KNU-Kler Lwee Htu District

KNU-Kler Lwee Htu District ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KNU-Kler Lwee Htu District, หน่วยงานราชการ, Mae Pa, Mae Sot.

‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]လူသားမဆန်သည့် အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားတစ်ဦး သေဆုံးပြီး (...
03/08/2026

‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]
လူသားမဆန်သည့် အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားတစ်ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် (၃)လုံး ပျက်စီး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်၊ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း၌ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃)လုံး ပျက်စီးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ဂျက်လေယာဉ်တစ်စီးဖြင့် လယ်ဒိုမြို့နယ်၊ လယ်မူသောကျေးရွာအတွင်းသို့ ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် နော်အေးမေချော (၁၈) နှစ်၊ စောသဲလေး (၃၂) နှစ်နှင့် ဘုရားကြီးကျေးရွာမှ စစ်ဘေးရှောင်အဖြစ် လာရောက်ခိုလှုံနေသည့် စောအယ်တာခူ (၈) နှစ်၊ နော်မူဂေဖေါ (၁၃) နှစ်တို့ စုစုပေါင်း (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် စောသိန်းဝင်း၊ စောလင်းဖေါနှင့် မောင်လှကြီးတို့၏ နေအိမ် (၃)လုံးလည်း ဗုံးစထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အလားတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် နတ်သံကွင်းစခန်းမှ တောကြောင်ပေါက်ကျေးရွာအတွင်းသို့ (၁၂၀) မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ အသက် (၆၀) နှစ်အရွယ် စောဝင်းထိန်မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့သော တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၊ အထူးသဖြင့် ကလေးသူငယ်များမှာ အေးချမ်းသက်သာစွာ စာပေသင်ကြားရခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်းများနှင့် ရင်ဆိုင်နေရသည့်အပြင် ဒေသခံပြည်သူများသည်လည်း စိုးရိမ်ကြောက်ရွံ့မှုများအောက်တွင် နေထိုင်နေကြရသည်။

ပယီၤသုးမီၤစိရိၤအတၢ်မၤအၢမၤသီ ခးလီၤတၢ်အဃိကမျၢၢ်တဂၤ ဘၣ်သံကွံာ်ဝဲဒီး ဘၣ်ဒိဘၣ်ထံးဝဲ(၄)ဂၤဒီး ဟံၣ်(၃)ဖျၢၣ်ဘၣ်ဒိဟးဂီၤကွံာ်ဝဲ

၂၀၂၆နံၣ်, လါအီကူး(၃)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုာ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ ပယီၤသုးမီၤစိရိၤခးလီၤကျိဖးဒိၣ်ဒီး မၤဝဲကလံၤကျဲဒုးယၤတဖၣ်အဃိ ကမျၢၢ်လၢတၢ်ကမၣ်တအိၣ်တဂၤဘၣ်သံကွံာ်ဝဲဒီး ဘၣ်ဒိဘၣ်ထံးဝဲ(၄)ဂၤဒီးတကးဒံးဘၣ် ကမျၢၢ်ဟံၣ်(၃)ဖျၢၣ်ဘၣ်ဒိဟးဂီၤကွံာ်ဝဲဒၣ်န့ၣ်လီၤ.

၂၀၂၆နံၣ်, လါအီကူး(၂)သီအနံၤ ပယီၤသုးမီၤစိရိၤအကဘီယူၤဒုးသုးတဘ့ၣ် ဟဲတ့ၢ်လီၤဝဲဒၣ် ပီၣ်(၅၀၀)မ့ၣ်ပိၢ်တဖျၢၣ်ဖဲ ကီၢ်ဆၣ်လၢၢ်ဒိၣ်, လီၢ်မုာ်သီသဝီပူၤအဃိ နီၢ်အ့မ့ၣ်ခၠီ(၁၈)နံၣ်, စီၤသဲလ့(၃၂)နံၣ်, ဒီးဘယါကၠံသဝီဖိ စီၤအဲၣ်တၢ်ခူၣ်(၈)နံၣ်, နီၢ်မုာ်ဂ့ၤဖီ(၁၃)နံၣ်လၢ ဟဲသုးလီၢ်သုးကျဲဟဲအိၣ်ကဒုတဖၣ် ဘၣ်ဒိဘၣ်ထံးဝဲဒၣ်န့ၣ်လီၤ. တကးဒံးဘၣ် စီၤသ့ဝ့, စီၤလ့ဖီ ဒီး မီၣ်လးကၠံအဟံၣ်(၃)ဖျၢၣ်စ့ၢ်ကီး မ့ၣ်ပိၢ်ခီဘၣ်အီၤဒီး ဟးဂီၤကွံာ်ဝဲဒၣ်န့ၣ်လီၤ.

ဒ်န့ၣ်အသိး ဖဲ(၂၀၂၆)နံၣ်, လါယူၤလံ(၃၁)သီအနံၤစ့ၢ်ကီး ပယီၤသုးမီၤစိရိၤလၢအိၣ်ဖဲ နးသၣ်ကွ့သုးကလၢၤပူၤတဖၣ် ခးလီၤဝဲဒၣ်(၁၂၀ မမ)ကျိဖးဒိၣ်သၣ်တဖျၢၣ်ဒီး စီၤဝ့ထ့ၤ(၆၀)နံၣ် ဘၣ်ဒိသံကွံာ်ဝဲဒၣ်န့ၣ်လီၤ.

ပယီၤသုးမီၤစိရိၤအတၢ်မၤအၢမၤသီတၢ် လၢအတအိၣ်ဒီးဟီၣ်ခိၣ်ဖိတၢ်ဒိသူၣ်ဒိသးတဖၣ်အဃိ ကမျၢၢ်လၢတၢ်ကမၣ်တအိၣ်တဖၣ်, လီၤဆီဒၣ်တၢ်ဖိသၣ်သ့ၣ်တဖၣ် တဖံးလိမၤဒိးဘၣ်တၢ်လၢတၢ်မုာ်တၢ်ခုၣ်အပူၤဘၣ်ဒီး ဘၣ်ဟးဃ့ၢ်အိၣ်ကမှံ, ဘၣ်ဒိဘၣ်ထံး, ဘၣ်ကွၢ်ဆၢၣ်မဲာ်ဝဲဒၣ်ဒီးတၢ်သံတၢ်ပှၢ် တကးဒံးဘၣ် လီၢ်ကဝီၤကမျၢၢ်တဖၣ်စ့ၢ်ကီး ဘၣ်အိၣ်မူလၢတၢ်ပျံၤတၢ်ဖုးတၢ်ဘၣ်ယိာ်အပူၤန့ၣ်လီၤ.

‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]ခလယ်လွီထူခရိုင်  (၃)ကြိမ်မြောက် ခရိုင်အမြဲတမ်းကော်မတီအစည်းအဝေး အောင်မြင်စွာကျင်းပပြီး...
31/07/2026

‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]
ခလယ်လွီထူခရိုင် (၃)ကြိမ်မြောက် ခရိုင်အမြဲတမ်းကော်မတီအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်၊ ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၏ (၂၄)ကြိမ်မြောက် ခရိုင်ကွန်ကရက်အလွန် (၃)ကြိမ်မြောက် ခရိုင်အမြဲတမ်းကော်မတီအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ခရိုင်အမြဲတမ်းကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူးများနှင့် တပ်မှူးများ တက်ရောက်ခဲ့ကြပြီး ယခင်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

ထို့ပြင် ခရိုင်အတွင်းရှိ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စစ်ရေးအခြေအနေများကို ကဏ္ဍအလိုက် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည့်အတူ ကျေးရွာအဆင့်မှ မြို့နယ်နှင့် ခရိုင်အဆင့်အထိ လက်ရှိအခြေအနေများကိုလည်း အစီရင်ခံတင်ပြကာ လိုအပ်သော ကိစ္စရပ်များအပေါ် အမြင်များ ဖလှယ်ဆွေးနွေး၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

အစည်းအဝေးတွင် တပ်မဟာမှူး အဖြစ် အသစ်ခန့်အပ်ထားသော ဗိုလ်မှူးချုပ် စောကပေါ်၀ါးနှင့် တပ်ရင်း(၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဟဲကော်သောတို့အား ခရိုင်အမြဲတမ်းကော်မတီအဖြစ်ခန့်အပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးမှတစ်ဆင့် ခရိုင်၏ လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် သက်ဆိုင်ရာကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် လိုအပ်သော လုပ်ငန်းလမ်းညွှန်ချက်များကို အတည်ပြုခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်မၤဝဲ (၃)ဝီတဝီ ကီၢ်ရ့ၣ်ထီဘိကမံးတံၥ်တၢ်အိၣ်ဖှိၣ်ဝံၤဝဲဂ့ၤဂ့ၤဘၣ်ဘၣ်

၂၀၂၆နံၣ်, လါယူၤလံ(၃၁)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ် ခီကရဲး(၂၄)ဘျီတဘျီဝံၤ တၢ်မၤဝဲ (၃)ဝီတဝီကီၢ်ရ့ၣ်ထီဘိကမံးတံၥ်တၢ်အိၣ်ဖှိၣ် ဖဲ ၂၀၂၆နံၣ်, လါယူၤလံ(၂၂)သီအနံၤ တုၤ (၂၇)သီအနံၤ (၅)သီအတီၢ်ပူၤန့ၣ်လီၤ.

တၢ်အိၣ်ဖှိၣ်ပူၤ ကီၢ်ရ့ၣ်ထီဘိကမံးတံၥ်တဖၣ်, ကီၢ်ဆၣ်နဲၣ်ရွဲၣ် ဒီး သုးဂ့ၢ်ဝီခိၣ်နၢၣ်တဖၣ် ဟဲထီၣ်ဝဲဒီး တၢ်မၤကျဲတဖၣ်လၢ မၤဖျါထီၣ်တ့ၢ်တဖၣ် က့ၤပဲၥ်ထံနီၤဖးသကိးဝဲဒၣ်န့ၣ်လီၤ.

လၢန့ၣ်အမဲၥ်ညါ ကီၢ်ရ့ၣ်အပူၤ ထံရူၢ်ကီၢ်သဲးဂ့ၢ်ဝီ, ပၢပြးဂ့ၢ်ဝီ ဒီး သုးဂ့ၢ်ဝီတဖၣ် တၢ်အိၣ်သးသ့ၣ်တဖၣ် က့ၤပဲၥ်ထံနီၤဖးသကိး လၢအသနၢၣ်ဒၣ်ဝဲဒီး, ဒူသဝီပတီၢ် ဆူ ကီၢ်ဆၣ် ဒီး ကီၢ်ရ့ၣ်ပတီၢ် သ့ၣ်တဖၣ် ကတီၤခါတၢ်အိၣ်သးတဖၣ်အဖီခိၣ် ပၥ်ဖျါဝဲဒီး တၢ်လၢလိၣ်တဖၣ် ဟ့ၣ်ခီဟ့ၣ်နီၤတၢၣ်ပီၣ်တဲသကိးန့ၣ်လီၤ.

လၢတၢ်အိၣ်ဖှိၣ်အပူၤ သုးက့ခိၣ်အသီ သုးခိၣ်ကျၢၢ်ဖိစီၤကပီၤဝါ ဒီး သုးရ့ၣ်နီၢ်ဂံၢ်(၇) သုးရ့ၣ်ခိၣ် သုးခိၣ်ဒိၣ်ဂီၢ်ဂ့ၢ်စီၤဟဲကီၢ်သီ (၂)ဂၤအံၤ ကဲထီၣ်ဝဲဒၣ် ကီၢ်ရ့ၣ်ထီဘိကမံးတံၥ် ကမံးတံၥ်ဖိ န့ၣ်လီၤ.

တၢ်အိၣ်ဖှိၣ်တဘျီအံၤ ကီၢ်ရ့ၣ်တၢ်မၤကျဲတဖၣ်မၤဖျါထီၣ်တၢ်ဖံးတၢ်မၤသ့ၣ်တဖၣ် ကဘၣ်ဘျီးဘၣ်ဒၣ်ဒိၣ်န့ၣ်အလီၢ်အဂီၤ, ပၥ်ဂၢၤပၥ်ကျၢၤဝဲ တၢ်မၤနဲၣ်ကျဲတဖၣ်လၢလိၣ်ဝဲတဖၣ် ဒီး တၢ်အိၣ်ဖှိၣ်ဝံၤဝဲ ဂ့ၤဂ့ၤဘၣ်ဘၣ်န့ၣ်လီၤ.

‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (...
16/07/2026

‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]
အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေဆုံးပြီး စျေးဆိုင် (၂) လုံး ထိခိုက်ပျက်စီး

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်၊ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် Y-12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး စျေးဆိုင် (၂) လုံး ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနှင့် မီးရထားကျေးရွာများအပေါ် ဗုံးသီးအလုံး (၂၀) ထက်မနည်း ကြဲချခဲ့ပြီး၊ မီးရထားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသည့် ဗုံးဒဏ်ကြောင့် နော်ဘွေဖော (အသက် ၅၇ နှစ်) နှင့် နော်လေးဝါး (အသက် ၅၆ နှစ်) တို့ သေဆုံးခဲ့သည်။ ထို့အပြင် စောဆဲမူနှင့် စောလါးမူတို့၏ စျေးဆိုင် (၂) လုံးလည်း ဗုံးထိမှန်ပျက်စီးခဲ့သည်။

အဆိုပါတိုက်ခိုက်ခံရသည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်း သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများ မရှိခဲ့ဘဲ၊ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ အရပ်သားပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် နေ့စဉ်အသက်အန္တရာယ် စိုးရိမ်ကြောက်ရွံ့မှုများအောက်တွင် သွားလာနေထိုင်လျက်ရှိပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများလည်း ပိုမိုဆိုးရွားလာလျက်ရှိသည်။

သုးမီၤစိရိၤကဘီယူၤခးလီၤတၢ်အဃိ ကမျၢၢ် (၂)ဂၤသံကွံၥ်ဝဲ ဒီး ကျး(တၢ်ဆါတၢ်ပှ့ၤအလီၢ်) (၂)ဖျၢၣ် ဟးဂီၤ

၂၀၂၆နံၣ်, လါယူၤလံ(၁၆)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်မူ အပူၤ ဖဲ ၂၀၂၆နံၣ်, လါယူၤလံ(၁၃)သီအနံၤ သုးမီၤစိရိၤကဘီယူၤ(Y-12) ခးလီၤတၢ်အဃိ ကမျၢ်လၢ တၢ်ကမၣ်တအိၣ်သံကွံၥ်ဝဲ (၂)ဂၤ ဒီး ကျး(တၢ်ဆါတၢ်ပှ့ၤအလီၢ်) (၂)ဖျၢၣ် ဟးဂီၤကွံၥ်ဝဲဒၣ်န့ၣ်လီၤ.

ကဘီယူၤတ့ၢ်လီၤ မ့ၣ်ပိၢ်သၣ်တစှၤန့ၣ်အဖျၢၣ်(၂၀)လီၤတဲၥ်ဖဲ ဟံၣ်အူသဝီ, ၡဲဒ့သဝီ ဒီး မံယၢထါသဝီ အပူၤအဃိ နီၢ်ဘွ့ၣ်ဖီ (သးနံၣ် ၅၇နံၣ်) ဒီး နီၢ်လ့ဝါ(သးနံၣ် ၅၆နံၣ်) ဘၣ်ဒိကဘီယူၤ မ့ၣ်ပိၢ်အဃိ သံကွံၥ်ဝဲဒၣ်န့ၣ်လီၤ. လၢန့ၣ်အမဲၥ်ညါ ကျး(၂)ဖျၢၣ်ဘၣ်ဒိဟးဂီၤ ကျးကစၢ်တဖၣ်မ့ၢ်ဝဲ စီၤဆၢမူ ဒီး စီၤလါမူ အကျးတဖၣ် န့ၣ်လီၤ.

တၢ်လီၢ်လၢ သုးမီၤစိရိၤကဘီယူၤတ့ၢ်လီၤမ့ၣ်ပိၢ်တဖၣ်အံၤ တမ့ၢ်ဝဲ တၢ်ဒုးကဲထီၣ်အလီၢ်ဘၣ်ဒီး မ့ၢ်ဒၣ် သုးမီၤစိရိၤတဖၣ်အံၤ ပၥ်တၢ်ဖးပနီၤလိၤလိၤဆူ ကမျၢၢ်အိၣ်ဆိးလီၢ်ဒီး တ့ၢ်လီၤဝဲဒၣ် မ့ၣ်ပိၢ်တဖၣ်န့ၣ်လီၤ.

သုးမီၤစိရိၤတဖၣ်အံၤ ပၥ်တၢ်ခးပနီၣ်လိၤလိၤဆူကမျၢၢ်အအိၣ်ဒီး ခးလီၤကျိဖးဒိၣ်ဒီး တ့ၢ်လီၤမ့ၣ်ပိၢ် ခီဖျိကဘီယူၤတဖၣ်အဃိ ကမျၢၢ်တဖၣ် ဘၣ်အိၣ်ဒိး တၢ်ပျံၤတၢ်ဖုးတၢ်ဘၣ်ယိၣ်ဘၣ်ဘီန့ၣ်လီၤ.

[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]ခလယ်လွီထူခရိုင်တွင် (၉) ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ အထိမ်းအမှတ် သစ်ပင်စို...
02/07/2026

[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]
ခလယ်လွီထူခရိုင်တွင် (၉) ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးမှုများ ပြုလုပ်ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်၊ကေအဲန်ယူ − ခလယ်လွီထူခရိုင်။

(၉) ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ (Kawthoolei Tree Planting Month) အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်များကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ခလယ်လွီထူခရိုင်အတွင်းရှိ မြို့နယ်အသီးသီး၌ စုပေါင်းကျင်းပပြုလုပ်ခဲ့ကြသည်။

လယ်ဒိုမြို့နယ်တွင် အထက်တန်းကျောင်းသူ၊ ကျောင်းသားများက သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်တွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီး၊ ဆောထိမြို့နယ်တွင်လည်း တပ်ရင်း (၇) မှ တပ်ဖွဲ့ဝင်များနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများက စုပေါင်း၍ သစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။

ကေအဲန်ယူအနေဖြင့် "ကော်သူးလေ ထာဝစဉ် စိမ်းလန်းစိုပြေဖို့ နှစ်စဉ် စုပေါင်းသစ်ပင် စိုက်ကြစို့" ဟူသော ယခုနှစ်ဆောင်ပုဒ်ဖြင့် ကော်သူးလေတစ်ဝန်း သစ်တောများ ရေရှည်တည်တံ့စေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် နှစ်စဉ် ဇူလိုင်လအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသည်။

