Phoo Pwint Sa

Phoo Pwint Sa Phoo Pwint Sa is a two‑year project boosting Myanmar’s CCI sectors through advocacy, incubation, seed funding, and specialised training.

Funded by the French Ministry for Europe and Foreign Affairs and implemented by the Institut français de Birmanie.

IFB Booth • ပြင်သစ်နိုင်ငံကထုတ်တဲ့ Game တွေကို အခမဲ့ လာရောက် ကစားကြည့်ပါ • ပြင်သစ်နိုင်ငံမှာ Esports/Video Game Major နဲ...
28/03/2026

IFB Booth

• ပြင်သစ်နိုင်ငံကထုတ်တဲ့ Game တွေကို အခမဲ့ လာရောက် ကစားကြည့်ပါ
• ပြင်သစ်နိုင်ငံမှာ Esports/Video Game Major နဲ့ ကျောင်းတက်ချင်တဲ့သူတွေ လာရောက်လေ့လာနိုင်ပါတယ်
• ဖူးပွင့်စ စီမံကိန်းကနေ Esports နဲ့ Video Game နယ်ပယ်တွေအတွက် ပံ့ပိုးပေးနေတဲ့ အကူအညီတွေကို လာရောက်ရယူပါ

ပြင်သစ်စာလေ့လာရင်း Gaming Experience တွေ ခံစားကြမယ်🎮

National Esports Championship 2026 ရဲ့ Main Event မှာ Institut Français de Birmanie (IFB) ရဲ့ Booth ကနေပြီးတော့ စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတွေ ရှိနေမယ်နော်။

IFB Booth မှာ ပြင်သစ်နိုင်ငံထုတ် နာမည်ကြီး Video Games တွေဖြစ်တဲ့ Northgard, Clair Obscur: Expedition 33, Dead Cells, Roboquest နဲ့ Have a Nice Death တို့ကို PlayStation, Gaming Laptop နဲ့ Tablets တွေမှာ စိတ်ကြိုက် ဆော့ကစားနိုင်မယ့် အခွင့်အရေးနဲ့အတူ

Booth ကို လာရောက်သူတွေအတွက် အမှတ်တရလက်ဆောင်လေးတွေကိုလည်း ပွဲတစ်လျှောက်လုံး ဝေမျှပေးသွားဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Esports နဲ့ Video Game Development ပိုင်းကို စိတ်ဝင်စားလို့ ပြင်သစ်နိုင်ငံမှာ သွားရောက်သင်ကြားလိုသူတွေအတွက် တက္ကသိုလ်တွေ၊ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာတိုင်ပင်နိုင်သလို ပြင်သစ်ဘာသာစကား သင်တန်းအချက်အလက်တွေကိုလည်း စုံစုံလင်လင် စုံစမ်းနိုင်မှာပါ။

လူငယ်တွေအတွက် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးနေတဲ့ Phoo Pwint Sa အစီအစဉ်ရဲ့ ရည်မှန်းချက်တွေနဲ့ နောင်မှာ ဘယ်လို ပါဝင်လှုပ်ရှားလို့ရမလဲဆိုတာကိုလည်း တစ်ခါတည်း မိတ်ဆက်ပေးသွားမှာဖြစ်လို့ Gaming Experience အသစ်တွေ ရယူရင်း အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေကို ရှာဖွေဖို့ March 28 နဲ့ 29 မှာ Thuwunna National Stadium က IFB Booth ကို လာခဲ့လိုက်ကြတော့နော်။

National Esports Championship

🗓Main Event Date - 28th, 29th March
🏟 Location -Thuwunna National Indoor Stadium 1

‼️FREE ENTRY‼️

Unite. Defy. Conquer.

ပြင်သစ်စာလေ့လာရင်း Gaming Experience တွေ ခံစားကြမယ်🎮National Esports Championship 2026 ရဲ့ Main Event မှာ Institut Franç...
28/03/2026

ပြင်သစ်စာလေ့လာရင်း Gaming Experience တွေ ခံစားကြမယ်🎮

National Esports Championship 2026 ရဲ့ Main Event မှာ Institut Français de Birmanie (IFB) ရဲ့ Booth ကနေပြီးတော့ စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတွေ ရှိနေမယ်နော်။

IFB Booth မှာ ပြင်သစ်နိုင်ငံထုတ် နာမည်ကြီး Video Games တွေဖြစ်တဲ့ Northgard, Clair Obscur: Expedition 33, Dead Cells, Roboquest နဲ့ Have a Nice Death တို့ကို PlayStation, Gaming Laptop နဲ့ Tablets တွေမှာ စိတ်ကြိုက် ဆော့ကစားနိုင်မယ့် အခွင့်အရေးနဲ့အတူ

