့ာအလေ့အကျင့်တွေရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။

ဒီအတွက် DCကနေ သိပ်မကြာခင်မှာ
Dialogue နဲ့ပတ်သက်ပြီး Masterclass တခုပြုလုပ်သွားဖို့ရှိနေပါတယ်။

ဒီ Masterclass ဟာ သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့ကမ္ဘာမှာ အမှန်တကယ် အလုပ်ဖြစ်မယ့် Dialogue Skills တွေကို သင်ယူရင်း၊ မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကိုပါ အသစ်တဖန် အသွင်ကူးပြောင်း (Transform) ပေးမယ့် ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းကို ဆွေးနွေးမှုတွေအားဖြင့် ယုံကြည်မှု ပြန်တည်ဆာက်ဖို့ ၊ တီထွင်ဖန်တီးမှု ရှိတဲ့ အဖြေတွေကိုစူးစမ်းရှာဖွေဖို့ နဲ့ အချင်းချင်းကြားဆက်ဆံရေးကို သေရေးရှင်ရေးတမျှလိုအပ်ချက်ရှိနေတဲ့
အဖွဲ့အစည်း၊ ဌာန နဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီလက်ဆင့်ကမ်း ဝေမျှပေးနိုင်ပါတယ်။

If we want transformation in our organizations and societies, we must transform how we speak, listen, and decide together.



ဆက်ဆံရေးအပေါ်အခြေခံပြီး အဖွဲ့အစည်းတွေ နဲ့ အသိုင်းအဝိုင်းအတော်များများကြုံရလေ့ရှိတဲ့ စိန်ခေါ်မှုများ• Fear of speaking op...
09/02/2026

ဆက်ဆံရေးအပေါ်အခြေခံပြီး အဖွဲ့အစည်းတွေ နဲ့ အသိုင်းအဝိုင်းအတော်များများကြုံရလေ့ရှိတဲ့ စိန်ခေါ်မှုများ

• Fear of speaking openly
•ပွင့်ပွင့်လင်းလင်းပြောမထုတ်နိုင်ဘူး/ ပြောလိုက်
ရင်ငါ့တို့အပေါ် တခုခု မကောင်းတာသက်ရောက်သွားမလား စိုးရိမ်

• Misinterpretation & defensiveness
•အဖွဲ့အတွင်းမှာဖြစ်ဖြစ် (သို့) တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အထင်အမြင်တွေပေါ်အခြေခံပြီးအဓိပ္ပါယ် တလွဲကောက်ယူမှုတွေ၊ ပြန်လည်တိုက်ခိုက်တုန့်ပြန်မှုတွေ

• Hidden conflict
•ဖြစ်နေတဲ့ ပြဿနာ၊ ပဠိပက္ခတွေကိုဖုံးကွယ်

• Lack of trust
•အပြန်အလှန် ယုံကြည်မှုကင်းမဲ့

• Meetings that drain energy
•လုပ်သမျှတွေ့ဆုံဆွေးနွေးမှုတွေက အားအင်ကုန်ခန်းစေ

ဒါမျိုးအခြေအနေတွေကြုံရင် လူတစ်ဦးချင်းရဲ့ ပြဿနာလို့ အလွယ်တကူ တံဆိပ်ကပ်လိုက်ဖို့အလွယ်လေး၊ တကယ်က အချင်းချင်းဘယ်နည်းဘယ်ပုံနဲ့ ပြောဆိုဆွေးနွေးသလဲဆိုတာကသာ သော့ချက်ပါ။

ပြောဆိုဆွေးနွေးတဲ့ ဒိုင်ယာလော့ပုံစံပြောင်းလဲသွားတဲ့အခါ အချင်းချင်းကြား ဆက်ဆံရေးပြောင်းလဲပါတယ်။

ဆက်ဆံရေးပြောင်းလဲသွားတဲ့အခါ ကျနော်တို့အားလုံးပါဝင်လည်ပတ်နေတဲ့ စနစ်ကြီးလည်းပြောင်းလဲပါတယ်။

When dialogue shifts, relationships shift.
When relationships shift, systems shift.

