ကဗျာမြို့တော်

ကဗျာမြို့တော် ကဗျာမြို့တော် စိတ်ဓာတ်တွေမွန်းကြပ် ခံစားချက်တွေပြည့်ညှပ် ဝေဒနာများရဲ့ ငြိမ်းချမ်းရာ ကဗျာမြို့တော်ကိုသာ လှမ်းလာခဲ့ပါ မိတ်ဆွေ............

Khaing Min Khant
11/10/2020

Khaing Min Khant

ကိုဗစ်အလွန်ကိုစီးကြိုနေတဲ့----------

၂၁ ရာစုအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်များ
--- --- --- --- -- -- -- -- -- --
"Secrets of success in the 21 st Century"

24/08/2020

## ငါတို့နေရာ အရပ် ##

ပါတီတွေများသလောက်
လက်နက်ကိုင်တွေမှိုလိုပေါက်တဲ့အရပ်မှာ
ငါတို့နေတယ်။

လူ့အခွင့်ရေးရိုက်ချက်တွေနဲ့
သူခိုးကလူကိုပြန်ဟစ်တဲ့တိုင်းပြည်မှာ
ငါတို့နေတယ်။

အထက်ကဖိ အောက်ကဖား
အာဏာရှင်တွေစည်ကါးရာအရပ်မှာ
ငါတို့နေတယ်။

လက်နက်ရှိရင် မုဒိန်းကျင့်နိုင်တယ်
ဓားမြတိုက်နိုင်တယ်၊
လူသတ်၊အကြမ်းဖက်နိုင်တဲ့နိုင်ငံမှာ
ငါတို့နေတယ်။

ဒီမိုကရေဆီဟာ
အပျိုရည်ပျက်နေတဲ့အရပ်မှာ
ငါတို့နေတယ်။

ငြိမ်းချမ်းရေးဟာ
မဟာလူမျိုးကြီးဝါဒတွေကြား
ပါဝါမျက်မှန်ထူထူတပ်လို့
လမ်းပျောက်ရာအရပ်မှာ ငါတို့နေတယ်။

ဖက်ဒရယ်ဟာ ဗုံးခိုကျင်းထဲ
အစာငတ်၊ရေငတ်၊အာဟာရပြတ်ရာအရပ်မှာ
ငါတို့နေတယ်။

အသဲကြားကမဲတစ်ပြားကြောင့်
မုသားတစ်သိုက်နဲ့
ပညာတတ်လူမိုက်တွေပေါရာအရပ်မှာ
ငါတို့နေတယ်။

ရှိသမျှသယံဇာတကိုလက်ဝါးကြီးအုပ်
ကမ္ဘာအဆင်းရဲဆုံးပွဲထုတ်ခံရတဲ့နိုင်ငံမှာ
ငါတို့နေတယ်။

ကမ္ဘာမှာမရှိတဲ့ ဖွဲ့စည်းပုံချိန်ခွင်လျာအလွဲနဲ့
၂၅ ကျပ်သားအခန်းတွဲထားရာအိမ်မှာ
ငါတို့နေတယ်။

R.ဝီရလင်း
20/8/20

## ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ နိုင်ငံ##နေဗီဟာရခိုင်မှာဆယ်လီ‌ပေါ်ပျူလာဖြစ်နေတယ်အကြမ်းစားပစ်ခတ်မှုတွေနဲ့မြစ်ကမ်းနားရွာတစ်လ...
03/04/2020

## ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ နိုင်ငံ##

နေဗီဟာ
ရခိုင်မှာဆယ်လီ‌ပေါ်ပျူလာဖြစ်နေတယ်
အကြမ်းစားပစ်ခတ်မှုတွေနဲ့
မြစ်ကမ်းနားရွာတစ်လျောက်မှာရှူတင်ရိုက်တယ်။

စစ်ဆေးရေးဂိတ်တွေ
အများဆုံးချထားတဲ့ရခိုင်ပြည်မှာ
မှတ်ပုံတင်ကိုကိုယ်နဲ့မကွာဆောင်ရတယ်
ဝန်ထမ်းကဒ်တွေ အမြဲဆောင်ထားရတယ်
စာရွက်စာတမ်းတွေကိုအိပ်ဆောင်ထားရတယ်
ဖုန်းတွေ အိပ်တွေကိုစစ်ဆေးခံနိုင်ရမည်။

ရခိုင်ပြည်ဟာ
စည်းခြားထားတဲ့နယ်စပ်တစ်ခုမဟုတ်ဘူး
နိုင်ငံတစ်ခုလည်းမဟုတ်ဘူး
အုပ်ချုပ်ရေးယန္တရားကျိုးပဲ့ကြေမွနေတဲ့
အမဲရောင်နယ်မြေလို့ပဲပြောရမည်ပေါ့။

ရခိုင်ပြည်မှာနေရင်
မျက်စိကိုဖွင့်နားကိုအမြဲစွန့်နေရမည်
စစ်တပ်ကရပ်လို့ပြောလိုက်တာနဲ့မကြားလိုက်ရင်
အသက်ဟာချက်ချင်းထွက်သွားနိုင်တယ်
နားလေးတဲ့သူတွေအတွက်
အသက်ဟာဝရန်တီမရှိဘူး။

ဗိုင်းရပ်စ်ဥပဒေဟာ
သတင်းတွေကိုအမှောင်ချ
အတင်း အဖျင်းတွေကူးစပ်
ရခိုင်ပြည်ကိုတစ်ဖက်သက်ပစ်မိန့်ပေးလိုက်တယ်။

ဒီလိုနဲ့သတင်းသမားတွေဟာ
တစ်ဖက်တည်းရဲ့အသံ
တစ်ဖက်သက်သတင်းတွေကိုရေးပြီး
အာဏာရှင်တွေရဲ့လက်နက်ဆန်လာတယ်။

နှစ်ဖက်အသံနဲ့
သတင်းအမှန်တွေကိုရေးတဲ့သတင်းသမားတွေကို
မတရားအသင်းဆက်သွယ်မှုတံဆိပ်ကပ်
သတင်းကျင့်ဝတ်ကိုဖျက်ဆီးပစ်လိုက်တယ်။

