05/07/2026
သူ၏ဇနီးဟောင်း part (3)
**၅ လခန့်အကြာ...**
နှိုးစက်သံကြောင့် ကျမ အိပ်ရာကနေ လန့်နိုးလာခဲ့သည်။ နေ့စဉ်ရက်ဆက် အလုပ်သွားရသည့် ဘဝကြီးကို ကျမ တကယ့်ကို ပင်ပန်းနွမ်းနယ်နေမိတာ အမှန်ပဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို အလုပ်လုပ်နိုင်ဖို့ ဘယ်သူမှ တွန်းအားမပေးပေမဲ့ ကျမမှာ ရွေးချယ်စရာမရှိတာကြောင့် အားတင်းပြီး ထရုံမှတစ်ပါး အခြားမရှိပါ။
ကျမ အိပ်ရာပေါ်ကနေ ခရုတစ်ကောင်လို နှေးကွေးစွာဖြင့် ထကာ ရေချိုးခန်းဘက်သို့ လျှောက်သွားခဲ့သည်။ မိနစ် ၃၀ အတွင်း ကိုယ်ရေးကိုယ်တာကိစ္စများကို အမြန်ပြင်ဆင်ပြီး မနက်စာစားရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
မီးဖိုချောင်ထဲ ရောက်သည်နှင့် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသည့် Croissant မုန့်နံ့သင်းသင်းလေးက ကျမကို ဆီးကြိုနေသည်။ အန်တီအမန်ဒါက ကျမအတွက် လိမ္မော်ရည် ဖျော်ပေးနေတာကို တွေ့လိုက်ရ၏။ အန်တီက တကယ့်ကို သဘောကောင်းသည့် အမိအရင်းကဲ့သို့သူပါ။ ကင်ဆာရောဂါကြောင့် သူမ၏ တစ်ဦးတည်းသော သမီးလေး ဆုံးရှုံးသွားခဲ့ရတာကတော့ တကယ့်ကို စိတ်မကောင်းစရာပဲ ဖြစ်သည်။ အန်တီက သူမသမီးအကြောင်းနှင့် သူတို့မိသားစုလေး ဘယ်လောက် ပြည့်စုံကောင်းမွန်ခဲ့ကြောင်း ကျမကို ပြောပြဖူးသည်။ သူမ၏ ခင်ပွန်းဖြစ်သူ မစ္စတာလူဝစ်က ပြင်သစ်လူမျိုးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဆုံးပါးသွားသောကြောင့် ပြင်သစ်သို့ ခေတ္တပြန်သွားခဲ့ခြင်းဖြစ်သည်။ သူသည် အန်တီအမန်ဒါကို အရမ်းချစ်ပြီး အမြဲတမ်း ကြင်နာဂရုစိုက်တတ်သူဖြစ်သည်ဟု ဆိုသည်။
'ကျမနဲ့ အီသန်လည်း သူတို့လိုမျိုး အိုအောင်မင်းအောင် ပေါင်းရရင် သိပ်ကောင်းမှာပဲ...' ဟု ကျမ နာနာကျင်ကျင်ဖြင့် တွေးမိပြန်သည်။
"အန်နာ... ဒါလေး စားလိုက်ဦး။ ပြီးတော့ ညကျရင် ဘယ်အချိန်လောက် ပြန်ရောက်မလဲ သမီး" အန်တီက ပန်းကန်ခွက်များကို ဆေးကြောရင်း လှမ်းမေးသည်။
"အင်း... ည ၉ နာရီလောက် ဖြစ်မယ် အန်တီ"
ကျမ အခုဆို အလုပ်နှစ်ခု လုပ်နေရသည်။ တစ်ခုက ကော်ဖီဆိုင်မှာ စားပွဲထိုးအလုပ်ဖြစ်ပြီး၊ နောက်တစ်ခုက အခြားအိမ်တစ်ခုတွင် အချိန်ပိုင်းအိမ်အကူအလုပ် ဖြစ်သည်။ အန်တီအမန်ဒါက ကျမအတွက် ကုန်ကျစရိတ်တွေ ကူညီပေးဖို့ အမြဲပြောပေမယ့် သူမအပေါ်မှာပဲ အမြဲတမ်း မှီခိုမနေသင့်ဘူးဆိုတာ ကျမသိသည်။ ဘာလို့လဲဆိုတော့ တစ်နေ့နေ့ကျရင် ကိုယ့်ဘာသာကိုယ် နေစရာ နေရာတစ်ခု ရှာရဦးမည် မဟုတ်ပါလား။
"အေးအေး... ဒါဆိုရင် ၉ နာရီမတိုင်ခင် ညစာ အဆင်သင့် ပြင်ထားပေးမယ်။ ဒါမှ သမီး အမြန်စားပြီး စောစောနားရမှာ။ ဒီလောက် အလုပ်တွေအများကြီး လုပ်နေရတော့ သမီး ပင်ပန်းနေမှာ သေချာတယ်လေ"
ကျမ အန်တီ့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်မိသည်။ သူမက သိပ်ကို ကြင်နာတတ်တာပဲ၊ ဘုရားသခင် သူမကို ကောင်းချီးပေးပါစေ။
---
**၂၅ မိနစ် ကြာပြီးနောက် (ကော်ဖီဆိုင်တွင်)...**
"အန်နာ! ဘာဖြစ်လို့လဲ။ ဘာလို့ နောက်ကျနေရတာလဲ" ဆိုင်ရှင် မက်ဂီက ကျမကို တွေ့တာနဲ့ လှမ်းမေးသည်။
"အမ်... ဘတ်စ်ကား လွတ်သွားလို့ နည်းနည်း နောက်ကျသွားတာပါ မက်ဂီ" ဟု ကျမ ညုတုတုလေး ပြန်ပြောလိုက်ရသည်။
