Revolution Force For Democracy

Revolution Force For Democracy Revolution

ကျွန်တော်တို့ Revolution Force For Democracy (RFFD) အတွက် တော်လှန်ရေးကြီးတွင် ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ ဆောင်ရွ...
12/09/2022

ကျွန်တော်တို့ Revolution Force For Democracy (RFFD) အတွက် တော်လှန်ရေးကြီးတွင် ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ
ဆောင်ရွက်နိုင်စေရန် တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ကူညီပေးခြင်းအတွက် တော်လှန်ရေးညီကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
ယခုရရှိခဲ့သော တော်လှန်ရေးရန်ပုံငွေများအား ကျွန်တော်တို့
Revolution Force For Democracy (RFFD) မှ လိုအပ်သော နေရာများတွင် ထိရောက်စွာ သုံးစွဲသွားမည်ဖြစ်သည်။

Page messenger တွင် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုများဖြင့် ယနေ့မှာ ကျွန်တော်တို့ Revolution Force For Democracy ရဲဘော်များမှ တိုက်ခိုက်ရေး ...
11/09/2022

ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုများဖြင့်
ယနေ့မှာ ကျွန်တော်တို့ Revolution Force For Democracy ရဲဘော်များမှ တိုက်ခိုက်ရေး နေရာတွင်
အသုံးပြုနိုင်ရန် အတွက် M4 အမျိုးအစား သေနတ်တစ်လက်
ကို ဝယ်ယူနိုင်ခဲ့ ပြီ ဖြစ်ပါတယ်

ထိုကြောင့် ကျွန်တော်တို့ Revolution Force For Democracy ရဲဘော်များမှ အလှုရှင်တစ်ဦးချင်း တစ်ယောက် ချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျှက်ရှိပါတယ် 🙏

နောက်နောင် အာဏာရှင် ပြုတ်ကျရေး အစီစဥ်များတွင်လည်း ဆက်လက်ပါဝင် အားဖြည့်ကူညီပေးကြဖို့ လေးစားစွာ ဖြင့် မေတ္တာ ရပ်ခံ တိုက်တွန်း လိုက်ပါတယ် ခမျာ 🙏

"ခံယူချက်"တစ်ခါတစ်လေ တစ်ယောက်ထဲ လမ်းမှန်ပေါ် ရောက်နေရင်တောင် ခုခေတ်က တစ်ယူသန်သမားလို့ ထင်ကြေးပေးကြမှာ။အများနဲ့စုပေါင်းလု...
10/09/2022

"ခံယူချက်"

တစ်ခါတစ်လေ တစ်ယောက်ထဲ လမ်းမှန်ပေါ် ရောက်နေရင်တောင် ခုခေတ်က တစ်ယူသန်သမားလို့ ထင်ကြေးပေးကြမှာ။

အများနဲ့စုပေါင်းလုပ်ရပ်တွေမှာ
ဝေဖန်တိုက်ခိုက်မှုဆိုတာကြုံရမှာပဲ။

ကျနော်တို့လူမျိုးက
ကိုယ်တိုင်တာမလုပ်ပြတတ်တာ
သူတစ်ပါးအပေါ်ဝေဖန်ဖို့ကတော့
ရှေ့ဆုံးကပါ။ဒါကြောင့်မို့လည်း
ဒီတော်လှန်ရေးဟာ အရွှေ့နှေးနေ
တာ။

သူယုတ်မာတစ်ထောင်ကဲ့ရဲ့အပြစ်ပြောပစေ
ဂရုစိုက်စရာမလိုပဲ
သူတော်ကောင်းတစ်ယောက်အပြစ်ပြောတာ
မခံရဖို့အရေးကြီးတယ်လို့ခံယူထားပါတယ်။

ဘယ်လိုမျိုး ဝေဖန်ပြောဆိုမှုတွေ ရှိလာပါစေ ကိုယ်ရဲ့ ခြေထောက် သစ္စာမဖောက်မိဖို့နဲ့ လမ်းမှားပေါ် မရှောက်လှမ်းမိဖို့က အရေးကြီးပါ တယ်။