ကျုပ်ဟာပြည်ပကဝင်လာသူတစ်ယောက်
၁၄ ရက်ဆိုတဲ့ကျင့်ဝတ်ကိုဖျက်တယ်။

ကျုပ်ဟာဈေးသည်တစ်ယောက်
၅၀ တန်တဲ့ Mask ကို ၇၀၀နဲ့ရောင်းတယ်။

ကျုပ်ဟာစီးပွားရေးသမားတစ်ယောက်
ကုန်ဈေးတွေထိုးတင်ပစ်လိုက်တယ်။

ကျုပ်ဟာလမ်းကင်ထရိုက်ယူထားသူတစ်ယောက်
ကျောက်ခင်းရမည့်လမ်းကို
ရွံ့တွေတူးပြီးဖို့ပစ်လိုက်တယ်။

ကျုပ်ဟာဝန်ကြီးတစ်ယောက်
ငါးနှစ်ခံမည့်တံတားတစ်စင်းကို
၁၀ ခံမည်ဆိုပြီး သိန်း ၅၀၀နဲ့လက်မှတ်ထိုးပေးလိုက်တယ်။

ဒီလိုနဲ့ကျုပ်တိုင်နိုင်ငံဟာ
ဗိုင်းရပ်စ်ကူးစပ်
ကျင့်ဝတ်ပျက်နေတဲ့နိုင်ငံဖြစ်လာခဲ့တယ်။

R-ဝီရလင်း
3/4/2020

## ကျုပ်တို့ဟာ သတ်ကွင်းထဲမှာနေတယ်ကျုပ်တို့ရွာမှာ စိုးရိမ်စိတ်တွေနဲ့##ငါတို့ဟာ သတ်ကွင်းထဲမှာနေတယ်နေဗီဟာဘီလူးဇာတ်ခင်းပြီးမ...
29/03/2020

## ကျုပ်တို့ဟာ သတ်ကွင်းထဲမှာနေတယ်
ကျုပ်တို့ရွာမှာ စိုးရိမ်စိတ်တွေနဲ့##

ငါတို့ဟာ သတ်ကွင်းထဲမှာနေတယ်
နေဗီဟာဘီလူးဇာတ်ခင်းပြီး
မြစ်နားတစ်လျောက်ရွာတွေပစ်ဝင်လာတယ်
ညကျရင်ဗုံခိုကျင်းထဲဝင်ပုန်း
နေကျရင်အားဖြည့်အိပ်စက်ရတယ်
(မပစ်ပဲထားခဲ့တဲ့‌နေ့တွေလည်းရှိတယ်)။

နေဗီကပစ်လို့ရွာသားသုံးယောက်
ကျဉ်ဆံထိမှန်ခဲ့ရတဲ့အထဲ
ဒုက္ခိတဖြစ်သွားခဲ့ရတဲ့လူငယ်လေးတစ်ယောက်လည်း
အခုကျုပ်တို့ရွာမှာရှိနေဆဲပါပဲ။

မိန်းမကကလေးမွေးလို့
ည ၁၀ လောက်မိန်းမရှိရာရွာကိုသွားတော့
စစ်တပ်ကဖမ်းပြီး
တစ်ညလုံးနှိပ်စက်မေးမြန်းခံခဲ့ရတဲ့
လူငယ်တစ်ယောက်လည်းရှိသေးတယ်
မင်းနှိပ်စက်ခံရတာတွေကို သူများတွေကိုပြောရင်
သတ်ပြီးမြစ်ထဲမျှောပစ်လိုက်မည်ဆိုတာကပါသေး
သူကတော့ လူ့အခွင့်ရေးကိုနားမလည်ပေမယ့်
သူမိန်းမကလေးမွေးဖို့ကိုတော့သိရှာတယ်။

သာမန်ယောက်ျားတွေတောင်
ဝင်ပေါက်ကျဉ်းတဲ့ဗုံးခိုကျင်းထဲ
ခက်ခက်ခဲခဲဝင်ပုန်းနေရတာတောင်
ရွာကဗိုက်ကြီးသည်မိန်းကလေးတွေဟာ
နေဗီအလာကိုထိုင်စောင့်ပြီး
ဗုံခိုတွင်းထဲပုန်းခိုကြတာလည်း
လောကရဲ့အကြမ်းတမ်းဆုံးငရဲတစ်ခုပဲလေ။

ဘယ်နေ့မွေးမလဲဆိုတဲ့
သေတစ်နေ့မွေးတစ်နေ့ကိုလည်း
မိခင်မေတ္တာတရားနဲ့အားတင်းပြီး
မရဏမင်းနဲ့မိတ်ဆွေဖွဲ့နေရရှာတယ်။

ရွာထဲစစ်သားတွေစခန်းချတယ်
နေဗီကပစ်တယ်ပြောတော့
ခင်ဗျားတို့တစ်ရွာလုံး AAတဲ့
ဒီလိုနဲ့ည‌ကျ နေဗီဝင်လာတော့
သူတို့ကိုယ်တိုင်ပဲဗုံးတွင်းထဲဝင်ပုန်းပြီး
ရွာထဲမှာသူတို့ရှိကြောင့်
သူတို့နေဗီကိုပစ်‌ဖောက်အချက်ပြတယ်။

တစ်ခါတရံစစ်တပ်ကရွာထဲဝင်ပြီး
တစ်အိမ်တတ်တစ်အိမ်ဆင်းမွှေတယ်
ရွှေရရင်‌‌ရွှေယူတယ် ဖုန်းတွေအပိုင်သိမ်းတယ်
ရွာသားတွေမိုးတွင်းစားဖို့အခြောက်လှန်းထားတဲ့
ကေါ်ဖီ‌ခြောက် မူလာဥ‌အခြောက်
စားဖို့ချက်ထားတဲ့ဝက်သားအိုးတွေကအစယူတယ်။

အခုတော့ရွာသားတွေဟာ
အိမ်တွင်းထဲတွင်းတွေတူပြီး
အဝတ်ထည် သေတ္တာတွေကို
တွင်းတူးပြီးကြိုမြှပ်နေရရှာတယ်။