တကယ်တော့ ၅ မိနစ်လောက် ထပ်စောင့်လျှင် ဘတ်စ်ကားစီးလို့ ရသော်လည်း လမ်းလျှောက်ရခြင်းက ရင်ထဲက စိတ်ဖိစီးမှုတွေကို သက်သာရာရစေသောကြောင့် တစ်မှတ်တိုင်စာလောက် လမ်းလျှောက်လာခဲ့မိခြင်း ဖြစ်သည်။
"အို... ဘုရားသခင်! အဲဒါဆိုလည်း ငါ့ဆီ ဖုန်းဆက်လိုက်ပါလား။ ငါ အဲဒီကို ကားမောင်းပြီး သွားကြိုပေးမှာပေါ့" မက်ဂီက စိုးရိမ်တကြီး ပြောရှာသည်။
"ကျေးဇူးအများကြီး တင်ပါတယ် မက်ဂီ" ကျမ အပြုံးလေးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
အခုဆို ကျမ ကိုယ်ဝန် ၅ လထဲ ရောက်နေပြီ။ ဗိုက်လေးကလည်း နည်းနည်း သိသိသာသာ ပူလာတာကို ခံစားမိသည်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတိုင်း ရင်ထဲမှာ နာကျင်မှုကို ခံစားရဆဲပင်။
"အန်နာ! စားပွဲနံပါတ် ၉ က မှာတာလေး သွားယူပေးလို့ ရမလား" လုပ်ဖော်ကိုင်ဖက် ဆူဆန်က လှမ်းပြောလာသဖြင့် ဆူဆန်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး...
"ဟုတ်... ရပါတယ်"
ကျမ စားပွဲနံပါတ် ၉ ဆီကို လျှောက်သွားလိုက်တဲ့ အချိန်မှာတော့... ရုတ်တရက် ကျမရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားသလို ခံစားလိုက်ရသည်။ စားပွဲနံပါတ် ၉ မှာ ထိုင်နေသူက အခြားသူမဟုတ်... အီသန် ဖြစ်နေသောကြောင့်ပင်။ သူ့ဘေးတွင်တော့ အတွင်းရေးမှူးမလေး ကတ်စီဒီ ဆိုသည့် မိန်းမလှလေးနှင့် အတူတူ ထိုင်နေကြသည်။ ကျမ ဒီနေရာကနေ အဝေးဆုံးကို ပြေးထွက်သွားချင်မိသည်။ သူ့ကို ရင်မဆိုင်ရဲဘူး။
'သူ ငါ့ကို ဒီမှာတွေ့ရင် ပျော်မှာလား...'
'သူ ငါ့ကို လွမ်းနေမလား...'
'ဒါမှမဟုတ် ငါ့ကို မြင်ရင် ပိုပြီး စိတ်ပျက်သွားမလား...'
ကျမ အတွေးပေါင်းများစွာဖြင့် သူ့ဆီကို ခြေလှမ်းတွေ တုန်ရီစွာဖြင့် လျှောက်သွားခဲ့သည်။ သူကတော့ သူ့လက်ကိုင်ဖုန်းကိုသာ အာရုံစိုက် ကြည့်နေခဲ့၏။
"ခွင့်ပြုပါဦးရှင်... ဘာများ မှာယူမလဲရှင်..." ကျမ အသံကို ထိန်းပြီး မေးလိုက်သော်လည်း သိပ်ကို ကြောက်လန့်နေမိသည်။ နှလုံးခုန်သံတွေကလည်း အလွန်အမင်း မြန်ဆန်နေခဲ့ရသည်။
၅ လတာ ကာလကြာပြီးမှ သူ့ကို ပြန်တွေ့ရတာလေ။ သူ အများကြီး ပြောင်းလဲသွားခဲ့ပြီ။ မုတ်ဆိတ်မွေးတွေ ရှည်နေပြီး သူ့ မျက်နှာကတော့ သိပ်ကို အေးစက်လွန်းနေသည်။ သူ့ကို ကြည့်လိုက်ရသည့် အခိုက်အတန့်မှာ ကျမ၏ ခြေထောက်တွေပါ ပျော့ခွေသွားပြီး ကြာကြာမရပ်နိုင်တော့သလို ခံစားရသည်။
သူ ကျမကို မော့ကြည့်လာခဲ့သည်။ သူ့၏ အေးစက်လှသည့် မျက်ဝန်းတွေက ကျမကို စူးစူးစိုက်စိုက် ကြည့်နေခဲ့တာပါ။ ပြီးတော့ ဒီလိုအခြေအနေမျိုးကို ကြိုတင်မျှော်လင့်ထားခဲ့သည့်အတိုင်း သူ့ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ပြီး -
"ဝါး.... အံ့သြစရာကောင်းလိုက်တာ၊ မင်းကို ဒီမှာ တွေ့ရမယ်လို့ မျှော်လင့်မထားဘူး။ ဘာလဲ... ဂျော့စ်က သူ့ဘဝထဲက မင်းကို မောင်းထုတ်လိုက်ပြီလား... ဘာဖြစ်သွားတာလဲ"
သူက ရွဲ့စောင်းစွာ မေးလိုက်သော်လည်း သူ့မျက်လုံးများထဲတွင်မူ အမုန်းတရားများသာ ပြည့်နှက်နေသည်။ နေပါဦး... အဲဒီ ဂျော့စ်ဆိုတာ ဘယ်သူလဲ။ အီသန် ပြောနေတဲ့ ဂျော့စ်ဆိုသည့်သူက ဘယ်သူလဲဆိုတာ ကျမ တကယ်မသိပါ။
"ဂျော့စ်... ဘယ်သူလဲဟင်..." ကျမ မျက်ရည်ဝဲလျက် မေးလိုက်မိသည်။
"သူ့ကို မင်းမသိဘူးလို့ လာမပြောနဲ့!" အီသန်က ခနဲ့တဲ့တဲ့နှင့် ဖြတ်ပြောလာသည်။
"ကျမ ဂျော့စ်ကို တကယ်မသိတာပါ..." ကျမ တုန်ရီစွာ ပြန်ဖြေခဲ့သော်လည်း သူ မယုံသည့် အကြည့်ဖြင့် ကြည့်ကာ...
