Bago Region CDM Civil Servants Council

Bago Region CDM Civil Servants Council Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bago Region CDM Civil Servants Council, Political organisation, New York, NY.

(၇၉) နှစ်ပြည့် အာဇာနည်နေ့ အမှတ်တရဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီကွန်ရက်၏ ဂုဏ်ပြုသဝဏ်လွှာ ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ...
07/19/2026

(၇၉) နှစ်ပြည့် အာဇာနည်နေ့ အမှတ်တရ
ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီကွန်ရက်၏ ဂုဏ်ပြုသဝဏ်လွှာ

ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်

၁။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်ပြည့် အာဇာနည်နေ့အား မိမိတို့ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီကွန်ရက်က ဤဂုဏ်ပြုမှတ်တမ်းလွှာဖြင့် သမိုင်း မှတ်တမ်းလက်ဆင့်ကမ်းထိန်းသိမ်း၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း ဆောင်ကြီးများအား အောက်မေ့စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၂။။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများသည် ကိုလိုနီလက်အောက်ခံနိုင်ငံ အဖြစ်မှ လွတ်မြောက်ရန်လိုလားသည့် ပြည်သူ့ဆန္ဒကို အလေးအနက်ထား၍ လွတ်လပ်ရေးရရန် အသက်စွန့်ကြိုးပမ်းခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သော မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှစတင်၍ စစ်အာဏာရှင်လက် အောက်မှ လွတ်မြောက်ရန် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေရပါသည်။ ထို့ ကြောင့် ယနေ့ကျရောက်သည့် (၇၉) နှစ်ပြည့် အာဇာနည်နေ့တွင် လွတ်လပ်ရေးတိုက်ပွဲဝင်အာဇာနည် သူရဲကောင်းများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲဝင် အာဇာနည်သူရဲကောင်းများ၊ CDM နိုင်ငံ့ဝန် ထမ်းသူရဲကောင်းများနှင့် ခေတ်ပြိုင်နွေဦးအာဇာနည်သူရဲကောင်းများအားလုံးကို အောက်မေ့စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၃။။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပြည်သူ့ဆန္ဒကို အလေးထားသည့်၊ ပြည်သူအကျိုးစီးပွားအတွက် အသက်ပေးစွန့်လွှတ်ရဲသည့် အာဇာနည်စိတ်ဓာတ်ဖြင့် တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံအား အကြမ်း ဖက်စစ်အာဏာရှင်တို့က ၎င်းတို့အာဏာတည်မြဲရေးအတွက် အာဏာရှင်စိတ်ဓာတ်ဖြင့် ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးလျက်ရှိပါသည်။ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ၏ဆန္ဒကို လစ်လျူရှု၍ ပြည်သူကိုဆင်းရဲဒုက္ဒ အကြပ်အတည်းကြားတွင် နစ်မွန်းနေစေရန် နည်းမျိုးစုံ သုံး၍ ဖိနှိပ်ရုံသာမက ပြည်သူကိုနှိပ်စက်ညှင်းပန်းသတ်ဖြတ်လျက်ရှိပါသည်။ ပြည်သူကိုအလေးမထား သည့် အာဏာရှင်စိတ်ဓာတ်ကို သတိမူ၍၊ မွန်မြတ်လှသည့် အာဇာနည်စိတ်ဓာတ်ကို ဖက်ဒရယ်ဒီမိုက ရေစီတိုက်ပွဲဝင်နေကြသူအပေါင်းက အလေးအနက်တန်ဖိုးထား၍အမွေဆက်ခံသွားရမည်ဖြစ်ပါသည်။

၄။ မိမိတို့ CDM နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲဝင်နေကြသူအပေါင်းတို့သည် အာဇာနည်ခေါင်းဆာင်ကြီးများ တည်ဆောက်ရန်ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံကို အာဇာနည်စိတ် ဓာတ်ဖြင့် ဆက်လက်တည်ဆောက်သွားကြရန်နှင့် အာဇာနည်တို့၏ စွန့်လွှတ်အနစ်နာခံမှုဖြင့် ပြည်သူ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ကြရန် အားလုံးအတူတကွ ကြိုးစားသွားကြပါစို့ဟု လေးလေး နက်နက် တိုက်တွန်းအပ်ပါသည်။ မိမိတို့ဒေသအခြေပြု CDM နိုင်ငံ့ ဝန်ထမ်းများကွန်ရက်သည် ပြည်သူလူထု၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးအတွက် တော်လှန်ရေးပန်းတိုင် မရောက်မချင်း တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုလျက် (၇၉) နှစ်ပြည့် အာဏာနည်နေ့အား ဤသဝဏ်လွှာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

********************************************************

သဝဏ်လွှာပေးပို့သည့် အဖွဲ့အစည်းများ

(၁) ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)
(၂) ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM)
(၃) စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)
(၄) ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)
(၅) မန္တလေးဒေသ အကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)
(၆) မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)
(၇) ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း(YFCCO)
(၈) ရှမ်းပြည်နယ် CDM ကောင်စီ (ယာယီ) (SSCC)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ကျွန်ုပ်တို့ ဒေသဆိုင်ရာ CD...
07/13/2026

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ကျွန်ုပ်တို့ ဒေသဆိုင်ရာ CDM အဖွဲ့အစည်း ၈ ခု ပူးပေါင်း၍ CDM ဝန်ထမ်းများ၏ ကဏ္ဍနှင့် လုံခြုံရေးဆိုင်ရာ အချက် ၉ ချက် တင်ပြဆွေးနွေးခဲ့။
၁၃ ဇူလိုင် ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် CDM နိုင်ငံ့ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ ညနေ (၄) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ရာ ကျွန်ုပ်တို့ ဒေသဆိုင်ရာ CDM အဖွဲ့အစည်း (၈) ခုမှ ကိုယ်စားလှယ်များ အပါအဝင် CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် CDM နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည် တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ (KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ ပဲခူးဒေသ စီဒီအမ် နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)၊ ရန်ကုန်ဖက်ဒရယ်ယူနစ် စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ အဖွဲ့အစည်း (YFCCO) နှင့် ရှမ်းပြည်နယ် CDM ကောင်စီ (Pre Founding) တို့ စုပေါင်းညှိနှိုင်း၍ ပြင်ဆင်ထားသော အဆိုပြုချက်များကို တင်သွင်းခဲ့ပါသည်။

