Myu

Myu ကိုယ်တိုင်ရေးသားသောဝတ္ထုများသာတင်ပါသည်။

ဝဋ်‌ကြွေးရှိလို့ဆုံခဲ့ခြင်းသာ အပိုင်း(1)"ကိုကြီး ဒီနေ့ ဘယ်မှ မသွားဘူးလား""သွားမှာ ဒီနေ့ အချိန်ပိုင်းအလုပ်တစ်ခုကခေါ်ထားတယ...
18/12/2025

ဝဋ်‌ကြွေးရှိလို့ဆုံခဲ့ခြင်းသာ

အပိုင်း(1)

"ကိုကြီး ဒီနေ့ ဘယ်မှ မသွားဘူးလား"

"သွားမှာ ဒီနေ့ အချိန်ပိုင်းအလုပ်တစ်ခုကခေါ်ထားတယ်"

"အဲ့တာ သွားဖြစ်ရင် ညီမလေးအတွက် စာအုပ်နှစ်အုပ်ရယ် မာကာပန်ရယ် ဝယ်ခဲ့ပေးဦး"

"ကုန်ပြန်ပြီလား နင့်စာအုပ် ဝယ်ထားတာမကြာသေးဘူးလေ"

"ကိုကြီးကလည်း ၁၀တန်း‌ကျောင်းသူပါဆိုအဲ့တာလးတာ့ကုန်မှာပေါ့"

"အေးအေးပြီးတာဘဲ ဝယ်ခဲ့မယ်"

ဒီလိုနဲ့ မင်းဆက်ပိုင်သည် အချိန်ပိုင်းကားအငှါးကုမ္ပဏီတစ်ခုကခိုင်းလိုက်တဲ့ အိမ်ကိုသွားသည်။

အဲ့ဒီမှာ သိပ်လှပြီး မင်းသားလေးလို့တင်စားခေါ်ရတဲ့ ကောင်လေးတစ်ယောက်ရှိတယ် ထိုကောင်လေးဟာ ငယ်စဉ်ကတည်းက အိမ်ရဲ့တစ်ဦးတည်းသောသားဖြစ်သည့်အလျောက် အစစအရာရာပြည့်ပြည့်စုံစုံနေရပြီး ဘယ်သွားသွား ကိုယ်ရံတော်နဲ့သွားရသည်။ ဒီနေ့ driver ခွင့်ယူသည်မို့ အပြင်သွားချင်တဲ့အခါ အငှါးကားသမားကိုခေါ်ယူရခြင်းဖြစ်သည်။

"မင်းက ?"

"ကျတော့်နမယ် မင်းဆက်ပိုင်ပါ ဒီအိမ်က ခေါ်ထားတယ်ဆိုလို့ကားလာမောင်းပေးတာပါ"

"အော် အငှါးdriverဘဲ"

(မင်းဆက်ပိုင်စိတ်ထဲနည်းနည်းတော့ထင့်သွားသည် ‌၏စကား‌ပြောပုံကနှိမ်လိုက်သလိုဖြစ်သည့်အတွက်)

"အင်း အခု Myanmar Plaza ကိုလိုက်ပို့ပေး"

"ဟုတ်ကဲ့ တက်ပါ"

ကားပေါ်တွင် ရှိုင်းသစ်လွင်သည် နောက်ခန်းတွင် ထိုင်နေပြီးဘာစကားတစ်ခွန်းမှ မပြောပေ။

ဖုန်းဝင်လာသည်.......