"အော်... ဒါနဲ့၊ မင်း ကိုယ်ဝန်ရှိနေတာလား" နောက်ဆုံးတော့ သူ ကျမ၏ ပူထွက်နေသော ဗိုက်ကို သတိထားမိသွားခဲ့ပြီ။
"ဟုတ်တယ်... ရှိနေတယ်" ကျမ ပြန်ဖြေလိုက်သည်။ အဲဒီနေ့တုန်းက ဒီသတင်းကောင်းကို သူ့ကို ပြောပြဖို့ သူ ကျမကို အခွင့်အရေးတောင် မပေးခဲ့ဘူးမလား။
"အဲဒီကလေးက ငါ့ကလေးလို့တော့ လာမပြောနဲ့နော်။ ငါကတော့ အပျက်မတစ်ယောက်ရဲ့ ကလေးကို အဖေမလုပ်နိုင်ဘူး!"
အီသန်က ကျမဗိုက်ကို ကြည့်ပြီး ခက်ထန်ပြတ်သားစွာ ပြောလိုက်သည်။ သူ့မျက်ဝန်းတွေက ဒေါသကြောင့် နီမြန်းလာခဲ့သည်။ ဒီကိုယ်ဝန်က ဟိုကောင် ဂျော့စ်ရဲ့ ကလေးပဲဖြစ်ရမည်ဟု သူ တထစ်ချ တွေးနေပုံရသည်။
သူ့၏ စကားလုံးတွေက သိပ်ကို နာကျင်ရလွန်းလှသည်။ ကျမကို အပျက်မတဲ့လား...။ ကျမ သူ့အပေါ် တစ်ခါမှ မလိမ်ခဲ့ပါဘူး။ 'အီသန်... ကျွန်မ ရှင့်ကို သိပ်ချစ်တာကို ရှင်မမြင်နိုင်ခဲ့တာ ဘာကြောင့်လဲ...' ဟု စိတ်ထဲကပဲ အော်ဟစ်နေမိပြီး ပြန်မပြောနိုင်တော့ဘဲ မျက်ရည်များသာ ပါးပြင်ပေါ် စီးကျလာခဲ့သည်။
"ဘေဘီ... သောက်စရာ မှာပြီးပြီလား"
ရုတ်တရက် အီသန်ကို "ဘေဘီ" ဟု လှမ်းခေါ်လိုက်သူက အတွင်းရေးမှူး ကတ်စီဒီ...။ သူမက သူ့ကို ဘာလို့ အဲဒီလို ခေါ်ရတာလဲ။ အတွင်းရေးမှူးတစ်ယောက်က ဘာကြောင့် အဲဒီလိုမျိုး သုံးနှုန်းရတာလဲ။ ကျမ သူတို့နှစ်ယောက်ကို ကြည့်ပြီး အံ့ဩမှင်သတ်နေမိသည်။
"မမှာရသေးဘူး အချစ်လေး! အချစ် ဘာသောက်မလဲ" အီသန်က သူမကို ပြန်မေးလိုက်သည်။
သူတို့နှစ်ယောက်၏ အသုံးအနှုန်းကို ကြည့်ပြီး ကျမ အရာအားလုံးကို သဘောပေါက်သွားခဲ့ရသည်။ အီသန် ကျမကို ထားခဲ့တာ မကြာသေးဘူး... ခုလောက်မြန်မြန်ကြီး နောက်တစ်ယောက်နဲ့လား။ အဲဒီနောက်တစ်ယောက်ကလည်း အခြားသူမဟုတ်... သူ့အတွင်းရေးမှူးမလေးနှင့်။ ဘာဖြစ်လို့လဲ... ဘာကြောင့်များလဲ အီသန်ရယ်။
"အက်စ်ပရက်ဆိုပဲ သောက်တော့မယ်" ကတ်စီဒီက ဆိုဖာပေါ် မှီရင်း ပြောလိုက်သည်။
"ဒါဆို Espresso နှစ်ခွက်" သူက ကျမအား အမိန့်ပေးသည့်အလား အေးစက်စွာ ပြောခဲ့သည်။
ကျမ ရပ်နေမိပြီး ဖြစ်ပျက်သမျှ အရာအားလုံးက မြန်ဆန်လွန်း၍ အံ့သြတုန်လှုပ်နေမိသည်။ အသက်ရှူရတာ ကျပ်တည်းလာပြီး နှလုံးတစ်ခုလုံး အားနည်းသွားသလို ခံစားလိုက်ရသော်လည်း မျက်ရည်ကိုသုတ်ကာ "ကျေးဇူးတင်ပါတယ်" ဟု ခက်ခဲစွာ ပြောပြီး လှည့်ထွက်မည်အပြု...