Booth ကို လာရောက်သူတွေအတွက် အမှတ်တရလက်ဆောင်လေးတွေကိုလည်း ပွဲတစ်လျှောက်လုံး ဝေမျှပေးသွားဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Esports နဲ့ Video Game Development ပိုင်းကို စိတ်ဝင်စားလို့ ပြင်သစ်နိုင်ငံမှာ သွားရောက်သင်ကြားလိုသူတွေအတွက် တက္ကသိုလ်တွေ၊ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာတိုင်ပင်နိုင်သလို ပြင်သစ်ဘာသာစကား သင်တန်းအချက်အလက်တွေကိုလည်း စုံစုံလင်လင် စုံစမ်းနိုင်မှာပါ။

လူငယ်တွေအတွက် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးနေတဲ့ Phoo Pwint Sa အစီအစဉ်ရဲ့ ရည်မှန်းချက်တွေနဲ့ နောင်မှာ ဘယ်လို ပါဝင်လှုပ်ရှားလို့ရမလဲဆိုတာကိုလည်း တစ်ခါတည်း မိတ်ဆက်ပေးသွားမှာဖြစ်လို့ Gaming Experience အသစ်တွေ ရယူရင်း အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေကို ရှာဖွေဖို့ March 28 နဲ့ 29 မှာ Thuwunna National Stadium က IFB Booth ကို လာခဲ့လိုက်ကြတော့နော်။

National Esports Championship

🗓Main Event Date - 28th, 29th March
🏟 Location -Thuwunna National Indoor Stadium 1

‼️FREE ENTRY‼️

Unite. Defy. Conquer.

ဖူးပွင့်စ Incubation Programme ကနေ Fashion, Esports, Video Games နဲ့ Webtoon Creation နယ်ပယ်စုံက Finalists ၁၃ ဦးကို ဂုဏ်...
26/03/2026

ဖူးပွင့်စ Incubation Programme ကနေ Fashion, Esports, Video Games နဲ့ Webtoon Creation နယ်ပယ်စုံက Finalists ၁၃ ဦးကို ဂုဏ်ယူစွာ ရွေးချယ်ပြီးပါပြီ🚀

စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့ Finalist ရွေးချယ်မှုအဆင့်ဟာ အခုဆိုရင် အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။

ဒီပရိုဂရမ်အတွက် အရည်အချင်းရှိပြီး ထူးချွန်တဲ့ လျှောက်ထားသူ အမြောက်အမြားရှိခဲ့တာကြောင့် အကဲဖြတ်ကော်မတီကနေ အကောင်းဆုံးထဲက အကောင်းဆုံးတွေကို စိန်ခေါ်မှုအပြည့်နဲ့ ရွေးချယ်ခဲ့ပါတယ်။ လျှောက်ထားသူအသီးသီး တင်ပြလာတဲ့ အားကောင်းပြီး အလားအလာရှိတဲ့ လုပ်ငန်းတွေထဲကမှ Finalists (၁၃) ဦး ကို ရွေးချယ်ခဲ့ပါတယ်။

စိတ်ပါဝင်စားစွာနဲ့ အားသွန်ခွန်စိုက် လျှောက်ထားခဲ့ကြတဲ့ Creative နယ်ပယ်စုံက ပညာရှင်၊ လုပ်ငန်းရှင် တစ်ဦးချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ရွေးချယ်ခံရတဲ့ Finalists ၁၃ ဦးအနေနဲ့လည်း ရှေ့ဆက်မယ့် Incubation ခရီးစဉ်မှာ မြန်မာ့ဖန်တီးမှုစီးပွားရေးအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေနဲ့ အကျိုးပြုနိုင်မယ့် လုပ်ငန်းကောင်းတွေ ဖြစ်လာဖို့ Programme ကနေ ပံ့ပိုးမှုအမျိုးမျိုးကို ပေးအပ်သွားမှာဖြစ်ပါတယ်။
ဖူးပွင့်စ ရဲ့ ရှေ့ဆက်မယ့် လှုပ်ရှားမှုတွေကိုလည်း ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ ✨

[ENGLISH]

13 Finalists of the Phoo Pwint Sa Incubation Programme 🚀

We are pleased to announce that the selection process for the Phoo Pwint Sa Incubation Programme has now been completed.

We received a remarkably strong pool of applications this year. The high-quality profiles and promising projects we encountered made the final selection process particularly challenging for our committee. Due to the exceptional potential shown across the board, we have decided to select a total of 13 incubatees to move forward into the full incubation phase.

We would like to sincerely thank all participants for their time, effort, and interest in the programme. Every project reflected the immense talent within Myanmar’s cultural and creative sectors.

