တရားဓမ္မစာပေ

တရားဓမ္မစာပေ Knowledge

20/07/2026

#၃၈ဖြာမင်္ဂလာတရားတော်များ #သည်းခံရေးမင်္ဂလာ
#တရားဓမ္မစာပေ

19/07/2026

#၃၈ဖြာမင်္ဂလာတရားတော်များ #ရှောင်ကြဉ်ရေးမင်္ဂလာ
#တရားဓမ္မစာပေ

18/07/2026

#၃၈ဖြာမင်္ဂလာတရားတော်များ #ပြုစုရေးမင်္ဂလာ

#တရားဓမ္မစာပေ

အကယ်၍  အသက်ရှည်ရှည် နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့ .....အိုမင်းမစွမ်းလို့ ဘယ်သူကမှကူမထမ်းချင်တဲ့ အရွယ်အနေအထားထိလည်း အသက်အိုးအိ...
17/07/2026

အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့ .....

အိုမင်းမစွမ်းလို့ ဘယ်သူကမှ
ကူမထမ်းချင်တဲ့
အရွယ်အနေအထားထိလည်း
အသက်အိုးအိမ်ခန္ဓာကို မရှည်လိုပါဘူး .....

သြကာသ ကန်တော့ချိုးနဲ့
ငါးပါးသီလကို ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရွတ်ဆိုရှိခိုးနိုင်တဲ့ အရွယ်အစားထိပဲ
နေသွားချင်တယ် .....

ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ဆွမ်းတော် ပန်းတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရေတော် မီးတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
ခူးခပ်စားနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
အိပ်ရာပြင်အိပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေအိမ်တက်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေခပ်ချိုးနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

အိုမင်းမစွမ်းဖြစ်သွားလို့ဆိုပြီး
တစ်ဦးတစ်ယောက်ရဲ့
ပမာမခန့်ပြုတာမျိုးကို မခံချင်သလို
တစ်ဦးတစ်ယောက်ရဲ့
ငြိုငြင်ပြစ်တင်တာမျိုးကိုလည်း မခံချင်ဘူး.....

ကိုယ့်ကြောင့်
ဘယ်ကလေးသူငယ်တွေကိုမှ
အပြစ်မဖြစ်စေချင်သလို
ဘယ်ကလေးသူငယ်ကြောင့်မှလည်း
ကိုယ်ဟာ အပြစ်အဖြစ်မခံနိုင်ဘူး.....

ကိုယ့်ချေးဝတ် သေးဝတ်တွေကို
ဘယ်သူ့ကိုမှ မလျှော်ဖွပ်စေချင်လို့
ချေးလွတ်သေးလွတ်နဲ့ သတိမလွတ်သေးတဲ့
အရွယ်အစားလောက်ပဲ နေသွားချင်တယ် .....

အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင့်ပေါ့....

ရတနာသုံးပါးကို ရတနာသုံးပါးလို့
အသိအမှတ်ပြုနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ်.....

အသိသတိလွတ်ပြီး
ရင်ထဲမှာ ဘုရားတရားမရှိ
ကိုယ်ခန္ဓာမှာ ဘာအဝတ်အစားမှ
မရှိတဲ့အထိတော့ နေမသွားချင်ဘူး .....

ကိုယ်မှီခိုရမယ့်
ပတ်ဝန်းကျင်ကို အားနာတယ်
ကိုယ့်ကြောင့် သူတို့
မနိုင်မနင်းဖြစ်ရှာမှာစိုးတယ်။

Crd: ဘဝရဲ့ခရီးသည်

17/07/2026

#၃၈ဖြာမင်္ဂလာတရားတော်များ #နေထိုင်ရေးမင်္ဂလာ

16/07/2026

#၃၈ဖြာမင်္ဂလာတရား
#စိတ်ဓာတ်ခိုင်ခံ့ရေးမင်္ဂလာ

 #ဖားအောက်တောရစာသင်တိုက်ရဲ့တစ်နိုင်ငံလုံးအသက်အငယ်ဆုံးဝိနယဝိဒူဘွဲ့ရအရှင်မြတ်🙏၁၃၈၈ (၂၀၂၆) ခုနှစ် (၃၂) ကြိမ်မြောက် နိကာယ်စာ...
15/07/2026

#ဖားအောက်တောရစာသင်တိုက်ရဲ့တစ်နိုင်ငံလုံးအသက်အငယ်ဆုံးဝိနယဝိဒူဘွဲ့ရအရှင်မြတ်

🙏၁၃၈၈ (၂၀၂၆) ခုနှစ် (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲ ဝိနယဝိဒူ တစ်နိုင်ငံလုံး အသက်အငယ်ဆုံးအရှင်🙏