Crd # MM

ကျွန်တော်တို့ Revolution Force For Democracy (RFFD) အတွက် တော်လှန်ရေးကြီးတွင် ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ ဆောင်ရွ...
06/09/2022

ကျွန်တော်တို့ Revolution Force For Democracy (RFFD) အတွက် တော်လှန်ရေးကြီးတွင် ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ
ဆောင်ရွက်နိုင်စေရန် တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ကူညီပေးခြင်းအတွက် တော်လှန်ရေးညီကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
ယခုရရှိခဲ့သော တော်လှန်ရေးရန်ပုံငွေများအား ကျွန်တော်တို့
Revolution Force For Democracy (RFFD) မှ လိုအပ်သော နေရာများတွင် ထိရောက်စွာ သုံးစွဲသွားမည်ဖြစ်သည်။

Page messenger တွင် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

မိတ်ဆွေ*******"အကိုကြီးတို့ စားဖို့ ကျနော်ဆန်တစ်အိတ်ပေးချင်တယ်၊တတ်နိုင်တာလေးလှူပေးချင်လို့ပါ""ဆရာ...ကျနော်လည်းအခက်တွေကြာ...
04/09/2022

မိတ်ဆွေ
*******

"အကိုကြီးတို့ စားဖို့ ကျနော်ဆန်
တစ်အိတ်ပေးချင်တယ်၊တတ်နိုင်တာလေးလှူပေးချင်လို့ပါ"

"ဆရာ...ကျနော်လည်းအခက်တွေ
ကြားထဲက တတ်နိုင်သလောက်လှူ
ပေးချင်တယ်၊ဆရာအသုံးစရိတ်
လေးနဲနဲပါးပါးသုံးလို့ရတာပေါ့။ကျ
နော်တို့ထက်စာရင်ဆရာတို့ပိုခက်ခဲ
နေမယ်ဆိုတာကျနော်သိတယ်၊ဘယ်
ကိုပို့ပေးရမလဲဆရာ"

တစ်ခါမှမမြင်ဘူး၊မသိဘူးတဲ့သူတွေက
FacebookမှာပဲFriendဖြစ်ပြီး
စိုးရိမ်စိတ်နဲ့ CB ကတဆင့်လာ
ဆက်သွယ်ကြတာပါ။ငွေကြေး
တန်ဖိုးပမာဏ မများပေမယ့်အခက်
ခဲဖြစ်နေချိန်မှာ တန်ဖိုးရှိလှပါတယ်။

ကိုယ်စေတနာထားကူညီဘူးတဲ့သူတွေက
မေ့သွားကြတာ ကိုယ့်ရဲ့ကံတရားပေါ့။

တစ်ခါတလေ...ဖုန်းဘေထည့်ပေး
တဲ့မိတ်ဆွေတွေနဲ့ကြုံရင်ဝမ်းသာ
မိတဲ့ကိုယ့်အဖြစ်ပါ။

တစ်ချိန်က..ခင်လှပါတယ်ဆိုတဲ့
မိတ်ဆွေတွေ နုတ်ဆိတ်သွားတဲ့အချိန်၊
Fbကနေကွယ်ပျောက်သွားတဲ့အချိန်မှာ မရင်းနှီးဘူးတဲ့မိတ်ဆွေတွေက
ကိုယ်ချင်းစာတရားနဲ့စာနာထောက်ပံ့ပေးတာ ကိုအံ့သြမိနေခဲ့ပါတယ်။

တော်လှန်ရေးထဲဝင်ပါသူတွေအဖြစ်ကလည်း စီးပွားရေးတွေပျက်၊
ဘဝတွေပျက်သွားကြတဲ့သူတွေပါ။
တစ်နှစ်ကျော်ကာလထိရှိလာတော့
ကိုယ့်ရှိတာလေးတွေနဲ့ရပ်တည်မှု
တွေယိုင်လာတော့တာပါပဲ။အလှူရှင်
အချို့ရှိခဲ့ပေမယ့်လည်း ကြာလာ
တော့သူတို့လည်းမတတ်နိုင်တော့ပေ။

