25/08/2026
Ambassador H.E. U Thant Sin receives President of the Nepal–Myanmar Chamber of Commerce and Industry (NMCCI)
(25-8-2026, Kathmandu)
H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal received Mr. Shiva Kumar Agrawal, President of the Nepal–Myanmar Chamber of Commerce and Industry (NMCCI) at Myanmar Embassy on 25 August 2026 at 1115 hrs.
During the meeting, Mr. Shiva Kumar Agrawal elaborated on the proposal to invite a Myanmar business delegation to Kathmandu in December 2026 and organize a Nepal–Myanmar Trade Expo and Food Festival. Furthermore, the two sides discussed the proposed visit of an NMCCI delegation led by the President in early 2027, during which the delegation is expected to meet with relevant officials in Myanmar and hold discussions to further enhance bilateral trade between Myanmar and Nepal.
သံအမတ်ကြီး ဦးသန့်စင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ
(၂၅-၈-၂၀၂၆၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၊ ၁၁၁၅ နာရီတွင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Shiva Kumar Agrawal အား မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Shiva Kumar Agrawal က ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ တွင် မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ကတ္တမန္ဒူးမြို့သို့ ဖိတ်ကြား၍ နီပေါ-မြန်မာ ကုန်သွယ်မှုပြပွဲနှင့် အစားအစာပွဲတော်ကျင်းပနိုင်ရေး စီစဉ်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်မှုညှိနှိုင်းဆွေးနွေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။