To our 13 finalists—congratulations! We look forward to supporting your journey as you transform your creative visions into sustainable businesses. 📈✨

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ဖန်တီးမှုဆိုင်ရာ နယ်ပယ်ကို အရှိန်အဟုန်မြှင့်တင်ပေးမယ့် "ဖူးပွင့်စ" Incubation Programme...
19/03/2026

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ဖန်တီးမှုဆိုင်ရာ နယ်ပယ်ကို အရှိန်အဟုန်မြှင့်တင်ပေးမယ့် "ဖူးပွင့်စ" Incubation Programme ဟာ ယခုဆိုရင် အားလုံးအတွက် စိတ်လှုပ်ရှားစရာ Finalist ရွေးချယ်မဲ့အဆင့်ကို ရောက်ရှိလို့နေပါပြီ။🚀

ဖက်ရှင်၊ Esports၊ ဗီဒီယိုဂိမ်းထုတ်လုပ်မှုနဲ့ Webtoon နယ်ပယ်အသီးသီးက တက်ကြွတဲ့ ဖန်တီးရှင်တွေဟာ သူတို့ရဲ့ ဝါသနာကို ရေရှည်တည်တံ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်ဖို့အတွက် အရေးပါတဲ့ လေ့ကျင့်မှုနဲ့ ရွေးချယ်မှုအဆင့်တွေကို ဖြတ်သန်းခဲ့ကြပါတယ်။

💡 ခရီးစဉ်ရဲ့ အစအဖြစ် မတ်လ ၄ ရက်နေ့မှာတော့ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) မှာ Pitch Training ဆန်ကာတင်ပါဝင်သူတွေကို Pitch Deck တည်ဆောက်ပုံကနေ စီးပွားရေးတန်ဖိုးကို ထိရောက်စွာ တင်ပြပုံတွေအထိ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကာ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

အထူးသဖြင့် မသန်စွမ်းဖန်တီးရှင်တစ်ဦးအတွက်ပါ Screen-reader သုံးလို့ရမယ့် သင်တန်းစာရွက်စာတမ်းတွေကို သီးသန့်စီစဉ်ပေးနိုင်ခဲ့ပြီး အားလုံးပါဝင်နိုင်မှုကို အလေးအနက်ထားဖော်ဆောင်ခဲ့ပါတယ်။

✨ ဒီလို စနစ်တကျ လေ့ကျင့်မှုတွေ ရရှိပြီးနောက်မှာတော့ မတ်လ ၁၁ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ နောက်ဆုံးအဆင့် Finalist 12 ဦးကို ရွေးချယ်သွားမဲ့ Selection Pitching Days တွေကို ဆက်လက်ကျင်းပခဲ့ပါတယ်။

ပါဝင်ယှဉ်ပြိုင်သူ ၂၈ ဦးဟာ ဒိုင်လူကြီးတွေရဲ့ ရှေ့မှောက်မှာ ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို စိတ်ဝင်စားဖွယ်ရာ တင်ပြခဲ့ကြပါတယ်။

✅ပြဿနာနဲ့ ဖြေရှင်းချက် ကိုက်ညီမှု ၊ စိတ်ကူးသစ်နဲ့ ဆန်းသစ်မှု၊ လက်တွေ့ဖြစ်နိုင်ခြေနဲ့ ရေရှည်တည်တံ့မှု၊ သင်ယူလိုစိတ်နဲ့ Pitching စွမ်းရည် စတဲ့ စံနှုန်းတွေအပေါ် မူတည်ပြီး အသေးစိတ် စိစစ်ခဲ့ကြသလို ပါဝင်သူတိုင်းရဲ့ လုပ်ငန်းတွေ ရှေ့ဆက်တိုးတက်ဖို့အတွက် အဖိုးတန်တဲ့ အကြံပြုချက်တွေကိုပါ ဝေမျှပေးခဲ့ကြပါတယ်။

🤝 ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ Trainer တွေ၊ နယ်ပယ်အသီးသီးက အတွေ့အကြုံရင့် ဒိုင်လူကြီးများနဲ့ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Candidates အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

🚀အခုဆိုရင် ယှဥ်ပြိုင်သူလုပ်ငန်းတွေထဲက Incubation Phase ကို တက်ရောက်ခွင့်ရမယ့် နောက်ဆုံး Finalists ၁၂ ဖွဲ့ကို ဂရုတစိုက် ရွေးချယ်နေပြီဖြစ်ပါတယ်။ ဖူးပွင့်စရဲ့ ရှေ့ဆက်မယ့် ခြေလှမ်းတွေကို အားပေးရင်း စွန့်ဦးတီထွင်အသိုက်အဝန်းကို အဖက်ဖက်က ပံ့ပိုးဖို့ ရည်ရွယ်လျက်ရှိတဲ့ ပရိုဂရမ်နဲ့ ပွဲအစီအစဥ်တွေကို ဆက်လက်စောင့်ကြည့်ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

[English]
The Phoo Pwint Sa Incubation Programme, dedicated to accelerating Myanmar’s cultural and creative sectors, has reached an exciting milestone in selecting its finalists. Passionate creators from the Fashion, Esports, Video Game production, and Webtoon sectors have undergone a series of rigorous training and selection phases to transform their creative visions into sustainable businesses. 🚀

💡 The journey began on March 4th at the Institut français de Birmanie (IFB) with an intensive Pitch Training workshop. Shortlisted participants were equipped with essential skills, ranging from structuring a professional pitch deck to effectively communicating their business value proposition through hands-on practical exercises.