"ဟယ်လို အေးသူငယ်ချင်း ငါအခုဘဲလာနေတာလမ်းရောက်နေပြီ"

မင်းဆက်ပိုင်စိတ်ထဲတွင် : (သူကgayလားမသိဘူး စကားပြောပုံကထူးဆန်းလိုက်တာ ငါတို့ပြောတဲ့ပုံနဲ့လည်းမတူဘူး)

"ရှေ့က အငှါးdriver မြန်မြန်မောင်းပေး သူငယ်ချင်းတွေစောင့်နေကြတယ်"

"ဟောဗျာ ဒီမှာအစ်ကိုလေး ကျုပ်မောင်းနေတာလည်း ခင်ဗျားမြင်တာဘဲ ဒီ့ထက်မြန်မြန်မောင်းရရင် ကျုပ်ကို မော်တော်ပီကယ် ဖမ်းသွားလိမ့်မယ် တစ်ရက်မှ2 သောင်းရတာ မော်တော်ပီကယ်ဖမ်းရင် အနည်းဆုံး3သောင်း"

"အို...ရှည်ကိုရှည်တယ် မောင်းဆိုမောင်းပေါ့"

"ကျူပ် ရှည်မရှည်ခင်ဗျားဘယ်လိုသိလဲ"

"မိုက်ရိုင်းလိုက်တာ တော်ပြီ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စကားနိုင်လုပြောမနေဘူး မတန်ဘူး မြန်မြန်သာမောင်း"

ရှိုင်းသစ်လွင်စိတ်ထဲတွင် : (ရုပ်ကလေးချောလို့ စကားပြောရတာအဆင်ပြေမယ်ထင်တာ ရိုင်းလိုက်တာ)

"ဒီမှာအစ်ကိုလေးရောက်ပြီနော်"

ဒီလိုနဲ့ ကားပေါ်ကဆင်းပြီး စင်‌တာထဲဝင်သွားသော
ရှိုင်းအား လှမ်းကြည့်နေသော မင်းဆက်ကို သတိထားမိသော လူတစ်ဦးရှိနေသည်။

ရှိုင်းပြန်လှည့်လာပြီး : "ဒီမှာ ကားထဲမှာ ထိုင်မနေနဲ့ ငါ့နောက်လိုက်ခဲ့ အကြာကြီးဝယ်မှာ ပစ္စည်းလိုက်သယ်ပေး"

"ဟေ့ ဒီမှာ အစ်ကိုလေး ကျုပ်က အငှါးdriverနော် ခင်ဗျား ကျွန်မဟုတ်ဘူး မလုပ်ပေးနိုင်ဘူး "

ပိုက်ဆံကိုထုတ် ပစ်တင်ပြီး :

"ဒီမှာ တစ်သိန်း အဲ့တာဆို လိုက်သယ်ပေးလို့ရပြီလား ဒါအငှါးdriver လုပ်တဲ့ ၅ရက်နဲ့ညီမျှတယ်နော် ဒါမှမလုပ်ချင်ရင်လည်း သဘောဘဲ ၂သောင်းနဲ့ တနေကုန် ထိုင်စောင့်နေ"

ချက်ချင်းအချိုးပြောင်းသွားသော :

"ဟုတ်ကဲ့အစ်ကိုလေး ကျတော်မျိုး လိုက်သယ်ပေးပါမယ်"

ကားပေါ်ကဆင်းလာသော အမျိုးသားအား ရှိုင်းသစ်လွင် သေချာကြည့်လိုက်တော့မှ သူ့ထက် အရပ်2လက်မခန့်ပိုရှည်ပြီး အဝါရောင်သန်းနေသော အဖြူရောင်အကျီအောက်က ကြွက်သားတွေက ရေးတေးတေး ပေါ်နေသည်ကို သတိထားမိပြီး

စိတ်ထဲတွင် ( အမယ်လေးးးးး ကြီးလိုက်တာ စိတ်ထိန်း စိတ်ထိန်း အိ‌န္ဒြေရှိသေးတယ် စိတ်ထိန်း)

အကြည့်မခွါသော ရှိုင်းအား

"ဒီမှာအစ်ကိုလေး ကျုပ်အကျီက နည်းနည်းအရောင်အဆင်းမရှိပင်မဲ့ မနံ့ဘူးနော် မနက်ကမှ ကျုပ်အမိ သေချာမီးပူတိုက်ထားတာ"

သတိပြန်ဝင်လာပြီး :