တွေ့ဆုံပွဲအတွင်း ကျွန်ုပ်တို့ ဒေသကောင်စီများ၏ ကိုယ်စား YFCCO မှ ကိုယ်စားလှယ်တစ်ဦးက တော်လှန်ရေးကာလနှင့် ကြားကာလအတွင်း CDM နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ လုံခြုံရေးနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိကအချက် (၉) ချက်ကို တရားဝင် အဆိုပြုတင်သွင်းခဲ့ပြီး၊ ဆွေးနွေးပွဲအပြီးတွင်လည်း SCEF ထံသို့ စာဖြင့် ထပ်မံပေးပို့ တင်ပြ ခဲ့ကြပါသည်။

ကျွန်ုပ်တို့ ဒေသဆိုင်ရာ CDM အဖွဲ့အစည်းများ ပူးပေါင်းတင်ပြခဲ့သည့် အချက် (၉) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

➡️ (၁) သက်ဆိုင်ရာ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် အစိုးရများ၊ တိုင်းရင်းသားအဖွဲ့အစည်းများက ဒေသဆိုင်ရာ CDM အဖွဲ့အစည်းများကို တရားဝင်အသိအမှတ်ပြုရန်။

➡️ (၂)နိုင်ငံ့ဝန်ထမ်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများနှင့် ဆွေးနွေးပွဲများကို SCEF နှင့်အတူ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန်။

➡️ (၃) CDM နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် လုံခြုံရေးအတွက် ခိုင်မာသော အာမခံချက်များ ရှိစေရန်။

➡️ (၄) ပြည်ထောင်စုနှင့် ပြည်နယ်/ယူနစ်များ၏ ဝန်ထမ်းယန္တရားတွင် ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ CDM ဝန်ထမ်းများက ဦးစီးဦးဆောင် ပြုနိုင်ရေး ဆောင်ရွက်ရန်။

➡️ (၅)CDM ဝန်ထမ်းများ၏ မရှိမဖြစ် လိုအပ်နေသော လူမှုအခက်အခဲများကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်။

➡️ (၆) အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် သက်ဆိုင်ရာ ပြည်နယ်/ယူနစ်များ၏ ပြဋ္ဌာန်းချက်များကို အာဏာသက်ရောက်စေရေး SCEF နှင့်အတူ ကြိုးပမ်းရန်။

➡️ (၇) SCEF တွင် CDM နိုင်ငံ့ဝန်ထမ်းရေးရာနှင့် စပ်လျဉ်း၍ သီးသန့်ကဏ္ဍရပ်တစ်ရပ် ထည့်သွင်းပေးရန်နှင့်

➡️(၈) CDM ဝန်ထမ်းများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးနိုင်ရေး (Regular Meetings) စီမံပေးရန်။

➡️ (၉) NUCC ၏ အခန်းကဏ္ဍ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်းတို့နှင့် စပ်လျဉ်း၍ SCEF နှင့် NUCC တို့၏ လုပ်ငန်းများအပေါ် ကျွန်ုပ်တို့၏ သိရှိနားလည်မှုများ မရောထွေးစေရေး ရှင်းလင်းစွာ သိရှိလိုကြောင်း အစရှိသည်တို့ ဖြစ်ပါသည်။

ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲသို့ SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့် တွဲဘက် ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့ တက်ရောက်ရှင်းလင်းခဲ့ကြပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ကျွန်ုပ်တို့ ဒေသဆိုင်ရာ CDM ကောင်စီများ အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး လုပ်ငန်းစဉ်များနှင့် ကြားကာလ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများတွင် မိမိတို့၏ နည်းပညာ၊ အတွေ့အကြုံများဖြင့် အပြုသဘောဆောင် ကူညီပံ့ပိုးပေးရန် အဆင်သင့်ရှိနေပြီး၊ ယနေ့ဆွေးနွေးချက်များအပေါ် အခြေခံကာ SCEF နှင့်အတူ ရေရှည်လက်တွဲ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောင်စီဝင်များနှင့် ပြည်သူလူထုထံ သတင်းပါး အပ်ပါသည်။

#ပဲခူးဒေသစီဒီအမ်နိုင်ငံ့ဝန်ထမ်းကောင်စီBRCC

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၁)နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု အခမ်းအနားကျင်းပခ...
06/19/2026

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၁)နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု အခမ်းအနားကျင်းပခြင်း

ဒေသအဆင့် CDM အဖွဲ့အစည်းများက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၁)နှစ်ပြည့် မွေးနေ့ဂုဏ်ပြုအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် Zoom platform တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ၊ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ ဒေသအဆင့် နှင့် အဖွဲ့အစည်းအသီးသီးမှ CDM အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားအား အစီအစဉ်(၉) ရပ်ဖြင့်ကျင်းပပြီး ညနေ(၅) နာရီတွင်စတင်ပါသည်။
🔰အခမ်းအနားတွင် ဆရာကြီးဒေါက်တာဇော်ဝေစိုးက နှုတ်ခွန်းဆက်စကားပြောကြားခြင်း
🔰လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် (၈၁) စက္ကန့်ငြိမ်သက်၍ မွေးနေ့ဆုတောင်းခြင်း
🔰လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအား တင်ပြခြင်း
🔰 ဒေသCDM အဖွဲ့အစည်း(၈) ခု ၏ မွေးနေ့ ဂုဏ်ပြု သဝဏ်လွှာဖတ်ကြားခြင်း
🔰ဆရာမမသီတာ(စမ်းချောင်း)နှင့် CDM များက ဂုဏ်ပြုအမှတ်တရစကားပြောကြားခြင်း၊ ဂုဏ်ပြုကဗျာများရွတ်ဖတ်ခြင်း၊ မွေးနေ့အမှတ်တရ နှင်းဆီကမ့်ပိန်းများ တင်ပြခြင်း
🔰 ခွန်အားဖြည့်မိငယ် သီချင်းအား စုပေါင်းသီဆိုခြင်း
🔰တူညီ Zoom Profile ကမ့်ပိန်းဆောင်ရွက်ခြင်းများ ဖြင့် ကျင်းပပါသည်။

