အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office
အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office အလုပ္သမားသံအရာရွိရံုး၊ ထိုင္းနိုင္ငံ
(66)
เปิดเหมือนปกติ
18/11/2020
ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန်များ
Zawgyi
အင်တာဗျူး - ကျော်ခ
ရိုက်ကူး - ကိုအောင်
တည်းဖြတ် - ကျော်သူရ
Unicode
ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန်များ (ရုပ်/သံ)
ဧရာဝတီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၀
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၉၀ ကျော်ဟာ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်ဘက်ကို ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မယ်ဆိုင်မြို့ရှိ လူမှု ဂရုဏာ လူမှုကူညီရေး အသင်းတို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်ဝင်ခဲ့ကြပါတယ်။
တကမ္ဘာလုံး ရင်ဆိုင်နေကြရတဲ့ ကိုဗစ် ကပ်ရောဂါဂယက်ကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ လုပ်ငန်းတချို့ရပ်ဆိုင်းရပြီး အလုပ်လက်မဲ့ဖြစ်သွားကြသူတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လာခဲ့ကြသူတွေ ဖြစ်ကြပါတယ်။
အခုပြန်သွားကြသူတွေဟာ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ နေရပ်ရင်း ဒေသတွေမှာ Quarantine ဝင်ကြရဦးမှာလည်း ဖြစ်ပါတယ်။ မယ်ဆိုင်လမ်းကြောင်းက ပြန်သူတွေဟာ လစဉ် တရာဝန်းကျင်ရှိပြီး မဲဆောက်လမ်းကြောင်းမှာတော့ နေ့စဉ် ရာဂဏန်းရှိနေပါတယ်။
#IRWLabourRight #အလုပ်သမားအခွင့်အရေး
အင်တာဗျူး - ကျော်ခ
ရိုက်ကူး - ကိုအောင်
တည်းဖြတ် - ကျော်သူရ
Credit: The Irrawaddy - Burmese Edition
ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန်များ (ရုပ်/သံ) ဧရာဝတီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၀ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလ...
17/11/2020
ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စခုန်) အကြောင်း
Credit: MIC
ရွှေ့ပြောင်းအလုပ်သမားများအတွက် သေစာရင်းတိုင်းကြားခြင်းအဆင့်ဆင့်ရှပွေ့ောငျးအလုပျသမားမြားအတှကျ သေစာရင်းတိုင်းကြားခြင်းအဆင်...
17/11/2020
ရွှေ့ပြောင်းအလုပ်သမားများအတွက် သေစာရင်းတိုင်းကြားခြင်းအဆင့်ဆင့်
Credit: MIC
16/11/2020
နိုဝင်ဘာ ၁၉ မှ ၂၂ ထိအား ထိုင်းနိုင်ငံတွင် အများပြည်သူ အလုပ်ပိတ်ရက် အဖြစ်သတ်မှတ်
ประกาศวันหยุดราชการ (Public Holiday)
ที่ทำการปิดระหว่างวันที่ 19-22 พฤศจิกายน 2563
และเปิดปกติในวันจันทร์ที่ 23 พฤศจิกายน 2563 ครับ
#Zawgyi_Font၁၇-၁၁-၂၀၂၀ ရက်နေ့တွင်မဲဆိုင်-တာချီလိတ်လမ်းကြောင်းမှနေရပ်ပြန်ခွင့်ရသူများအမည်စာရင်းကြေညာခြင်းမြန်မာသံရုံးနှင့...