တၢ်မၤဝဲ (၉)ဝီတဝီ ကီၢ်သူလ့ၤတၢ်သူၣ်သကိးသ့ၣ်အလါ မူးတၢ်ရဲၣ်တၢ်ကျဲၤ ဖဲ ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်
၂၀၂၆နံၣ်, လါယူၤလံ(၂)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ဖဲ ၂၀၂၆နံၣ်, လါယူၤလံ(၁)သီအနံၤ တၢ်မၤဝဲ (၉)ဝီတဝီ ကီၢ်သူလ့ၤတၢ်သူၣ်သကိးသ့ၣ်အလါ (Kawthoolei Tree Planting Month) မူးတၢ်ရဲၣ်တၢ်ကျဲၤ ဘၣ်တၢ်မၤဝဲ ဖဲ ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ် ကီၢ်ဆၣ်တဖၣ်အပူၤန့ၣ်လီၤ.
ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ တီၤထီကၠိဖိ မုၣ်/ခွါ တဖၣ် ပၥ်ဃုၥ်ဝဲ တၢ်သူၣ်သကိးသ့ၣ်မူးတၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤအမဲၥ်ညါ ကီၢ်ဆၣ်ဆီအပူၤ သုးရ့ၣ်နီၣ်ဂံၢ်(၇) သုးမုၢ်သံၣ်ဘိ ဒီး တီၤထီကၠိဖိ မုၣ်/ခွါတဖၣ် ပၥ်ဃုၥ်ဝဲဒီး သူၣ်သကိးသ့ၣ် ဖဲ ကီၢ်သူလ့ၤတၢ်သူၣ်သကိးသ့ၣ်အလါ မူးတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

တနံၣ်အံၤအဂီၢ် တၢ်တိၥ်သူၣ်ပၥ်သးအတၢ်ကတိၤမိၢ်ၦၢ်(motto) မ့ၢ်ဝဲ “ကီၢ်သူလ့ၤထီဘိကလါဟ့ၣ်အဂီၢ် ကိးနံၣ်ဒဲးသူၣ်သကိးသ့ၣ်ပၥ်ဖှိၣ်ထီၣ်” အသိး ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ကျဲးစၢးရဲၣ်သဲကတီၤဝဲ ဒ်သိး ကီၢ်သူလ့ၤဒီတဘ့ၣ်အပူၤ သ့ၣ်ပှၢ်တဖၣ် ထီဘိကလါဟ့ယူၥ်ကၢ ဒီး တၢ်မူတဝၢ်တဖၣ် ကလဲၤတရံးသးဝဲ ဂ့ၤဂ့ၤဘၣ်ဘၣ်အဂီၢ် ကိးနံၣ်ဒဲးသူၣ်ဝဲသ့ၣ် ဒီးတၢ်ကတီၤသ့ၣ်ပှၢ်တၢ်ရဲၣ်တၢ်ကျဲၤတဖၣ် မၤဝဲထီဘိတဘိယူၢ်ဃီန့ၣ်လီၤ.

‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ...
02/06/2026

‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]

လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၂) ဦး အပါအဝင် ပြည်သူ (၃) ဦး အသက်သေဆုံးခဲ့ရပြီး မိန်းကလေး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် (၁) လုံးထိခိုက်ပျက်စီးခဲ့ရ

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်၊ ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်း ၂၀၂၆ ခုနှစ် မေလ (၃၀) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် ခမရ-၂၆၄ တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး (၁) လုံးပစ်ခတ်ခဲ့ရာ ဝေဒေါခို(အင်တိုင်းကုန်း)ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စောတိုးလေးကြီး (၄၇)နှစ်၊ နော်ကွမ်းယာ (၄၅) နှစ် နှင့် နော်အယ်ကလူဖော (၉)နှစ် တို့ (၃) ဦး ထိမှန်သေဆုံးခဲ့ပြီး နော်မူးဖော (၁၈)နှစ် (၁)ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ရပြီး နေအိမ် (၁) လုံးပျက်စီးခဲ့ရပါသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းသို့ အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဥ်များဖြင့် နေ့စဥ် လိုလို ပစ်ခတ်လျက်ရှိသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရပြီး ဒုက္ခ များစွာ ရင်ဆိုင်ကြုံတွေ့နေရကာ စိုးရိမ်ကြောက် ရွံ့မှုများစွာဖြင့် အသက်ရှင် နေထိုင်နေကြရပါသည်။

ဓါတ်ပုံ - အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ။

ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ သုးမီၤစိရိၤခးလီၤကျိဖးဒိၣ်အဃိ ကမျၢၢ်သံ(၃)ဂၤပၥ်ဃုၥ် ပိၥ်မုၣ်(၂)ဂၤ, ပိၥ်မုၣ်(၁)ဂၤဘၣ်ဒိ, ဟံၣ်(၁)ဖျၢၣ် ဘၣ်ဒိဟးဂီၤ

၂၀၂၆ နံၣ်, လါယူၤ(၂)သီ, ခ့ၣ်အဲၣ်ယူၣ်- ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ ဖဲ ၂၀၂၆နံၣ်, လါမ့ၤ(၃၀)သီအနံၤ သုးမီၤစိရိၤသုးရ့ၣ် ခမရ-၂၆၄ သုးရ့ၣ် ခးလီၤကျိဖးဒိၣ်(၁၅၅ မမ) (၁)ဖျၢၣ်အဃိ လီၤတဲၥ်ပိၥ်ဖးဖဲ ဝ့ၢ်ဒီခိၣ်သဝီ(အင်တိုင်ကုန်း) အပူၤအဃိ စီၤတိလ့ကၠံ သးနံၣ်(၄၇)နံၣ်, နီၢ်ကိယၥ် သးနံၣ်(၄၅)နံၣ် ဒီး နီၢ်အဲၣ်ကလုၥ်ဖီ သးနံၣ်(၉)နံၣ် သံကွံၥ်ဝဲဒၣ်ဒီး နီၢ်မူဖီ သးနံၣ်(၁၈)နံၣ် ဘၣ်ဒိဝဲဒၣ်အမဲၥ်ညါ ဟံၣ်(၁)ဖျၢၣ်ဘၣ်ဒိဟးဂီၤဝဲဒၣ်န့ၣ်လီၤ.

ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ သုးမီၤစိရိၤသုးကျိၤတဖၣ်နုၥ်လီၤဒီး ခးလီၤကျိဖးဒိၣ်, တ့ၢ်လီၤမ့ၣ်ပိၢ်ခီဖျိ ဒြိဒီး ကဘီယူၤကိးမုၢ်နံၤအဃိ ကမျၢၢ်သ့ၣ်တဖၣ် ဘၣ်ဃ့ၢ်ပူၤဖျဲးအသးဒီး ဘၣ်အိၣ်ဒီး တၢ်ပျံၤတၢ်ဖုးတၢ်ဘၣ်ယိၣ်ဘီန့ၣ်လီၤ.