"နံနံမနံနံ ငါနဲ့မဆိုင်ပါဘူး ဒါပေမဲ့ ငါ့နောက်လိုက်မယ့်သူက ဒီလိုစုတ်ပဲ့နေလို့မဖြစ်ဘူး လာ နင့်ကိုအရင်အကျီဝယ်ပေးမယ်"

ဒီလိုနဲ့ Myanmar Plazaကိုအတူဝင်သွားသည်ကို စောင့်ကြည့်နေသူက cameraဖြင့်ရိုက်ကူးထားသည်။

‌တစ်ဖက်မှာလည်း

"ဟယ်လို သူငယ်ချင်း ငါ စင်တာထဲတော့ရောက်ပြီ ကိစ္စတစ်ခုပေါ်လာလို့ နာရီဝက်လောက်စောင့်ပေးနော်"

"...."

"မဟုတ်ပါဘူး ငါရောက်မှသေချာရှင်းပြမယ်"
..

"နမယ်ကဘယ်လို.....အမယ်လေး"

လူတစ်ယောက်က အမြန်ပြေးရင်းဝင်တိုက် မင်းဆက်ပိုင်ရဲ့ရင်ခွင်ထဲသို့ တည့်တည့်မတ်မတ်ဝင်ရောက်သွားသည်

မင်းဆက်ပိုင်ကလည်း ခါးကနေထိန်းထားပြီး ခေါင်းကိုငုံ့ကာ နားနားသို့ကပ်လာပြီး

"ကျုပ်နမယ်ထပ်မမေးရအောင် ပြောပြမယ် မင်းဆက်ပိုင် မင်း လို့ အလွယ်ခေါ်လို့ရတယ် အဲ့နမယ်က အစ်ကိုလေးအတွက် သီးသန့်ခေါ်ခွင့်ပေးထားတဲ့ နာမ်စား"

"ဖယ်စမ်း လွှတ်"

"ကျုပ်လွှတ်လိုက်ရင် အစ်ကိုလေးပြုတ်ကျမှာနော် သေချာလား"

အဲ့လိုပြောလိုက်တော့မှ ရှိုင်းသစ်လွင်သည် ဖြည်းဖြည်းချင်းပြန်မတ်လိုက်သည်

ရှက်ကိုးရှက်ကန်းဖြစ်သွားသည့် ရှိုင်းသည် နီးစပ်ရာအကျီဆိုင်ထဲသို့ဝင်ပြီး

အကျီဆိုင်သို့ရောက်သောအခါအကျီတစ်ထည်ယူလာပြီး တိုင်းကြည့်သောအခါ အရမ်းလိုက်ဖက်လွန်းနေသည့် မင်းဆက်မျက်နှာအား ပြုံး၍အမှတ်တမဲ့ကြည့်လိုက်သောအခါစိုက်ကြည့်နေသောမျက်လုံးတစ်စုံအားတွေ့သောအခါ ရှောင်လွဲ၍

"မင်း ဘာလို့အဲလောက်စိုက်ကြည့်နေတာလဲ ငါက ယောင်္ကျားချင်းမကြိုက်ဘူးနော် ငါကမင်းကို ငါ့bodyguardကိုဆင်သလိုမျိုးသဘောထားပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် အကျီသေချာရွေးပေးနေတာ ငါ့ကို ဟိုထင်ဒီထင် မထင်နဲ့"

"အစ်ကိုလေးကို ကျူပ်ကဘာပြောနေလို့လဲ"

"မင်းနဲ့ပြိုင်မငြင်းတော့ဘူး ရော့ ဒါသွားလဲ ငါပိုက်ဆံရှင်းထားလိုက်မယ်"

အဝတ်အစားလဲပြီးထွက်လာသော မင်းဆက်အား စွဲမက်ဖွယ်ကောင်းစွာ ကြည့်နေမိသော ရှိုင်း စိတ်ထဲတွင် : (အမယ်လေးလူကသာဆင်းရဲသား ‌ဒီလိုကျတော့လည်း သူဌေးဆိုဒ်သူဌေးကိုက် သူသာငါ့ဒယ်ဒီရဲ့သူငယ်ချင်းသူဌေးသားသာဆို ချက်ချင်းလက်ခံမိမှာ)

