ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ်

ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ် လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
စာပေများ ဖတ်ချင်ရင်
ကျွန်တော်(page )ထဲကို
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်
(1)

 #အသက်နဲ့အတူ အသိတွေလည်း ကြီးလာစေချင်တယ် ...                       💠💠💠🔶💠💠💠ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အသက်သာကြီးနေပေမ...
25/09/2026

#အသက်နဲ့အတူ အသိတွေလည်း ကြီးလာစေချင်တယ် ...
💠💠💠🔶💠💠💠

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အသက်သာကြီးနေပေမယ့် ယဉ်ကျေးမှု နားမလည်တဲ့သူတွေ၊ လူကသာ ဟိတ်ကြီး ဟန်ကြီးနဲ့ သိတတ်နားလည်မှု နည်းနည်းလေးမှ မရှိတဲ့သူတွေကို တွေ့ဖူး ကြုံဖူးကြမှာပါ။ ဒီလိုမျိုး ကြုံရရင် ဘေးလူတွေ အနေနဲ့ အရမ်းကို စိတ်ညစ်ရသလို ပတ်ဝန်းကျင်ကိုလည်း အရမ်း အနှောင့်အယှက် ဖြစ်စေပါတယ်။

ဒါဟာ တစ်နည်း ပြောရရင် အသိပညာ ဗဟုသုတ နည်းပါးတဲ့အခါ၊ ရင့်ကျက်မှု မရှိတဲ့အခါ ဒီလိုမျိုးတွေ ပြုမူမိဖို့၊ ဒီလိုစိတ်မျိုး ထားမိဖို့ အရမ်းကို လွယ်ကူပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ တဖြည်းဖြည်း အသက်ကြီးလာတာနဲ့အမျှ အသိတွေ ရင့်ကျက်မှုတွေလည်း တိုးလာဖို့ လိုအပ်ပါတယ်။ ဒီလိုမှပဲ ကိုယ့်အသက်အရွယ်အလိုက် ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် ပါးပါးနပ်နပ် နေထိုင်တတ်မှာပါ။ ဆိုတော့ ဒီလိုမျိုး စမတ်ကျကျ နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အဓိက အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

Live the Dream
By Eaint Chyuu

ဒီစာလေးက သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share ဖြင်းဖြင့် အားပေးပါနော် 💕😊

(ဒီလို အကျိုးဖြစ်စေတဲ့ ဗဟုသုတစာပေများ၊
လူငယ်များအတွက် ဘဝအောင်မြင်ရေး အကြံပေးစာပေများကို နေ့စဉ် အမြဲဖတ်ရှုနိုင်ဖို့
ကျွန်တော်ရဲ့ page လေးကို
Like & see first လုပ်ထားပါနော်)

သာယာသောနေ့လေးဖြစ်ပါစေခင်ဗျာ 😊💕

&Brain

"နေရာမမှန်ရင် တန်ဖိုးမဲ့တယ်"ဘဝမှာ တစ်ချို့အရာတွေက နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊ ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှ...
25/09/2026

"နေရာမမှန်ရင် တန်ဖိုးမဲ့တယ်"

ဘဝမှာ တစ်ချို့အရာတွေက နေရာမမှန်ရင်
ထားရှိတဲ့ စေတနာတွေနဲ့၊ ပေးဆပ်တဲ့ အရာတွေဟာ
တန်ဖိုးမဲ့ နေမှာပါပဲ။

သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ နေရာမှန်လို့ လှပပြီး ချစ်စရာကောင်းတယ်။

အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း ပြင်ပေါ်ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိနေတဲ့ သနပ်ခါးတွေဟာ
နေရာမမှန်လို့ တန်ဖိုးမဲ့ရတယ်။

အညစ်အကြေးအဖြစ် သက်ရောက်သွားတယ်။

ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထားရင်၊
သူမ ဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင်
နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။

အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့) ဟင်းခွက်ထဲ
ရောက်သွားမယ်ဆိုရင် နေရာမမှန်တဲ့အတွက်
ရွံစရာ ဖြစ်သွားနိုင်တယ်။

ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်မဟုတ်တော့၊
ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊
အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ
အသုံးမဝင်ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။

စကားပြောတဲ့ နေရာမှာလည်း အချိန်အခါ မဟုတ်ပဲ
ပြောမိတဲ့အခါ၊ စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်။

နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။

အချစ်ဆိုတာလည်း ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို တန်ဖိုးထားသူနဲ့
ချစ်ခွင့်ရမှသာလျှင် နေရာမှန်လို့ ချစ်သူတွေလည်း ပျော်ရွှင်ရမှာပါ။

ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့ တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။

အရာရာ အားလုံးက သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်။

နေရာမမှန်ရင်တော့ တန်ဖိုးတွေ မဲ့နေရအုံးမှာပါပဲ။

ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့ ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။

