YE-U Urban Guerrilla

YE-U Urban  Guerrilla YE-U Urban Guerrilla(YUG)ရေဦးမြို့ပြပြောက်ကျားအဖွဲ့

13/09/2022

ယခု YE-U Urban Guerrilla page
အား အကြောင်းတစ်စုံတစ်ခုကြောင့်
အသုံးပြုတော့မည်မဟုတ်ကြောင်း
မိဘပြည်သူများကို အသိပေးအပ်ပါသည်။
အောက်ပါ 👇👇👇ချပေးတာသော link
page ကိုသာအသုံးပြုသွားပါမည်။

https://www.facebook.com/YEU-Urban-Guerrilla-101131716087538/

မဂ်လာပါဗျရေဦးမြို့‌ကာကွယ်ရေးတပ်ဖွ?

10/08/2022

ရေဦးမြို့နယ်၊ ချမ်းသာရွာကို
စခများစစ်ကြောင်းထိုးပီး
8:20မိနစ်ခန့်တွင် လေယာဥ်ဖြင့်
လာရောက် ရမ်းသမ်းပစ်ခတ်

20/07/2022

20.7.2022နေ့ည 11:30အချိန်တွင်
ရေဦး ခွေးခြံမှ၊ စခများ
ကားလေးစီးဖြင့်ထွက်လာပီး
သံသည်ရွာသို့ရောက်ရှိလာ၍
ဘေးပတ်ပတ်လည်သို့
လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပါသဖြင့်
အများပြည်သူများ သတိထား
တိမ်းရှောင်ကြပါရန် အသိပေးအပ်ပါသည်

13/07/2022

ရေဦးမြို့နယ် ၊ တူမောင်းကျေးရွာ မှန်ကင်းကျောင်းတွင် စခ အင်အား ၁၀၀ကျော်ခန့်နှင့်
ဓားစာခံ၅၀ ဝန်းကျင်ရောက်ရှိနေကြောင်း
ဒေသခံများထံမှ သတင်းရရှိ

13/07/2022

ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာကို
စခများ မီးရှို့ဖျက်ဆီသွားပီး
11:30ဝန်းကျင်မှာ ဝက်သဲကျေးရွာသို့ ဝင်ရောက်ဖျက်ဆီးသွားပါတယ်။
မီးမောင်းကုန်းကျေးရွာ မှ
အသက် 90ကျော် အဘွားတစ်ဦးအား
စစ်ခွေးများမှ မီးရှို့ သတ်ဖြတ်သွားပါတယ်။
ပြည်သူများ အိမ်ခြေ60 ခန့် ပျက်ဆီး ဆုံးရှုံးခဲ့ရပါတယ်။

နောက်ချန် ကင်းများရှိနိုင်သဖြင့် ပြည်သူများ သတိထားပီး နေထိုင်ဆင်ခြင်စေချင်ပါတယ်

12/07/2022

ရေဦးမြို့နယ် မီးမောင်းကုန်းကျေးရွာအနီး
3:00pm ဝန်းကျင်အချိန်တွင်
စစ်ခွေးများကင်းရှည်နဲ့
ပြည်သူ့တော်လှန်ရေးအဖွဲ့များကင်းရှည်တွေ့ဆုံတိုက်ပွဲ ၁၀မိနစ်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ
စစ်ခွေးနှစ််ကောင်သေ၊ သုံးကောင်ဒဏ်ရာရရှိကြောင်းခန်းမှန်းရရှိပါသည်။
ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသော
Special Attacking Force (Upper Burma)အဖွဲ့၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့၊ရေဦးမြိုပြပြောက်ကျား( YUG)အဖွဲ့၊ တန့်ဆည်ရွှေဘိုတပ်ရင်း(10)နှင့် ညီနောင်အဖွဲ့၊
ဒေသခံပြည်သူ့တော်လှန်ရေးအဖွဲများဘေးကင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်။

ရေဦးမြို့နယ် ပ.က.ဖ လက်အောက်ခံ
YEU URBAN GUERRILLA (Y.U.G) ရေဦးမြို့ပြ ပြောက်ကျားအဖွဲ့