အခမ်းအနားကို မြန်မာစံတော်ချိန် ည (၇း၃၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ပဲခူးဒေသစီဒီအမ်နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) ပြည့်မွေးနေ့အထိမ်းအမှတ်အတွက် BRCC သို့ ပေး...
06/19/2026

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) ပြည့်မွေးနေ့အထိမ်းအမှတ်အတွက် BRCC သို့ ပေးပို့လာသော မွေးနေ့ဆုတောင်းနှင့် ပန်းသပိတ်ပုံရိပ်များပဲ ဖြစ်ပါတယ်...

ပြည်သူချစ်တဲ့ ခေါင်းဆောင် အမေစု
ယနေ့မှစပြီး ကျန်းမာပြီး မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း BRCC အလုပ်အမှုဆောင်အဖွဲ့မှ လေးလေးနက်နက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့သို့ ဒေသအခြေပြု C...
06/19/2026

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့သို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများမှ ပေးပို့သည့် သဝဏ်လွှာ
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
၁။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၌ ကျရောက်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့တွင် တိုင်းရင်းသားမိဘပြည်သူများ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်၊ စတင်ဖမ်းဆီးထိန်းသိမ်း ခံရချိန်မှစ၍ ယခုအချိန်အထိ (၁၈) နှစ်ကျော်ကာလလုံး အကြိမ်ကြိမ် အကျဉ်းချခံခဲ့ရပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် စွန့်လွှတ်အနစ်နာခံခဲ့သည့် လူထုတစ်ရပ်လုံး၏ တုနှိုင်းမရသော ခေါင်းဆောင် ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းချိန်မှ ယနေ့အထိလည်း ၅ နှစ်ကျော် မတရား ဖမ်းဆီး အကျဉ်းချခံရပြီး လွတ်မြောက်မှု မရှိသေးပါ။ နိုင်ငံတကာ၏ လေးစားမှုခံရသည့် လူထုခေါင်းဆောင်၏ အလျှော့မပေးစတမ်း စွန့်လွှတ်အနစ်နာခံ ကြိုးစားအားထုတ်မှုများက CDM နိုင်ငံ့ဝန်ထမ်းများကိုသာမက ကမ္ဘာတစ်ဝန်းလုံးရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ အားလုံး အတွက် စံနမူနာကောင်း ဖြစ်ခဲ့ပါသည်။
၃။ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့် အမှန်တရားကို ယုံကြည် မြတ်နိုးပြီး ဉာဏ်အမြော်အမြင် ကြီးမားစွာဖြင့် လူထုအပေါ် မီးရှူးတန်ဆောင်သဖွယ် ဦးဆောင် လမ်းပြနေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုများကို လိုက်နာပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မည်သည့်အာဏာရှင်မျှ ထပ်မံ မပေါ်ပေါက်ရေး၊ စွမ်းဆောင်ရည် ပြည့်ဝသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ့ဝန်ထမ်း ယန္တရား ပေါ်ထွန်းလာရေး၊ နိုင်ငံရေး အခင်းအကျင်းများတွင် CDM နိုင်ငံ့ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်ခွင့်ရှိရေးနှင့် CDM နိုင်ငံ့ဝန်ထမ်းများအတွက် အစိုးရ၏ ကတိကဝတ် အာမခံချက်များ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်ပါသည်။
၄။ “ဒီမိုကရေစီပန်းတိုင်ကို ရောက်ဖို့ရာ လူထုအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စည်းကမ်းရှိရှိနဲ့ ချီတက်မှသာ ရောက်နိုင်မှာပါ” ဟူသည့် ၁၉၈၈ ခုနှစ်၊ ရွှေတိဂုံရင်ပြင် လူထု အစည်းအဝေးပွဲကြီး၌ လူထုခေါင်းဆောင် ပြောကြားခဲ့သည့် မိန့်ခွန်းကို အစဉ်အမြဲ အမှတ်ရပြီး ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေး အင်အားစုများ အားလုံးနှင့်အတူ တိုင်းရင်းသား အားလုံး၏ အခြေခံ လူ့အခွင့်အရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့နှင့်ပြည့်စုံပြီး ခွဲခြားဆက်ဆံမှုကင်းသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ရရှိသည်အထိ စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဤသဝဏ်လွှာဖြင့် ထပ်လောင်း ကတိသစ္စာပြုအပ်ပါသည်။
၅။ သူရဲကောင်းများ‌ မွေးထုတ်ပေးခဲ့သည့် လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့ အခါသမယ ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး တိုင်းရင်းသား လူထုနှင့်အတူ နိုင်ငံတော် အကျိုး ဆက်လက် သယ်ပိုးနိုင်ပါစေကြောင်း ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
လူထုခေါင်းဆောင်
အသက်ရာကျော် ရှည်ပါစေ၊
ကျန်းမာပါစေ၊
မတရားဖမ်းဆီးချုပ်နှောင်မှုမှ အမြန်ဆုံး လွတ်မြောက်ပါစေ။