ဘယ်နေ့သူတို့အိမ်ကိုစွန့်ခွာသွားရမလဲ
ဘယ်နေ့စစ်တပ်ကရွာကိုဗုံးလာကျဲချမလဲ
ဘယ်ရွာမှာဗုံးခိုကျင်းထဲကမိသားစုတွေကို
စစ်တပ်ကပစ်ခတ်သွားတယ်
ဘယ်ရွာကဘယ်သူတွေကို
မီးဖိုထဲအရှင်လွတ်လွတ်ထည့်ပစ်လိုက်တယ်ဆိုတဲ့
သတင်းစကားစိုးရိမ်စိတ်‌တွေနဲ့ပေါ့။

R.ဝီရလင်း
3/29/2020

## ဒဏ်ရာများနဲ့ဖြတ်သန်းခဲ့ရတဲ့ နေ့##၂၀၁၄ ခုနှစ် ဖေဖဝါရီ  ၁၄ ရက်နေ့မှာထိုင်းနိုင်ငံ မဲဆောက်ဆိုတဲ့မြို့လေးကMeeting တစ်ခုမှ...
07/03/2020

## ဒဏ်ရာများနဲ့ဖြတ်သန်းခဲ့ရတဲ့ နေ့##

၂၀၁၄ ခုနှစ် ဖေဖဝါရီ ၁၄ ရက်နေ့မှာ
ထိုင်းနိုင်ငံ မဲဆောက်ဆိုတဲ့မြို့လေးက
Meeting တစ်ခုမှာ မင်းနဲ့ကိုယ်စတွေခဲ့ကြတယ်။

ကိုယ်နဲမင်းမခိုးတရိုးနဲ့အကြည့်ချင်းစုံတယ်
အကြည့်တွေ ဆုံမိတိုင်း
ကိုယ်တို့ရဲ့ကေါင်းကင်ကမ္ဘာမှာ
အချစ်ဆိုတဲ့ လျှပ်စစ်တွေလင်းလက်ခဲ့တယ်။

ဒီလိုနဲ့ တစ်ပတ်ကိုတစ်‌ခေါက်ဆိုသလို
မင်းရှိတဲ့နေရာကို ကိုယ်ရောက်လာတတ်တယ်
မင်းကတော့ အလုပ်ကိစ္စနဲ့လာတယ်လို့ထင်ခဲ့တယ်
တကယ်တော့ အချစ်ရဲ့တွန်းအားကြောင့်
မင်းရဲ့ရှေ့မှောက် ကိုယ်ခစားဖို့ရောက်ခဲ့တာပါ။

ဟုတ်တယ်
အချစ်ဆိုတာတွန်းအားတစ်ခုပဲလေ
ကမ္ဘာကြီးကိုအချစ်ကကျားကန်ထားတယ်
အချစ်ရဲ့တွန်းအားကြောင်း အောင်မြင်နိုင်သလို့
အချစ်ကြောင့် ဘဝအမှားတွေလုပ်တတ်ကြတယ်။

အချစ်ဟာ စစ်ပွဲတစ်ခုဆိုရင်
အသိဥာဏ်ဆင်းရဲတာတိုက်ဖျက်ရမည်
(အချစ်မှန်ဖို့)
အတတ်ပညာဆင်းရဲတာတိုက်ဖျက်ရမည်
(ချစ်တတ်ဖို့)
ငွေကြေးဆင်းရဲတာကိုတိုက်ဖျက်ရမည်
(အချစ်တွေပိုခိုင်မြဲဖို့)။

မင်းကတော့ အသက် ၂၀ နဲ့
ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတက္ကသိုလ်တစ်ခုမှာတတ်ပြီး
စီးပွားရေးမှာလည်း ဦးဆောင်နေသူတစ်ယောက်
ပြီးတော့ မင်းမိဘတွေလည်းချမ်းသာတယ်လေ။

ကိုယ်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက်
အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ
ဘာအခကြေးမှမယူဘဲ တာဝန်ထမ်းဆောင်နေတဲ့
ရုံးဝန်ထမ်းလေး တစ်ယောက်။

ကိုယ်ကမင်းရှေ့ရောက်ရင် အမြဲဆွံအသွားခဲ့
မင်းကတော့ ကိုယ့်အနားရောက်အမြဲတတ်ကြွနေ
ကိုယ်စကားတစ်ခွန်းပြောရင်
မင်းကနှစ်ခွန်းပြန်ပြောတယ်
ကိုယ့်ကစက်ဘီးစီးထွက်သွားဖို့ပြင်တော့
မင်းကမသိသလိုရှေ့ကနေကာစီးကာစီးလုပ်နေခဲ့။

ကိုယ့်ရဲ့ဆွံ့အခြင်းက
မင်းရဲ့ချမ်းသာမှု အရည်ချင်းကြောင့်
အားကြီးတဲ့ပတ်ဝန်းကျင်‌ေကြာင့်မဟုတ်ဘူး
အချစ်ရဲ့ပြုစားမှုတွေကြောင့် ဆွံအခဲ့တာပါ။

မင်းရဲ့ဖေ့ဘုတ် Wall ပေါ်
ကိုယ့်ကိုချစ်သူအဖြစ်နဲ့ရေးတင်တော့
ကမ္ဘာမှာအပျော်ရွင်ဆုံးသူဟာ ကိုယ်ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ မင်းနဲ့ကိုယ်တိုက်ဆိုင်မှုရှိတဲ့အခါတိုင်း
မင်းကိုသတိရတဲ့အခါတိုင်း
ကဗျာတွေရေး ရင်ခုန်သံကိုဖော်ပြဖြစ်ခဲ့တယ်လေ
ဒီလိုနဲ့
"အချစ်ကြောင်းနဲ့ဘဝမြင်ကွင်းစာအုပ်"
ထွက်ရှိခဲ့တယ်လေ
အဲဒီတုန်းက
မင်းလည်းအတိုင်းမသိပျော်ရွင်ခဲ့တယ်‌လေ။

မင်းကရည်းစားများကြောင်း
Living together ကိုခုံမင်ကြောင်း
မင်းနဲ့နီးစပ်သူတချို့က ပြောလေ့ရှိတယ်
ကိုယ်ကအရမ်းချစ်တော့
မင်းကိုပြောနေသူတွေကို မုန်းမိခဲ့တယ်။