12/11/2020
#Zawgyi_Font
၁၇-၁၁-၂၀၂၀ ရက်နေ့တွင်မဲဆိုင်-တာချီလိတ်လမ်းကြောင်းမှနေရပ်ပြန်ခွင့်ရသူများအမည်စာရင်းကြေညာခြင်း
မြန်မာသံရုံးနှင့်ထိုင်းအာဏာပိုင်များပူးပေါင်းစီစဉ်မှုဖြင့်၁၇-၁၁-၂၀၂၀ ရက်နေ့တွင် မယ်ဆိုင်-တာချီလိတ်လမ်းကြောင်းမှတစ်ဆင့်အထူးအစီအစဉ်ဖြင့်နေရပ်ပြန်ခွင့်ရသူအမည်စာရင်းအား ကြေညာအပ်ပါသည်။
ခရီးသားခွင့်ရသူအလုပ်သမားများနှင့် ကျောင်သား/ ကျောင်းသူများ အားလုံးသည် ၁၆-၁၁-၂၀၂၀ ရက်နေ့တွင် မယ်ဆိုင်မြို့သို့လာရောက်ရန်နှင့် ရောက်ရှိပါက 0900532430 ၊ 0896376367 ၊ 0877265404 သို့ဆက်သွယ်သတင်းပို့ ဆက်သွယ် ရမည်ဖြစ်ပြီး ၁၇-၁၁-၂၀၂၀ ရက်နေ့ မနက် ၉ နာရီ တွင်မယ်ဆိုင်-တာချီလိတ် အမှတ် ၂ တံတားမှ လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော် ကြေငြာအပ်ပါသည်။
အလုပ်သမားသံအရာရှိရုံး
ရက်စွဲ။၂၀၂၀ပည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်
.
.
.
.
#Unicode
၁၇-၁၁-၂၀၂၀ ရက်နေ့တွင် မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းမှ နေရပ်ပြန်ခွင့်ရသူများ အမည်စာရင်း ကြေညာခြင်း
မြန်မာသံရုံးနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းစီစဉ်မှုဖြင့် ၁၇-၁၁-၂၀၂၀ရက်နေ့တွင် မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းမှ အထူးအစီအစဉ်ဖြင့် နေရပ်ပြန်ခွင့်ရသူ အမည်စာရင်းကို ကြေညာအပ်ပါသည်။
ခရီးသွားခွင့်ရသူ အလုပ်သမားများနှင့် ကျောင်သား/ ကျောင်းသူများ အားလုံးသည် ၁၆-၁၁-၂၀၂၀ ရက်နေ့ညနေအရောက် မယ်ဆိုင်မြို့သို့လာရောက်ရန်နှင့် ရောက်ရှိပါက 0900532430 ၊ 0896376367 ၊ 0877265404 သို့ဆက်သွယ်သတင်းပို့ ရမည်ဖြစ်ပြီးဆက်သွယ်ထားသူများကို ၁၇-၁၁-၂၀၂၀ ရက် နေ့ မနက် ၉ နာရီ တွင်မယ်ဆိုင်-တာချီလိတ် အမှတ် ၂ တံတားမှ လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော် ကြေငြာအပ်ပါသည်။
အလုပ်သမားသံအရာရှိရုံး
ရက်စွဲ၊ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်
#Zawgyi၁၂-၁၁-၂၀၂၀ ရက်နေ့တွင် ရနောင်း-ကော့သောင်း လမ်းကြောင်းမှ နေရပ်ပြန်ခွင့်ရသူများ အမည်စာရင်း ကြေငြာခြင်းမြန်မာသံရုံးနှ...
10/11/2020
#Zawgyi
Unicode
၁၂-၁၁-၂၀၂၀ ရက်နေ့တွင် ရနောင်း-ကော့သောင်း လမ်းကြောင်းမှ နေရပ်ပြန်ခွင့်ရသူများ အမည်စာရင်း ကြေငြာခြင်း
မြန်မာသံရုံးနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းစီစဉ်မှုဖြင့် ရနောင်း-ကော့သောင်း လမ်းကြောင်းမှ နေရပ်ပြန်လိုကြောင်း အမည်စာရင်းတင်ပြထားသူများအနက် ၁၂-၁၁-၂၀၂၀ ရက်နေ့တွင် အထူးအစီအစဉ်ဖြင့် နေရပ်ပြန်ခွင့်ရသူ အမည်စာရင်းကို ကြေညာအပ်ပါသည်။
ခရီးသွားခွင့်ရသူ များသည် ခရီးသွားမည့်ရက်မတိုင်မီ တစ်ရက်ကြိုတင်၍ အလုပ်သမားသံအရာရှိရုံးတွင် ခရီးသွားထောက်ခံစာ ထုတ်ယူရန် လိုအပ်ပြီး ၁၂-၁၁-၂၀၂၀ ရက်နေ့ မနက် ၉ နာရီ စဖန်ဖလားလှေဆိပ်သို့ ရောက်ရှိနိုင်ရေး အသိပေးနှိုးဆော် ကြေငြာအပ်ပါသည်။
အလုပ်သမားသံအရာရှိရုံး
ရက်စွဲ၊ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်
#Zawgyiသံရုံးသို့ အောက်ပါ ကိစ္စများလာရောက် ဆောင်ရွက်မည့်သူများ တစ်ပတ်ကြိုတင်၍ Q (ဘိုင်ကျူ) ယူရမည် ဖြစ်ပါသည်-👉 ထောက်ခံစာ ထ...