Notably, the programme emphasized inclusivity by providing specialized screen-reader-accessible materials for a PWD participant, ensuring that the learning environment was accessible to all.

✨ Building on this foundational training, the Selection Pitching Days were held on March 11th and 13th to identify the 12 finalists who will enter the full incubation phase. During these sessions, 28 candidates presented their innovative ideas to a panel of expert judges.

✅Each project was carefully evaluated based on key criteria: Problem-Solution Fit, Idea & Innovation, Viability & Sustainability, and Coachability & Pitching Skills. Beyond the evaluation, the judges also shared invaluable insights and feedback to help every participant refine their future business growth.

🤝 We would like to extend our heartfelt gratitude to our dedicated trainers, our experienced panel of judges from diverse sectors, and all the candidates who participated with such passion and energy.

🚀Selection committee is currently in the final stages of selecting the 12 finalists who will move forward into the Incubation Phase. We invite you to stay tuned for the announcement and continue following our journey as we support and empower Myanmar’s entrepreneurial community through our upcoming programmes and events

Women’s Rights Day 2026[8 March 2026, Yangon]မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြု...
10/03/2026

Women’s Rights Day 2026
[8 March 2026, Yangon]

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်ယဥ်ကျေးမှုဌာနသည် အမျိုးသမီးအခွင့်အရေးနေ့ကို ပြင်သစ်ယဥ်ကျေးမှုဌာနရဲ့ဦးဆောင်းမှုနဲ့အတူ Game Maker Myanmar၊ Myanhwa တို့ နဲ့ အတူပူးပေါင်းပြီး အမျိုးသမီးများ၏အခွင့်အရေးနှင့်ဘ၀အတွေ့ကြုံများကို ဂုဏ်ပြုရင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ ဆန်းသစ်တီထွင်မှု အခွင့်အလမ်းများကို လမ်းဖွင့်ပေးဖို့ရည်ရွယ်ချက်ဖြင့် စီစဥ်ကျင်းပခဲ့ပါသည်။ ဤအစီအစဥ်ကို ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ရန်ပုံငွေပံ့ပိုးထားသော ဖူးပွင့်စ စီမံကိန်းမှ ပံ့ပိုးကူညီထားပါသည်။

ဖူးပွင့်စ စီမံကိန်းမှ တင်ဆက်သည့် ဂိမ်းဒီဇိုင်းဖန်တီးမှု Thuma Game Design ပြိုင်ပွဲ နှင့် Her Voice, Her Power ၀က်ဘ်တွန်းပြိုင်ပွဲ များ၊ ဂိမ်း နှင့် ၀က်ဘ်တွန်းလောကအတွင်းမှ အမျိုးသမီးများ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို အထူးပြုဟောပြောဆွေးနွေးခြင်း၊ ဆုပေးပွဲနှင့် ဆုကြေညာခြင်း နှင့် တက်ရောက်လာသည့် ပရိတ်သတ်များအတွက် Networking အစီအစဥ်၌ အချင်းချင်းရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခြင်းဖြင့် စီစဥ်ပြုလုပ်ခဲ့ပါသည်။

ဤအစီအစဥ်တွင် စိတ်အားတက်ကြွစွာ ပါ၀င်ယှဥ်ပြိုင်ခဲ့ကြသော အမျိုးသမီးများ၊ ဗီဒီယိုဂိမ်းနှင့်၀က်ဘ်တွန်းနယ်ပယ်များအတွက် အခွင့်အလမ်း၊ စိန်ခေါ်မှုများ နှင့် ၀င်ငွေရလမ်းကြောင်းများကို ‌‌ဟောပြောဆွေးနွေးပေးတဲ့ မသူ နဲ့ မသဲဦးသဇင်၊ ဒိုင်လူကြီးများအနေဖြင့် ပါ၀င်ကူညီပေးသူများ၊ ပွဲဖြစ်မြောက်ရေးအတွက်အဘက်ဘက်က ပါ၀င်အားဖြည့်ပေးသူများ အားလုံးကို ဖူးပွင့်စ စီမံကိန်း နှင့် ပြင်သစ်ယဥ်ကျေးမှုဌာနအဖွဲ့သားများက အထူးပင်ကျေးဇူးတင်ရှိပါသည်။