သဝဏ်လွှာ ပူးတွဲပေးပို့ကြသည့် အဖွဲ့အစည်းများ
(၁) ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)
(၂) ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM)
(၃) စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)
(၄) ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)
(၅) မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)
(၆) မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)
(၇) ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း(YFCCO)
(၈) ရှမ်းပြည်နယ် CDM ကောင်စီ (ယာယီ)

🐁 ကြွက်မှတစ်ဆင့် ကူးစက်တတ်သည့် ဟန်တာဗိုင်းရပ်စ်ရောဂါ (Hantavirus) (မေလ၊ ၂၀၂၆ ခုနှစ်) 🔴 အဓိကသတင်းအချက်အလက်များ 🐭 ဟန်တာဗို...
05/09/2026

🐁 ကြွက်မှတစ်ဆင့် ကူးစက်တတ်သည့် ဟန်တာဗိုင်းရပ်စ်ရောဂါ (Hantavirus) (မေလ၊ ၂၀၂၆ ခုနှစ်)

🔴 အဓိကသတင်းအချက်အလက်များ

🐭 ဟန်တာဗိုင်းရပ်စ်များ (Hantavirus) ဆိုသည်မှာ ပြင်းထန်သော နာမကျန်းမှုများနှင့် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်များအုပ်စုဖြစ်သည်။
🐭 ဟန်တာဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောဂါလက္ခဏာစု (Hantavirus Pulmonary Syndrome- HPS) နှင့် သွေးလန့်ခြင်းနှင့် ကျောက်ကပ်ရောဂါလက္ခဏာစု (Haemorrhagic Fever with Renal Syndrome - HFRS) စသည့် ရောဂါများကို ဖြစ်စေသည်။
🐭 ကြွက်ကဲ့သို့သော ချွန်ထက်သော သွားများရှိသည့် တိရစ္ဆာန်များ (Rodents) ကြောင့် ကူးစက်ပျံ့နှံ့သည်။
🐭 ဟန်တာဗိုင်းရပ်စ်များထဲတွင် အန်းဒီးစ်ဗိုင်းရပ်စ် (Andes Virus) သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်စေနိုင်သည်။ အန်းဒီးစ်ဗိုင်းရပ် ကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့မိသူများတွင် ကူးစက်ခံရနိုင်ကြောင်း တွေ့ရသည်။

🔴 ခြုံငုံတင်ပြချက်

ဟန်တာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းရှိ လူများကို ကူးစက်စေနိုင်ပြီး ပြင်းထန်သော ရောဂါများကို ဖြစ်ပွားစေပါသည်။ ရောဂါပိုး ကူးစက်ခံထားရသည့် ကြွက်များနှင့် ထိတွေ့မိသူများ၊ ကြွက်သေး၊ ကြွက်ချေး သို့မဟုတ် ကြွက် တံတွေးနှင့် ထိတွေ့မိသူများတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်သည်။ ကြွက်ကိုက်ခံရခြင်း၊ ကုတ်ခြစ်မိခြင်းကြောင့် ကူးစက်ခံရနိုင်ခြေရှိသော်လည်း ရှားပါးပါသည်။

ဟန်တာဗိုင်းရပ်စ်ကြောင့် ရောဂါလက္ခဏာစု နှစ်မျိုးဖြစ်ပွားစေသည်။ အမေရိကန်အပါအဝင် အနောက်ကမ္ဘာခြမ်းတွင် ဟန်တာဗိုင်းရပ်ကြောင့်ဖြစ်သော အဆုတ်ရောဂါလက္ခဏာစု (hantavirus pulmonary syndrome - HPS) ဖြစ်ပွားစေပြီး အဓိကအားဖြင့် အမေရိကန်တွင်သာ တွေ့ရလေ့ရှိသော ကြွက်အမျိုးအစားတစ်ခုဖြစ်သည့် ကြွက်သမင် (Deer Mouse) ကြောင့် ကူးစက်ပြန့်ပွားခြင်းဖြစ်သည်။

ဟန်တာဗိုင်းရပ်စ်ကြောင့်ဖြစ်သော သွေးလန့်ခြင်းနှင့် ကျောက်ကပ်ရောဂါလက္ခဏာစု (Haemorrhagic Fever with renal syndrome - HFRS) ကို ဥရောပနှင့် အာရှတို့တွင် အများဆုံးတွေ့ရသည်။

🔴 ရောဂါလက္ခဏာများ

🔵 ဟန်တာဗိုင်းရပ်ကြောင့်ဖြစ်သော အဆုတ်ရောဂါလက္ခဏာစု (Hantavirus pulmonary syndrome - HPS)

အဆုတ်ကို ထိခိုက်ပြီး အသက်သေဆုံးစေသည်အထိ ပြင်းထန်သောရောဂါဖြစ်သည်။ ရောဂါရှိသော ကြွက်နှင့် ထိတွေ့မိပြီး ၁ ပတ်မှ ၈ ပတ်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်သည်။

ကနဦးရောဂါလက္ခဏာများအနေဖြင့်

◼️ နုံးခွေခြင်း
◼️ ဖျားခြင်း
◼️ ကြွက်သားနာကျင်ကိုက်ခဲခြင်း အထူးသဖြင့် ပေါင်၊ တင်ပါးဆုံနှင့် နောက်ကျောကြွက်သားများကဲ့သို့ ကြွက်သားထုကြီးသောနေရာများ၊ ရံဖန်ရံခါတွင် ပခုံးကြွက်သားများ။

အဆုတ်ရောဂါလက္ခဏာစု ခံစားရသူ ထက်ဝက်ခန့်သည်

◼️ ခေါင်းကိုက်ခြင်း
◼️ ခေါင်းမူးခြင်း
◼️ ချမ်းတုန်ခြင်း
◼️ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဗိုက်နာခြင်းတို့ကဲ့သို့ ဗိုက်ပြဿနာများ