05/11/2020
#Zawgyi
👇
#Unicode
သံရုံးသို့ အောက်ပါ ကိစ္စများလာရောက် ဆောင်ရွက်မည့်သူများ တစ်ပတ်ကြိုတင်၍ Q (ဘိုင်ကျူ) ယူရမည် ဖြစ်ပါသည်-
👉 ထောက်ခံစာ ထုတ်ယူခြင်း။
👉 Passport သက်တမ်းတိုး၊ ပျောက်ဆုံး/ပျက်စီး လျောက်ထားခြင်း။
👉 တစ်ခါသုံး CI လျောက်ထားခြင်း။
Qအား အောက်ပါ Link တွင် လျောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်များကို ကြေငြာချက်တွင် ဖတ်ရှုနိုင်ပါသည်
👇
http://eservice.mebangkok.org/
05/11/2020
Ministry of Foreign Affairs Myanmar
Zawgyi
.
.
.
Unicode
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)တို့ တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေး
(၁၁-၅-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)နှင့် ၅-၁၁-၂၀၂၀ ရက်၊ မွန်းလွဲ (၁၃၀၀) နာရီတွင် တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့သည်။
၂။ ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုနေထိုင်သည့် ပြည်နယ်တစ်ခုတွင် တရားဝင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ပေး၍ ကူညီဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများအား ကူညီပံ့ပိုး ဖြေရှင်းပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ပိုမိုမြှင့်တင်ရေး၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)တို့ တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေး
(၅-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)နှင့် ၅-၁၁-၂၀၂၀ ရက်၊ မွန်းလွဲ (၁၃၀၀) နာရီတွင် တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့သည်။
၂။ ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုနေထိုင်သည့် ပြည်နယ်တစ်ခုတွင် တရားဝင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ပေး၍ ကူညီဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများအား ကူညီပံ့ပိုး ဖြေရှင်းပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ပိုမိုမြှင့်တင်ရေး၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Ministry of Foreign Affairs              Myanmar
01/11/2020
Ministry of Foreign Affairs Myanmar
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းနိုင်ငံ အခြေစိုက် VET Product Group Co., Ltd. မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း
(၃၀-၁၀-၂၀၂၀ ရက်၊ ဗန်ကောက်)
၁။ မြန်မာနိုင်ငံ၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ထိုင်းနိုင်ငံ အခြေစိုက် တိရိစ္ဆာန်ဖြည့်စွက်စာနှင့် တိရိစ္ဆာန်ဆေးကုသရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ VET Product Group Co., Ltd. ၏ Country Manager (Vet Products Myanmar) ဖြစ်သူ Dr. Patnapong Maeka နှင့်အဖွဲ့သည် ၃၀-၁၀-၂၀၂၀ ရက်နေ့၊ နံနက် ၁၀၀၀ နာရီတွင် မြန်မာသံရုံးသို့ လာရောက်၍ Surgical Mask (၂၀,၀၀၀)၊ Surgical Mask N95 (၃,၀၀၀) နှင့် PPE ဝတ်စုံ (၂၅၃) စုံတို့အား ပေးအပ်လှူဒါန်းရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးမျိုးမြင့်သန်းမှ လက်ခံရယူခဲ့ပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သက်ဆိုင်ရာသို့ အမြန်ဆုံး ဆက်လက်ပေးပို့ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ လှူဒါန်းပစ္စည်းများအား မြန်မာနိုင်ငံသို့ ပျံသန်းထွက်ခွာမည့် အနီးဆုံး ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Zawgyi#ထိုင်းနိုင်ငံတွင်ရောက်ရှိလျက်ရှိသောမြန်မာနိုင်ငံသားများယာယီနေထိုင်ခွင့်နှင့်ပတ်သက်၍#အသိပေးကြေညာချက် ၁။ ထိုင်းနိုင...