"ဒါနဲ့ အန်နာ... ငါ့ရှေ့ကို နောက်ခါ မပေါ်လာနဲ့၊ မင်းမျက်နှာကို ငါ သေလောက်အောင် မုန်းတယ်။ ငါ မင်းကို အကြံတစ်ခုပေးမယ်... ဒီလို ညစ်ပတ်စုတ်ပြတ်တဲ့ ဘဝကြီးနဲ့ အသက်ရှင်နေမယ့်အစား ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်မသေနိုင်ရတာလဲ"
အီသန်က ကျမကျောပြင်ကို ကြည့်ကာ ရက်စက်စွာ ပြောလာတော့သည်။ သူ့စကားလုံးတွေက ကွဲကြေနေသော ကျမ၏ နှလုံးသားအား ဓားနှင့် တစစီ လှီးဖြတ်နေသကဲ့သို့ နာကျင်ရလွန်းလှသည်။ ကျမ သူတို့ကို ဘာမှပြန်မပြောတော့ဘဲ သူတို့ရှေ့ကနေ ငိုလျက် ထွက်ပြေးလာခဲ့လိုက်တော့သည်။
---
ည ၇ နာရီမထိုးခင် ကျမ အိမ်သို့ ပြန်ရောက်လာခဲ့သည်။ အန်တီအမန်ဒါက အလုပ်မှာပဲ ရှိနေသေးသောကြောင့် ဒီနေ့ အလုပ်က ထွက်ခဲ့တာနဲ့ ပတ်သတ်ပြီး မပြောပြရသေးပေ။ ကျမ စိတ်ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် လုပ်ဖော်ကိုင်ဖက်တွေကိုတောင် မနှုတ်ဆက်ခဲ့မိဘဲ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကျမ ခေါင်းထဲမှာ ဒါကိုလုပ်ဖို့ တစ်ခုတည်းကိုပဲ တွေးမိတော့သည်။ အားလုံးအတွက် ကျမဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားနေခဲ့ရသည်။ သူ (အီသန်) ကလည်း ကျမကို သေလိုက်ပါလားဟု ပြောခဲ့တာလေ...။
ကျမသာ ဆက်ပြီး အသက်ရှင်နေရင်လည်း ကျမရော၊ ကျမရဲ့ ကလေးပါ အများကြီး ဒုက္ခရောက်ရဦးမှာ။ ကျမ အန်တီအမန်ဒါ ဆေးဝါးတွေ ထားလေ့ရှိတဲ့ ဗီရိုလေးကို ဖွင့်လိုက်ပြီး အိပ်ဆေးပုလင်းကို တုန်ရီသော လက်များဖြင့် ထုတ်ယူလိုက်မိသည်။
ဒါဟာ ကျမဘဝ၏ နောက်ဆုံးအချိန် ရောက်တော့မည်ဆိုတာ သိလိုက်ရသည့် အခိုက်အတန့်မှာ လက်တွေက တုန်ရင်နေပြီး နှုတ်ခမ်းတွေလည်း တဆတ်ဆတ် တုန်ခါနေခဲ့သည်။ အခန်းတံခါးကို ဂျက်ချပိတ်လိုက်ပြီး ဘုရားသခင်ထံ ဆုတောင်းလိုက်သည်။ ကိုယ့်ရဲ့ နာကျင်ရမှုတွေ၊ ကြောက်ရွံ့မှုတွေ အားလုံးအတွက် ရှိုက်ကြီးတငင် ငိုကြွေးမိသလို... ကိုယ့်ကလေးကိုပါ ကိုယ်နဲ့အတူ သတ်မိတော့မှာမို့လို့ ရင်ကွဲမတတ် ငိုမိသည်။
မသေခင် အီသန်အတွက် ခွင့်လွှတ်ပေးဖို့နဲ့ အနည်းဆုံးတော့ ကျမ မဖောက်ပြန်ခဲ့ဘူးဆိုတာ သူယုံကြည်သွားစေရန် စာတစ်စောင် ရေးခဲ့မိသည်။
> *အီသန်...*
> *ရှင်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် အရမ်းပျော်ရပါတယ်။ အချစ်ကဘာလဲဆိုတာ ရှင်ပဲ သင်ပြပေးခဲ့တာပါ။ ရှင်က အံ့သြစရာကောင်းတဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ခဲ့ပေမဲ့... ရှင် ဘာတွေ ပြောင်းလဲသွားခဲ့တာလဲဆိုတာ ကျမ တကယ်မသိဘူး။*
> *ကျမ ရှင့်အပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ပါဘူး။ ဘယ်လိုလုပ်ပြီးတော့ရော သစ္စာဖောက်ရက်မှာလဲ။ အကယ်၍ ရှင်က ကျမ လုပ်ခဲ့တယ်လို့ပဲ တထစ်ချ ယုံကြည်နေတယ် ဆိုရင်လည်း... ကျမ တောင်းပန်ပါတယ်နော်။ ရှင့်ရဲ့ ဘဝထဲမှာ ပါဝင်ပတ်သက်မိခဲ့တဲ့အတွက် ကျမ တောင်းပန်ပါတယ်။ ကျမနဲ့ ကျမတို့ရဲ့ ကလေးက ရှင်နဲ့ဝေးရာကို ထာဝရ ထွက်သွားတော့မယ်။*