အခက်အခဲကြုံလာတိုင်း သူများကို
အကူအညီမတောင်းချင်ပါဘူး။
ကိုယ်ရွေးချယ်တဲ့လမ်းဟာ ကိုယ်နဲ့
ပဲဆိုင်တယ်လို့ခံယူထားသူပါ။

ဒါပေမယ့်....ဒီတော်လှန်ရေးက
ကျနော့်ကို မိတ်ဆွေအစစ်နဲ့အတု
ခွဲခြားပေးလိုက်တာပါပဲ။
ကျနော့်အပေါ်မကူညီနိုင်လို့ အမြင်
မစောင်းပါဘူး၊အချို့ကလည်း
အနိုင်နိုင်ရုန်းကန်နေရတယ်ဆိုတာ
သဘောပေါက်ပါတယ်။
တစ်ခုတော့ စိတ်မကောင်းဖြစ်မိ
တယ်၊ကိုယ်က ဘာအရောင်မှမရှိခဲ့
ပေမယ့် တစ်ချိန်က အနီအယောင်
ဆောင်တွေက အခုချိန်မှာ မင်း
Myomyatအကောက်ကိုသွား
မမန့်နဲ့လိုက်မပေးနဲ့စသဖြင့်ဝါဒ
လိုက်ဖြန့်နေတာကြားရတော့
စိတ်ရင်းအမှန်သိခွင့်ရခဲ့တယ်။

ဒီတော်လှန်ရေးဟာ....
မတရားမှုကို ဘဝအပျက်ခံပြီး
တော်လှန်ကြတဲ့သူတွေပါ။အနီနဲ့အစိမ်းအတွက်တိုက်ပွဲဝင်နေ
ကြတာမဟုတ်ပါဘူး။
နုတ်ဆိတ်နေသူတွေ၊မသိချင်ယောင်
ဆောင်နေသူတွေကတော့ သူတို့သ
ဘောပါပဲ။အောင်မြင်လာတဲ့တစ်နေ့ ဘာပြောမလဲဆိုတာ စိတ်ဝင်စားမိ
တယ်။

အောင်မြင်ဖို့ ကြိုးစားနေတဲ့ခရီးမှာ
အခက်ခဲဆိုတာမလွဲမသွေရှိနေမှာပါ။

အရေးကြီးတာက ကြုံလာတဲ့
ပြဿနာတွေအခက်ခဲတွေကို ကျနော်တို့....
ပြဿနာလို့မြင်မလား❓
စိန်ခေါ်မှုလို့ မြင်မလား❓
ဆိုတာဟာ ကိုယ်တိုင်က ဆုံးဖြတ်ရွေးချယ်ရမှာပါ။

ကျနော်တို့ရဲ့စိတ်ထဲမှာ...
စေတနာမှန်ဖို့ပဲလိုပါတယ်။
ဒီတော်လှန်ရေးဟာ...အများအတွက် အမှန်တရားဖော်ထုတ်တဲ့ပွဲပါ။
"လုပ်ရင်ဖြစ်ကိုဖြစ်တယ်" ဆိုတဲ့ စိတ်ကိုအမြဲတွေးပြီး ကျော်လွှားမယ်ဆိုရင် အတွေးတွေကနေအလေ့အ
ကျင့်တစ်ခုဖြစ်လာပြီး အောင်မြင်မှုအတွက် အရမ်းအရေးကြီးတဲ့ "အရှုံးမပေးတတ်တဲ့စိတ်ဓာတ်"ကို တည်ဆောက်ပြီး အားယူတဲ့
ခြေလှမ်းတွေနဲ့
လှမ်းနေမိပါတော့တယ်။

Crd # MM

30/08/2022

ဘီးလင်း သံတံတားဂိတ် နှစ်ရက်တိုင်တိုင် Drone ဖြင့် ဗုံးခွဲတိုက်ခိုက်ခံရ

ကျိုက်ထို၊ ဩဂုတ်လ ၃၀ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းကြားက သံတံတားရှိ စစ်ကောင်စီဂိတ်ကို KNLA တပ်ရင်း (၃) နှင့် ဘီးလင်း ပကဖ ပူးပေါင်းအဖွဲ့တို့မှ နှစ်ရက်တိုင်တိုင် Drone ဖြင့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