တၢ်ဂီၤ - သုးမီၤစိရိၤခးလီၤကျိဖးဒိၣ်အဃိ တၢ်ဘၣ်ဒိဟးဂီၤသ့ၣ်တဖၣ်.




‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရ...
29/05/2026

‎‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]

လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့ရ

၂၀၂၆ ခုနှစ်၊ မေလ (၂၉) ရက်၊ ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်း ၂၀၂၆ခုနှစ် မေလ (၂၆) ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး (၂) လုံး ကိုပစ်ခတ်ခဲ့ရာ ကျွန်းကြီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး (၁)စောနေကော်ထူး (၅၂)နှစ်၊ (၂)စောစိန်ဝင်း (၆၁)နှစ် နှင့် (၃)နော်အယ်လွဲ (၃၆) နှစ် တို့ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စောစိန်ဝင်း၊ ဦးလွမ်းမိုးအောင် နှင့် ဦးစိန်ကြီး တို့၏ နေအိမ် (၃)လုံး လည်း ထိမှန်ပျက်စီးခဲ့ရသည်။

ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်တွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်များဖြင့်ပါ နေ့စဥ်နေ့တိုင်း အပြစ်မဲ့အရပ်သား ပြည်သူလူထုမျာအား ပစ်မှတ်ထား ပစ်ခတ်လျက်ရှိသောကြောင့် ပြည်သူလူထုများအနေဖြင့် စိုးရိမ် ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရလျက်ရှိသည်။

ဓါတ်ပုံ - အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးရမှုများ။

ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ ခီဖျိပယီၤသုးမီၤစိရိၤ ခးလီၤကျိဖးဒိၣ်အဃိ ကမျၢၢ်ဖိ(၃)ဂၤဘၣ်ဒိဘၣ်ထံးဒီး ကမျၢၢ်ဟံၣ်(၃)ဖျၢၣ် ဘၣ်ဒိဟးဂီၤဝဲဒၣ်န့ၣ်လီၤ

၂၀၂၆နံၣ်, လါမ့ၤ(၂၉)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ ဖဲ ၂၀၂၆နံၣ်, လါမ့ၤ(၂၆)သီ မုၢ်ဆါခီ အဆၢကတီၢ် ပယီၤသုးမီၤစိရိၤ ခလရ(၂၆၄) ခးလီၤဝဲ ၁၅၅ မမ ဟီၣ်ဝ့ၣ်စၢ်(Howitze) (၂)ဖျၢၣ်ဆူ ကၠိကၠံသဝီပူၤအဃိ ပှၤသဝီဖိလၢအမ့ၢ် (၁)စီၤန့ၢ်ကီၢ်ထူ(၅၂)နံၣ်, (၂)စီၤစ့ၤဝ့(၆၁)နံၣ် ဒီး နီၢ်အဲၣ်လွဲ(၃၆)နံၣ် ခဲလၢၥ်(၃)ဂၤ ဘၣ်ဒိဘၣ်ထံးဝဲဒၣ်န့ၣ်လီၤ. လၢန့ၣ်အမဲၥ်ညါ ပှၤသဝီဖိလၢအမ့ၢ် (၁)စီၤစ့ၤဝ့, (၂)အူလွဲမိအီၤ ဒီး (၃)အူစ့ၤကၠံ သ့ၣ်တဖၣ်အဟံၣ် ခဲလၢၥ်(၃)ဖျၢၣ် ဘၣ်ဒိဟးဂီၤဝဲဒၣ်န့ၣ်လီၤ.

ကတီၢ်ခါအခဲအံၤ ပယီၤသုးမီၤစိရိၤသုးကျိၤအါအါဂီၢ်ဂီၢ် နုၥ်လီၤဝဲဆူ ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤဒီး သူဝဲ ကျိဖးဒိၣ်, ဒြိ, ကဘီယူၤတဖၣ်ဒီး ပညိၣ်ခးလီၤတၢ်လၢ ကမျၢၢ်အိၣ်ဆိးလီၢ်, ကီၢ်မျၢၢ်တၢ်ဖံးအီၣ်မၤအီၣ်လီၢ် ကိးမုၢ်နံၤအဃိ ကမျၢၢ်ထံဖိကီၢ်ဖိတဖၣ် ဘၣ်အိၣ်မူဝဲဒၣ်လၢ တၢ်ပျံၤတၢ်ဖုးအပူၤန့ၣ်လီၤ.

တၢ်ဂီၤ - ပယီၤသုးမီၤစိရိၤ အတၢ်မၤအၢတဖၣ်.




‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]‎ဆောထိမြို့နယ်တရားစီရင်ရေးဌာန၏ ဦးဆောင်မှုဖြင့် ပထမအကြိမ် ကော်သူးလေတရားစီရင်ရေးဆိုင်ရာ ...
23/05/2026

‎[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]

ဆောထိမြို့နယ်တရားစီရင်ရေးဌာန၏ ဦးဆောင်မှုဖြင့် ပထမအကြိမ် ကော်သူးလေတရားစီရင်ရေးဆိုင်ရာ အသိပညာပေးရက်တိုသင်တန်းအား ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက်၊ ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင် ဆောထိ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု အားကောင်းရေး ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် ကော်သူးလေ တရား စီရင်ရေး ဆိုင်ရာ အသိပညာပေး ရက်တိုသင်တန်းကို ၂၀၂၆ ခုနှစ် မေလ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ ဆောထိမြို့နယ် အတွင်းရှိ နေရာ (၂) နေရာတွင် သင်တန်းပို့ချပေးခဲ့သည်။

သင်တန်းအား ဗဟိုတရားရေးမှ သင်တန်းဆရာ ၊ဆရာမများ နှင့်ဆောထိမြို့နယ် တရားရေးဌာနမှ ဦးဆောင်ပြီး (၂) ဖွဲ့ခွဲကာ နေရာ (၂) ခုတွင် ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသို့ ကျေးရွာအုပ်စု အလုပ် အမှုဆောင် အဖွဲ့ဝင်များ နှင့် ဌာဆိုင်ရာအသီးသီးရှိ လူငယ်စုစုပေါင်း (၇၀) ခန့် တက်ရောက်ခဲ့ကြသည်။