"လဲပြီးပြီလား သွားမယ်"

စားသောက်ဆိုင်သို့ရောက်သောအခါ

"သူငယ်ချင်းတို့ရေ နောက်ကျသွားတယ် sry ပါဟာ"

"ရပါတယ် ဒါနဲ့ နင့်နောက်က ဘယ်သူလဲ မိုက်တယ်နော်"

"သူ...သူက"

ကြားဖြတ်ဝင်၍

"ကျတော့်နမယ်က မင်းဆက်ပိုင်က အစ်ကိုလေးရဲ့ driverပါ"

"driverကမိုက်လိုက်တာ အားကိုးချင်စရာtypeကြီး"

"ဒီdriverသာငါ့မှာရှိရင် နေ့တိုင်းအပြင်မှာဘဲနေတယ်"

"မောင်လေးရှိုင်းကအလုပ်ထုတ်လိုက်ရင် မတို့ဆီလာခဲ့နော်"

"ကိုကြီး ထိုင်လေ ဘာစားဦးမလဲ ညီတို့ဝယ်ကျွေးမယ်"

သူငယ်ချင်းတွေတစ်ယောက်တစ်ပေါက်ပြောနေကြသည်ကို ရှိုင်းက စိတ်တိုလာ၍

"တော်ကြတော့" (ကျယ်လောင်စွာ)

"ဟယ် ရှိုင်း ဘာဖြစ်တာလဲ"

"ဘာဖြစ်တာလဲ ရှိုင်း"

"အေးလေ ဘာထဖြစ်တာလဲ ငါတို့ကစတာဘဲကို"

"driverကောဟုတ်ရဲ့လား လိမ်နေတာလား"
.

"ဟို မ မဟုတ်ပါဘူး ငါခုနက နေပူထဲက လာတော့ ခေါင်းတွေကိုက်နေလို့ အအေးမှာချင်လို့ လာပါဦး"

အဖွဲ့ထဲကလက်ရဲဇက်ရဲတစ်ယောက်က တစ်သျှူးပေါ်မှာ ဖုန်းနံပါတ်ရေးပြီး မင်းဆက်ဆီသွားကာ

"မောင်လေး မ နမယ်က May‌တဲ့ 09******* ဒါ မဖုန်းနံပါတ် မောင်လေး လိုအပ်တာရှိရင်ခေါ်လိုက်နော်"

"ဟုတ်..ဟုတ်ကဲ့"

"အမယ်လေး သွက်လိုက်တာ ကောင်မရယ် ကိုကြီး ညီ့နံပါတ်လည်း ယူထားလေ"

"ဟို..အားတော့နာပါတယ် ကျုပ်မှာက ဖုန်းမရှိတော့ ဖုန်းနံပါတ်တွေရှိလည်း ဆက်လို့မရပါဘူး"

"အို....မောင်လေးမှာ ဖုန်းမရှိဘူးလား ‌သနားစရာကောင်းလိုက်တာ မောင်လေးရယ် မဝယ်ပေးမယ် လာ"

ဆွဲခေါ်သွားပြီး နောက်လှည့်ကြည့်ကာ

"ရှိုင်း ကိုယ့်driverကိုတောင်ဖုန်းလေးမဝယ်ပေးဘူးလား နင်မပျိုးချင်တဲ့ပန်း ငါပျိုးလိုက်မယ်"

"မ...မဟုတ်..."

