Democratic Party - Myanmar

Democratic Party - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Democratic Party - Myanmar, Political Party, Union Street, Yangon.

ဒီမိုကရက်တစ်ပါတီသည် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကိုအခြေခံ၍ ကိုယ်စာ...
06/08/2025

ဒီမိုကရက်တစ်ပါတီသည် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကိုအခြေခံ၍ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်သွားတော့မည်ဖြစ်ပါသည်။

ဒီမိုကရက်တစ်ပါတီ၏ မူဝါဒသဘောတရားမှာ ​ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးမူကြီးငါးချက်ပေါ်အခြေခံ၍ နိုင်ငံရေးသဘောထားများရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲ​​​နေထိုင်ရေး အခြေခံမူ ငါးချက်သည် မြန်မာနိုင်ငံတွင် ဘန်ဒေါင်းမူငါးရပ်ဟု လူသိများသည်။ ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု တာဝန်ယူစဉ်ကာလတွင် နိုင်ငံတကာအလယ် ဂုဏ်ယူစွာလက်မှတ်ရေးထိုးကြေငြာနိုင်ခဲ့သော သဘောတူညီမှုဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ညီလာခံတွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြသည်။

၁။ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊

၂။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန်၊

၃။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊

၄။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆင့်အတန်းချင်း တူညီမှုရရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊

၅။ နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေရန်၊
ဆိုသည့် အခြေခံမူငါးချက်ကို သဘောတူခဲ့ကြသည်။

အဆိုပါမူကြီးငါးချက်သည် ပထဝီနိုင်ငံရေးအရ အချက်အခြာနေရာတွင်တည်ရှိနေသော ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်ပြီး... ငြိမ်းချမ်းရေးအသီးအပွင့်များ ရရှိစေနိုင်မည်ဟု ဒီမိုကရက်တစ်ပါတီက ယုံကြည်ပါသည်။

၁၉.၇.၂၀၂၅ ရက်နေ့၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒီမိုကရက်တစ်ပါတီ မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးက...
19/07/2025

၁၉.၇.၂၀၂၅ ရက်နေ့
၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒီမိုကရက်တစ်ပါတီ မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်ဇော နှင့် ဦးကြည်ဇော်တို့ တက်ရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါသည်။

5.6.2025 ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ တရုတ်-မြန်...
07/06/2025

5.6.2025 ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ တရုတ်-မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှစ်နိုင်ငံသံတမာန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက်ကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုခြင်းနှင့် ယဥ်ကျေးမှုဆွေးနွေးပွဲနိုင်ငံတကာနေ့ အထိမ်းအမှတ်အစီအစဥ် စိန်ရတု (1950-2025) အခမ်းအနားသို့ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တက်ရောက်ခဲ့ပါသည်။

ပထမဆုံးနိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကာလ စတင်တည်ဆောက်နိုင်ခဲ့သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု သမိုင်းအမှတ်တရများကို ပြန်လည်အမှတ်တရပြောကြားခဲ့ပါသည်။

29.5.2025 ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနု၏ အစ္စ​ရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ် နှစ် (၇၀) ပြည့် ...
30/05/2025

29.5.2025 ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနု၏ အစ္စ​ရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ် နှစ် (၇၀) ပြည့် အမှတ်တရအခမ်းအနားကို ရန်ကုန်မြို့တွင်ကျင်းပခဲ့ရာ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနုမှတက်ရောက်၍ ဖခင်ဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် အစ္စရေးနိုင်ငံတို့အကြား အင်မတန်ရင်းနှီးချစ်ကြည်ခဲ့ကြသော သမိုင်းအမှတ်တရများကို မျှဝေနိုင်ခဲ့ပါသည်။
​မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံရုံး ယာယီသံရုံးတာဝန်ခံနှင့်လည်း ရင်းနှီးခင်မင်စွာတွေ့ဆုံခဲ့ကြပါသည်။

ယနေ့ ရန်ကုန်မြို့တွင်ကျင်းပသော နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် ဒီမိုကရက်တစ်ပါတီမှ တက်ရောက်၍ မြေငလျင်ဘေးအလွန် ပ...
10/05/2025

ယနေ့ ရန်ကုန်မြို့တွင်ကျင်းပသော နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် ဒီမိုကရက်တစ်ပါတီမှ တက်ရောက်၍ မြေငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များ... နိုင်ငံ့အနာဂတ်အတွက် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍများနှင့်... နိုင်ငံရေးပါတီများအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

၄.၅.၂၀၂၅ ရက်နေ့တွင် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကျင်းပခဲ့ပါသည်။လက်ရှိမြန်မာ့နိုင်ငံရေးအ...
09/05/2025

၄.၅.၂၀၂၅ ရက်နေ့တွင် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကျင်းပခဲ့ပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ.....ရွေးကောက်ပွဲပြုလုပ်နိုင်မည့်ပုံစံနှင့်အခြေအနေများ..... သက်ဆိုင်ရာမြို့နယ်ရုံးခွဲများနှင့် ချိတ်ဆက်၍ ပါတီလုပ်ငန်းစဉ်များဖော်ဆောင်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိုနှိုင်းခဲ့ကြပါသည်။

