11/10/2025
Kayǎn linein lilǎ (nein 2765)
Cô̌ngǐdaupè kataû̌lai dô̌ Kayǎn mô̌nnein (2765) hô̌. Makanu pa mahtan Kayǎn linein lilǎ (nein 2765) dò Mu Veronika nǎnyòn.
Makaǐdò linein lilǎ ǔki kahtǔ da nu, pa Kayǎn lilaǐ dò tahtǒn kòmiti (KLCC), Kayǎn mônthǎ pati(KNLP), Kayǎnphao aò dô̌ ngònsû̌ ngònkǎn (KIN),Kayǎn pramu aphon(KyWO), Kayǎn prarǔhtanthǎ (KNGY), dò pra macǔ makǔ lahan , mahtanraò̌ bloncǔ preǐ nè.
Mu Veronika mè , dô̌ pra Kayǎnphao kǎ , ada talyûn laǐ lapra. Ngòn theingǎ ba anǎn laǒ hankhau thǎbein. Makanu, pa phidau phiha dò dahtòn yû̌ anǎn.
Mô̌nphǎ pǔwaǐ lahan ba thayû̌ prînaû̌ Kayǎn linein lilǎ dò Veronika nǎnyòn mè, prî dô̌ pa aò da nè. Labein mè Katan rwǎn (3000) nè hǎn.
Dô̌ linein lilǎkaǔ mè, pa tyanlan thǎ , Kayǎn mô̌nnû dò bakyǎ Kayǎnpwè̌ lahan. Mô̌nnûrî mô̌nnûsaò lahan lò. Na ba mwaǐ Kayǎn lapra mè, kôn sò̌n-i pa Kayǎn linein lilǎ nè.
ကယန်းနှစ် (၂၇၆၅) ၂၀၂၆ ပြက္ခဒိန်(ပိုစတာ)
မကြာမီ (နိုဝင်ဘာလ ၂၀ ရက်) ကယန်းနှစ် ၂၇၆၅
နှစ်သစ်ကူးသို့ရောက်တော့မည်။ ထို့ကြောင့် ကယန်းနှစ် ၂၇၆၅ ခုနှစ်၊ ပြက္ခဒိန်(ပိုစတာ)ကို ဘယ်ရောနီကာ ပုံဖြင့် ထုတ်ဝေလိုက်ပါသည်။
ဘယ်ရောနီကာ ပုံဖြင့် ပြက္ခဒိန်ထုတ်လုပ်ရေးတွင် ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှဦးစီးပြီး၊ ကယန်းပြည်သစ်ပါတီ၊ နိုင်ငံတကာရောက်ကယန်းလူမျိုးများကွန်ယက်၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ် နှင့်တစ်သီးပုဂ္ဂလအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ထုတ်ဝေလိုက်ပါသည်။
ဘယ်ရောနီကာသည် ကယန်းလူမျိုးထဲမှ နိုင်ငံနှင့်လူမျိုးဂုဏ်ဆောင် ထူးချွန်သော အားကစားသမားဖြစ်၍ ကမ္ဘာတစ်ဝှမ်းလုံးမှ ထင်ရှားသောပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် ကယန်းလူမျိုးအနေဖြင့် သူမအတွက် အမြဲတမ်းဂုဏ်ယူဝင့်ကြွားကြရပါသည်။
ဘယ်ရောနီကာပုံဖြင့် ကယန်းပြက္ခဒိန်(ပိုစတာ)အား တစ်စောင်လျှင် (၃၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီး။ အဆိုပါ ပြက္ခဒိန်ရောင်းရငွေများဖြင့် ကယန်းနှစ်သစ်ကူးနေ့နှင့် ကယန်းစာပေယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများဖော်ဆောင်နိုင်ရန်ရည်ရွယ်ပါသည်။
ပြက္ခဒိန်(ပိုစတာ)တွင် ကယန်းနေ့ထူးနေ့မြတ်များ၊ ကယန်းအသင်းအဖွဲ့ဆိုင်ရာ မွေးနေ့များ၊ ရက်ရာဇာ/ပြဿာဒါးနေ့များကိုပါ ထည့်သွင်းပေးထားသောကြောင့် ကယန်းလူမျိုးအတွက် ဆောင်ထားသင့်သော ပြက္ခဒိန်(ပိုစတာ) တစ်ခုဖြစ်ကြောင်း အသိပေးအပ်ပါသည်။
်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(KLCC)