> *ဂျော့စ် ဆိုတဲ့သူကို ကျမ တကယ်မသိဘူး။ ကျမ ရှင့်ကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး။ ရှင် ကျမကို သေလောက်အောင် မုန်းနေရင်တောင် ကျမကတော့ ရှင့်ကို သိပ်ချစ်နေတုန်းပဲဆိုတာ သိထားပေးပါ... အမှတ်ရနေပေးပါ။ ရှင့်ဘဝမှာ ကျမ ရှိမှာ မဟုတ်တော့ပါဘူး။*
> *ကျမ ကိုယ့်ဘဝကိုယ် သေလောက်အောင် မုန်းမိတယ်။ ရှင် ပြောတာ မှန်ပါတယ်! ကျမ သေသင့်ပါတယ်။ ကျမကို ခွင့်လွှတ်ပေးပါနော်။ ကျမ သေဆုံးသွားပြီးတဲ့နောက်မှာလည်း ထပ်ပြီးတော့ ကျိန်ဆဲမနေပါနဲ့တော့။ အနည်းဆုံးတော့ ကျမ သေသွားပြီးတဲ့နောက်မှာ ကျမရဲ့ အပြစ်ကင်းစင်မှုကို ရှင် နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမနဲ့ ကျမတို့ရဲ့ ရင်သွေးလေးဟာ ရှင့်ကို ထာဝရ အမြဲတမ်း ချစ်နေမှာပါ...။*
> *...................Anna*
ကျမ စိတ်ထဲရှိသမျှ ခံစားချက်တွေကို အီသန်သိအောင် ရင်ဖွင့်ရေးသားပြီးတဲ့နောက်မှာတော့ ရှိုက်ကြီးတငင် ငိုကြွေးမိပြန်သည်။ ပြီးတော့ အိပ်ဆေးပုလင်းကို စိုက်ကြည့်လိုက်မိသည်။ မကြာခင် ကျမ သေရတော့မည်၊ မကြာခင်မှာပဲ ဒီနာကျင်မှုတွေ အားလုံးဆီကနေ ဝေးရာကို ထွက်ခွာသွားနိုင်တော့မည်။
တုန်ရင်နေတဲ့ လက်ဖဝါးထဲသို့ အိပ်ဆေးတွေ အများကြီး သွန်ထည့်ပြီး မျိုချပစ်လိုက်တော့သည်။ လက်ထဲက ရေဖန်ခွက်က ကြမ်းပြင်ပေါ် လွတ်ကျပြီး ခွမ်းခနဲ ကွဲအက်သွားခဲ့ပြီ။ ကျမ၏ မျက်လုံးတွေက ဖြည်းဖြည်းချင်း မှိတ်ကျလာပြီး အရာအားလုံးက ဝေဝါးလာခဲ့သည်။ မကြာခင်မှာပဲ မှောင်မည်းခြင်း အမှောင်ထုက ကျမကို လွှမ်းမိုးသွားပါတော့သည်။
---
အီသန်ဘက်တွင်
"အီသန်! ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပရောဂျက်ကို ဘယ်လို ဆက်လုပ်မလဲ"
မိတ်ဆွေဖြစ်သူ ကာမရွန်က စာရွက်စာတမ်းများကို ကြည့်ရင်း လှမ်းမေးသည်။
"အဲဒီအကြောင်းကို ငါတို့ နောက်မှ ထပ်စဉ်းစားကြတာပေါ့"
ငါ စိတ်မပါလက်မပါဖြင့် ပြန်ပြောလိုက်မိသည်။ စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ တနုံ့နုံ့နှင့် လေးလံနေခဲ့ရသည်။ ကာမရွန်နှင့် အလုပ်ကိစ္စ ဆွေးနွေးနေတုန်းမှာပင် ငါ့ဖုန်းမြည်လာခဲ့သည်။ ကြည့်လိုက်တော့ နံပါတ်အစိမ်းတစ်ခု ဖြစ်နေသဖြင့် မျက်မှောင်ကြုတ်လျက် ဖုန်းကိုင်လိုက်၏။
"ဟဲလို... အီသန် စပန်ဆာ ရဲ့ ဖုန်းပါလားရှင်..."
တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်လာသည်။ ထိုအမျိုးသမီး၏ လေသံက သွေးပျက်မတတ် တုန်ရင်နေတာကို ဖုန်းထဲကနေတောင် သူ သတိထားမိလိုက်သည်။ ထိုအသံက သူ့နားထဲတွင် ရင်းနှီးသလိုလို ရှိနေသဖြင့် စိတ်ထဲ တစ်မျိုးဖြစ်သွားရကာ...