ဒီလိုနဲ့ မင်းနဲ့ကိုယ်
နှစ်ယောက်တစ်ဘဝဆိုတဲ့
ကိုယ်ပိုင်နိုင်ငံတစ်ခုကိုထူထောင်ခဲ့ကြတယ်လေ။

မင်းက ကလေးမလိုချင်ဘူး
ကိုယ်က မျိုးဆက်ကိုပျိုးထောင်ပြီး
လှပခမ်းနားတဲ့အနာဂါတ်ကိုဖော်ဆောင်လိုတယ်
ဒီလိုနဲ့အတားဆီးတွေကြားက
သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တယ်။

မင်းကကလေးကိုနို့မတိုက်လိုဘူး
ကလေးအတွက် အချိန်မပေးနိုင်ဘူး
အပျိုတစ်ယောက်လို ပြုမူနေထိုင်တယ်
မင်းဟာ ဘယ်ယောက်ျားနဲ့တွဲနေကြောင်း
ဘယ်ဟိုတယ်မှာတည်းခဲ့ကြောင်း
ပတ်ဝန်းကျင့်ရဲ့ဝေဖန်ထိုးနှုက်သံတွေက
ငါ့ရဲ့နားကိုနေ့စဉ်မုဒိန်းလာလာကျင့်နေခဲ့တယ်။

၂၀၂၀ ဖေဖဝါရီ ၁၄ ရက်နေ့ဟာ
နက်ဆိုးထိုးတဲ့ဂီတသံတစ်ခုထက်ဆိုးခဲ့တယ်
ညနေ ၁၂ နာရီ မင်းအိမ်ထဲဝင်လာခဲ့တယ်
အရက်နံ့သင်း‌နေတယ်
လက်ဆွဲအိပ်ထဲချောကလပ်အချို့တွေ့တယ်
ငါမင်းကို ဒေါသကြီးစွာနဲ့ရိုက်လိုက်တယ်
ဒီလိုနဲ့ မင်းဟာ
မိသားစုအသိုက်မြုံကနေအပြီးထွက်သွားခဲ့တယ်
စိတ်ပြေရင် ပြန်လာလိမ့်မည်ဆိုတဲ့အတွေးနဲ့
နေ့ရက်တိုင်းလိုလိုပူဆွေးခဲ့ရတယ်။

ချစ်သူများနေ့မှာ ဆုံစည်းခွင့်ရခဲ့သလို
ချစ်သူများနေ့မှာ ငါတို့တွေဝေးခဲ့ကြတယ်။

မင်းဟာ ငွေနဲ့ အပျော်ပါးနောက်ကိုလိုက်ပြီး
မိခင်တစ်ယောက်တာဝန်
ဇနီးတစ်ယောက်ရဲ့ဝတ်တရား
မိသားစုရဲ့နွေးထွေးမှုတွေကို မေ့ပျောက်နေခဲ့တယ်။

ကိုယ်ကတော့
မင်းရဲ့သမီး မင်းရဲ့ခြေရာကိုမနင်းဖို့
ကိုယ့်ဘဝတစ်ခုလုံး သမီးလေးကိုပုံပေးထားတယ်
အဲဒါတောင်
သမီးလေးက မင်းအကြောင်းမေးရှာတယ်
မေးမှာပေါ့ ကလေးဆိုတာ
မေတ္တာဓာတ်ကိုခြုံမှ လုံကြသူတွေပဲ‌လေ။

ဒီနေ့တော့ သမီးလေးရဲ့ ၆ နှစ်မြောက်မွေးနေ့
မင်းကတော့
ကိုယ်နဲ့သမီးလေးကိုဒဏ်ရာတွေပေးခဲ့တာ
၆ နှစ်မြောက်တဲ့နေ့ပေါ့။

R.ဝီရလင်း(ရွှေသင်္ဂနက်)
3/7/2020

## တကယ်ချစ်လာကြတဲ့ အခါ##(((အချစ်က စစ်???)))ရင်ဖက်ထဲ အချစ်ကနိုးထလာတော့စစ်ပွဲတစ်ခုကိုဆင်နွှဲပြီးနှစ်ယောက်တစ်ဘဝကိုယ်ပိုင်နိ...
11/02/2020

## တကယ်ချစ်လာကြတဲ့ အခါ##
(((အချစ်က စစ်???)))

ရင်ဖက်ထဲ အချစ်ကနိုးထလာတော့
စစ်ပွဲတစ်ခုကိုဆင်နွှဲပြီး
နှစ်ယောက်တစ်ဘဝ
ကိုယ်ပိုင်နိုင်ငံတစ်ခုထူထောင်ရအုံးမည်။

အချစ်ဟာ
စစ်တစ်ခုအသွင်ဆောင်လာတဲ့အခါ
ငါတို့တွေဟာလည်း ဒုက္ခသည်တွေအလား
စစ်ရှောင်ဒုက္ခသည်တွေဝောာ့မဟုတ်။

ငါတို့ရဲ့စစ်စခန်းမှာ
စားနပ်ရိက္ခာတွေမပြည့်စုံဘူး
အဝတ်အထည် နေရာထိုင်ခင်းတွေလည်းမလုံလောက်ဘူး။

ဒါပမယ့် ငါတို့မှာ
အိမ်မက်တွေရှိတယ်
လွပ်လပ်ခြင်း မျော်လင့်ချက်တွေရှိတယ်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးလိုတဲ့အနာဂါတ်တွေရှိတယ်။

ငါ့တို့ရဲ့စစ်ပွဲကို
ဘီလီယံပေါင်းမြောက်များစွာရင်းလို့
ကျီဆန်တွေ အမြောက်တွေ လေယဉ်တွေနဲ့မတိုက်ဘူး
ငါတို့ရဲ့အချစ်စိတ်စွမ်းအားကိုရင်း
သစ္စာတရားတွေကိုရင်းပြီး
ဇွဲလုံးလ ဝီရိယတွေနဲတိုက်တယ်။

တစ်ရံတစ်ခါမှာ အချစ်ဟာ
နေဗီကကျေးရွာတွေကို
ကျီဆန်မိုးတွေရွာချတဲ့အခါ
အိုးမရ ခွတ်မရ အဝတ်မရ အစားမရ
တန်ဖိုးရှိတဲ့အရာတွေဘာတစ်ခုမှမရဘဲ
အသက်လုပြီးပြေးရတဲ့ပြည်သူတွေဘဝနဲ့တူတယ်။