ဓါတ်ပုံ - ဆောထိမြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့သော ကော်သူးလေတရားစီရင်ရေးဆိုင်ရာ အသိပညာပေး ရက်တိုသင်တန်း ပုံရိပ်များ။

ကီၢ်ဆၣ်ဆီထံးအပူၤ သဲစးဝဲၤကျိၤတီခိၣ်ရိၣ်မဲဒီး မၤဝဲ ကီၢ်သူလ့ၤသဲစးဂ့ၢ်ဝီ နံၤဖုၣ် တၢ်မၤလိ

၂၀၂၆နံၣ်, လါမ့ၤ(၂၃)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်ဆီထံးအပူၤ, ဒ်သိးသဲစးတၢ်ဒိၣ်စိ ကဂ့ၤထီၣ်အဂီၢ် ကီၢ်သူလ့ၤသဲစးဝဲၤကျိၤ မၤဝဲ နံၤဖုၣ်တၢ်မၤလိ ဘၣ်ဃး သဲစးဂ့ၢ်ဝဲ ဖဲ ၂၀၂၆နံၣ်, လါမ့ၤ(၂၀)သီ တုၤ (၂၁)သီ ဒီး တၢ်မၤလိဘျီဝဲအံၤ ဘၣ်တၢ်မၤအီၤဖဲ ကီၢ်ဆၣ်ဆီထံးအပူၤ တၢ်လီၢ်(၂)တီၤ န့ၣ်လီၤ.

တၢ်မၤလိတဘျီအံၤ လီၢ်ခၢၣ်သးပတီၢ် တၢ်မၤလိသရၣ်/သရၣ်မုၣ်တဖၣ်, ကီၢ်ဆၣ်ဆီထံး သဲစးဝဲၤကျိၤ ပှၤဘၣ်မူဘၣ်ဒါတဖၣ် တီခိၣ်ရိၣ်မဲဒီး နီၤဖးလီၤဝဲ ကရူၢ်(၂)ကရူၢ်, တၢ်လီၢ်(၂)တီၤ ဝံၤ ဟ့ၣ်ခီၣ်ဟ့ၣ်နီၤဝဲ တၢ်မၤလိ သ့ၣ်တဖၣ်န့ၣ်လီၤ. ဒူသဝီကရူၢ်ခိၣ်နၢ်, ဝဲကျိၤပှၤဘၣ်မူဘၣ်ဒါတဖၣ် ခဲလၢၥ် ပှၤအဂၤ(၇၀) ဟဲထီၣ်ဝဲ တၢ်မၤလိ ဘျီဝဲအံၤန့ၣ်လီၤ.

တၢ်ဂီၤ - ကီၢ်ဆၣ်ဆီထံးအပူၤ သဲစးဂ့ၢ်ဝီ တၢ်မၤလိ တၢ်မၤနီၣ်တဖၣ်.




[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ...
11/05/2026

[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]

လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် (၁) လုံး နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့ရ

၂၀၂၆ ခုနှစ်၊ မေလ (၁၁) ရက်၊ ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် (၁) လုံး နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်။

၂၀၂၆ ခုနှစ် မေလ (၇) ရက်နေ့တွင် အာဏာသိမ်းအကြမ်ဖက်စစ်တပ်သည် သံဆိပ်မှနေပြီး ၈၁ မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ လက်ကောက်ဝ ကျေးရွာအတွင်းသို့ ကျရောက် ရောက် ပေါက်ကွဲ ခဲ့သော ကြောင့် စောမောင်လှ (၄၂) နှစ်၊ နော်စိုးမိုး (၂၅) နှစ် နှင့် နော်ရင်ကြည် (၁၇) နှစ် တို့ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါသည်။

၂၀၂၆ ခုနှစ် မေလ (၅) ရက်နေ့ တွင်လည်း ရွှေဝါတပ်ရင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ လိမ်ပင်ဝဲ ကျေးရွာအတွင်း ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်တင်မြင့် ၏ နေအိမ် နှင့် ကျေးရွာဘုန်းကြီးကျောင်း (၁) ကျောင်း ထိမှန်ပျက်စီးခဲ့ရပါသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင် ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေး ကြိုးပမ်း နေသော်လည်း ပကိတိ မြေပြင် တွင်မှု အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက် ရှိပြီး စစ်ရာဇဝတ်မှု များအား ပြောင်ပြောင် တင်းတင်းချိုးဖောက်လျက်ရှိပါသည်။

ဓါတ်ပုံ - အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးရမှုများ။

ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ သုးမီၤစိရိၤ ခးလီၤကျိဖးဒိၣ်အဃိ ကမျၢၢ်ဘၣ်ဒိ (၃)ဂၤ, ကမျၢၢ်ဟံၣ်(၁)ဖျၢၣ် ဒီး သီခါဖၠၣ်(၁)ဖျၢၣ် ဘၣ်ဒိဟးဂီၤ

၂၀၂၆နံၣ်, လါမ့ၤ(၁၁)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ သုးမီၤစိရိၤတဖၣ် ပၥ်တၢ်ခးပနီၣ်လိၤလိၤဆူကမျၢၢ်အအိၣ်ဒီး ခးလီၤကျိဖးဒိၣ်အဃိ ကမျၢၢ်လၢတၢ်ကမၣ်တအိၣ် ဘၣ်ဒိ(၃)ဂၤ ဒီး ဟံၣ်(၁)ဖျၢၣ်ဒီး သီခါဖၠၣ်(၁)ဖျၢၣ် ဘၣ်ဒိဟးဂီၤကွံၥ်ဝဲဒၣ်န့ၣ်လီၤ.

၂၀၂၆နံၣ်, လါမ့ၤ(၇)သီအနံၤ သုးမီၤစိရိၤအိၣ်ဆီလီၤသးဖဲ သၣ်စ့ၤ ခးလီၤကျိဖးဒိၣ် (၈၁ မမ) (၂)ဖျၢၣ်အဃိ ဘၣ်ဒိဝဲ (၃)ဂၤ လၢအမ့ၢ် စီၤမီၢ်လး သးနံၣ်(၄၂)နံၣ်, နီၢ်စိမိ သးနံၣ်(၂၅)နံၣ် ဒီး နီၢ်ယ့ၤကၠ့ၣ် သးနံၣ်(၁၇)နံၣ်န့ၣ်လီၤ.