We’re opening a learning space to work exactly at this level.





Details coming soon.

ဆွေးနွေးပွဲတွေကနေ ဒါဟာဘာအဓိပ္ပါယ်မှမရှိဘူး ၊ဘာအပြောင်းအလဲမှဖြစ်လာမှာလဲမဟုတ်ဘူးဆိုတဲ့ စိတ်ခံစားချက်မျိုးနဲ့ ထထွက်လာခဲ့ဖူး...
08/02/2026

ဆွေးနွေးပွဲတွေကနေ ဒါဟာဘာအဓိပ္ပါယ်မှမရှိဘူး ၊ဘာအပြောင်းအလဲမှဖြစ်လာမှာလဲမဟုတ်ဘူးဆိုတဲ့ စိတ်ခံစားချက်မျိုးနဲ့ ထထွက်လာခဲ့ဖူးသလား

ပြောနေကြ ဆိုနေကြစကားတွေ၊ ဖြစ်နေကြတင်းမာမှုတွေ၊ ဘာမှဆက်မပြောချင်လောက်အောင်ဖြစ်ရတဲ့တိတ်ဆိတ်မှုတွေ ထဲပေါ့

ဒါမျိုးကြုံရင် communication skills ပြဿနာပဲ လို့
တွေးတတ်ကြတယ်

အကယ်၍ အပြန်အလှန်ပြောဆိုဆွေးနွေးနိုင်တဲ့ ဂွင် ကိုဖန်တီးပေးနိုင်တဲ့အရည်အသွေးကသာ
တကယ့်အကြောင်းအရင်းကိစ္စလို့ မြင်နိုင်ရင် Conversation ဆိုတာ သတင်းအချက်အလက်တွေ မျှဝေရုံသက်သက်မဟုတ်ဘူးဆိုတာကို နားလည်လာပါလိမ့်မယ်။

ဒီအရည်အသွေးက ကျနော်တို့အချင်းချင်းကြားက
ယုံကြည်မှု၊ပူးပေါင်းဆောင်ရွက်မှုတွေကို ပုံဖော်ပေးပါတယ်။ အဲဒီနေရာမှာပဲ ခေါင်းဆောင်မှုဆိုတာဟာလည်းစတင်မွေးဖွားပါတယ်။



၂၀၂၆ ဇန်နဝါရီရန်ကုန်နဲ့ မန္တလေးမှာပြုလုပ်ခဲ့တဲ့Somatic Awareness Session တွေကို အတူတကွ ပါဝင်ပေးခဲ့သူ အားလုံးကို ကျေးဇူးအ...
21/01/2026

၂၀၂၆ ဇန်နဝါရီ
ရန်ကုန်နဲ့ မန္တလေးမှာပြုလုပ်ခဲ့တဲ့
Somatic Awareness Session တွေကို အတူတကွ ပါဝင်ပေးခဲ့သူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်

ကိုယ့်ခန္ဓာထဲမှာ ဖြစ်ပေါ်လာတဲ့ အချက်ပြမှုလေးတွေကို သတိထားကြည့်ရင်း၊ အာရုံခံစားမှုတွေ ဘယ်လို ပေါ်လာ၊ ဘယ်လို ပြောင်းလဲ၊ သတိနဲ့ ဘယ်လိုအလုပ်လုပ်ကြမလဲဆိုတာတွေကို အတူတူ လေ့လာခဲ့ကြပါတယ်။

နောက်ထပ်အစီအစဉ်များလည်း စောင့်မျှော်ပေးကြပါအုန်းနော်

Grateful to everyone who joined our Somatic Awareness Sessions

Through proprioceptive awareness, we gently listened to the body’s subtle signals,how experiences are held, how sensation shifts, and how awareness itself supports softening and regulation. The process reminded us that change can happen simply by noticing what is already moving within.

Stay Tuned for further programs

Address

Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dreaming Child posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category