ကနဦးရောဂါလက္ခဏာများဖြစ်ပေါ်ပြီး ၄ ရက်မှ ၁၀ ရက်ခန့်အကြာတွင် နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်သည်။ ချောင်းဆိုးခြင်း၊ မောပန်းခြင်းနှင့် (အဆုတ်ထဲတွင် အရည်များပြည့်လာခြင်းကြောင့်) အသက်ရှူရခက်ခဲခြင်းတို့ ခံစားရနိုင်သည်။

ဟန်တာဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောဂါလက္ခဏာစု (HPS) သည် အသက်သေဆုံးစေနိုင်သောရောဂါ ဖြစ်သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာခံစားရသူများ၏ (၃၈ %) ခန့်သည် အသက်ဆုံးရှုံးနိုင်ခြေရှိသည်။

🔵 ဟန်တာဗိုင်းရပ်စ်ကြောင့်ဖြစ်သော သွေးလန့်ခြင်းနှင့် ကျောက်ကပ်ရောဂါလက္ခဏာစု (Haemorrhagic Fever with renal syndrome - HFRS)

ကျောက်ကပ်ကိုထိခိုက်စေသော ပြင်းထန်သည့် ရောဂါဖြစ်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါသည်။ ရောဂါကူးစက်ခံရပြီး ၁ ပတ်မှ ၂ ပတ်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။ ရှားပါးလူနာများတွင် ၈ ပတ်ကြာမှ ရောဂါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

ကနဦးလက္ခဏာများအနေဖြင့်

◼️ ပြင်းထန်စွာခေါင်းကိုက်ခြင်း
◼️ နောက်ကျောနှင့် ဝမ်းဗိုက်နာကျင်ခြင်း
◼️ ဖျားခြင်း၊ ချမ်းတုန်ခြင်း
◼️ ပျို့ခြင်း
◼️ အမြင်ဝေဝါးခြင်း

မျက်နှာနီရဲခြင်း၊ မျက်လုံးနီရဲပြီး ရောင်ရမ်းခြင်း၊ အရေပြားတွင် အနီကွက်အနီစက်များ ထွက်ခြင်းတို့လည်း ခံစားရနိုင်သည်။

နောက်ဆက်တွဲရောဂါလက္ခဏာများအနေဖြင့်

◼️ သွေးပေါင်ကျခြင်း
◼️ နောက်ဆက်တွဲအနေဖြင့် ကနဦး သွေးလန့်ခြင်း (acute shock)
◼️ ကိုယ်တွင်းအင်္ဂါများတွင် သွေးယိုခြင်း (သွေးကြောယိုစိမ့်ခြင်း)
◼️ ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း

ရောဂါပြင်းထန်မှုသည် ကူးစက်ခံရသည့် ဗိုင်းရပ်စ်အမျိုးအစားအပေါ် မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်သည်။ ရောဂါ အရှင်းပျောက်ကင်းသက်သာနိုင်ရန် ရက်သတ္တပတ်ပေါင်း၊ လပေါင်းများစွာ အချိန်ယူရနိုင်သည်။

🔴 ရောဂါကူးစက်ပုံ

ရောဂါပိုး ကူးစက်ခံထားရသည့် ကြွက်များနှင့် ထိတွေ့မိသူများ၊ ကြွက်သေး၊ ကြွက်ချေး သို့မဟုတ် ကြွက် တံတွေးနှင့် ထိတွေ့မိသူများတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်သည်။ ကြွက်ကိုက်ခံရခြင်း၊ ကုတ်ခြစ်မိခြင်းကြောင့် ကူးစက်ခံရနိုင်ခြေရှိသော်လည်း ရှားပါးပါသည်။ ကြွက်များနှင့် ထိတွေ့နိုင်ခြေများသော အလုပ်များဖြစ်သည့် အလုံပိတ်အခန်းများ သို့မဟုတ် လေဝင်လေထွက် ညံ့သော နေရာများကို သန့်ရှင်းရေးလုပ်ရသူများ၊ စိုက်ခင်းများနှင့် သစ်တောများတွင် အလုပ်လုပ်သူများ၊ ကြွက်ပေါများသောနေရာများတွင် နေထိုင်အိပ်စက်ရသူများသည် ရောဂါကူးစက်ခံရနိုင်ခြေ များသူများ ဖြစ်သည်။

ဟန်တာဗိုင်းရပ်စ်များထဲတွင် အန်းဒီးစ်ဗိုင်းရပ်စ် (Andes Virus) သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်စေနိုင်သည်။ ရေရှည်နှင့် နီးကပ်စွာ ထိတွေ့သူများ၊ အထူးသဖြင့် တစ်အိမ်တည်းနေထိုင်သူ မိသားစုဝင်များ၊ လက်တွဲဖော်များတွင် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်စေနိုင်သည်။ များသောအားဖြင့် နာမကျန်းဖြစ်ပွားသည့် အစောပိုင်းကာလတွင် ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ ပိုများတတ်ပါသည်။

🔴 ရောဂါသတ်မှတ်ခြင်း (Diagnosis)

ရောဂါကူးစက်ခံရပြီး အစောပိုင်းကာလတွင် ဟန်တာဗိုင်းရပ်စ်ကို ရောဂါသတ်မှတ်ရန် ခက်ခဲပါသည်။ ကနဦးရောဂါလက္ခဏာများသည် အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည့် ရာသီတုပ်ကွေး၊ COVID-19၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ၊ လက်ပတို စပိုင်ရိုးစစ်ရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် သွေးဆိပ်တက်ခြင်း (sepsis) စသည်တို့နှင့် ရောဂါလက္ခဏာ တူညီလေ့ရှိသောကြောင့် ဖြစ်သည်။ လူနာ၏ ခရီးသွားခြင်းရာဇဝင်၊ အလုပ်အကိုင်၊ ကြွက်များနှင့် ထိတွေ့နိုင်ခြေရှိမရှိ၊ နေထိုင်ရာနေရာ၊ ပတ်ဝန်းကျင်၊ ကူးစက်ခံထားရသည့် လူနာနှင့် ထိတွေ့မှု ရှိမရှိ စသည့် နောက်ခံအကြောင်းအရာများပါဝင်သော လူနာ၏ ရာဇဝင်ကို သေချာစွာမေးမြန်း မှတ်တမ်းတင်ထားရန် အရေးကြီးသည်။