ပြင်သစ်ယဥ်ကျေးမှုဌာနရဲ့ ဦးဆောင်မှုနဲ့အတူ Myanhwa - မြန်ဟွာ တို့ပူးပေါင်းပြီး ပြုလုပ်နေတဲ့ International Women’s Day အထိ...
06/03/2026

ပြင်သစ်ယဥ်ကျေးမှုဌာနရဲ့ ဦးဆောင်မှုနဲ့အတူ Myanhwa - မြန်ဟွာ တို့ပူးပေါင်းပြီး ပြုလုပ်နေတဲ့ International Women’s Day အထိမ်းအမှတ်ပွဲ Her Voice, Her Power Webtoon ပြိုင်ပွဲရဲ့ Finalists (5) ဦး စာရင်းကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

Congratulations ပါ Finalists တို့ရေ ...

မြန်ဟွာ Team ဘက်ကနေ Finalists တွေကို Email ပို့ အကြောင်းကြားထားပြီးပြီ ဖြစ်တာကြောင့် လာမယ့် မတ်လ (၈) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အတူတူ ဆုံကြမယ်ဗျို့။


အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြ...
06/03/2026

အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆

မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်ယဉ်‌ကျေးမှုဌာနသည် အမျိုးသမီးအခွင့်အရေးနေ့ကို စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်ကို ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေပံ့ပိုးထားသော ဖူးပွင့်စ စီမံကိန်းရဲ့အစီအစဥ်အရ မိတ်ဖက်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်တင်ဆက်သွားမည် ဖြစ်ပါသည်။

အမျိုးသမီးများရဲ့ Her Voice, Her Power ဆိုတဲ့ ခေါင်းစဥ််အောက်ကနေ webtoon ဖန်တီးမှုပြိုင်ပွဲရှိမှာ ဖြစ်သလို Webtoon နယ်ပယ်အတွက် အထူးပြုဆွေးနွေးမှုကို Thee Oo Thazin (Thee Oo's Artvenue) ကနေ Women in Webtoons ခေါင်းစဥ်ဖြင့် ‌ေ၀မျှပေးသွားမှာ ဖြစ်ပါတယ်။

3:00 p.m. | ဟောပြောပွဲ ။ ။ ဝက်ဘ်တွန်းလောကအတွင်းမှ အမျိုးသမီးများ" (Thee Oo’s Artvenue က ဆွေးနွေးသွားပါမည်။)

အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆
နေရာ - ပြင်သစ်ယဉ်ကျေးမှုဌာန (IFB)
မည်သူမဆို အခမဲ့ ပါတက်ရောက်နိုင်ပါသည်။
နေ့ရက် - ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်

--------------
တနင်္ဂနွေနေ့၊ မတ်လ ၈ ရက် ၂၀၂၆ | ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ | 1:00 p.m. - 8:00 p.m.
Lann Sone (လမ်းဆုံ)
ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းမှ တင်ဆက်သည့် ဂိမ်းနှင့် ဝက်ဘ်တွန်း (Webtoon) ပြိုင်ပွဲ၊ ရွေးချယ်ခြင်း၊ ဆုချီးမြှင့်ခြင်း အစီအစဉ်များ
1:00 p.m. | စာရင်းပေးသွင်းခြင်း
1:30 p.m. | ဟောပြောပွဲ ။ ။ "ဂိမ်းလောကအတွင်းမှ အမျိုးသမီးများ" (မသူ (The Pine Studio) က အတွေ့အကြုံများ မျှဝေသွားပါမည်။)
2:00 p.m. | Thuma Game Design ပြိုင်ပွဲ ။ ။ ဂိမ်းဒီဇိုင်း ဖန်တီးမှုများ တင်ပြခြင်း (Pitching Session)
3:00 p.m. | ဟောပြောပွဲ ။ ။ ဝက်ဘ်တွန်းလောကအတွင်းမှ အမျိုးသမီးများ" (Thee Oo’s Artvenue က ဆွေးနွေးသွားပါမည်။)
3:30 p.m. | Her Voice, Her Power ဝက်ဘ်တွန်းပြိုင်ပွဲ ဖန်တီးမှုများ တင်ပြခြင်း (Pitching Session)
5:00 p.m. | ပြိုင်ပွဲကဏ္ဍများဆိုင်ရာ မှတ်ချက်ပြုခြင်း
5:10 p.m. | ဆုပေးပွဲ- ဂိမ်းနှင့် ဝက်ဘ်တွန်းပြိုင်ပွဲများ၏ ဆုရရှိသူများကို ကြေညာခြင်း (Thuma Game Design, Unique Game Design, and Her Voice, Her Power Webtoon Winner)
6:00 p.m. - 8:00 p.m. | Networking Party- ဖန်တီးရှင်များ၊ တက်ကြွလှုပ်ရှားသူများ အချင်းချင်း ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခြင်း

အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြ...
06/03/2026

အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆

မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်ယဉ်‌ကျေးမှုဌာနသည် အမျိုးသမီးအခွင့်အရေးနေ့ကို စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်ကို ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေပံ့ပိုးထားသော ဖူးပွင့်စ စီမံကိန်းရဲ့အစီအစဥ်အရ မိတ်ဖက်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်တင်ဆက်သွားမည် ဖြစ်ပါသည်။

အမျိုးသမီးများရဲ့ Thuma Game Design ဖန်တီးမှု ပြိုင်ပွဲရှိမှာ ဖြစ်သလို Video Game နယ်ပယ်အတွက် အထူးပြုဆွေးနွေးမှုကို The Pine Studio ရဲ့ Project Director တစ်ဦးဖြစ်တဲ့ Ms. Thu ကနေ Women in Game ခေါင်းစဥ်ဖြင့် ‌ေ၀မျှသွားမှာ ဖြစ်ပါတယ်။

1:30 p.m. | ဟောပြောပွဲ ။ ။ "ဂိမ်းလောကအတွင်းမှ အမျိုးသမီးများ" (မသူ (The Pine Studio) က အတွေ့အကြုံများ မျှဝေသွားပါမည်။)

အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆
နေရာ - ပြင်သစ်ယဉ်ကျေးမှုဌာန (IFB)
မည်သူမဆို အခမဲ့ ပါတက်ရောက်နိုင်ပါသည်။
နေ့ရက် - ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်

--------------
တနင်္ဂနွေနေ့၊ မတ်လ ၈ ရက် ၂၀၂၆ | ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ | 1:00 p.m. - 8:00 p.m.
Lann Sone (လမ်းဆုံ)
ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းမှ တင်ဆက်သည့် ဂိမ်းနှင့် ဝက်ဘ်တွန်း (Webtoon) ပြိုင်ပွဲ၊ ရွေးချယ်ခြင်း၊ ဆုချီးမြှင့်ခြင်း အစီအစဉ်များ
1:00 p.m. | စာရင်းပေးသွင်းခြင်း
1:30 p.m. | ဟောပြောပွဲ ။ ။ "ဂိမ်းလောကအတွင်းမှ အမျိုးသမီးများ" (မသူ (The Pine Studio) က အတွေ့အကြုံများ မျှဝေသွားပါမည်။)
2:00 p.m. | Thuma Game Design ပြိုင်ပွဲ ။ ။ ဂိမ်းဒီဇိုင်း ဖန်တီးမှုများ တင်ပြခြင်း (Pitching Session)
3:00 p.m. | ဟောပြောပွဲ ။ ။ ဝက်ဘ်တွန်းလောကအတွင်းမှ အမျိုးသမီးများ" (Thee Oo’s Artvenue က ဆွေးနွေးသွားပါမည်။)
3:30 p.m. | Her Voice, Her Power ဝက်ဘ်တွန်းပြိုင်ပွဲ ဖန်တီးမှုများ တင်ပြခြင်း (Pitching Session)
5:00 p.m. | ပြိုင်ပွဲကဏ္ဍများဆိုင်ရာ မှတ်ချက်ပြုခြင်း
5:10 p.m. | ဆုပေးပွဲ- ဂိမ်းနှင့် ဝက်ဘ်တွန်းပြိုင်ပွဲများ၏ ဆုရရှိသူများကို ကြေညာခြင်း (Thuma Game Design, Unique Game Design, and Her Voice, Her Power Webtoon Winner)
6:00 p.m. - 8:00 p.m. | Networking Party- ဖန်တီးရှင်များ၊ တက်ကြွလှုပ်ရှားသူများ အချင်းချင်း ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခြင်း

Women’s Rights Day March 8, 2026 | 1-6 PM
06/03/2026

Women’s Rights Day
March 8, 2026 | 1-6 PM

မြန်မာ့ပထမဆုံးဂိမ်းဒီဇိုင်းပြိုင်ပွဲကြီးကို နည်းပညာစိတ်ဝင်းစားသူတိုင်း တက်ရောက်ဖို့အတွက် ဖိတ်ခေါ်ပါရစေ...💁

