16/08/2026
Underwater (ကရိယာလွတ်) ရေအောက်ကူးရာမှာ အချိန်ကြာကြာ ကူးနိုင်စေဖို့ ဘယ်လို လေ့ကျင့်ရမလဲ၊
Underwater ကရိယာလွတ် လေအိုးမပါ (breath-hold) ရေအောက်ကူးတာ အချိန်ကြာကြာ ကူးနိုင်ဖို့မှာ အဓိက က အသက်ရှူထားနိုင်စွမ်းကို အတင်းတိုးတာ ထက် ရေထဲမှာ အောက်ဆီဂျင်ကို ချွေတာသုံးနိုင်အောင်နဲ့ ကူးခတ်မှု ချောမွေ့ ညင်သာအောင် ပိုမို လေ့ကျင့်ရတာပါ။
ရေအောက်ထဲမှာ ခြေနဲ့လက်ကို အားသုံးရတဲ့ ကူးနည်းနဲ့ ကူးတာထက် ခြေထောက်ကို အလွန်အမင်း ခြေမခတ်ပဲ streamline အနေအထားနဲ့ ကူးခြင်း၊ Dolphin kick ကို အားအလွန်မသုံးဘဲ ခေါင်းကို neutral position ထားကာ လက်နဲ့ခြေထောက် လှုပ်ရှားမှုကို ညင်သာ ချောမွေ့အောင်ကူးခြင်း မျိုးကို သုံးရပါတယ်၊ လှုပ်ရှားမှုနည်းလေ Oxygen သုံးစွဲမှုနည်းလေမို့ပါ။
Breathing Control အသက်ရှု လေ့ကျင့်ခန်းအနေနဲ့ ပုံမှန်အသက်ရှူ → ဖြည်းဖြည်းရှူထုတ် →နည်းနည်းစီထုတ် လေ့ကျင့်ခန်းတွေကို ကုန်းပေါ်မှာ အရင် အချိန်များများ လေ့ကျင့်ထားပါ။
အစမှာ Short-distance underwater အနေနဲ့ တာတို ကူးခတ်မှု များများလေ့ကျင့်ပြီးမှ "အကွာအဝေးကို ဖြည်းဖြည်းချင်းတိုးပါ။ ကြာချိန်ကို အတင်းမတိုးပါနဲ့"။
⚠️ အရေးကြီးဆုံး အချက်က Static breath-hold ကို တစ်ယောက်တည်း မလေ့ကျင့်ပါနဲ့။ Pool အောက်မှာ breath-hold လုပ်တဲ့အခါ နည်းပြ၊ lifeguard၊ လေ့ကျင့်ဖော်က အနီးကပ် စောင့်ကြည့်ပေးနေသင့်ပါတယ်။ မူးဝေခြင်း၊ tunnel vision၊ လက်ခြေထုံခြင်း၊ အာရုံစူးစိုက်မှုလျော့ခြင်း ဖြစ်လာရင် ချက်ချင်းရေပေါ်တက်ပြီး လေ့ကျင့်မှုရပ်ပါ။
ရေအောက်မှာ underwater blackout ဖြစ်နိုင်လို့ အန္တရာယ်ရှိပါတယ်။