"ဟုတ်ပါတယ်... ကျွန်တော် အီသန် စပန်ဆာပါ။ ဘယ်သူပါလဲခင်ဗျာ" သူ ပြန်ဖြေလိုက်သည်။
"အန်တီ... အမန်ဒါပါ အီသန်..."
ထိုအမည်ကို ကြားလိုက်ရသည့်အခါ သူ့မျက်ခုံးများ ပင့်တက်သွားရသည်။ သူမက အန်နာရဲ့ အလုပ်ရှင်ဟောင်းလေ၊ဘာကိစ္စသူ့ဆီ ဖုန်းဆက်တာလဲ။
"အီ... သန်... အခုချက်ချင်း အန်တီတို့အိမ်ကို လာ... လာပေးလို့ ရမလား သားရယ်..." အန်တီ့လေသံက တုန်ရီလျက် တောင်းပန်တိုးလျှိုးနေရှာသည်။
"ဘာဖြစ်လို့လဲ အန်တီ ကျွန်တော် အခု အလုပ်ရှုပ်နေလို့ပါ မနက်ကျမှ လာခဲ့မယ်လေ။"
လို့ သူပြန်ဖြေလိုက်တော့
"ကျေးဇူးပြုပြီး အခုလာလို့ရရင် လာခဲ့ပါလား သားရယ် ။ အန်နာက အိပ်ခန်းတံခါးကို လော့ချထားတာ လုံးဝ မဖွင့်ဘူး။ သူမ တစ်ခုခု လုပ်လိုက်ပြီလားလို့ အန်တီ သိပ်ကြောက်နေလို့ပါ...
သူမက တုန်တုန်ရင်ရင်နဲ့ ပြောရှာတယ်။
" အန်တီအမန်ဒါ၊ ကျွန်တော်က အလုပ်များတဲ့လူပါ။
သူမရဲ့ သနားစရာကောင်းအောင် ဟန်ဆောင်ကစားတတ်တဲ့ ကစားကွက်တွေအတွက် ကျွန်တော့်မှာ အချိန်အပိုမရှိဘူး!"
သူစိတ်ပျက်လက်ပျက်ဖြင့် သူမစကားကို ဖြတ်ပြောလိုက်သည်။ အန်နာက သူ့ကို အာရုံစိုက်လာအောင် လူကြီးတွေကိုပါ အသုံးချပြီး သရုပ်ဆောင်ခိုင်းနေသည်ဟု တွေးမိသောကြောင့် ဖြစ်သည်။
"အန်တီ တောင်းပန်ပါတယ် ... အီသန်ရယ် ဒီကိုလာပေးပါ အန်တီ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး အန်နာ အခန်းထဲမှာ တစ်ခုခု ဖြစ်နေလားမသိဘူး တိတ်ဆိတ်နေတယ် ၊ သူမ မှာ ကိုယ်ဝန်ကြီးနဲ့ တစ်ခုခုဖြစ်သွားမှာ အန်တီ စိုးရိမ်လို့ပါ သားရယ်
သူမက ဖုန်းထဲတွင် တုန်တုန်ရင်ရင်နှင့် ငိုချပစ်တော့သည်။
သူမက ဖုန်းထဲတွင် ရှိုက်ကြီးတငင် ငိုယိုပြီး သူ့ကို အတင်းခေါ်နေတော့သည်။ လူကြီးတစ်ယောက်ကကိုယ့်ကို အားကိုးပြီး ခေါ်နေတော့လဲ မလာဘူးဆိုပြီး ငြင်းလို့မကောင်းတော့တာမို့ သူလက်ခံလိုက်ရသည်
"ကောင်းပြီ... ကျွန်တော် အခုပဲ လာခဲ့ပါ့မယ် အန်တီ" ငါ စိတ်မပါစွာဖြင့် ပြောပြီး ဖုန်းချလိုက်သည်။
ဖုန်းကို စားပွဲပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်မိပြီး ရင်ထဲက ဒေါသကြောင့် "တောက်!" ခနဲ အသံထွက်သည်အထိ သွားကို ကြိတ်လိုက်မိသည်။
'မင်း အခု ဘာကစားကွက် ထပ်ကစားနေပြန်တာလဲ... အန်နာစတေးရှား! ခွေးမ!'