စကားမ‌ဆုံးခင်ပင်ထွက်သွားလေပြီ။

"ဟဲ့ ရှိုင်း အဲ့ကောင်မက နင်နဲ့လိုက်ပြိုင်နေတာ နင်ရဲ့driverကောင်ကိုလည်း ကြားထဲကဝင်ဖြတ်ချင်နေတာ"

"ထားလိုက်ပါဟာ သူလိုချင်ရင်ယူသွားပေါ့ ငါနဲ့မှမ‌ဆိုင်တာ မင်းဆက်ကငါနဲ့မနက်ကမှသိတာ"

"ဟယ် ဟုတ်လား အဲ့တာဆို သူကမနက်ကမှ နင့်ဆီအလုပ်ဝင်တာပေါ့"

"ဟုတ်တယ် အဲ့တာကြောင့်သူ့မှာဖုန်းရှိမရှိငါမသိဘူး အခုဝတ်တဲ့အဝတ်အစားတောင် ခုနကမှ ငါဝယ်ပေးထားတာ"

"ကောင်လေးက ရိုးသားမယ့်ပုံလိုလိုနဲ့ချူချင်နေတာလား မသိဘူး သတိလည်းထားဦး နင့်ဆီကချူမလိုလို မေ့ဆီကချူမလိုလိုဖြစ်နေဦးမယ်"

"ဟာမဟုတ်ပါဘူး မင်းဆက်ကိုမနက်ကမှသိတယ်ဆိုပင်မဲ့ သူက အဲ့လိုလူမျိုးမဟုတ်ပါဘူး ငါ့အိမ်ကစီစဉ်ပေးတဲ့driverလေ အဲ့လိုမျိုးတော့မဟုတ်ပါဘူး"

"အေး အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်လည်း driverအဆင့်ကနေရာထူးတိုးပေးလိုက်လေ ဒီခေတ်မှာ ‌ဒီလိုတောင့်တောင့်ဖြောင့်ဖြောင့်အဆင်ကရှားတယ်နော်"

"အေးလေ ဟုတ်တယ် ဟုတ်တယ် နင်လှုပ်ရှားရင်လှုပ်ရှား နင်မလှုပ်ရှားရင် ဟိုကောင်မလှုပ်ရှားတော့မယ် အခုတောင် တွေ့တွေ့ချင်း သိတောင်မသိတဲ့သူကို ဖုန်းသွားဝယ်ပေးနေပြီ နင့်ငါးက နင့်ငါးမြှားတံနဲ့မချိတ်ဘဲ သူ့ငါ့မြှားတံနဲ့ချိတ်မိနေမယ်နော် ငါးဆိုတာ ငါးစာချတဲ့ဘယ်ချိတ်ကိုမဆို ချိတ်မှာဘဲ"

သူငယ်ချင်းတွေ၏ပြောစကားများဖြင့် ရှိုင်း၏စိတ်ထဲ အတွေးပေါင်းများစွာဝင်‌သွားသည်

"မောင်လေး ဒီဖုန်းလေးကြိုက်လား ဒါက နောက်ဆုံးထွက်တာမကြာသေးဘူး ဘယ်အမျိုးအစားကြိုက်လဲ ကြိုက်တာ ယူလေ"

"ရပါတယ် အစ်မမေ ဖုန်းပြောလို့ရရင်ရပါပြီ တကယ်ဆို ကျတော်ကမယူချင်ပါဘူး အစ်မကအတင်းယူခိုင်းလို့ အားနာလို့"

"အားမနာပါနဲ့ နောက်ဆို ဒီ့ထက်ပိုရင်းနှီးမယ့်သူတွေဘဲကို"

"..."

"ကဲကဲ မရွေးတတ်ရင်လည်း ထားလိုက်တော့ မဘဲရွေးပေးလိုက်မယ်နော်"

"ဟုတ်ကဲ့"

To Counter

"အစ်မရေ ဒါလေးယူမယ်နော် ယောကျာ်းလေးကိုင်မှာမို့coverကောင်းကောင်းလေး ဒီဇိုင်းခပ်မိုက်မိုက်လေး သုံးခုလောက်ထည့်ပေးနော် simကဒ်‌လေးတစ်ခုလည်းယူမယ်နော် အစ်မ"

"ဟုတ်ကဲ့ပါရှင့် ခနလောက်စောင့်ပေး‌ပါနော်"

>>>>>>>

"စုစုပေါင်း23သိန်း4သောင်းကျပါတယ်ရှင့်"

"ကဒ်နဲ့ရှင်းမယ်နော် ရော့"