အခုဖြစ်ပေါ်နေတဲ့ကိစ္စအရပ်ရပ်မှာပေါ့နော်…. အကုန်လုံး ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစားဆုံးဖြတ်ကြရင်တော့ကောင်းပါတယ်… ရွေးကော...
07/05/2025

အခုဖြစ်ပေါ်နေတဲ့ကိစ္စအရပ်ရပ်မှာပေါ့နော်…. အကုန်လုံး ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစားဆုံးဖြတ်ကြရင်တော့ကောင်းပါတယ်… ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်မှသာလျှင်... ကျင်းပနိုင်မှသာလျှင်... ကျွန်မတို့ရဲ့ မြန်မာနိုင်ငံရဲ့ အနေအထားပေါ့လေ ပီပီပြင်ပြင်ဖြစ်လာလိမ့်မယ်…. ရွေးကောက်ပွဲကလဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမှာပေါ့လေ… ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေးဟာ ပီပြင်လာမှာပေါ့ နို့မို့ဆိုရင်က ဘာမှဖြစ်လာနိုင်တော့မှာမဟုတ်ဘူး…. ဒီလိုပဲသွားနေလို့ရှိရင်… အခြေအနေတွေမှာ နှစ်ဦးနှစ်ဖက်က အဆင်မပြေဘူးဆိုလို့ရှိရင် မဖြစ်ပါဘူးရှင့်…. ဈေးတွေကြီးတယ် ပစ္စည်းတွေမရဘူးဆိုလဲ သာမန်ပြည်သူတွေပဲထိတာပဲလေ….. တစ်ခုခု ပစ်တာခတ်တာတွေဖြစ်လို့သေကြတယ်ဆိုလဲ ဒါသာမန်ပြည်သူပဲ အသေအကြေများတာပါပဲ..

(ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု နှင့် Popular News Journal တို့ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ရွေးကောက်ပွဲတို့အပေါ် မေးမြန်းဆွေးနွေးမှုများမှကောက်နှုတ်ချက်)

ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနုကိုယ်ရေးအကျဥ်းအမည် - ဒေါ်သန်းသန်းနုမိဘအမည် - ဦးနု၊ ဒေါ်မြရီမွေးသက္ကရာဇ် - ၃၁.၁၀.၁...
04/05/2025

ဒီမိုကရက်တစ်ပါတီ
ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု
ကိုယ်ရေးအကျဥ်း
အမည် - ဒေါ်သန်းသန်းနု
မိဘအမည် - ဦးနု၊ ဒေါ်မြရီ
မွေးသက္ကရာဇ် - ၃၁.၁၀.၁၉၄၇
မွေးရာဇာတိ - ရန်ကုန်မြို့
ပညာရေး - စီမံကိန်းနှင့်ဖွံ့ဖြိုးရေး B.Eco စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်
အတွေ့အကြုံ
၁၉၆၉ ခုနှစ် မိဘများနှင့်ရှေးဦးစွာ အိန္ဒိယနိုင်ငံသို့ထွက်ခွာ ထိုမှတစ်ဆင့်ထိုင်းနိုင်ငံ၊ စစ်အစိုးရဆန့်ကျင်ရေးလုပ်ငန်းတွင် အသံလွှင့်ဌာန၌တာဝန်ယူဆောင်ရွက်၊ (ပြည်ချစ်အသံလွှင့်ဌာန) အိန္ဒိယနိုင်ငံ BHOPAL မြို့၊ (MADHYA PRADESH ပြည်နယ်) ၌ ၁၉၇၄ ခုနှစ်မှ ၁၉၈၀ ခုနှစ်ထိနေထိုင်၊ ၁၉၈၀ ခုနှစ်တွင် ALL INDIA RADIO (AIR) ၌ ဘာသာပြန်/အသံလွှင့်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရတောင်းဆိုမှုကြောင့် အသံလွှင့်ခြင်းပိတ်ပင်ခံခဲ့ရသည်။ ၁၉၈၈ အရေးအခင်းကာလ အိန္ဒိယနိုင်ငံသို့တိမ်းရှောင်လာကြသူများ၏ စားဝတ်နေရေးများတာဝန်ယူခဲ့သည်။ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များကယ်ဆယ်ရေးမဟာမင်းကြီးရုံးမှ အထောက်အပံ့များရရှိရန်ပံ့ပိုးကူညီခဲ့သည်။ အိန္ဒိယနိုင်ငံနေရာအနှံ့ (အထူးသဖြင့် မြို့တော်ဒေလီ၊ ဘုံဘေ ယခုမွန်ဘိုင်း၊ ကာလကတ္တားမြို့များတွင် မြန်မာ့နိုင်ငံရေး အခြေအနေတင်ပြသည့် နှီးနှောဖလှယ်ပွဲများ စီစဥ်ကျင်းပပေးခဲ့သည်။ နယူးဒေလီမြို့ Foreign Language School တွင် အိန္ဒိယနိုင်ငံဝန်ထမ်းများအား မြန်မာစာနှင့်ဘာသာစကားသင်ကြားပေးခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် A.I.R အသံလွှင့်ဌာနမှ မိမိသဘောဆန္ဒအလျောက် အလုပ်ထွက်ခဲ့သည်။ တစ်ခါတစ်ရံအချိန်ပိုင်းဝင်လုပ်ပေး၊ ၂၀၀၀ ခုနှစ်မှစ၍ ရွှေကျင်မြို့၌ အခွင့်အရေးမခံစားရသော ကလေးသူငယ်များအတွက် အခမဲ့ကျောင်းနှင့် မိဘမဲ့ဂေဟာကို ကွယ်လွန်သူမိဘနှစ်ပါးကိုရည်စူး၍တည်ထောင်ခဲ့ပါသည်။ ၂၀၀၀ မှ ၂၀၀၃ ခုနှစ်အထိ နယူးဒေလီမြို့ရှိ NGO အဖွဲ့တစ်ခုနှင့်ပူးပေါင်း၍ အမျိုးသမီးဘဝမြှင့်တင်ရေး၊ ကလေးသူငယ်များစာတတ်မြောက်ရေးအတွက် ဆင်းရဲသားရပ်ကွက်များတွင်ပညာပေးသင်ကြားမှုများပြုလုပ်ခဲ့သည်။ ၂၀၀၃ ခုနှစ်ဇူလိုင်လတွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပြီး အင်္ဂလိပ်ဘာသာစကားသင်ကြားလိုသူများကို အကူအညီပေးခဲ့ပါသည်။ နောက်ပိုင်း မြသန်းသန်းနု အမည်ဖြင့် မျက်စေ့အကြောင်းသိကောင်းစရာစာအုပ် ဘာသာပြန်ထုတ်ဝေပြီးအချိန်မှစ၍ အိန္ဒိယအတွေ့အကြုံ အခြေခံဆောင်းပါးများရေးသားလျက်ရှိပြီး ၂၀၁၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တွင်အတွင်းရေးမှူးချုပ်အဖြစ်ဆောင်ရွက်ခဲ့ပါသည်။
ဥက္ကဋ္ဌကြီး ဦးသုဝေ ကွယ်လွန်ပြီးနောက် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါသည် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားရှိပြီး နိုင်ငံတစ်ဝန်းမသန်စွမ်းလူမျိုးဘာသာမရွေးကိုပံ့ပိုးကူညီထောက်ပံ့မှုများစွာပြုလုပ်ပေးနိုင်ခဲ့ပါသည်။ ယခု ပြန်လည်ဖွဲ့စည်းထားရှိသော ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