ဓာတ်ခွဲစစ်ဆေး၍ ရောဂါသတ်မှတ်ခြင်းအနေဖြင့် သွေးရည်ကြည်စစ်ဆေးခြင်း (hantavirus-specific IgM antibodies or rising IgG titres) နှင့် ရောဂါ ကနဦး ဖြစ်ပွားချိန်ကာလတွင် (RT-PCR) မော်လီကျူလာ နည်းလမ်းများနှင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

🔴 ကုသခြင်း

ဟန်တာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး သို့မဟုတ် ကုသဆေးများ မရှိသေးပါ။ လူနာများအနေဖြင့် အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများကို ကုသခြင်း စသည့် ထောက်ကူစောင့်ရှောက်ကုသခြင်း (Supportive care) ကို ခံယူသင့်ပါသည်။ ရောဂါလက္ခဏာများကို သေချာစွာ စောင့်ကြပ်ကြည့်ရှုခြင်း၊ အဆုတ်၊ နှလုံးနှင့် ကျောက်ကပ်ရောဂါလက္ခဏာများကို ကုသခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ လိုအပ်ပါက အရေးပေါ်ကြပ်မတ်ကုသခြင်းကို စောစီးစွာ ရရှိခြင်းသည် အထူးသဖြင့် နှလုံးနှင့် အဆုတ် ရောဂါလက္ခဏာများ ဖြစ်ပွားနေသည့် လူနာများအတွက် ပြန်လည်သက်သာရန် ကောင်းစွာ အထောက်အကူဖြစ်ကြောင်း တွေ့ရှိရသည်။

🔴 ရောဂါကာကွယ်ခြင်း နည်းလမ်းများ

ရောဂါကာကွယ်ရေးအနေဖြင့် ကြွက်များနှင့်ထိတွေ့မှု လျှော့ချခြင်းသည် အခြေခံအကျဆုံးဖြစ်သည်။

ထိရောက်သောနည်းလမ်းများမှာ

◼️ နေအိမ်နှင့် လုပ်ငန်းခွင်ကို သန့်ရှင်းစွာ ထားပါ။
◼️ ကြွက်များဝင်ရောက်နိုင်သော အဆောက်အအုံ အပေါက်များကို ပိတ်ပါ။
◼️ အစားအသောက်များကို လုံခြုံစွာ သိမ်းဆည်းပါ။ စားကြွင်းစားကျန်များကို ရှင်းလင်းပါ။
◼️ ကြွက်များဝင်ရောက်နိုင်သော၊ ထိတွေ့ညစ်ညမ်းစေနိုင်သော နေရာများကို ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများအတိုင်း သန့်ရှင်းရေးပြုလုပ်ပါ။
◼️ အိမ်တွင်းနှင့် အိမ်ပတ်ချာလည်တွင် ကြွက်ထောင်ချောက်များ ထားရှိပါ။
◼️ ကြွက်ချေးများကို ခြောက်သွေ့သော တံမြက်စည်းဖြင့် လှည်းကျင်းခြင်း သို့မဟုတ် ဖုန်စုပ်စက်ဖြင့် စုပ်ခြင်းတို့မှ ရှောင်ကြဉ်ပါ။
◼️ ညစ်ညမ်းသော နေရာများကို အနည်းငယ် စိုစွတ်စေပြီးမှ သန့်ရှင်းရေး ပြုလုပ်ပါ။
◼️ လက်ကို ရေနှင့် ဆပ်ပြာအသုံးပြု၍ သို့မဟုတ် လက်သန့်စင်ဆေးရည်သုံး၍ သေချာစွာ ဆေးကြောပါ။

🔴 ကပ်ရောဂါအသွင်ဖြစ်ပွားလျှင်ဖြစ်စေ သို့မဟုတ် သံသယလူနာများ တွေ့ရှိလျှင်ဖြစ်စေ သံသယလူနာများကို ဆောလျင်စွာ ဖော်ထုတ်၍ သီးခြားခွဲထားခြင်း၊ လူနာနှင့် အနီးကပ်ထိတွေ့သူများကို စောင့်ကြည့်ခြင်းနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စံပြုနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် ရောဂါဆက်လက်၍ မကူးစက်၊ မပြန့်ပွားအောင် ကန့်သတ်ရန် အရေးကြီးပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

References: US CDC and WHO

#ကြွက်

04/22/2026

လူနှင့် တိရစ္ဆာန်တို့တွင် ကူးစက်ဖြစ်ပွားတတ်သည့် မယ်လီအွိုက်ဒိုးစစ် (Melioidosis) ဘက်တီးရီးယား ကူးစက်ရောဂါ (ဧပြီလ၊ ၂၀၂၆ ခုနှစ်)

🔴 အဓိကအချက်များ

🦠 လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားသော ဘက်တီးရီးယားရောဂါဖြစ်သည်။
🦠 ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် မြေကြီး၊ လေ သို့မဟုတ် ရေ တို့နှင့် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။
🦠 မုန်တိုင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့် အခြားသော ရာသီဥတုဆိုးရွားမှုများ ဖြစ်ပွားပြီးသည့်အချိန်တွင် ရောဂါဖြစ်ပွားသူ ပိုများနိုင်သည်။
🦠 အခြားအခြေအနေများနှင့် ရောထွေးတတ်သောကြောင့် ရောဂါဖြစ်ပွားကြောင်း သတ်မှတ်နိုင်ရန် ခက်ခဲစေတတ်သည်။
🦠 ပဋိဇီဝဆေးဖြင့် ကုသနိုင်သည်။