မြန်မာနိုင်ငံရဲ့ ဂိမ်းလောကမှာ အမျိုးသမီးဖန်တီးရှင်တွေ ပိုမိုပေါ်ထွက်လာစေဖို့နဲ့ နည်းပညာကို စိတ်အားထက်သန်တဲ့အမျိုးသမီးလူငယ်တို့ရဲ့ အရည်အချင်းတွေကို ကမ္ဘာကသိအောင် ချပြနိုင်ဖို့အတွက် ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ရန်ပုံငွေပံ့ပိုးထားသော ဖူးပွင့်စစီမံကိန်းရဲ့ အစီအစဥ်အားဖြင့်၊ ပြင်သစ်ယဥ်ကျေးမှုဌာနရဲ့ ဦးဆောင်မှုတို့ နဲ့အတူ ယူဆောင်လာတဲ့ အခွင့်အလမ်းကတော့ International Women's Day အထိမ်းအမှတ်အဖြစ် "𝐓𝐡𝐮𝐦𝐚 𝐆𝐚𝐦𝐞 𝐃𝐞𝐬𝐢𝐠𝐧 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧" ကို လာမယ့် March (8) ရက်နေ့မှာ Game Makers Myanmar ကနေပြီး ပြင်သစ်ယဉ်ကျေးမှုဌာန(IFB) နဲ့အတူ ပူးပေါင်းပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ ဂိမ်းဖန်တီးဖို့ ဝါသနာပါပေမယ့် အခွင့်အလမ်းတွေနည်းနေတဲ့လူငယ်အမျိုးသမီးလေးတွေအတွက် အထူးသီးသန့်ရည်ရွယ်ထားတာဖြစ်ပြီးတော့ ဒီလူငယ်အမျိုးသမီးများရဲ့ ဆန်းသစ်တဲ့ Idea တွေကို လက်တွေ့အကောင်အထည်ဖော်ပြီးချပြမယ့်ပွဲလေးပဲဖြစ်ပါတယ်။

ဒါကြောင့် နည်းပညာကို စိတ်ဝင်စားတဲ့လူတိုင်း မည်သူမဆို ဒီဂိမ်းဒီဇိုင်းပြိုင်ပွဲကြီးကို အခမဲ့ တက်ရောက်လာပြီး ဒီပွဲမှာပြိုင်ပွဲဝင်ထားတဲ့လူငယ်အမျိုးသမီးလေးများရဲ့ကိုယ်တိုင်ဖန်တီးမှုလက်ရာများကို လာရောက်ကြည့်ရှုခံစားဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။ 💁

☑️ Event Information Details:
🎯 March 6: Game Project နောက်ဆုံးတင်ရမည့်ရက် (Submission Deadline)
🎯 March 8 (International Women's Day): ပြိုင်ပွဲကျင်းပခြင်း၊ အကဲဖြတ်ခြင်း နှင့် ဆုပေးပွဲအခမ်းအနား

📌 Date, Time & Venue Location:
🏢 နေရာ: ပြင်သစ်ယဉ်ကျေးမှုဌာန (IFB)
🗺 လိပ်စာ: အမှတ် ၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။
🗓 နေ့ရက်: March 8 ရက်၊ 2026(တနင်္ဂနွေနေ့)
⏰ အချိန်: နေ့လယ် 12:30 PM မှ ညနေ 6:00 PM အထိ

🤝 Sponsorship & Partnership:

လုပ်ငန်းရှင်များအနေနဲ့လည်း Diamond, Platinum နဲ့ Gold Tier (3) မျိုးဖြင့် ပူးပေါင်းကာ ပါဝင်အားဖြည့်နိုင်သလို Women Empowerment ကိုလည်း အားပေးထောက်ပံ့တဲ့ Brand တစ်ခုအဖြစ် Game Makers Myanmar ရဲ့ Social Media Platform များမှာ ပြန်လည်ဖော်ပြခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ်။

Game Developer တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ 3D Art နဲ့ Game Development ပညာရပ်တွေကို စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့ Game Makers Myanmar မှာ သင်တန်းတွေ ဖွင့်လှစ်ထားပါတယ်။ သင်တန်းနဲ့ပတ်သတ်ပြီး အသေးစိတ်ကို သိချင်ရင်တော့ Page Messenger ကနေတစ်ဆင့် လာရောက်စုံစမ်းနိုင်ပါတယ်။

အမျိုးသမီး Artists တွေအတွက် ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေပံ့ပိုးထားသော Phoo Pwint Sa စီမ...
05/03/2026

အမျိုးသမီး Artists တွေအတွက် ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေပံ့ပိုးထားသော Phoo Pwint Sa စီမံကိန်းရဲ့ အစီအစဥ်အရ၊ ပြင်သစ်ယဥ်ကျေးမှုဌာနရဲ့ ဦးဆောင်မှုတို့ နဲ့အတူ Myanhwa - မြန်ဟွာ တို့ပူးပေါင်းပြီး ပြုလုပ်နေတဲ့ ...