"ရည်မှန်းချက်ကြီးရမယ် ကိုယ်ကောင်းစားဖို့၊ အာဏာရဖို့မဟုတ်ပဲ၊ နိုင်ငံနှင့်လူမျိုးတိုးတက်ကြီးပွားကောင်းစားရေးအတွက် ရည်မှန်းချက်ကြီးကြီးဆောင်ရွက်နိုင်ကြပါစို့၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကောင်းစားတိုးတက်တာ မြင်ချင်သူချည်းပါပဲ၊ ခေတ်အဆက်ဆက်ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ကိုယ့်နိုင်ငံကိုယ့်လူမျိုး တိုးတက်ကောင်းစားတာမြင်လိုသူတွေဟာ ဘယ်သူမှမတိုက်တွန်းရပဲ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာချည်းဖြစ်ပါတယ်။ ဒါကြောင့်ရည်မှန်းချက်ကြီးကြီးနဲ့ ကျွန်မတို့နဲ့အတူတူ ပါဝင်လက်တွဲကြပါ"
ဒေါ်သန်းသန်းနု
ဥက္ကဋ္ဌ
ဒီမိုကရက်တစ်ပါတီ

10/04/2025
ဧပြီလ၉ရက်နေ့နံနက် ကုတင် ၅၀၀ အရိုးအကြောတပ်မတော်ဆေးရုံကြီးသို့ မန္တလေး ငလျင်ကြီးအတွက် သွေးလှူဒါန်းခြင်း။
10/04/2025

ဧပြီလ၉ရက်နေ့နံနက် ကုတင် ၅၀၀ အရိုးအကြောတပ်မတော်ဆေးရုံကြီးသို့ မန္တလေး ငလျင်ကြီးအတွက် သွေးလှူဒါန်းခြင်း။

ယနေ့နံနက်၁၀ နာရီ၃၀မိနစ် မှော်ဘီမြို့နယ်ဒီမိုကရက်တစ်ပါတီရုံးခွဲ ဖွင့်လှစ်ခဲ့ပါသည်။
29/08/2023

ယနေ့နံနက်၁၀ နာရီ၃၀မိနစ် မှော်ဘီမြို့နယ်ဒီမိုကရက်တစ်ပါတီရုံးခွဲ ဖွင့်လှစ်ခဲ့ပါသည်။

Address

Union Street
Yangon
11201

Alerts

Be the first to know and let us send you an email when Democratic Party - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Democratic Party - Myanmar:

Share