ပထမအကြိမ် ဩဂုတ်လ ၂၉ ရက် နေ့လည် (၁၀:၃၇) အချိန်ခန့်တွင် ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ရာ နည်းပညာချို့ယွင်းမှုကြောင့် ပေါက်ကွဲခဲ့ခြင်း မရှိခဲ့ဘဲ စစ်ကောင်စီဘက်မှ Drone ကို လိုက်လံပစ်ခတ်ခဲ့သည့်အတွက် သေနတ်သံများစွာ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်အဖြစ် ယနေ့ နေ့လည် (၁၀:၂၅) အချိန်ခန့်တွင် ဗုံး ၂ လုံးဖြင့် ထပ်မံတိုက်ခိုက်ရာ အောင်မြင်စွာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် စကစဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရှိရသေးပါ။

အဆိုပါ သံတံတားဂိတ်သည် ယခုလအဆန်းပိုင်းမှာလည်း သုံးကြိမ်နှင့်အထက် ပစ်ခတ်တိုက်ခိုက်ခံထားရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို တွဲကားတစ်စီး ဝင်တိုက်မိလို့ ခမရ (၃) က စစ်သားတစ်ဦး သေဆုံးထားခဲ့သေးသည်။

#ဘီးလင်း #သံတံတား
#တပ်ရင်း_၃ #ပကဖ

30/08/2022

လက်ပံပင်သင်္ချိုင်း၌ တပ်စွဲထားသည့် စကစတပ် ဒုတိယအကြိမ် အနီးကပ် တိုက်ခိုက်ခံရ၊ စစ်သား ၁၇ ဦးခန့်သေဆုံး

ကျိုက်ထို၊ ဩဂုတ်လ ၃၀ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာ လက်ပံပင်သင်္ချိုင်းကုန်း၌ နယ်မြေကျူးကျော်ဝင်ရောက်၍ လက်နက်ကြီးအထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဩဂုတ်လ ၂၈ ရက်နေ့ မနက် (၁:၁၀) အချိန်ခန့်က KNU/KNLA တပ်မဟာ(၁) တပ်ရင်း (၃)၊ PDF တပ်ရင်း (၃) နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ရေးပစ်မှတ်ထား အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း KRF က တိုက်ပွဲသတင်း ထုတ်ပြန်ထားသည်။

အနီးကပ်တိုက်ခိုက်မှုကြောင့် စကစဘက်မှ ၁၇ ဦးခန့် သေဆုံး၊ အများအပြားဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်ခံရသည့် တပ်စွဲထားသော နေရာသည် တပ်စွဲထားပြီးနောက် ဩဂုတ်လ ၁၉ ရက်နေ့ ညနေက ပထမအကြိမ် တိုက်ခိုက်ခံရမှုတွင် စစ်သား ၁၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

လက်ပံပင်၌ တပ်စွဲထားသော စကစတပ်၊ သိမ်ဇရပ်ရှိ အမြှောက်တပ်၊ ဘိုက္ကား‌ကျေးရွာရှိ စစ်တပ်၊ ကျိုက်ထိုရှိ အမြှောက်တပ် တို့သည် မနက်၊ နေ့လည်၊ ညနေ၊ ည အချိန်မ‌ရွေးဆိုသလို ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး ၎င်းအနီး ကျေးရွာသားများ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။

ပုံ - KRF ၏ ထုတ်ပြန်ချက်၊ စာအမှတ် - ၃၈/၂၀၂၂။

#အင်္ဂဘို #လက်ပံပင် #စစ်တပ်
#ကျိုက်ထို #သထုံခရိုင်

Address

Anyone
Ye

Telephone

+959959149123

Website

Alerts

Be the first to know and let us send you an email when Revolution Force For Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Revolution Force For Democracy:

Share