International Women’s Day ကို ကိုယ်စားပြုထားတဲ့ Her Voice, Her Power ဆိုတဲ့ Webtoon ပြိုင်ပွဲရဲ့ Judges တွေကတော့ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပုံတစ်ပုံချင်းစီကို ထောက်ပြီး ဖိကြည့်ပေးပါဦး။


Women's Rights Day 2026Full Programme 🇲🇲 အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ...
05/03/2026

Women's Rights Day 2026
Full Programme

🇲🇲 အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၆

မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်ယဉ်‌ကျေးမှုဌာနသည် အမျိုးသမီးအခွင့်အရေးနေ့ကို စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ပံ့ပိုးကူညီပေးထားပြီး မိတ်ဖက်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်တင်ဆက်သွားမည် ဖြစ်ပါသည်။

📅 တနင်္ဂနွေနေ့၊ မတ်လ ၈ ရက် ၂၀၂၆ | ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ | 1:00 p.m. - 8:00 p.m.

📍 Lann Sone (လမ်းဆုံ)
ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းမှ တင်ဆက်သည့် ဂိမ်းနှင့် ဝက်ဘ်တွန်း (Webtoon) ပြိုင်ပွဲ၊ ရွေးချယ်ခြင်း၊ ဆုချီးမြှင့်ခြင်း အစီအစဉ်များ

▪️ 1:00 p.m. | စာရင်းပေးသွင်းခြင်း

▪️ 1:30 p.m. | ဟောပြောပွဲ ။ ။ "ဂိမ်းလောကအတွင်းမှ အမျိုးသမီးများ" (မသူ (The Pine Studio) က အတွေ့အကြုံများ မျှဝေသွားပါမည်။)

▪️ 2:00 p.m. | Thuma Game Design ပြိုင်ပွဲ ။ ။ ဂိမ်းဒီဇိုင်း ဖန်တီးမှုများ တင်ပြခြင်း (Pitching Session)

▪️ 3:00 p.m. | ဟောပြောပွဲ ။ ။ ဝက်ဘ်တွန်းလောကအတွင်းမှ အမျိုးသမီးများ" (Thee Oo’s Artvenue က ဆွေးနွေးသွားပါမည်။)

▪️ 3:30 p.m. | Her Voice, Her Power ဝက်ဘ်တွန်းပြိုင်ပွဲ ဖန်တီးမှုများ တင်ပြခြင်း (Pitching Session)

▪️ 5:00 p.m. | ပြိုင်ပွဲကဏ္ဍများဆိုင်ရာ မှတ်ချက်ပြုခြင်း

▪️ 5:10 p.m. | ဆုပေးပွဲ- ဂိမ်းနှင့် ဝက်ဘ်တွန်းပြိုင်ပွဲများ၏ ဆုရရှိသူများကို ကြေညာခြင်း (Thuma Game Design, Unique Game Design, and Her Voice, Her Power Webtoon Winner)

▪️ 6:00 p.m. - 8:00 p.m. | Networking Party- ဖန်တီးရှင်များ၊ တက်ကြွလှုပ်ရှားသူများ အချင်းချင်း ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခြင်း

-----

📅 SUNDAY 8 MARCH 2026 | DIGITAL INNOVATION & ENTREPRENEURSHIP
▪️ 1:00 p.m. - 8:00 p.m.
▪️ FREE ENTRY & PARTICIPATION

📍 Lann Sone
Pitching & Awarding Ceremony for Game Development and Webtoon contests, brought to you by Phoo Pwint Sa Project

▪️ 1:00 p.m. | Registration

▪️ 1:30 p.m. | Special Talk: “Women in Games,” sharing insight and inspiring the new generation, by Ms. Thu (The Pine Studio)

▪️ 2:00 p.m. | Thuma Game Design Competition: live pitching session in collaboration with Game Makers Myanmar

▪️ 3:00 p.m. | Special Talk: “Women in Webtoons,” women opportunities and challenges in the Myanmar Webtoon field, by Thee Oo Thazin (Thee Oo’s Artvenue)

▪️ 3:30 p.m. | Her Voice, Her Power Webtoon Competition: live pitching session in collaboration with Myanhwa

▪️ 5:00 p.m. | Closing Remarks

▪️ 5:10 p.m. | Awards & Winner Announcements: celebrating the best in Game Design and Webtoons (Thuma Game Design, Unique Game Design, and Her Voice, Her Power Webtoon Winner)

▪️ 6:00 p.m. - 8:00 p.m. | Networking Party: connect with creators and activities

Address

340, Pyay Road, Sanchaung Township
Yangon
11111

Opening Hours

Monday 08:30 - 12:30
13:30 - 17:00
Tuesday 08:30 - 12:30
13:30 - 17:00
Wednesday 08:30 - 12:30
13:30 - 17:00
Thursday 08:30 - 12:30
13:30 - 17:00
Friday 08:30 - 12:30
13:30 - 17:00

Alerts

Be the first to know and let us send you an email when Phoo Pwint Sa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share