29/10/2020
Zawgyi
Unicode
#ထိုင်းနိုင်ငံတွင်ရောက်ရှိလျက်ရှိသောမြန်မာနိုင်ငံသားများယာယီနေထိုင်ခွင့်နှင့်ပတ်သက်၍#အသိပေးကြေညာချက်
၁။ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်လျက်ရှိသောသူများ ထိုင်းနိုင်ငံ တွင် ယာယီနေထိုင်ခွင့်ကာလသည် ၂၆-၃-၂၀၂၀ ရက်နေ့မှအစပြု၍ ၃၁-၁၀-၂၀၂၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပါသဖြင့် ယင်းနေ့ထက် ကျော်လွန်နေထိုင်လိုသောသူများသည် ၃၁-၁၀-၂၀၂၀ ရက်နေ့မတိုင်မီ ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယာယီနေထိုင်ခွင့် သက်တမ်းတိုးလျှောက်လွှာကို တင်ပြရမည်ဖြစ်ပါကြောင်း ထိုင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ၃၀-၉-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ အသိပေးအပ်ပါသည်။
၂။ ၃၁-၁၀-၂၀၂၀ ရက်နေ့နောက်ပိုင်း ရက်ပေါင်း ၉၀ အတွင်း ယာယီနေထိုင်ခွင့် သက်တမ်း တိုးလျှောက်သူများသည် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ယင်းကာလနောက်ပိုင်းယာယီနေထိုင်ခွင့်သက်တမ်းတိုး လျှောက်ထားခြင်းမရှိသူများကို ရက်လွန်နေထိုင်ခြင်း (overstay) အဖြစ် သတ်မှတ်မည်ဖြစ်ပါကြောင်း၊ ၎င်းတို့အား တရားစွဲဆိုခြင်း ပြည်နှင်ဒဏ်ပေး ခြင်းနှင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ကို တားမြစ်ခြင်း စသည့်ပြစ်ဒဏ်များ လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ ကြေညာချက်ထုတ်ပြန်ထားရှိပါသည်။
၃။ ယာယီနေထိုင်ခွင့်သက်တမ်းတိုးဆိုင်ရာ အချက်အလက်များ သိရှိလိုပါက ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ဝတ်ဆိုဒ် https://www.immigration.go.th/en/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးဌာန သို့မဟုတ် ကောင်စစ်ရေးရာဌာနသို့ ဆက်သွယ်နိုင်ပါကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (DCIOS) သို့ ၂၇-၁၀၂၀၂၀ ရက်နေ့တွင် အကြောင်းကြားပေးပို့လာသည့်စာအား အလွတ်သဘောဘာသာပြန်ဆိုချက် နှင့်အတူ ပူးတွဲလျက် အသိပေးအပ်ပါသည်။
မြန်မာသံရုံး၊ ဗန်ကောက်မြို့
ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ၂၉ ရက်
Ministry of Foreign Affairs              Myanmar
28/10/2020
Ministry of Foreign Affairs Myanmar
COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းနိုင်ငံ ၊ Siam Commercial Bank (SCB) and Siam Commercial Bank Myanmar Ltd. (SCBM) နှင့် အခြားလုပ်ငန်းစုများမှ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း
(၂၇-၁၀-၂၀၂၀ ရက်၊ ဗန်ကောက်)
မြန်မာပြည်သူများအား COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ Siam Commercial Bank (SCB) and Siam Commercial Bank Myanmar Ltd. (SCBM) မှ Vice President ဖြစ်သူ Ms. Araya Phuphanich နှင့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် နှာခေါင်းစည်း ၅၀,၀၀၀ နှင့် လက်သန့်စင်ဆေးရည် ၃၃၀ ဗူးအား လည်းကောင်း၊ နေ့လည် ၂ နာရီတွင် PTN Phatthana Frozen Food Co., Ltd. ၊ PTN Phatthana Seafood Co., Ltd. ၊ Thepmanee Coldstorage (Mahachai) Thong Reed Co., Ltd. တို့ စုပေါင်း၍ PTN Phatthana Frozen Food Co., Ltd. မှ ဥက္ကဌ Mr. Paibool Dussadeevutikul နှင့် အဖွဲ့မှ Face Mask ၃၀၀,၀၀၀ ၊ N95 Mask ၂,၀၀၀၊ Body Thermometer များနှင့် Alcohol Hand Gel အမျိုးအစား ၃ မျိုးပါ ၂,၀၆၇ ဗူးတို့အား လည်းကောင်း မြန်မာသံရုံးသို့ လာရောက် ပေးအပ်လှူဒါန်းရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဉီးမျိုးမြင့်သန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ လှူဒါန်းပစ္စည်းများအား သင့်ရာနည်းဖြင့် အမြန်ဆုံး ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Zawgyiထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ၏နေထိုင်ခွင့်သက်တမ်းတိုးခြင်း...