"ဟာ အစ်မ ဘာလို့အဲ့လောက်အများကြီး"

"ရှူးးးးးးတိုးတိုး လိမ်လိမ်မာမာနဲ့ပေးတာဘဲယူ ဒီဖုန်းက iphone 15promax ထွက်ထားတာလည်းမကြာသေးဘူး cameraလည်းကောင်းတယ် အကယ်၍ အိမ်ကသူတွေကမေးရင် အလုပ်ရှင်ကပေးတယ်လို့ပြောလိုက် ရော့ ဒါက မရဲ့ business card ဒီထဲကဖုန်းနံပါတ်ကိုတော့ မဆက်နဲ့နော် companyဆီရောက်သွားလိမ့်မယ် ခုနကပေးတဲ့နံပါတ်ကိုဘဲဆက် လာ သွားကြမယ် ရှိုင်းဆီက လစာပေးတာနည်းရင်ဖြစ်ဖြစ် တစ်ခုခုဆို မရဲ့companyမှာလာလုပ်နော်"

"ကျေးဇူးတင်ပါတယ်ဗျာ ကျတော့်ဘဝမှာ ဒီလိုဖုန်းမျိုးတစ်ခါမှမကိုင်ဖူးဘူး ကျေးဇူးပါ အစ်မမေ"

"အစ်မမေဆိုတာအရမ်းစိမ်းလွန်းတယ် မေလို့ဘဲခေါ်လေ"

"ဟုတ် ကောင်းပါပြီ မေ"

>>>>>

"ပြန်လာပြီလား ပြန်ကြမယ်"

(ပြန်ရောက်တာနဲ့ စိတ်တိုတိုနဲ့ ရှိုင်းကထပြန်သွားလေကော)

"မေအာ့ဆို ကျတော်ပြန်လိုက်ပါဦးမယ်ဗျ"

"ကောင်းပါပြီရှင်"

"ဟဲ့ မေ နင်သူ့ကိုဘာဖုန်းဝယ်ပေးလိုက်တာလဲ"

"15promax"

"ဟယ် နင်ကလည်း ငါတို့တောင်14ကမတက်သေးဘူး နင်ကခုမှသိတဲ့သူကိုအဲ့လောက်ဈေးကြီးတာဝယ်ပေးလိုက်တယ်"

"နင်မသိပါဘူး အဲ့ကောင်လေးက တစ်ချိန်ကျရင် ငါ့အပိုင်ဖြစ်လာရမှာ နင်တို့ခုနကရှိုင်းသစ်လွင်အော်လိုက်တာကြားတယ်မလား"

"အေး"

"အဲ့တာသူ့မသိစိတ်ထဲကအဲ့ကောင်လေးကိုကြိတ်ဖွါနေတာ အဲ့တာကြောင့် ငါက သူ့ထက် ခြေတလှမ်းသာအောင် အရင်လုပ်လိုက်တာ"

"အော်အဲ့တာဆို ရှိုင်းအော်လိုက်တော့မှ အစီစဉ်ထဆွဲတာပေါ့"

"ဒါပေါ့ ငါ့နှလုံးသားကို လုယူသွားတဲ့သူကို သူ့နှလုံးသားပြန်လုယူခံရတဲ့ခံစားချက် ပြန်လုပ်ပြမယ်"

ကားပေါ်တွင်

"သိပ်ပျော်နေတာလား"(ရွဲ့တဲ့တဲ့)

"ဗျာ...ဘာကိုလဲ"

"ဟိုကဖုန်းဝယ်ပေးလိုက်တာလေ ပျော်နေသလားလို့"