၁၃၈၈ (၂၀၂၆) ခုနှစ် (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲ အုပ်စု (၁) ခုဒ္ဒကနိကာယ(ဝိနယပိဋက)ဝိနည်းငါးကျမ်း ဝိနယဝိဒူဘွဲ့ရ တစ်နိုင်ငံလုံး အသက်အငယ်ဆုံး အရှင်မြတ် ရှင်ပညာဗလ (အသက် ၁၄ နှစ်)၊ ဖားအောက်တောရစာသင်တိုက်(ထောက်ကြန့်) မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီး

#တရားဓမ္မစာပေ မှ ဂုဏ်ယူစွာဖြင့် ပူဇော်ပါသည်။

🙏🙏🙏

15/07/2026

#မြတ်ဗုဒ္ဓနှင့်ချစ်သားရာဟုလာ

#တရားဓမ္မစာပေ

ငါ့မှာ ဒုက္ခဆိုတဲ့ အဆိုးလည်းရှိတယ်။ကိလေသာဆိုတဲ့ အဆိုးလည်းရှိတယ်။ဒုက္ခကိုတော့ ရှောင်လို့မရပါဘူးကိလေသာဆိုတာကတော့ ရှောင်လို...
07/07/2026

ငါ့မှာ
ဒုက္ခဆိုတဲ့
အဆိုးလည်းရှိတယ်။
ကိလေသာဆိုတဲ့
အဆိုးလည်းရှိတယ်။

ဒုက္ခကိုတော့ ရှောင်လို့မရပါဘူး
ကိလေသာဆိုတာကတော့ ရှောင်လို့ရပါတယ်။

ကိလေသာဆိုတဲ့အဆိုးကို ရှောင်တိမ်းလိုက်တာနဲ့
ဒုက္ခဆိုတဲ့အဆိုးဟာ ဥာဏ်အောက်ကိုရောက်သွားတယ်ဗျ။ဥာဏ်ကသူ့ကို အနိုင်ယူသွားတယ်ဗျ။

ဒါ့ကြောင့် ကိလေသာကိုအရင်ဆုံးနိုင်ယူပါ။
ပြီးတော့မှ ဒုက္ခကိုတစတစအနိုင်ယူပါ။

အဲ့တာတွေကို အနိုင်ယူနိုင်တာနဲ့
အကောင်းဆုံးတွေကလည်း တစတစရရှိလာမှာဖြစ်တယ်။အကောင်းဆုံးတွေ ရရှိလာတာနဲ့တပြိုင်နက်ထဲ အဆိုးဆုံးတွေကိုလည်း နိုင်နိုင်သွားမှာ။

(ယောဆရာတော်ဘုရားကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏

#ဓမ္မဒါနမျှဝေပူဇော်ပါသည်
#တရားဓမ္မစာပေ

 #သေသူကိုသတိရတဲ့အခါ၁။ ဘုရားရွိခိုးပါ နေမာ တဿ ဘဂဝေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓဿ လို့ စိတ်ထဲကနေ ရွတ်ဆိုပြီး ဘုရားရှိခိုးလိုက်ပါ...
07/07/2026

#သေသူကိုသတိရတဲ့အခါ

၁။ ဘုရားရွိခိုးပါ
နေမာ တဿ ဘဂဝေတာ
အရဟေတာ သမ္မာသမ္ဗုဒ္ဓဿ လို့
စိတ်ထဲကနေ ရွတ်ဆိုပြီး ဘုရားရှိခိုးလိုက်ပါ..။

၂။ #ဂုဏ်တော်ပွားပါ
ဂုဏ်တော်(၉)ပါးထဲက ကိုယ်နှစ်သက်ရာ
တစ္ခုခုကို ပွားလို့လည်း ရပါတယ်..။

တျခား ဂုဏ်တော်ပွားဖို့ ခက်ခဲနေရင်
အရဟံဂုဏ်တော်ကိုပဲ ပွားလိုက်ပါ..။

အရဟံ- ပူဇော်အထူးကို
ခံယူတော်မူသော မြတ်စွာဘုရား၊
အရဟံ - ကိလေသာ ကင်းစင်တော်မူသော
မြတ်စွာဘုရား
အရဟံ- ဆိတ်ကွယ်ရာအရပ်၌ပင်
မကောင်းမှုကို ပြုတော်မမူသော
မြတ်စွာဘုရားလို့ ပွားလို့ ရပါတယ်။
အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့ အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့
သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက္ကေလးပါပဲ..။