သူ ရုံးခန်းထဲကနေ ဒေါသတကြီး ထွက်လာခဲ့ပြီး အန်တီအမန်ဒါတို့ အိမ်ရှိရာဆီသို့ ကားကို အရှိန်ပြင်းပြင်း မောင်းထွက်လာခဲ့လိုက်တော့သည်။
---
သူ အန်တီအမန်ဒါ အိမ်ကို ရောက်သွားချိန်မှာတော့ အန်တီက သွေးပျက်မတတ် ငိုကြွေးရင်း အန်နာ့အကြောင်းတွေကို တတွတ်တွတ် ပြောရှာသည်။
သူ အန်နာအခန်းတံခါးဝဆီ သွားပြီး "အန်နာ! အန်နာ!" ဟု အော်ဟစ်ကာ တံခါးကို ထုပေမယ့် အထဲက ဘာအသံမှ ပြန်မပေးခဲ့။ သာမန် အိပ်ပျော်နေတာမျိုး လုံးဝ မဖြစ်နိုင်ပါ။ အိပ်နေသည့်သူဆိုလျှင်ပင် သူတို့ တံခါးကို ဗုန်းဗုန်းဒုန်းဒုန်း ထုနေသည့် အသံကြောင့် နိုးလာရမည် မဟုတ်ပါလား။
ဘေးနားတွင် ကြောက်လန့်တကြား ငိုနေသည့် အန်တီအမန်ဒါကို လှမ်းကြည့်ပြီး အခန်းသော့ရှိလားမေးတော့ မရှိဘူးဟု ငိုလျက် ပြန်ဖြေသည်။
ငါ စိတ်မရှည်တော့သည့် အဆုံး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အခန်းတံခါးကို အရှိန်ယူပြီး အားကုန်သုံးကာ ဆောင့်ကန်ချလိုက်တော့သည်။ "ဝုန်း!!" ခနဲ အသံနှင့်အတူ တံခါး ဂျက်ကျိုးပြီး ပွင့်ထွက်သွားခဲ့ရ၏။
အခန်းထဲ သူအလောတကြီး ပြေးဝင်လာမိတဲ့ အချိန်မှာတော့... မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရေခဲရိုက်သွားသလို ထုံအသွားရသည်။ ကုတင်ပေါ်တွင် အသက်မဲ့နေသကဲ့သို့ တောင့်တင်းငြိမ်သက်စွာ လဲလျောင်းနေသော ခန္ဓာကိုယ်တစ်ခု...။ သူမ၏ ရိုးရှင်းလှသော မျက်နှာလေးက သွေးမရှိတော့သည့်အလား ဖြူဖျော့နေပြီး နှုတ်ခမ်းအစုံကလည်း ပြာနှမ်းနေခဲ့ပြီ။
"ဟာ... အန်နာ!!"
သူ အလန့်တကြားဖြင့် အန်နာ့နာမည်ကို အော်ခေါ်ရင်း ကုတင်ဘေးသို့ ပြေးသွားမိသည်။
ရုတ်တရက် အန်တီအမန်ဒါက ကုတင်အောက် ကြမ်းပြင်ပေါ်တွင် ကျနေသည့် အိပ်ဆေးပုလင်းကို တွေ့ကာ ကောက်ကိုင်လိုက်ပြီး... စူးစူးဝါးဝါး အော်ဟစ်ငိုယိုပါတော့သည်။
"တောက်!!"
သူ့ရင်ဘတ်တစ်ခုလုံး ဒေါသနှင့် ထိတ်လန့်မှုကြောင့် ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။ သူမ... အိပ်ဆေးတွေ အကုန်သောက်လိုက်တာပဲ! သူ့ကို စိန်ခေါ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့လေ။
သူအချိန်ဆွဲမနေတော့ဘဲ ပေါ့ပါးပြီး အေးစက်နေသည့် သူမ၏ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ပွေ့ချီလိုက်ပြီး အခန်းထဲကနေ ဝုန်းခနဲ ပြေးထွက်လာခဲ့သည်။ အရေးပေါ်လူနာတင်ကားကို ခေါ်နေလျှင် အချိန်ကြာမြင့်နေမည်မို့ သူကိုယ်တိုင်ပဲ သူမကို ကားပေါ်တင်ကာ ဆေးရုံသို့ တဟုန်ထိုး မောင်းနှင်ခဲ့တော့သည်။
ကားမောင်းနေရင်း ဘေးက ခုံမှာ လဲလျောင်းနေသည့် သူမ၏ လက်ကလေးကို လှမ်းကိုင်မိတော့ သိပ်ကို အေးစက်လွန်းနေခဲ့ရသည်။ '
သူ သူမကို အရမ်းမုန်းနေပေမဲ့ သူမ သေသွားမှာကိုတော့ မလိုလားပေ။
---
**ဆေးရုံတွင်...**
ဆေးရုံသို့ ရောက်သည်နှင့် အန်နာ့ကို အရေးပေါ် ဆေးကုသဆောင် (ER) ထဲသို့ ဆရာဝန်များနှင့် နာ့စ်မများက ဆွဲထုတ်ကာ ချက်ချင်း ပို့ဆောင်လိုက်ကြသည်။
သူနဲ့ အန်တီအမန်ဒါတို့ အရေးပေါ်အခန်း တံခါးမကြီးရှေ့တွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေလိုက်မိသည်။
'သူမ ဘာမှမဖြစ်ပါစေနဲ့... ဘုရားသခင်... သူမဘေးကင်းပါစေ
ဟု သူ့စိတ်ထဲကနေ အထပ်ထပ်အခါခါ ဆုတောင်းပေးနေမိသည်။
စိတ်ရှုပ်ထွေးပြီး ငူငူကြီး ရပ်နေသည့် သူ့အနားသို့ အန်တီအမန်ဒါက မျက်ရည်များကို သုတ်ရင်း လျှောက်လာသည်။ ပြီးနောက် ရုတ်တရက် သူမလက်ထဲက တုန်ရီစွာ ကိုင်ထားသည့် စာရွက်ခေါက်လေးတစ်ရွက်ကို သူ့လက်ထဲသို့ ထည့်ပေးလာခဲ့သည်။
သူ စာရွက်ကို ဖြန့်ပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာတော့...
