27/02/2026
Offline Swap is Back!
• အိမ်မှာသိပ်မသုံးဖြစ်ဘဲပိုနေလို့ဂျောင်ထိုးထားရတဲ့ အင်္ကျီအဝတ်အစား၊ ပစ္စည်းအသုံးအဆောင်တွေကိုရှင်းချင်လား?
• သူများမလိုအပ်တဲ့ပစ္စည်းဟာကိုယ်လိုအပ်နေတဲ့အရာဖြစ်နေရင်ကိုယ့်မှာရှိတဲ့ကိုယ်မလိုတဲ့ပစ္စည်းနဲ့လဲလှယ်ချင်လား?
• မိတ်ဆွေသစ်တွေနဲ့ connect လုပ်ချင်လား?
🎉 The Offline Club မှာ မနက်ဖြန် (စနေ) 28th February မှာ Swap Meet လေးရှိပါမယ်.
• ကိုယ့်အတွက်မလိုအပ်တော့တဲ့ ပစ္စည်းတွေကို ယူလာခဲ့ပေးပါ
• ပြီးရင် သူများပစ္စည်းထဲကကိုယ်ကြိုက်တဲ့ပစ္စည်းတစ်ခုခုကို ရှာဖွေပြီးကိုယ်နဲ့သူတန်ဖိုးခြင်းကျေနပ်တယ်ဆိုလဲလှယ်ပါ
• Bonus အနေနဲ့ အဲ့နေ့တစ်လျှောက်မှာ သူငယ်ချင်းအသစ်တွေဖွဲ့လို့ပါရသွားပါမယ်
👉 Simple Rules & Guidelines 👈
• Swap လုပ်ပြီးလဲလှယ်နိုင်တဲ့အသုံးပြုပြီးသားပစ္စည်းများကိုသာယူဆောင်လာပေးပါ (ပျက်စီးနေသော/အန္တရာယ်ရှိသောပစ္စည်းများ မပါဝင်ပါ)
• အခြားသူတွေရဲ့ပစ္စည်းများကို လေးစားပါ (ပစ္စည်းများကို သေချာကိုင်တွယ်ခြင်း၊ ဂရုတစိုက်စစ်ဆေးပြီးကျေနပ်မှလဲလှယ်ခြင်းတို့လုပ်ပေးပါ)
• ငွေသားမလိုအပ်ပါ (ဒီ event မှာ ရောင်းချခြင်းမဟုတ်ဘဲ လဲလှယ်ခြင်းဖြစ်တယ်ဆိုတာသဘောပေါက်ဖို့လိုပါတယ်)
• သင်ဆန္ဒရှိပါက ကလပ်အတွက် အလှူငွေအနည်းငယ်ထည့်နိုင်ပါတယ်
• Fair swaps: တရားမျှတသော လဲလှယ်မှုများဖြစ်ပါစေ. လဲလှယ်တဲ့အခါမှာ “ဆင်တူတန်ဖိုး” အချင်းချင်းသာလဲလှယ်ပါ. သို့သော် ကာယကံရှင်များကျေနပ်ပါက creative ways တွေနဲ့ရှင်းလို့လည်းရပါတယ်. (ဥပမာ-ပစ္စည်းခြင်းလဲရတာမတန်ဘူးတခြားနည်းလမ်းလည်းတွေးမရဘူးဆို (၅)မိနစ်နှိပ်ပေးတာမျိုး၊ အကနဲ့ရှင်းတာမျိုး you can be creative ပါ)
• ဖော်ဖော်ရွေရွေစကားပြောပါ၊ ရယ်မောပါ၊ ကလပ်ကိုပုံမှန်လာနေကြသူတွေနဲ့ချိတ်ဆက်ပါ
• Swap Meet လေးပြီးရင်တော့ကိုယ့်နေရာလေးကိုယ်သန့်ရှင်းသပ်ရပ်စွာထားခဲ့ပေးပါ
🎉 Let’s make it fun, sustainable, and a little chaotic in the best way .
See you there!
ℹ️ Swap Meet မှာ ပစ္စည်း swap ဖို့မပါဝင်ဘဲ club ကိုဘဲသာမာန်လာချင်တယ်ဆိုလည်းလာလို့ရပါတယ်.
ℹ️ Entry Fees: Ks. 10,000/- (You can leave anytime)