တစ်ရံတစ်ခါ အချစ်ဟာ
သံသယနဲ ဖမ်းဆီး ထောင်ချ
သံသယနဲ့ ပစ်သတ် လက်‌ပြတ် ခြေပြတ်
ဘဝပျက်တာတောင်
တရားဥပဒေရဲ့အစောင့်ရှောက်ကိုမခံစားရတဲ့
ရွာသားတွေဘဝနဲ့လည်းတူ‌နေပြန်တယ်။

ဘာပဲပြောပြော အချစ်မှာ
ဆွဲအားရှိတာတော့ အမှန်ပဲလေ

အချစ်ဟာ '''
တစ်ပြည်နယ်လုံးနီပါး
အင်တာနက်လိုင်းဖြတ်တောက်ထားတာတောင်
အမြို့မြို့အနယ်အနယ်ကိုဖြတ်ပြီး
စစ်တွေမြို့ကိုအင်တာနက်လာသုံးကြသူတွေနဲ့လည်းတူနေပြန်တယ်။

အချစ်တွေတကယ်ရှိလာပြီဆိုရင်
သတင်းတွေကိုအမှောင်ချပြီး
အင်တာနက်လိုင်းတွေဖြတ်တောက်
လျှပ်စစ်မီးတွေဖြတ်တောက်
လမ်းပိုင်းဆက်သွယ်ရေးတွေဖြတ်တောက်
စားနပ်ရိက္ခာတွေဖြတ်တောက်တာတောင်
ဘဝဟာ အချစ်စိတ်တွေနဲ့အလင်းရောင်သန်းနေတယ်။

R-ဝီရလင်း‌(ရွှေသင်္ဂနက်)
11/2/2020

ကဗျာမြို့တော်
10/02/2020

ကဗျာမြို့တော်

08/02/2020
Khaing Min Khant

Khaing Min Khant

#အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေး#

(((၅၆ စက္ကန်နဲ့ ၆မိနစ်စာဗွီဒီယိုမှား၍ ပြန်တင်ခြင်း)))

၁။၉၀/၁၀ နိယာမနားလည်ခြင်း။

၂။ကိုယ်ကိုချစ်တဲ့သူတွေနဲ့ရှင်သန်ခြင်း။

၃။အမှတ်တရပစ္စည်း၊ဆယ်သွယ်ရေးပစ္စည်းတွေဖြတ်တောက်ခြင်း။

၄။ပြဿနာကိုဆုတ်ကိုင်မထားခြင်း။

၅။မိမိကိုယ်ကိုချစ်တတ်ခြင်း ( ချစ်သည့်အတွက်အလုပ်ကြိုးစားခြင်း၊ဝါသနာပါရာတစ်ခုခုတွင် အာရုံစူးစိုက်လုပ်ကိုင်ခြင်း)။

11/01/2020
Khaing Min Khant

Khaing Min Khant

အချစ်စစ်နဲ့ အောင်မြင်ရေး

Love+War=Own Country

28/08/2019

@"​ရေ #*

မနက်ေ​စာ​စော မင်းမျက်​နှာကြက်​သရည်​ရှိဖို့
ငါ့ကို ​ရေတစ်​ခွက်​လိုသ​ဘောထားပြီး မျက်​နှာသစ်​လိုက်​ပါ

မင်းခံတွင်း​ထဲအနံ​တွေ​​ပြေ​ပျောက်​ဖို့
ငါဆိုတဲ့​ရေနဲ ပလုပ်​ကျင်းလိုက်​ပါ

မင်းရဲ့​ပိုမို​ကောင်းမွန်​တဲ့​နောင်​ဘဝကိုရဖို့
မြတ်​ဗုဒ္ဓရဲ့ထံ​တော်​ပါး
ငါဟာ ​ရေအဖြစ်​နဲပါရမီဖြည့်​ဆည်း​ပေးပါရ​စေ ချစ်​သူ

မင်းကတစ်​​ယောက်​​ယောက်​ကိုလွမ်းမိတဲ့အခါတိုင်း
မင်းရဲ့အလွမ်း​တွေပန်းလို​မွှေး​စေဖို့
ငါကိုယ်​ငါ ​ရေ​မွှေးအဖြစ်​​ပြောင်းလဲ​ပေးပါမည်

မင်းရဲ့ကိုယ်​မှာ ​သွေးလည်​ပတ်​မှု​တွေ​ကောင်းဖို့
ငါ့ကို​ရေတစ်​ခွက်​လို​မော့​သောက်​လိုက်

နံနက်​တိုင်းမှာ စိတ်​ခွန်​အား​လန်းဆန်း​​ဖို့
မင်း​သောက်​မည့်​​ကော်​ဖီခွက်​ထဲ
အ​လောင်​ကျွမ်းခံခန္ဓာနဲ​ပေးဆပ်​သွားမည့်​အ​ကောင်းပါ

မင်းကိုယ်တိုင်​​သန့်​ရှင်းစင်​ကြယ်​ဖို့
ငါ့ကို ​ရေလိုချိုးပြီး​ဆေး​ကြောသန့်​စင်​လိုက်

မင်း​ခြေ​ဖဝါနုနု​လေး​တွေ​တောက်​​ပြောင်​ဖို့
ငါ့ရဲ့ ရင်ဖက်ေ​​ရအိုင်ထဲ​​ခြေ​ဆေးလိုက်​ပါ

တကယ့်​​တော့
မင်း​တောင်းတတဲ့အခါတိုင်းမှာ
ငါဟာ အခါမဲ့မိုးလိုရွာချ​ပေးမည့်​အ​ကောင်​ပါ

27/8/19

24/08/2019

@* ဇာတ်​ဆရာအလိုကျ@*

လင်​​သေသား​ပျောက်​လို့
သောကမုန်​တိုင်းထဲ
မပဋာဘဝကို​ရောက်​​နေတဲ့မုဆိုးမ​လေး မိုး

နွေအကြမ်းဖက်​လို့
နှလုံးခုန်​မှု​တွေရပ်​တန့်
ေ​အာက်ဆီဂျင်ေ​တွနဲ အသက်ဆက်ေ​​နရတဲ့ မြစ်​တစ်​စင်း