__________________________
ဇာတ်လမ်း အကျဉ်း
**အန်နာစတေးရှား ရစ်ချက်ဆန် ဆိုသည်မှာ မိဘမဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး လွတ်လပ်မှုကို မြတ်နိုးကာ မိမိခြေထောက်ပေါ်မိမိရပ်တည်ပြီး အေးအေးချမ်းချမ်း နေထိုင်လိုသူလေး ဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်အတွက် သူမက အရပ်အမောင်း ကောင်းကောင်းနှင့် ချစ်စရာကောင်းသူလေး ဖြစ်ပြီး တစ်လလျှင် ဒေါ်လာ ၅၀၀ ခန့်ရသော ကော်ဖီဆိုင်လေးတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည်။
အီသန် စပန်ဆာ ကတော့ ဘီလီယံနာတစ်ဦး ဖြစ်သည်။ ဘီလီယံနာဆိုရုံတင်မကဘဲ မိန်းကလေးအများစုရဲ့ စိတ်ကူးယဉ် အိမ်မက်ထဲက အပူအပင်မရှိ ပြည့်စုံလွန်းသည့် လူချောလူလှကြီးတစ်ဦးလည်း ဖြစ်သည်။ သူက အရပ်ရှည်ရှည်၊ ရုပ်ရည်ချောမောခန့်ညားပြီး ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်နေသည့် Spencer Industries ရဲ့ CEO တစ်ဦးလည်း ဖြစ်သည်။
အသက် ၂၁ နှစ်အရွယ် သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ အန်နာ (ခေါ်) အန်နာစတေးရှား ရစ်ချက်ဆန်နဲ့ Spencer Industries ရဲ့ ကမ္ဘာကျော် ဘီလီယံနာ CEO အီသန် စပန်ဆာတို့ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
အီသန် နှင့် အန်နာ သည် အန်နာစားပွဲထိုးလုပ်နေသော ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့သည်။
အီသန်ဟာ အန်နာ စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့တဲ့ ကော်ဖီဆိုင်လေးတစ်ခုမှာ သူမနဲ့ စတင်ဆုံတွေ့ခဲ့တာပါ။ သူက သူမကို အသက်ထက်မက ချစ်မိသွားခဲ့ပြီး လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ အန်နာကလည်း သူ့ရဲ့အချစ်ကို လက်ခံခဲ့ပြီး သူ့ရဲ့တရားဝင်ဇနီးမယား ဖြစ်လာခဲ့ပါတော့တယ်။
မိသားစုဝင်ရယ်လို့ ဘယ်သူမှမရှိဘဲ အထီးကျန်ခဲ့ရတဲ့ သူမအတွက်တော့ အီသန်ဟာ သူမရဲ့ တစ်ဦးတည်းသော သူပါ၊ တစ်ဦးတည်းသော မိသားစုဖြစ်တာမို့ သူ့ကို အသက်ထက်မက သံယောဇဉ်ကြီးလှပါတယ်။
လက်ထပ်ပြီး မကြာ ... အီသန်က အန်နာကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းလိုက်သည့်အချိန်မှာတော့ အရာအားလုံးဟာ ပြောင်းပြန်လှန်ပစ်သလို ဖြစ်သွားခဲ့ရသည်။
*အဲဒီလို ကွာရှင်းခိုင်းရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ?*
*သူမကို သူ တကယ်ပဲ မုန်းသွားခဲ့တာလား?*
*ဒါမှမဟုတ် သူမကပဲ သူ့အပေါ် သစ္စာဖောက်ခဲ့လို့လား...။*
အီသန်နဲ့ အန်နာတို့နှစ်ယောက်ရဲ့ အချစ်၊ အမုန်း၊ အလှည့်အပြောင်းတွေ ပြည့်နှက်နေတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်
🔞 အမှောင် ခန်းလေးတွေ ပါတာမို့အသက်ပြည့်ပြီးသူများသာ ဖတ်ပါ
ဒီဝတ္ထုလေးက ကြမ်းတမ်းသောစကား အမှောင်၊အရိုင်းဆန်လွန်းသောအခန်းများ ပါဝင်တာမို့ အသက်ပြည့်ပြီးသူများ ဖတ်ပါရန်
Paid Gp မှာ သူ၏ဇနီးဟောင်း စ/ဆုံးရပါပြီ။
အပိုင်းအားဖြင့်(၃၀)ပိုင်းပါပါတယ်ရှင့်
အစအဆုံးဖတ်ရှူလိုသူများ Gp မှာအဆုံးထိဝယ်ဖတ်လို့ရပြီရှင့်
Fb/gp _Tele/gp ကြိုက်တာ ဝင်လို့ရပါတယ်ရှင့်။
Tele acc _@ chaw2211
Pdf file ဖတ်ချင်သူလေးတွေလည်းPdf file လဲရပါတယ်နော်။
ဝင်ကြေး _2000ပါရှင့်
ဖုန်းနံပါတ်_ 09971447123
K pay acc Daw Ni Ni Maw
Wave acc Win Naing
ကြိုက်နှစ်သက်ရာဖြင့် လွှဲနိုင်ပါသည်
ဖုန်းဘေလ်ဆို Ooredoo ရပါတယ်
ငွေလွှဲ ss လေးနဲ့အတူ fb page မှာ ဖြစ်ဖြစ် tele acc မှာ gp link လေး လာယူလို့ရပါပြီ