🔴 ခြုံငုံသုံးသပ်ချက်

Burkholderia pseudomallei သို့မဟုတ် B. Pseudomallei အမည်ရှိသည့် ဘက်တီးရီးယားပိုးကြောင့် ရောဂါဖြစ်ပွားသည်။

ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် မြေကြီး၊ ရေ သို့မဟုတ် လေ တို့နှင့် တိုက်ရိုက်ထိတွေ့ရာမှတစ်ဆင့် လူနှင့် တိရစ္ဆာန်များသို့ ရောဂါကူးစက်ပြန့်ပွားသည်။

မုန်တိုင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့် အခြားသော ရာသီဥတုဆိုးရွားမှုများ ဖြစ်ပွားပြီးသည့်အချိန်တွင် ဘက်တီးရီးယားပိုးများ မြေမျက်နှာပြင်ပေါ်သို့ ထွက်လာသောကြောင့် ရောဂါဖြစ်ပွားသူ ပိုများနိုင်သည်။

လူတို့တွင် အောက်ပါအချက်များကြောင့် ရောဂါကူးစက်ဖြစ်ပွားနိုင်သည်။

🦠 ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် ဖုန်မှုန့် (dust) သို့မဟုတ် အမှုန်အမွှားများ (droplets) ကို ရှူရှိုက်မိခြင်း
🦠 ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် အစားအစာ သို့မဟုတ် ရေကို စားမိသောက်မိခြင်း
🦠 ရောဂါပိုးဖြင့်ညစ်ညမ်းနေသည့် မြေကြီး သို့မဟုတ် ရေနှင့် ထိတွေ့ကိုင်တွယ်မိခြင်း၊ အထူးသဖြင့် အရေပြားပေါက်ပြဲသောနေရာ သို့မဟုတ် ပါးစပ်မှတစ်ဆင့် ရောဂါပိုးဝင်ရောက်ခြင်း။

လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်မှုသည် အလွန်ရှားပါး ပါသည်။

အောက်ပါ တိရစ္ဆာန်များအပါအဝင် တိရစ္ဆာန် အမျိုးအစားများစွာ ရောဂါကူးစက်ခြင်း ခံရနိုင်သည်။

🦠 သိုး၊ ဆိတ်၊ ဝက်၊ တောဝက်စသည့် ဝက်အမျိုးမျိုး၊ မြင်း၊ ကြောင်၊ ခွေး၊ နွား

B. pseudomallei ဘက်တီးရီးယားပိုးကို အပူပိုင်းဒေသများ အတွေ့ရများပြီး အထူးသဖြင့် အရှေ့တောင်အာရှနှင့် သြစတြေးလျမြောက်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေတတ်သည်။

🔴 ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများမှာ များစွာ ဖြစ်ပေါ်နိုင်သည်။ ရောဂါပိုးကူးစက်ခံရပြီး (၁) ပတ်မှ (၃) ပတ်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်တတ်သည်။ အချို့သော လူနာများတွင်မူ ရောဂါပိုး ကူးစက်ခံရပြီး လများ သို့မဟုတ် နှစ်များ ကြာပြီးချိန်မှလည်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာတတ်သည်။ အဆိုပါရောဂါသည် ခန္ဓာကိုယ်တွင်းရှိ စနစ်တစ်ခု သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးသို့ သက်ရောက်ထိခိုက်မှု ရှိစေနိုင်သည်။ ထိုအချက်များကြောင့် ရောဂါအတိအကျ အမည်တပ်သိရှိနိုင်ရန်ခက်ခဲတတ်ပြီး အခြားရောဂါများနှင့် မှားယွင်းနိုင်သည်။

တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်တစ်နေရာထဲ၌ ကွက်၍ ဖြစ်ပွားပြီး အနာ သို့မဟုတ် အရေပြားအနာဟု ထင်ရနိုင်သည်။ ဖျားနာခြင်း၊ ရောင်ရမ်းခြင်း နှင့် ကြွက်သားနာကျင်ခြင်းတို့ ခံစားရနိုင်သည်။

အဆုတ်ပိုးဝင်ခြင်းကဲ့သို့လည်း တွေ့ရများတတ်သည်။ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ ဖြစ်နိုင်သည်။

လတ်တလော ရောဂါဖြစ်သည်ဖြစ်စေ၊ ရှေးယခင်ကာလက ဖြစ်ဖူးသည်ဖြစ်စေ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို ပျံ့နှံ့ထိခိုက်စေနိုင်သည်။ အသည်း၊ သရက်ရွက်၊ ဆီးကျိတ်၊ အဆစ်၊ အရိုး၊ ပြန်ရည်ကြောအကျိတ်၊ အရေပြား သို့မဟုတ် ဦးနှောက်တို့တွင် ပြဿနာများ ဖြစ်စေနိုင်သည်။ သွေးတွင်းပိုးဆိပ်ပြန့်ခြင်း (sepsis) ကို ဖြစ်စေနိုင်သည်။

ရောဂါပိုး ကူးစက်ခံရခြင်း၏ လက္ခဏာများမှာ

🦠 ဖျားခြင်း
🦠 ခေါင်းကိုက်ခြင်း
🦠 အသက်ရှူရ ခက်ခဲခြင်း
🦠 ဝမ်းဗိုက် (အစာအိမ်) သို့မဟုတ် ရင်ဘတ်အောင့်ခြင်း/ နာခြင်း
🦠 ကြွက်သားနာကျင်ခြင်း
🦠 ဝေဝါးခြင်း (စိတ်ရှုပ်ထွေးခြင်း)
🦠 တက်ခြင်း

🔴 ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ မြင့်မားသော အချက်များ

ကျန်းမာသောသူများလည်း ရောဂါကူးစက်ခံရနိုင်သော်လည်း အောက်ပါရောဂါအခံများရှိပါက ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ မြင့်မားစေနိုင်သည်။