၂၀၂၆နံၣ်, လါမ့ၤ(၅)သီအနံၤ သုးမီၤစိရိၤအိၣ်ဆီလီၤသးဖဲရွှ့ၣ်ဝၤသုးရ့ၣ် ခးလီၤ ကျိဖးဒိၣ် ဟီၤဝ့ၤဇၤ (၁)ဖျၢၣ်အဃိ လီၤတဲၥ်ပိၢ်ဖးဖဲ လ့ၤပ့ၣ်သဝီအပူၤအဃိ ဒီၣ်တ့ၤမၠ့ၣ် အဟံၣ်ဒီး သီခါဖၠၣ်(၁)ဖျၢၣ် ဘၣ်ဒိဟးဂီၤကွံၥ်ဝဲဒၣ်န့ၣ်လီၤ

သုးမီၤစိရိၤဟံးဆူၣ်တၢ်စိတၢ်ကမီၤအံၤ ထံရူၢ်ကီၢ်ဂၤကပၥ်ပနီၣ်အီၤအဂီၢ် မၤတ့ၢ်ဝဲ တၢ်ဃုထၢ အယီၤအဘျၣ်ဒီး ကျဲးစဲးဒုးအိၣ်ထီၣ်ပဒိၣ်တဖုၣ်ဘၣ်ဆၣ် နီၢ်နီၢ်တခီ ပၥ်တၢ်ခးပနီၣ်လိၤလိၤဆူကမျၢၢ်အအိၣ် တ့ၢ်လီၤမ့ၣ်ပိၢ်, ခးလီၤကျိဖးဒိၣ် ဒီး တၢ်မၤထီဒါသုးကွီၢ်မ့ၣ် ကိးမုၢ်နံၤန့ၣ်လီၤ.

တၢ်ဂီၤ - သုးမီၤစိရိၤခးလီၤကျိဖးဒိၣ်အဃိ တၢ်ဘၣ်ဒိဟးဂီၤသ့ၣ်တဖၣ် တၢ်မၤနီၣ်.




[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]အကြမ်းဖက်စစ်တပ်၏ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ် (၂)လုံးနှင့် ဘုန်းကြီးကျောင်း...
08/05/2026

[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]

အကြမ်းဖက်စစ်တပ်၏ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ် (၂)လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းပျက်စီး

၂၀၂၆ ခုနှစ် မေလ (၈) ရက်၊ ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် မေလ (၅) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် ဘာဘူကုန်းမှ နေပြီး ဒရုန်းဖြင့် နွားရေချောင်း ကျေးရွာအတွင်းသို့ ဗုံးသီး (၁)လုံး လာရောက် ကြဲချခဲ့သောကြောင့် ဒေါ်မြင့် (၇၇) နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး (၁) ဦးမောင်ဇော် နှင့် (၂) ဦးတိုးလေးတို့၏ နေအိမ် (၂)လုံး ထိမှန် ပျက်စီး ခဲ့ရကာ ခင်တန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး (၁) လုံး ထပ်မံကြဲချခဲ့သောကြောင့် ခင်တန်း ကျေးရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ရပါသည်။

အကြမ်းဖက်စစ်တပ်များသည် ခလယ်လွီထူခရိုင်အတွင်းရှိ အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထား ကာ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများ နေထိုင်ရာ နေရာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင် များအတွင်းသို့ ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီး များဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်လျက်ရှိ သောကြောင့် ပြည်သူလူထုများမှာ စိုးရိမ်ကြောက်ရွံမှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရသည်။

ဓါတ်ပုံ - အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးရမှုများ။

သုးမီၤစိရိၤ ဒြိ တ့ၢ်လီၤမ့ၣ်ပိၢ်အဃိ ကမျၢၢ်ဟံၣ်(၂)ဖျၢၣ် ဒီး သီခါဖၠၣ်(၁)ဖျၢၣ် ဘၣ်ဒိဟးဂီၤ

၂၀၂၆နံၣ်, လါမ့ၤ(၈)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ ဖဲ ၂၀၂၆နံၣ်, လါမ့ၤ(၅)သီအနံၤ သုးမီၤစိရိၤ အိၣ်ဆီလီၤသးဖဲ ဘၤဘူၣ်ကိ တ့ၢ်လီၤ ဒြိမ့ၣ်ပိၢ်(၁)ဖျၢၣ် ဖဲ နွါယ့ၤခၠီသဝီပူၤအဃိ ဒီၣ်မၠ့ သးနံၣ်(၇၇)နံၣ် ဘၣ်ဒိဝဲဒီး ဟံၣ်ဟးဂီၤဝဲ (၂)ဖျၢၣ် ဟံၣ်ကစၢ်တဖၣ်မ့ၢ်ဝဲ (၁)အူမီၢ်ဇီၤ ဒီး (၂) အူတိလ့ န့ၣ်လီၤ. လၢန့ၣ်အမဲၥ်ညါ တ့ၢ်လီၤကဒီး ဒြိမ့ၣ်ပိၢ်(၁)ဖျၢၣ်ဖဲ ခ့ၤတဲသဝီအပူၤအဃိ ခ့ၤတဲသဝီသီခါဖၠၣ်ဘၣ်ဒိ ဟးဂီၤဝဲဒၣ်န့ၣ်လီၤ.

သုးမီၤစိရိၤတဖုအံၤ သူဝဲ ကဘီယူၤ, ဒြိ, ကျိဖးဒိၣ်သ့ၣ်တဖၣ်ဒီး ပညိၣ်ခးလီၤတၢ်လၢ ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ ကမျၢၢ်ဖိအိၣ်ဆိးလီၢ်, ကမျၢၢ်ဖိတၢ်ဖံးအီၣ်မၤအီၣ်လီၢ်သ့ၣ်တဖၣ် ကိးမုၢ်နံၤအဃိ ကမျၢၢ်ထံဖိကီၢ်ဖိတဖၣ် ဘၣ်အိၣ်မူဝဲဒၣ်လၢ တၢ်ပျံၤတၢ်ဖုးအပူၤန့ၣ်လီၤ.

တၢ်ဂီၤ - သုးမီၤစိရိၤဒြိတ့ၢ်လီၤမ့ၣ်ပိၢ်အဃိ တၢ်ဘၣ်ဒိဟးဂီၤတဖၣ် တၢ်မၤနီၣ်.