28/10/2020
Zawgyi
.
.
Unicode
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ၏နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၂၈ ရက်
၁။ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလျက်ရှိပြီး ၂၆-၃-၂၀၂၀ ရက်နေ့မှအစပြု၍ ဗီဇာ/ နေထိုင်ခွင့် ကင်းလွတ်ခွင့်များဖြင့် နေထိုင်လျက်ရှိသူများအား ၃၁-၁၀-၂၀၂၀ရက်နေ့အထိ ထိုင်းနိုင်ငံအစိုးရက နေထိုင်ခွင့် ကင်းလွတ်ခွင့်ပြုထားပြီး ဆက်လက်နေထိုင်လိုပါက ယင်းနေ့မတိုင်မီ ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးရုံးများတွင် လျှောက်ထားသွားရန်ဖြစ်ပါကြောင်း ထပ်မံ အကြောင်းကြား အပ်ပါသည်။
၂။ ယင်းသို့ လျှောက်ထားခြင်း မပြု (မပြု)ဘဲ ထိုင်းနိုင်ငံ၌ ၃၁-၁၀-၂၀၂၀ ရက်နေ့ထက် ကျော်လွန်နေထိုင်ပါက ရက် (၉၀) အောက် ကျော်လွန်နေထိုင်ခြင်းအတွက် သတ်မှတ်ဒဏ်ကြေး ပေးဆောင်ကာ နေထိုင်ခွင့်သက်တမ်းတိုးနိုင်မည်ဖြစ်သော်လည်း နေထိုင်ခွင့်သက်တမ်းတိုး ဆောင်ရွက် ခြင်း မပြုဘဲ ရက်ပေါင်း (၉၀) ထက် ကျော်လွန်နေထိုင်ပါက ပြည်နှင်ဒဏ် (သို့တည်းမဟုတ်) ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ပိတ်ပင်ခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ကြေညာထားရှိပါကြောင်း အကြောင်းကြားအပ်ပါသည်။
၃။ ထိုင်းနိုင်ငံ၌ ၃၁-၁၀-၂၀၂၀ ရက်နေ့နောက်ပိုင်း ကျော်လွန်နေထိုင်လိုသူများသည် ထိုင်း လူဝင်မှုကြီးကြပ်ရေးရုံး၌ နေထိုင်ခွင့်သက်တမ်းတိုးရန် အကြောင်းပြချက်ခိုင်လုံစွာဖြင့် လျှောက်ထား ရန်လိုအပ်မည်ဖြစ်ပြီး ယင်းသို့သက်တမ်းတိုးလျှောက်ထားရာတွင် ရက် (၃၀) တစ်ကြိမ် သက်တမ်း တိုးခြင်းအတွက် ထိုင်းဘတ် ၁၉၀၀/- ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ကောင်စစ်ဝန်ချုပ်ရုံး၏ ထောက်ခံစာလိုအပ်ကြောင်း စုံစမ်းသိရှိရပါသည်။ အသေးစိတ်သိရှိလိုပါက ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရို အင်တာနက်စာမျက်နှာ https://www.immigration.go.th/en/ နှင့် ချင်းမိုင်ပြည်နယ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန အင်တာနက်စာမျက်နှာ https://cmimm.net/ တို့တွင် ဝင်ရောက် လေ့လာဖတ်ရှု နိုင်ပါသည်။
၄။ ချင်းမိုင်မြို့တွင် သက်တမ်းတိုး ဆောင်ရွက်လိုပါက ချင်းမိုင်မြို့၊ ပရိုမီနားဒါး ဈေးဝယ်စင်တာ၊ ဇုန် (အေ)၊ ဒုတိယထပ် ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် အများပြည်သူရုံးပိတ်ရက်မှအပ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၉)နာရီမှ ညနေ (၅) နာရီ အထိ ဆောင်ရွက်နိုင်ပါကြောင်းနှင့် https://cmimm.net/ တွင် ကြိုတင်၍ ရက်ချိန်းရယူရန် လိုအပ်မည် ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