#စာဖတ်ပါ #ကိုယ်ကိုကိုယ်ချစ်ပါ

ကံဆုံရင် နီးရသလို ကံကုန်ရင် ဝေးရတာပဲလေ။ခံစားလိုက်ရတုန်းက ဘဝကြီးက ပျက်မတတ်ပါပဲ။ပြီးရင်တော့ ရယ်လျက်နဲ့ ပုံပြင်တွေပြန်ပြောရ...
23/09/2026

ကံဆုံရင် နီးရသလို
ကံကုန်ရင် ဝေးရတာပဲလေ။

ခံစားလိုက်ရတုန်းက ဘဝကြီးက ပျက်မတတ်ပါပဲ။

ပြီးရင်တော့ ရယ်လျက်နဲ့ ပုံပြင်တွေ
ပြန်ပြောရတာပါပဲ။

အတင်းအကျပ်ခိုင်းမယ်
ရွေးချယ်ခိုင်းမယ်

ဒီလိုနည်းနဲ့ပဲ နောက်ဆုံးတော့ လူတွေဟာ ဘေးက ထွက်သွားကြမယ်။

ဒါကို ကိုယ် ဘယ်အရာကို
မှ စိတ်ဆွဲလို့ မရဘူး

လွှတ်ချသင့်ရင် လွှတ်ချရ
မယ်။

လိုအပ်တာထက်ပိုပြီး ဆွဲထားလို့မရရင် ထွက်ခွာခွင့်ပေးရပါမယ်။

ဒါကို စိတ်ခံစားချက်ပေါ်လိုက်ပြီး
တစ်ခြားသူကို သွားပြောင်းမလဲပါနဲ့။

လူတွေဟာသူတို့ရဲ့ စိတ်ခံစားချက်နှင့် လိုအပ်ချက်ပေါ်လိုက်ပြီး သူတို့ဘာသာ
ဆုံးဖြတ်သွားတတ်ကြလို့ပါ။

ဒါကြောင့်ဒီနေ့ကစပြီး
ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။

ဘယ်သူကြောင့်မှ
ကိုယ့်ကိုယ့်ကိုယ် ကျေးကျွန်မဖြစ်စေနဲ့။

ကိုယ့်ပုံစံအတိုင်းနေပါ။ တစ်ခြားသူတွေ
ကြိုက်သလို စိတ်ရှိသလို မနေမိစေနဲ့။

ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှူုံးသွား
နိုင်လို့ပါ။

ဦးချေ(12.10.22)
photo-pinterest
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ

ကလေးမဟုတ်တဲ့ ကလေးကြီးတွေဖတ်ဖို့ ပုံပြင်😉ဗဟုသုတလဲရတယ် ဖတ်လို့လဲကောင်းတယ်။ ဖတ်ချင်ရင်ပုံထောက်ဖတ်နော်…. ခုမဖတ်အားသေးလဲရှယ်ထ...
23/09/2026

ကလေးမဟုတ်တဲ့
ကလေးကြီးတွေဖတ်ဖို့ ပုံပြင်😉
ဗဟုသုတလဲရတယ် ဖတ်လို့လဲကောင်းတယ်။

ဖတ်ချင်ရင်ပုံထောက်ဖတ်နော်….
ခုမဖတ်အားသေးလဲရှယ်ထား အားတဲ့အချိန်
အေးအေးဆေးဆေးဖတ်လို့ရတယ်။ ❤️

စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻

#ပုံကိုနှိပ်ပြီးစာဖတ်ရှု့ပါနော်♡︎🌾🌻
♡︎🌾🌻.

ကြိုက်လွန်းလို့…. ခဏခဏပြန်ဖတ်နေမိတဲ့ Bookishness 📚ဗဟုသုတလဲရတယ် ဖတ်လို့လဲကောင်းတယ်။ ဖတ်ချင်ရင်ပုံထောက်ဖတ်နော်…. ခုမဖတ်အား...
21/09/2026

ကြိုက်လွန်းလို့….
ခဏခဏပြန်ဖတ်နေမိတဲ့ Bookishness 📚
ဗဟုသုတလဲရတယ် ဖတ်လို့လဲကောင်းတယ်။

ဖတ်ချင်ရင်ပုံထောက်ဖတ်နော်….
ခုမဖတ်အားသေးလဲရှယ်ထား အားတဲ့အချိန်
အေးအေးဆေးဆေးဖတ်လို့ရတယ်။ ❤️

စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻

#ပုံကိုနှိပ်ပြီးစာဖတ်ရှု့ပါနော်♡︎🌾🌻
♡︎🌾🌻.