၃။ #မေတ္တာပို့ပါ
ကိုယ့်ပို့နေကျ မေတ္တာပို့ ဒါမှမဟုတ်
မေတ္တာသုတ်တော်လာ မေတ္တာပို့
အကုန်မရရင်တောင်
လုံးစုံမ်ားစြာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ..။

ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ..လို့ ရွတ်ဆိုပြီး မေတ္တာပို့လိုက်ပါ..။
ဒါဆို အချိန်ခဏလေးအတွင်းမှာပဲ
ကုသိုလ်တွေ အများကြီးရလာပါပြီ
ယခုလိုရလာတဲ့ ကုသိုလ်တွေကို အမျှဝေပေးပါ

၄။ #အမျှဝေပါ
ယခုပြုလုပ်ရသော
ကုသိုလ်ကံစေတနာ အကြှနျုပျသိတတျခြိနျမှ
စ၍ ယနေ့အချိန်ထိ ပြုလုပ်ခဲ့ဖူးသာ
ကုသိုလ်ကံစေတနာ အဖြာဖြာတို့သည်
ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွေ့သွားသော (ကိုယ္သတိရေနတဲ့ သေသူနာမည်ထည့်ပါ)
ထံ ရောက်ပါစေ
ထိုမွတပါး ဤကောင်းမှု့ကိုသိုလ်၏
အဖို့ဘာဂသည် (ကိုယ်သတိရနေသည့် သေသူနာမည်ထည့်ပါ) မွ အစပြု၍ ၍ သုံးဆယ်တစ်ဘုံမှာရှိကြကုန်သော
လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့အား ဤကောင်းမှု့နှင့်စပ်သမျှ
အမွ် အမွ် အမွ် ပေးဝေပါ၏

ထိုမွတပါး ဤကောင်းမှု့အဖိုဘာဂသည် အမျှပေးသည့်အခါ၌ (ကိုယ်သတိရနေသည့် သေသူနာမည်ထည့်ပါ) သည် အကယ်၍ အမျှပေးသည့်အခါ၌ မသိလိုက်
မကြားလိုက်သည်ရှိသော်
ဤကုသိုလ်ကောင်းမှုကို အမျှရကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့မှ တဆင့်တဆင့်ပြောကြား၍ ၀မျးမွောကျနုမောျ
သာဓု ခေါ်ဆိုနိုင်ရန် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်..။

ဤကောင်းမှု့နှင့်စပ်သမျှ အကြှနျုပျနှငျ့
ထပ္တူ ထပ်မျှ ရကြပါစေ..
အမွ် အမွ် အမွ် လို့ဆိုပြီး အမျှပေးဝေလိုက်ပါ..။

အစပိုင်းမှာ လုပ်ရတာ ခက်ခဲချင်
ခက်ခဲနေနိုင်ပေမဲ့ လုပ်ပါများလာရင် ကျင့်သားရသွားမှာပါ..။

သေသူကို သတိရတဲ့ အခါ
သတိရခြင်းလေးကို အကြောင်းပြုပြီး
သေသူအတွက် ပိုကောင်းမွန်ပြည့်စုံတဲ့
ဘဝကို ရသြား ရောက်သွား နိုင်လောက်တဲ့ထိ အကျိုးများစေနိုင်သလို ကိုယ့်အတွက်လည်း ကုသိုလ်တိုးပွားစေပါတယ်..။

သေသူကို သတိရတဲ့ အခါ
အချိန်နည်းနည်းလေးဖြစ်ဖြစ် ပေးပြီး အမျှပေးဝေလိုက်ခြင်းဟာ
ကိုယ့်သတိရနေတဲ့သေသူကို
အကောင်းဆုံး လက်ဆောင်
ပေးလိုက်နိုင်ခြင်းဖြစ်သလို
ကိုယ့်အတွက်လည်း ကုသိုလ်တိုးပွားတာမို့ အကောင်းဆုံးလက်ဆောင် ရလိုက်ခြင်းပါပဲ..။

(မူရင်းရေးသားသူအားလေးစားစွာဖြင့်)

#သေသူကိုသတိရတဲ့အခါ

Address

Ye-U
20230

Telephone

+959250288106

Website

Alerts

Be the first to know and let us send you an email when တရားဓမ္မစာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to တရားဓမ္မစာပေ:

Shortcuts

Share