ဆောင်းအလိုကျ
ရာဂမီး​ရောင်​စုံကြားထဲ
အသက်​ငယ်​ငယ်​နဲပြည့်​တန်​ဆာဘဝကို​ရောက်​ခဲ့ရတဲ့ နှင်း

တကယ့်​​တော့ ငါတို့ဟာ
လောကဓံရဲ့သံစဉ်​တီးလုံး​တွေကြားမှာ
ကံဇာတ်​ဆရာအလို​ကျ အသုံး​တော်​ခံက​ချေသည်​​တွေပဲမဟုတ်​လား။

23/8/19

22/08/2019

#* ငါ ခရီးထွက်​ခဲ့တယ်​ #*

စိန်​​ခေါ်မှု​တွေ ကလက်​ဆွဲနှုတ်​ဆက်
အခတ်​ခဲပြဿနာ​တွေက​တေးဆိုလို့
ဒုက္ခ​တွေနဲ့ဧည့်​ခံ​ကျွေး​မွေးတယ်

အစွယ်​တ​စ်ေ​ငါ​ငေါထွက်​​နေတဲ့စိတ်​ညစ်​စရာ​တွေ
မဖိတ်ေ​ခ်ါပဲတစ်ဇွတ်ထိုးတိုးဝင်လာတဲ့ စိတ်ဓာတ်ကျစရာေ​​​​​​တွကို
အဆာပြင်းတဲ့ခံယူချက်​နဲတို့စားပစ်​လိုက်​တယ်

သွေသန်​ရဲရဲနဲ
ခေါ်ေ​ပါက်အားပြင်းလွန်းတဲ့ေ​​​သာကမြင်းရိုင်းတစ်​​ကောင်​ကို
ငါ့မာနနဲနဖားထိုးလိုက်​တယ်

မုန်​တိုင်​ခင်းထားတဲ့လမ်းမှာ
ပျောက်​ဆုံး​နေတဲ့အနာဂါတ်​​နေ့သစ်​​တွေကိုရှာ​ဖွေဖို့
ငါ ခရီးထွက်​ခဲ့တယ်​။

20/8/19

20/08/2019

@* တစ်​​ရေးနိုး အိပ်​မက်​ @*

အမှန်​တရားဟာ
ငွေစက္ကူ​ပေါ်က
အသက်​ဝင်​လှုပ်​ရှား​နေတဲ့ခြ​င်္သေ့တစ်​​ကောင်ဖြစ်​​တယ်

ကယ်​တင်​ရှင်​လို့ထင်​ကြေး​ပေးခဲ့ကြတဲ့သူ​ဟာ
အာဏာရှင်​ကို မဟာမိတ်​ဖွဲ့​နေရတဲ့အခါ

စုန်းပြူးခံထားရတဲ့စနစ်​တစ်​ခု​အောက်​မှာ
ပြည်သူေ​တွရဲ့အသံဟာ လည်​​ချောင်းထဲဆို့နစ်​သွားခဲ့ရ

ဒီလိုနဲ​မျော်​လင့်​ချက်​ဟာ
တစ်​​ရေးနိုးအိပ်​မက်​ထက်​ ပိုမလာခဲ့။

18/8/19

ကဗျာမြို့တော်
19/08/2019

ကဗျာမြို့တော်

19/08/2019

&& ​​တော်​လှန်​ခြင်း အနုပညာ&&

ဘာခွင့်​ပြုချက်​မှမယူပဲ
ခင်းဗျားဟာ ကျုပ်​ပိုင်နက်မှာ ကျူး​ကျော်​အိမ်​​ဆောက်​တယ်
သူတစ်ပါး​ပိုင်​နက်​ကို ခင်​ဗျားရဲ့ကိုယ်ပိုင်​​​နိုင်​ငံတစ်​ခုလိုပုံ​ဖေါ်တယ်
နယ်​ချဲ့ဝါဒနဲခင်​ဗျားကိုယ်​ခင်​ဗျား အလှဆင်​တယ်

ကျုပ်​လည်း ခင်​ဗျားကို ​စောက်​ဂရုမစိုက်​လို့
နည်းမျိုးစုံနဲ​​နေ့တိုင်းလိုလို​​တော်​လှန်​တိုက်​ထုတ်​တယ်
ဒီလိုနဲကျုပ်​ဟာ ခင်​​ဗျားနဲပတ်​သက်​လို့သူပုန်​ဆန်​လာတယ်

ကျုပ်​ရဲ့​သူပုန်​ဆန်​ခြင်းဟာ
တောမခိုဘူး စမ်း​ချောင်း​ရေမ​သောက်​ဘူး
သေနက်​မ​ဖောက်​ဘူး တစ်​မျိုးသားလုံးကိုကိုယ်​စားမပြုဘူး
လွတ်​လပ်​​ရေးကိုရယူမ​ပေးနိုင်​ဘူး

ဒါ​ပေမယ့်
ကျုပ်​မိသားစုတစ်​ခုလုံးကို ကိုယ်​စားပြုတယ်
ကျုပ်​မိသားစု​တွေ လွတ်​လပ်​ဖို့လိုတယ်
ဒီတိုက်ပွဲမှာ ​ကျုပ်​ရှုံးလို့မဖြစ်ဘူး 
ဒါ​ကြောင့်
ကျုပ်​အလုပ်​ကို ကျုပ်​လုပ်​တယ်
ခင်းဗျားကလည်း ခင်​ဗျားအလုပ်​ကို ခင်​ဗျားလုပ်​တယ်

ခင်​ဗျားအိပ်​​မောကျချိန်​မှာ
ကျုပ်​က မနက်​​စော​စော​ထ Exercise လုပ်​ပြီးပြီး
ခင်​ဗျားမျက်​နှာသစ်​ပြီးချိန်​ ကျုပ်ကခရီးတစ်​​ခေါက်​နား​နေပြီ

ကျုပ်​ပိုင်​နက်​ထဲခင်​ဗျားရှိ​နေလို့
နေသတိ စားသတိ သွားသတိ သတိကပိုမြဲလာတယ်
ဒီလိုနဲခင်​ဗျားဟာ ကျုပ်​အတွက်​​တော့
သက်ရှည်​ကျမ်းမာဖို့တွန်းအား​​တစ်​ခုဖြစ်​လာတယ်