မင်းအကြောင်း ပြောနေတဲ့လူတိုင်းကမင်းကို တကယ်သိတာမဟုတ်ဘူး။တချို့က မင်းရဲ့ဇာတ်လမ်းအပြည့်အစုံကို မသိဘဲကောလာဟလနဲ့ ယူဆချက်တွေပ...
21/09/2026

မင်းအကြောင်း ပြောနေတဲ့လူတိုင်းက
မင်းကို တကယ်သိတာမဟုတ်ဘူး။

တချို့က မင်းရဲ့ဇာတ်လမ်းအပြည့်အစုံကို မသိဘဲ
ကောလာဟလနဲ့ ယူဆချက်တွေပေါ်မှာ
ဆုံးဖြတ်တတ်ကြတယ်။

ကိုယ့်ကို နားမလည်တဲ့သူတိုင်းကို
လိုက်ရှင်းပြနေဖို့ မလိုဘူး။

အဝေးက ခွေးတွေဟောင်နေလို့
ခြင်္သေ့က လမ်းလျှောက်တာ မရပ်ဘူး။

မင်းရဲ့စိတ်ဓာတ်၊
မင်းရဲ့ကြိုးစားမှု့၊
မင်းရဲ့နှလုံးသားကို တကယ်သိတဲ့သူတွေနဲ့ပဲ
အာရုံစိုက်နေပါ။

နောက်ဆုံးမှာ
လုပ်ရပ်တွေက ကောလာဟလတွေထက်
ပိုကျယ်လောင်စွာ ပြောလိမ့်မယ်။ 🤍

AP....✍

ဆုံးရှုံးပြီးမှတန်ဖိုးရှိမှန်း မသိချင်ပါနဲ့မဆုံးရှုံးခင်ကတည်းက တန်ဖိုးထားတတ်ပါစေ ပြောပြီးမှSorryလို့ မတောင်းပန်ချင်ပါနဲ့...
19/09/2026

ဆုံးရှုံးပြီးမှ
တန်ဖိုးရှိမှန်း မသိချင်ပါနဲ့
မဆုံးရှုံးခင်ကတည်းက တန်ဖိုးထားတတ်ပါစေ

ပြောပြီးမှ
Sorryလို့ မတောင်းပန်ချင်ပါနဲ့
မပြောခင်ကတည်းကအရင်စဉ်းစား
ဆင်ခြင်တတ်ပါစေ

လမ်းခွဲပြီးမှ
နီးစပ်ဖို့ မကြိုးစားချင်ပါနဲ့
အနားနားမှာရှိစဉ်ကတည်းက ဂရုစိုက်
ကြင်နာတတ်ပါစေ

ယုံကြည်မှုဖျက်ဆီးပြီးမှ
ကတိတည်မပြချင်ပါနဲ့ အစကတည်းက
တစ်ခဏနဲ့ ထာဝရကို ခွဲခြားသိမြင်တတ်ပါစေ

ဘယ်အရာမှ
ဆုံးရှုံးပြီးသွားရင်
နောက်တစ်ခါပြန်မရဘူး ။

လွှမ်းရစ်ဖူး((Hlwan Yit Phoo))

ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို ပိုသဘောကျတယ်စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်ရော့..နင့်အတ...
18/09/2026

ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်
မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို
ပိုသဘောကျတယ်

စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်
ရော့..နင့်အတွက်ဆိုပြီး တကယ်ကျွေးတဲ့သူကို
ပိုသဘောကျတယ်

လူရှေ့သူရှေ့ တအားတွေ ခင်ပြနေပြီး
ကွယ်ရာ အတင်းတုတ်တဲ့သူထက်
ခပ်တည်တည် ခပ်မှန်မှန်လေ
နေတတ်တဲ့သူကို ပိုသဘောကျတယ်

တကယ်တော့
ရင်ထဲကမပါတဲ့ ဆက်ဆံရေးတချို့ဟာ
ရေရှည် မတည်မြဲပါဘူး
ဟန်ဆောင် မျက်နှာဖုံးဆိုတာ
ကြာကြာတပ်ထားလို့မှ မရတာ

အချိန်တန်တော့
သူ့ဗီဇ,သူ့အကျင့်က ပေါ်လာစမြဲပါ...

ကိုယ်လည်း
ခပ်တည်တည် ခပ်မှန်မှန်လေး နေတတ်သူမို့
စိတ်ထား ယုတ် မယုတ် ကတော့
ကိုယ်နဲ့ ခင်မင်ဖူးသူတိုင်း
သိကြပါတယ်

❤Tzar❤
(14.11.2024)

 #၁၉၈၀ ခုနှစ် #ဒုတိယတန်း မြန်မာဖတ်စာငယ်ဘဝ အလွမ်းပြေ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။ #စာလေးတွေဖတ်ပြီး ...
15/09/2026

#၁၉၈၀ ခုနှစ်
#ဒုတိယတန်း မြန်မာဖတ်စာ
ငယ်ဘဝ အလွမ်းပြေ

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။

#စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
‎ ‎

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ်:

ทางลัด

แชร์