17/09/2026
မြန်မာ့ မြစ်တွင်းသွားစစ်ရေ ယာဉ်များ အပိုင်း (၂)
၂၈မီတာ မြစ်တွင်းသွား ဘက်စုံသုံးတိုက်ရေယာဉ်များ
ဒီစစ် ရေယာဉ်တွေကတော့ မြန်မာ ရေတပ်သဘော်ကျင်းမှ ကိုယ်ပိုင် ဒီဇိုင်းထုတ်တည်ဆောက်ထားတဲ့ ရေယာဉ်များဖြစ်ပြီး မြစ်ကြောင်းစိုးမိုးရေးနှင့်သယ်ယူပို့ဆောင်ရေး အတွက် ဒီဇိုင်းထုတ်ထားတဲ့ စစ်ရေယာဉ်များဖြစ်ပါတယ်
မြန်မာပြည်အတွင်းက ဧရာဝတီ နှင့် ချင်းတွင်းမြစ် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ် ။ ဒီရေယာဉ်တွေက်ု ယခု ၂၀၂၆ ခုနှစ် မတ်လအတွင်းမှာတပ်တော်ဝင် ကာ စတင်အသုံးပြုခဲ့ပြီး ရေယာဉ်အမှတ် 331,332,333,334 ဆိုပြီး ၄စီး အသုံးပြလျက်ရှိပါတယ်
ရေယာဉ်ပေါ်မှာ လက်နက် စနစ်များအနေဖြင့် စက်သေနတ်ကြီး .5 သေနတ် ၂လက် ကို ဘယ်၊ညာ တစ်ချက်စီ တပ်ဆင်ထားပြီး ရေယာဉ်ဦးပိုင်းမှာတော့ type 87 ရေငုပ်သဘော်ဖျက်ဒုံး တွေကို တပ်ဆင်ထားပါတယ်
ဒီလက်နက်တွေကို မြစ်ထဲမှာ ရေငုပ်သဘော် ပစ်ဖို့ တပ်ထားတာမျိုးမဟုတ်ပဲ
ရန်သူအခြေ ပြု မြစ်ကမ်းနီးပါး ဘေး တွေကို အမြောက်ဆံလို ဒုံးကျည်တွေလို တစ်တောင့်ချင်း အတွဲလိုက် ပစ်နိုင်ဖို့တပ်ဆင်ထားတာဖြစ်ပါတယ်
နောက်ဆုံးကပုံ တွေမှာတော့ ရွှေကူဘက်ဖြစ်တဲ့ တိုက်ပွဲတွေ မှာ အသုံးပြုခဲ့ပြီးမပေါက်ကွဲပဲ ကျန်နေတဲ့ ဒုံးတစ်စင်းကို ကြည့်နိုင်ပါတယ်
ဒရုန်းရန်မှ ကာကွယ်သည့် ပြုပြင်မွမ်းမံမှုများ
သံမဏိဘောင်များ၊ သံဇကာများနှင့် ရုပ်ဖျက်ပိုက်ကွန်များ တပ်ဆင်ထားပြီး ၎င်းတို့သည် FPV (First-Person View) ကာမီကာဇေ တိုက်ခိုက်ရေးဒရုန်းများ သင်္ဘောကိုယ်ထည် သို့မဟုတ် အမြောက်စခန်းများကို တိုက်ရိုက်မထိမှန်မီ ကြိုတင်ပိတ်ဆို့ရန် သို့မဟုတ် ဖောက်ခွဲပစ်ရန် "cope cages" အဖြစ် ဖန်တီးထားခြင်း ဖြစ်ပါသည်။
သင်္ဘောကိုယ်ထည်နှင့် ပဲ့စင် ပတ်လည်တွင် မော်တော်ကားတာယာ အများအပြားကို ချိတ်ဆွဲထားပါသည်။ ၎င်းသည် မြစ်ကမ်းပါးများမှ ပစ်ခတ်သည့် ဒရုန်းဆွဲမိုင်းများ၊ RPG များနှင့် လက်နက်ငယ် ကျည်ဆန်များကို အရှိန်လျော့ပါးစေရန် သို့မဟုတ် လမ်းကြောင်းလွှဲပစ်ရန် ဖန်တီးထားသော သီးသန့် အကာအကွယ်ပုံစံ ဖြစ်ပါသည်။
မည်သို့ပင် ကာကွယ်စေကာမူ ရန်သူ KIA နဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်များ ရဲ့ လက်နက်ကြီး နှင့် FPV ဒရုန်း တိုက်ခိုက်မှုများကြောင့် ၂စီးထက်မနည်း ထိခိုက်ပျက်စီး ခဲ့ပြီဖြစ်ပါတယ်