[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ...
05/05/2026

[ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]

လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် (၃) လုံး နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီး ခဲ့ရ

၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်၊ ကေအဲန်ယူ-ခလယ်လွီထူခရိုင်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ၂၀၂၆ ခုနှစ် မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့ (၂) ရက် တာ အတွင်း ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှု (၂) ကြိမ်၊ ၁၂၀မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၂၀) ကြိမ် နှင့် ဒရုန်းဖြင့် (၃၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများအတွင်း အပြစ်မဲ့အရပ်သား ပြည်သူ (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရကာ နေအိမ် (၃) လုံး နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းထိခိုက်ပျက်စီးခဲ့ရသည်။

၂၀၂၆ ခုနှစ် မေလ (၂) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် ခလရ-၂၆၄ တပ်ရင်းမှ ကြိတ်ကွင်း ကျေးရွာ ထဲသို့ ၁၂၀မမ လက်နက်ကြီး (၂) လုံးပစ်ခတ်ရာ (၁) စောလှဖိုး၊ (၂) စောညိုဦး နှင့် (၃) စောဘိုတင်မြင့် တို့၏ နေအိမ် (၃)လုံး ထိမှန် ပျက်စီးခဲ့ရပါသည်။

၂၀၂၆ ခုနှစ် မေလ (၃) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ တစ်စီး ဖြင့် ထီးဒေါ်လေးနေရာသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တောလိုက်ထွက်နေသော တုံးတံတားရွာသား ‌စောလှဝင်း (၅၆) နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး တောင်ခင်ကျေးရွာထဲသို့ ဒရုန်းဖြင့် ထပ်မံပစ်ခတ်ခဲ့သောကြောင့် တောင်ခင် ကျေးရွာဘုန်းကြီးကျောင်း အနည်းငယ်ထိမှန် ပျက်စီးခဲ့ရပါသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေသော်လည်း ပကတိမြေပြင် တွင်မူ အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက်ရှိသည်။

ဓါတ်ပုံ - အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးရမှုများ။

ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ သုးမီၤစိရိၤတဖၣ် မၤတၢ်စုဆူၣ်ခီၣ်တကးအဃိ ကမျၢၢ်ဘၣ်ဒိ(၁)ဂၤ, ဟံၣ် (၃)ဖျၢၣ် ဒီး သီခါဖၠၣ်(၁)ဖျၢၣ် ဘၣ်ဒိဟးဂီၤ

၂၀၂၆နံၣ်, လါမ့ၤ(၅)သီ, ခ့ၣ်အဲၣ်ယူၣ်-ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်.

ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ, ကီၢ်ရ့ၣ်ချၢၣ်လွံၢ်ထူၣ်, ကီၢ်ဆၣ်လၢၢ်ဒိၣ်အပူၤ ၂၀၂၆နံၣ်, လါမ့ၤ(၂)သီအနံၤ တုၤ (၃)သီအနံၤ (၂)သီအတီၢ်ပူၤ သုးမီၤစိရိၤကဘီယူၤဒုးသုး တ့ၢ်လီၢ်မ့ၣ်ပိၢ်(၂)ဘျီ, ခးလီၤကျိဖးဒိၣ်(၁၂၀ မမ) အဘျီ(၂၀) ဒီး တ့ၢ်လီၤမ့ၣ်ပိၢ်ခီဖျိ ဒြိ(၃၆)ဘျီအဃိ ကမျၢၢ်လၢ တၢ်ကမၣ်တအိၣ်(၁)ဂၤဘၣ်ဒိ, ဟံၣ်(၃)ဖျၢၣ် ဒီး သီခါဖၠၣ်(၁)ဖျၢၣ် ဘၣ်ဒိဟးဂီၤဝဲဒၣ်န့ၣ်လီၤ.

၂၀၂၆နံၣ်, လါမ့ၤ(၂)သီအနံၤ သုးမီၤစိရိၤသုးရ့ၣ် ခလရ-၂၆၄ ခးလီၤကျိဖးဒိၣ် (၁၂၀ မမ) (၂)ဖျၢၣ် ဖဲ ကၠ့ကွ့သဝီပူၤအဃိ ဟံၣ်ဟးဂီၤဝဲဒၣ် (၃)ဖျၢၣ် ဟံၣ်ကစၢ်တဖၣ်မ့ၢ်ဝဲ (၁)စီၤလးဖိ (၂) စီၤညိၤအူ ဒီး (၃)စီၤဘိၣ်တ့ၣ်မၠ့ န့ၣ်လီၤ.

၂၀၂၆နံၣ် လါမ့ၤ(၃)သီအနံၤ သုးမီၤစိရိၤကဘီယူၤဒုးသုး တ့ၢ်လီၤမ့ၣ်ပိၢ် ဖဲ ထံဒီၣ်လ့အဃိ ပှၤဃုအီၣ်တၢ်မံၤလၥ် တိၤသ့ၣ်ဖူသဝီဖိ(တုံးတံတားရွာသား) စီၤလးဝ့ သးနံၣ်(၅၆)နံၣ် ဘၣ်ဒိဝဲဒၣ် ဒီး ခးလီၤကဒီး ဒြိအဃိအဃိ တီခ့ၣ်သီခါဖၠၣ်ဘၣ်ဒိဝဲန့ၣ်လီၤ.

သုးမီၤစိရိၤဟံးဆူၣ်တၢ်စိတၢ်ကမီၤအံၤ ထံရူၢ်ကီၢ်ဂၤကပၥ်ပနီၣ်အီၤအဂီၢ် မၤတ့ၢ်ဝဲ တၢ်ဃုထၢ အယီၤအဘျၣ်ဒီး ကျဲးစဲးဒုးအိၣ်ထီၣ်ပဒိၣ်တဖုၣ်ဘၣ်ဆၣ် နီၢ်နီၢ်တခီ ပၥ်တၢ်ခးပနီၣ်လိၤလိၤဆူကမျၢၢ်အအိၣ် တ့ၢ်လီၤမ့ၣ်ပိၢ်, ခးလီၤကျိဖးဒိၣ် ဒီး တၢ်မၤထီဒါသုးကွီၢ်မ့ၣ် ကိးမုၢ်နံၤန့ၣ်လီၤ.

တၢ်ဂီၤ - သုးမီၤစိရိၤမၤတၢ်စုဆူၣ်ခီတကးအဃိ တၢ်ဘၣ်ဒိဟးဂီၤသ့ၣ်တဖၣ်.




ที่อยู่

Mae Pa
Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KNU-Kler Lwee Htu Districtผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง KNU-Kler Lwee Htu District:

ทางลัด

แชร์