🦠 ဆီးချိုရောဂါ
🦠 အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်း
🦠 အသည်းရောဂါ
🦠 ကျောက်ကပ်ရောဂါ
🦠 Thalassemia သွေးရောဂါ
🦠 ကင်ဆာ သို့မဟုတ် ကိုယ်ခံအားစနစ်အားနည်းစေသည့် အခြေအနေရှိသူများ
🦠 နာတာရှည်အဆုတ်ရောဂါများ (cystic fibrosis, chronic obstructive pulmonary disease (COPD), or bronchiectasis)

အချို့အခြေအနေများတွင်လည်း ရောဂါပိုးနှင့် ထိတွေ့ကူးစက်ခံရနိုင်ခြေမြင့်မားတတ်ပြီး ရောဂါဖြစ်ပွားစေနိုင်သည်။

🦠 ရောဂါဖြစ်ပွားမှုများသည့် နေရာဒေသများသို့ ခရီးသွားခြင်း။
🦠 မုန်တိုင်း သို့မဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် ပြင်းထန်သည့် ရာသီဥတုဖြစ်ပြီးပွားနောက် ရောဂါပိုးများဖြင့် ညစ်ညမ်းနေသည့် အမှုန်အမွှားများ သို့မဟုတ် မြေမှုန့်၊ ဖုန်မှုန့်များကို ရှူရှိုက်မိခြင်း။
🦠 ရောဂါပိုးများဖြင့် ညစ်ညမ်းနေသည့် မြေကြီး သို့မဟုတ် ရေ တို့ဖြင့် ထိတွေ့ရနိုင်သော အလုပ်လုပ်သူများ သို့မဟုတ် အဆိုပါနေရာများသို့ ဝါသနာအရ သွားရောက်သူများ
🦠 ပိုးသတ်ထားခြင်းမရှိသော သို့မဟုတ် ကလိုရင်းရေသန့်ဆေး မခတ်ထားသော သောက်သုံးရေကို သောက်သုံးခြင်း။

🔴 ရောဂါဖြစ်နိုင်ခြေကို လျှော့ချခြင်း

🦠 အရေပြားပေါက်ပြဲသည့် အနာရှိသူများ သို့မဟုတ် ဆီးချို၊ ကျောက်ကပ်ရောဂါ ကဲ့သို့ နာတာရှည်ရောဂါရှိသူများသည် မြေကြီးနှင့် ရေဝပ်ရေသေ တို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
🦠 စိုက်ပျိုးရေးလုပ်သူများ သို့မဟုတ် မြေကြီး၊ ရေဝပ်ရေသေတို့နှင့် ထိတွေ့ရနိုင်ခြေများသည့် အလုပ်၊ ဝါသနာရှိသူများအနေဖြင့် ခြေထောက်မှတစ်ဆင့် ရောဂါပိုးကူးစက်ခံရခြင်းကို ကာကွယ်ရန် လည်ရှည်ဖိနပ်၊ ဘွတ်ဖိနပ်ရှည်များ ဝတ်ဆင်ပါ။
🦠 ရောဂါရှိသူများကို ကုသပေးရသည့် ကျန်းမာရေးလုပ်သားများသည် ရောဂါကာကွယ်ရန် သတ်မှတ်ထားသည့် စံပြုကြိုတင်ကာကွယ်နည်းလမ်းများကို လိုက်နာအသုံးပြုပါ။ အဆိုပါရောဂါဖြစ်သည်ဟု ယူဆပါက ဓာတ်ခွဲခန်းတွင် လုပ်ကိုင်သူများကို ကာကွယ်ရန် ဓာတ်ခွဲနမူနာများကို လေဘယ်လ်အမှတ်အသား သေချာကပ်သင့်သည်။
🦠 ဓာတ်ခွဲခန်းတွင် လုပ်ကိုင်သူများသည် PPE အကာအကွယ်ဝတ်စုံနှင့် အသက်ရှူခြင်းဆိုင်ရာ အကာအကွယ်များကို သင့်လျော်မှန်ကန်စွာ အသုံးပြုခြင်းအပါအဝင် ကောင်းမွန်သည့် ဓာတ်ခွဲခန်းအလေ့အကျင့်များ လိုက်နာသင့်သည်။

🔴 ကုသခြင်းနှင့် ပြန်လည်ကောင်းမွန်ခြင်း

ရောဂါကူးစက်ခံရသည်ဟု အတည်ပြုသတ်မှတ်ပြီးပါက မည်မျှကြာအောင် ကုသမှုခံယူရမည်ကို ရောဂါကူးစက်ခံရမှု မည်မျှဆိုးဝါးသည့်အခြေအနေပေါ်မူတည်၍ ကုသသည့်ဆရာဝန်က ဆုံးဖြတ်လိမ့်မည်ဖြစ်ပါသည်။

ယေဘုယျအားဖြင့်

🦠 သွေးပြန်ကြောမှတစ်ဆင့် ပဋိဇီဝဆေး ထိုးသွင်းခြင်းကို (၂) ပတ်မှ (၈) ပတ်အထိ ထိုးနှံပြီးနောက်
🦠 ပဋိဇီဝသောက်ဆေးကို (၃) လမှ (၆) လအထိ ဆက်လက်သောက်သုံးရနိုင်ပါသည်။

ရောဂါကူးစက်ခံရမှု အပြီးအပြတ်ပျောက်ကင်းစေရန် ကုသမှုကို ပြီးဆုံးသည်အထိ ခံယူရန် အရေးကြီးသည်။

🔴 အဆိုပါရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးကို ဇီဝလက်နက် တိုက်ခိုက်မှု (biological attack) များတွင် အသုံးပြုနိုင်ခြေ ရှိမရှိကို ပြည်သူ့ကျန်းမာရေးပညာရှင်များက သုတေသနပြုလျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: US CDC

#မယ်လီအွိုက်ဒိုးစစ်

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Bago Region CDM Civil Servants Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share