"ပျော်တာပေါ့‌ဗျာ ကျတော့်မိသားစုတစ်ခုလုံးမှာ ကျတော်တစ်ယောက်တည်းအလုပ်လုပ်ရတာ မိသားစုအတွက်ရှာဖွေနေရတာ တစ်ရက်လုပ်အားခတွေအကုန်လုံးကို ဆီးချိုဖြစ်နေတဲ့အမေ ဆယ်တန်းတက်နေတဲ့ညီမလေး ၆တန်းတက်နေတဲ့ညီလေးကို ထောက်ပံ့နေရတာ ကီးပက်တောင်မကိုင်ဖူးတဲ့လူပါဗျာ အခုလို iphoneဆိုတာ လမ်းမှာသွားရင်း ဆိုင်းဘုတ်ပေါ်မှာတွေ့ရင် ငေးကြည့်ရတဲ့အရာ အခုလို တကယ်ကိုင်ရပြီဆိုတော့ ကျတော်ဖြင့် မျက်ရည်ပါကျချင်တယ်"

စိတ်တိုနေသောရှိုင်းအား ထိုစကားလေးဟာ မျက်ရည်စို့သွားစေသည်

"မင်းတကယ်ပြောနေတာလား"

"တကယ်ပြောတာပါဗျာ ဒီကားမောင်းတဲ့အလုပ်ကိုလည်း ကားဝပ်ရှော့က သူဌေးက သူတို့ဝန်ထမ်းမအားလို့ တရက်တလေသွားပေးပါဆိုလို့ ရလာတာပါ"

"ကားရပ်လိုက်"

"ဗျာ..."

"ကားရပ်လို့"

"ရှေ့မှာ Junction Cityရောက်ပြီ ကားပေါ်ကဆင်း"

"ဟုတ်"

>>>>>

"စာအုပ်တွေ ‌အာာာ ဟုတ်သားဘဲ ကျတော့်ညီမ စာအုပ်၂အုပ်နဲ့ ဆော့ပင်လားဘာလဲ မှာလိုက်တာ"

"ဟုတ်တယ် စာရေးကိရိယာ‌ဆိုင်ကိုတမင်ခေါ်လာတာ ညီတွေညီမတွေအတွက် ဝယ်လို့ရအောင်"
....

"ဆိုင်ရှင် ကျတော့်ကို စာအုပ်4ဒါဇင်နဲ့ ခဲတံ3ဗူးဘောပင်ရောင်စုံက3ဗူး Underline‌တားတဲ့Penလေးတွေက2ကဒ်ထည့်ပေးပါနော်

မင်းဆက်စိတ်ထဲတွင် :

(ညီတွေညီမတွေအတွက်ဝယ်ပေးနေတဲ့ ခင်ဗျားလေးက ကျုပ်မျက်လုံးထဲ ခုနက ဖုန်းဝယ်ပေးတဲ့အစ်မထက်ပိုကြည့်ကောင်းတယ် ဖုန်းရတဲ့ပျော်ရွှင်မှုထက် ခင်ဗျားကိုယ်တိုင်ဝယ်ပေးတဲ့အဝတ်အစားတွေရယ် ဒီစာရေးကိရိယာတွေရတာက ပိုပျော်ရတယ်ဆိုတာ သိလား ဘာလို့လဲတော့မသိဘူး ကျုပ်ဖြင့် ခင်ဗျားရဲ့နှုတ်ခမ်းထက်က ထွက်လာတဲ့ ခပ်စွာစွာစကားလုံးတွေကို စိတ်မတိုဘဲ သဘောကျနေရတယ်)

ကားပေါ်သို့ရောက်သောအခါ

"ဒီနေ့အတွက်အရာအားလုံးကိုကျေးဇူးတင်ပါတယ်"

"အို....မလိုပါဘူး ငါက ငါ့driverမိသားစုအဆင်ပြေဖို့ ရည်ရွယ်တာပါ"

(ပြောလိုက်ပြန်ပြီ ရိုက်ပေါက်)

"မနက်ဖြန် ငါ့အိမ်လာခဲ့ ငါ့bodyguardအဖြစ်မင်းကိုခန့်လိုက်ပြီ အတည်ဝန်ထမ်းအဖြစ်"

"ဟုတ် ကောင်းပါပြီ အစ်ကိုလေး"



#ဝဋ်ကြွေးရှိလို့ဆုံခဲ့ခြင်းသာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category