သေချာ​တာတစ်​ခုက
ခင်​ဗျား​ကြောင့်​ ကျုပ်​ဘယ်​အရာကိုမှမငြိုငြင်​သလို
ခင်​ဗျားရှိတယ်​လို့ကို မထင်​တဲ့အ​တွေးနဲ
ခင်​ဗျားကို ကျုပ်က​အမြဲနိုင်ေ​နတယ်​ဆိုတာကိုပဲ

ဘာတဲ့. . .
ခင်​ဗျားနာမည်​​ရောဂါ ဟုတ်​လား။

16/8/19

08/03/2019

#ဝံဖို့လား#

ရခိုင်​ပြည်​ကိုမျက်​ခြီမပြတ်​စီ​ကေ့
သွီး​ကြောနံရံတစ်ြ​ပင်​လုံး
အင်​ဂျင်​အပူဆုံးအချိန်​စွာ
ရခိုင်​ပြည်​ဖြိုက်​​တေ...

စနိုက်​ပါသမားတစ်​​ယောက်​ဧ့ ကျီတစ်​​တောင့်​ပိုင်
ငါရိုဆုံးဖြတ်​ချက်​တိ
ဖြောင့်​တန်းမှန်​ကန်​ဖို့လို​ရေ...

မိစ္ဆာစစ်​တလင်းမှာ
ဓားတန်းလန်းနန့်​ နိရက်​တိ
ကြိုးတန်းလန်းနန့်​ ညတိ
ဗုံးတန်းလန်းနန့်​ သကြဇ်​တိကိုဖြုတ်​ဖို့
ဝံ့ဖို့လား???

R.ဝီရလင်း(ရွှီသင်္ဂနက်​)
3/3/19

08/03/2019

"စစ်​ပွဲ"

တော​တောင်​အထပ်​ထပ်
မှိုင်းတွင်းတိကို​ကျော်​ဖြတ်
ဗုံးခိုတွင်းထဲ
အစာငတ်​ ရီငတ်​ အသက်​ရှူကျပ်​ကေ​လေ့
အဖပြည်​ကိုနိုင်​ငံဆို​ရေမျဉ်းနန့်​အနားသတ်​ဖို့
အလှတရားကိုတည်​​ဆောက်
မင်းစွာ ဘ​​ဝပီးဆပ်​ မြင့်​မြတ်​သူ​တစ်​​ယောက်​ဖြိုက်​​တေ။

R.ဝီရလင်း(ရွှီသင်္ဂနက်​)
3/3/19

13/12/2018

@@ သတ်​ကွင်း @@

အုပ်​ချုပ်​​ရေး တရားစီရင်​​ရေး တရားဥပ​ဒေပြု​ရေးမဏ္ဍိုင်​ဟာ
ခြအုံ​တွေနဲ​ပျော်​​တော်​ဆက်​​နေတယ်

နိုင်​ငံဟာ လူ့အခွင့်​​ရေး​တွေနဲ
အချဉ်​​ဖောက်​ခံ​နေရတယ်

ငြိမ်းချမ်း​ရေးဟာ
စားပွဲဝိုင်းထဲ အကျယ်​ချုပ်​ကျခံ​နေရတယ်

ကယ်​တင်​ရှင်​ဟာ
ကိုယ့်​ကိုယ်​ကိုပြန်​ကယ်​တင်​​နေရတယ်

ဥပ​ဒေဟာ
စာအုပ်​ထဲမှာ ဝစီပိတ်အဓိဌာန်ဝင်​​​နေရတယ်

ပြည်​သူ​တွေဟာ
တရားလက်​လွတ်​ ကဒ်​ကြီးဆိုက်​​နေတယ်

အာဏာရှင်​​တွေနဲ ဓနရှင်​​တွေ​ပေါင်းပြီး
နိုင်​ငံကိုအပိုင်းပိုင်း​ဖဲ့ယူစားသုံး​လေတယ်

11/12/18

ရင်ကွဲငှက်ရို့  အလွန်
18/10/2018

ရင်ကွဲငှက်ရို့  အလွန်

ရင်​ကွဲငှက်​ရို့ အလွန်

18/10/2018

@@ ဗိုလ်​ချုပ်​ကို ဂရုမစိုက်​သူများ @@

ဗိုလ်​ချုပ်​​ရှေ့လွမ်းသူ့ပန်း​ဂွေ​တွေချ
ဗိုလ်ချုပ်ကို ​​လွမ်းဆွတ်​ပြကြတယ်
ဗိုလ်​ချုပ်​​ချမှတ်​ခဲ့တဲ့ ပင်​လုံလမ်းစဉ်​ကိုစွန့်​ပစ်
အစိပ်​သား​တွေကြားက အ​မေအိုရဲ့ပင်​လုံဟာ
မိုးမလုံ ​လေမလုံတဲ့​ဆေးရုံ

ခွဲမထွက်​​ရေးဆိုတဲ့ကင်​ဆာ​ရောဂါကို
စစ်​ပွဲ​တွေနဲဓာတ်​ကင်
ေ​​သွးရူး​​သွေးတန်း ​​သွေးသားချင်း​သွေး​သောက်​ကြ
ရုပ်ထုနဲ​​နိုင်ငံကိုအလှဆင်​​နေကြတယ်​။

16/10/18

18/10/2018

#မီးပုံးပျံ ##

အာဏာ ဥစ္စာမှိုင်း​တွေနဲ
အမြင့်​ဆုံးကိုလွှင့်​တင်​ခြဲ့က

ပြည်​သူ​တွေကိုအ​မှောင်​ချလို့

နောက်​ဆုံး​တော့လည်း
ကိုယ့်​အတ္တနဲကိုယ်​​လောင်​ကျွမ်းရတာပဲ

17/10/18

ရခိုင့်​စာပီအသိုင်းဝိုင်း ပိုမိုအား​ကောင်းလာစီရန်​ ​ကဗျာချစ်မြတ်နိုးကတ်တေ ရခိုင်​ကဗျာဆရာ၊ ဆရာမများနန့်​ ကဗျာဝါသနာရှင်...
22/08/2018