၅။ သို့ဖြစ်ပါ၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေများဖြစ်သော ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာအယ်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်း ပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များတွင် ရောက်ရှိ နေသူ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်နေထိုင် လိုပါက ကောင်စစ်ဝန်ချုပ်ရုံးတွင် လူကိုယ်တိုင်လာရောက်၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ထောက်ခံစာများ အခမဲ့ လျှောက်ထား ထုတ်ယူနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်-
(က) နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ၊
(ခ) ပြည်ဝင်ဗီဇာနှင့် အဝင်တုံး စာမျက်နှာများ မိတ္တူ၊
(ဂ) နေရပ်လိပ်စာ အထောက်အထား၊
(ဃ) ဆက်လက်နေထိုင်လိုသည့် အကြောင်းအရာများဖော်ပြသည့် ကိုယ်ရေးစာ
၆။ ပြည်ဝင်ဗီဇာနှင့် နေထိုင်ခွင့် သက်တမ်းကုန်ဆုံးချိန် (သို့တည်းမဟုတ်) ၃၁-၁၀-၂၀၂၀ ရက်နေ့ နောက်ပိုင်း သက်တမ်းတိုးခြင်းမပြုဘဲ ဆက်လက်နေထိုင်ပါက ထိုင်းနိုင်ငံ၏ တည်ဆဲဉပဒေများနှင့်အညီ အရေးယူခံရနိုင်ပါသဖြင့် ဆက်လက်နေထိုင်လိုပါက မဖြစ်မနေ နေထိုင်ခွင့်သက်တမ်းတိုးရေး ဆောင်ရွက် သွားကြပါရန်နှင့် ဆက်လက်နေထိုင်လိုခြင်း မရှိပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေး ပြင်ဆင် ဆောင်ရွက်သွားကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
၇။ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) ဖြင့်လိုက်ပါနိုင်ပါကြောင်း၊ ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါလိုပါက မြန်မာသံရုံး၊ ဗန်ကောက်မြို့သို့ အောက်ပါ တယ်လီဖုန်း နံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြ အပ်ပါသည်-
ဒေါ်ခင်မာလာဝင်း 062 7166 062
ဒေါ်စုစန္ဒာ 062 7140 140
ဒေါ်ခင်နွယ်ဝင်း 091 4546 051
ဒေါ်အေးစန္ဒာဌေး 099 0370 235
ဒေါ်အေးချမ်းမိုး 094 5086 707
အီးမေလ် [email protected]
၈။ ထို့အပြင် ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ဖြစ်စေ ၊ မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်မှတစ်ဆင့်ဖြစ်စေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ အောက်ပါအင်တာနက်စာမျက်နှာတွင်လည်း စာရင်းပေးသွင်း နိုင်ပါသည်-
https://mcgchiangmai.org/consular-affairs/covid-relief-program-registration.html
၉။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ် ထားသော အသွားအလာကန့်သတ်နေထိုင်ခြင်း (Facility Quarantine)နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine)များကို မပျက်မကွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။
၁၀။ ပိုမိုသိရှိလိုပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၊ တယ်လီဖုန်းအမှတ်၊ 052 004211 လိုင်းခွဲ (၁၇) သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့
ရက်စွဲ၊ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ၂၈ရက်
ที่อยู่
Pan Road
Bangkok
10500
105, Pan Road, Bangrak, Bangkok 10500, Thailand
เวลาทำการ
จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
เบอร์โทรศัพท์
+6620030015
เว็บไซต์
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Officeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา
ติดต่อ ธุรกิจของเรา
ส่งข้อความของคุณถึง အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office:
วิดีโอทั้งหมด
Myanmar Labour Attache Office (Thai)
Myanmar Labour Attache Office (Thai)
ตำแหน่งใกล้เคียง บริการภาครัฐ
ความคิดเห็น
ပို့စ်တင်ခွင့်ပြုပါ ခင်ဗျာ Adme ခင်ဗျာ #ဘဝမှာအလုပ်အမျိုးမျိုးကြိုးစားပြီးရှာ​ဖွေခဲ့တရ် #တစ်လကို10000ထက်မပိုခဲ့ပါဖူး #အချိန်ရဲ့တန်ဖိုးကိုနားမလည်ခဲ့တဲ့အပြင် #အချိန်ကိုပါဖြုန်းတီးခဲ့မိတရ် #အချိန်ကိုတန်ဖိုးထားရင်လိုချင်တဲ့ဘဝကိုပိုင်ဆိုင်မရ်ဆိုတာလဲ #နားမလည်ခဲ့ဖူး #နေ့စားလခစားအလုပ်တွေလုပ်နေခဲ့ပေမဲ့ #ပြောင်းလဲမှု့မရှိတဲ့မိမိရဲ့ဘဝကိုစိတ်နာလို့် #Successmoreမှာ5လပဲ ကြိုးစားခဲ့တရ် #1လကို10000ဘတ်ရရှိခဲ့တရ် #ဒါကြောင့်fbကမိတ်ဆွေသူငယ်ချင်းများကိုပြောချင်တာက #ယုံကြည်မှု့အပြည့်နဲ့မိမိကိုတိုင်ကြိုးစားခဲ့လို #ဘဝမှာပြောင်းလဲမှု့ခြေလှမ်းတွေလျှောက်လှမ်းနိုင်ခဲ့ပြီ #တကယ်လို့1နစ်အတွင်း1လကို100000လိုချင်ရင် #successmore ကုမ္ပဏီကိုလက်တွဲလိုက်ပါ #နေ့စား ဘဝကို မုန်းတီးနေသူများအတွက်သာ #စိတ်ဝင်စားရင်ဆက်သွယ်နိုင်ပါတယ် #0994538421 #AddMeစာလုံးလေးကလဲ #မိမိဘဝကိုပြောင်းလဲနိုင်စွမ်းရှိတာကြောင့် #cmမှာရေးခဲ့ဖို့မမေ့နဲ့နော်
Data collection center မှာ Passport လျောက်ထားပြီး ကျလာတဲ့ အမှတ်စဉ်တွေကို ကျေးဇူးပြု၍မကြာခဏ အပ်ဒစ်လုပ်ပေးစေချင်ပါတယ်
ဧရာဝတီတိုင်းလေးတွေ့ ထပ်တင်ပေးပါအုံးခဗျာ ရှာနေတာ မတွေ့သေလို့ပါ
ကျွန်တော် ဦးမျိုးမြင့်စံ ဘယ် နေ့ မဲ ပေးခွင့်ရမယ်ဆိုတာ သိခွင့်ရချင် ပါတယ်
ပုံစံ၁၅တင်ပြီးစရင်ပါမလာတဲ့သူတွေကိုဘယ်လိုပြန်လည်ဆောင်ရွက်ပေးမှာလဲခင်ဗျာ...
#သင်၏နိုင်ငံသားအခွင့်အရေးကို_သင်ကိုယ်တိုင်_လက်လွှတ်အဆုံးရှုံးမခံပါနှင့်။
အလုပ်စမတ်လို့လားဗျ
ရွေးကောက်ပွဲမှာ မဲပေးချင်လို့ ဘယ်လို လုပ်ဆောင်ရမလဲ လမ်းညွှန်ပေးပါ ဥပမာ -သံရုံးနဲ့ဝေးတဲ့နေရာတွေ online voting ပေးရမရ
Gလေးစားလျက် ကြိုဆိုပါတယ် လေးစားလျက် ကြိုဆိုပါတယ်
တင်ခွင့်ပြုပါ