08/07/2022

𝓑𝓻𝓮𝓪𝓴𝓲𝓷𝓰 𝓝𝓮𝔀𝓼 ရေဦးမြို့နယ်-8.July.2022
9:30Pm
ယနေ့ညနေပိုင်း စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်မြောက်ဘက်ခြမ်းရှိ စည်သာမြေရွာ နှင့် အင်ပုထိုးရွာတွေဘက်ကို အကြမ်းဖက်စစ်ကောင်စီမှ ဝေဟင်အသုံးပြုကာ ရဟတ်ယာဉ် ၄စီးဖြင့် ၂ကြိမ်တိုင်တိုင် နမခ,ခွေးခြံကနေ လာရောက်ပစ်ခတ်ခဲ့ပြီး ၊ ၎င်းကျေးရွာများအနီးတွင်လည်း ရဟတ်ယာဉ် ၂စင်းဖြင့် ခွေးများချထားခဲ့ကာ ၊ ယခုညပိုင်း ထိုစစ်ခွေးများဟာ စည်သာမြေရွာ နှင့် ကူဖြူရွာတွေကို မီးတင်ရှို့နေကြပြီး လက်နက်ကြီးဖြင့်လည်း ဘေးပတ်ချာလည်ကို ရမ်းသမ်းထုနေကြကြောင်း သိရှိရပါတယ်ဗျ ။

08/07/2022

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလျှက်ရှိသော ရာဇဝတ်ကောင်မင်းအောင်လှိုင်ကျွန်များ ပျံကျကျေးရွာကို မီးရှို့ဖျက်ဆီးပြီး --
ယခုအခါ နဘဲလှ ကျေးရွာသို့ ဝင်ရောက်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။

ပျံကျကျေးရွာအတွင်း နေအိမ် (၂၀) မီးလောင်ဆုံးရှုံးခဲ့ရပြီး
ကျေးရွာတာဝန်ခံများနဲ့ ချိတ်ဆက်အတည်ပြုစာရင်း‌ထုတ်ပြန်ပါမယ်ခင်ဗျာ။

ဒီပဲယင်းမြို့နယ်အတွင်း ယခင် ကျေးရွာ (၂၂)ရွာ အိမ်ခြေ (၅၃၄)အိမ်မီးရှို့ဖျက်ဆီးခံရမှုစာရင်းအား ကောက်ယူနိုင်ခဲ့ပါတယ်။

ကျေးရွာ (၁၇) ရွာ နေအိမ် (၄၃၆)အိမ်အား တစ်အိမ် (၃၀၀၀၀)ကျပ်နှုံးဖြင့် အကူအညီပေးခဲ့ပြီးဖြစ်ကာ ---
ကျေးရွာ (၅)ရွာ နေအိမ် (၁၈၈) အိမ်အား ဆက်လက်ကူညီနိုင်ရေးအတွက် ငွေကြေးနည်းပါးမှုကြောင့် အကူညီ‌မပေးနိုင်သေးပါ။

ဆက်လက် ကူညီနိုင်ရေး ကြိုးစားလျှက်ရှိပါတယ်ခင်ဗျာ။

မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများအား တတ်နိုင်သမျှ လူသားချင်းစာနာမှု အကူညီ‌များ ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ဒီပဲယင်းမြို့နယ်ညီနောင်များ (၈-၇-၂၀၂၂)

08/07/2022

8.7.2022
4:45 pm
ရေဦးမြို့နယ် စည်သာမြေကျေးရွာအနီး
ဖလံဂုဏ် နှင့် ကူဖြူ ကျေးရွာကြား
MI 35 နှင့်ထပ်မံလာရောက် ပစ်ခတ်နေကြောင်းသိရ

08/07/2022

ရေဦး

ရေဦးမြို့ တိုင်းရင်းဆေးရုံခွေးခြံမှကားကြီး ၂ စီးပြန်ထွက်ပြီး ရေဦးမြို့မြောက်ဘက်အထွက် ရွာသစ်ကျေးရွာနားအင်းအားချပြီး ကား ၂ စီးမြို့ထဲပြန် ဝင်
စစ်ခွေးများခြေလျှင်စစ်ကြောင်းထိုးတာ အခုလက်ရှိ နွားပေါင်ကျေးရွာနားရောက်ရှိနေပါပြီ
July 8, 4:19 PM

08/07/2022

4:30PM
နမခ မှ ဂျက်fighter တစီးမြောက်အရပ်သို့ဦးတည်လာကြောင်းသိရှိရ

08/07/2022

8.7.2022
4:20 pm

ရေဦးမြို့နယ်စည်သာမြေ
ကျေးရွာအတွင်းပုဇဉ်းဖြင့်လာရောက်ချသွားသောစစ်ခွေးများမှ စခန်းချနေထိုင်ပြီး
အနီးပတ်ဝန်းကျင် သို့၊ လက်နက်ကြီးများဖြင့် ရမ်းသ​မ်းပစ်ခတ်နေဟု သိရ
အနီးပတ်ဝန်းကျင်ရှိကျေးရွာများ
သတိပြုနေထိုင်ကြပါရန်

Address

Ye-U

Website

Alerts

Be the first to know and let us send you an email when YE-U Urban Guerrilla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category