ရခိုင့်​စာပီအသိုင်းဝိုင်း ပိုမိုအား​ကောင်းလာစီရန်​ 
ကဗျာချစ်မြတ်နိုးကတ်တေ ရခိုင်​ကဗျာဆရာ၊ ဆရာမများနန့်​ ကဗျာဝါသနာရှင်​များစု​ပေါင်းကာ ရခိုင်​ကဗျာသမဂ္ဂတစ်​ခု​ပေါ်​ပေါက်​လာစီရန်
ရည်​ရွယ်​ချက်​နန့် ကျင်းပပြုလုပ်​​သော
ဒေကဗျာရွတ်ပွဲသို့ တက်ရောက်ကတ်ပါရန်နန့်
ကြိုတင်​စာရင်းပီးသွင်းကတ်​ဖို့ကို ​လေးစားသမှုနန့်​ ဆန္ဒပြုလိုက်​ပါ​ရေ

စီစဉ်​သူ
ခိုင်​သီဟ-09260797757
R.ဝီရလင်း(ရွှီသင်္ဂနက်​).09403773290

04/01/2018

@@@ အပြာရောင်ဗိုင်းရပ်စ် @@@

ငါရဲ့ရိုးတွင်းခြင်ဆီတွေထဲမှာ
မင်းရဲ့မှော်ဆန်အနမ်းအားတွေရှိတယ်....

စွန့်လွတ်ထွက်ခွာသွားချင်ပေမယ့်
မင်းဟာ ငါ့နှလုံးသားကို
ဖမ်းစားထားပြီလေ.....

ရင်နာနာနဲ့အဝေးဆုံးကိုထွက်သွားဖို့
ငါဟာမင်းရဲ့ဓာတ်ခွဲခန်းထဲမှာလေ.....

ငွေနဲဂဟေဆက်ထားတဲ့
ကျိုးပဲ့နေတဲ့ခေတ်ထဲ
ငါဟာ လောင်စာအဖြစ်အသုံးတော်ခံခဲ့ရ.....

ဆင်တစ်ကောင်လုံးကိုမိပေမယ့်
ဆင်ခြေရာကို မတွေ့တာကြောင့်
ခဲခြစ်ဖုံးထားတဲ့ ဥပဒေတွေကြားမှာ
ငွေမဲတွေဟာ ထုံးသုတ်ပြီးဇာတ်လိုက်လုပ်နေကြ....

မနေ့ညကစာသင်ခန်းထဲမှာတွေ့တယ်...

တက္ကသိုလ်ကျောင်းဝန်းထဲမှာတွေ့တယ်...

အဖြူ အစိမ်းတွေရဲ့လက်ထဲမှာတွေ့တယ်...

မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ထဲမှာတွေ့တယ်...

ပစ္စည်းမဲ့လူတန်းစားတွေရဲ့လက်ထဲမှာတွေ့တယ်...

ဓနရှင်တွေရဲ့လက်ထဲမှာတွေ့တယ်...

အာဏာရှင်တွေရဲ့လက်ထဲမှာတွေ့တယ်...

ရန်ကုန်မှာတွေ့တယ်.....

စစ်တွေမှာတွေ့တယ်.....

မောတောမှာတွေ့တယ်...

မြဝတီမှာတွေ့တယ်...

ဇေကမ္ဘာမှာလည်းတွေ့တယ်...

ဒီနေ့တော့ မင်းဟာ
လွတ်လပ်နေတဲ့ အပျိုစင်တစ်ယောက်ဖြစ်သွား.....

တွေ့တယ်. . . . . . . . .

တွေ့တယ်. . . . . . . . . .

တွေ့တယ်. . . . . . . . . .

တွေ့နေတုန်းးးးးးးး..........

ပိုင်ရှင်တွေလည်း ပျောက်နေတုန်း.....

သိက္ခာတွေနဲစိမ်းစိုနေတဲ့ရိုးမဟာလည်း
စမ်းကိုခမ်းစေတဲ့ လက်မဲကြီးတွေ
အောက်ဆီဂျင်တွေကို စုပ်ယူနေတဲ့ကာဗွန်တွေ
ဟီရိ သြတ္တပ္ပအတောင်ပျံကျိုးနေတဲ့ လင်းတတွေကြောင့်
အခုတော့ ဟာလာဟင်းလင်းဗလာကျင်းခဲ့.....

ပျားစွဲနေတဲ့ကြောရိုးတစ်ချောင်းနဲ့
ငါဟာ အချိုလွန်နေခဲ့တဲ့အကောင်ပါ.....

ပေးပါ ပေးပါ ပေးပါ
ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ
ဝန်းကျင်းအတွင်း အလှတရားတွေဖန်တီးခွင့်ပေးပါ.....

ပေးပါ ပေးပါ ပေးပါ
နိုင်ငံအတွင်း မိုးနတ်မင်းခေါ်ပေးပါ
မှုခင်းတွေဆေးကြောချင်လို့ပါ.....

ပေးပါ ပေးပါ ပေးပါ
ကမ္ဘာကြီးကိုရှင်ခွင့်ပေးပါ
ငြမ်းချမ်းရေးတေးတစ်ပုဒ် ကို ထုဆစ်ခွင့်ပေးပါ။

၂၁ ၁၂ ၂၀၁၇

01/01/2018

@@@ လွှတ်တော် 😁😁😁

စနစ်တွေမပြောင်းလဲဖို့
ခေတ်ရဲ့စနပ်တံကို
၂၅ ကျပ်နဲရစ်ပတ်ထားလေခြင်း။

၁၆ ၁၀ ၂၀၁၇

ที่อยู่

Kalong Khong Phasi Charoen
Bangkok
10160

เบอร์โทรศัพท์

0905520165

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကဗျာမြို့တော်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ကဗျာမြို့တော်:

ตำแหน่งใกล้เคียง บริการภาครัฐ


Bangkok บริการภาครัฐอื่นๆ

แสดงผลทั้งหมด

ความคิดเห็น

hi
အနုပိုင်ညာနန့်  စီးဆင်းနီရေ ဝေဒနာ ဥယျာဉ် ချေတခု လာလည်ခွင့် ကြုံလို့  ကျေးဇု တင်မိရေ ။