ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့

ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့ တော်လှန်ရေးအဖွဲ့များသို့ပြည်သူများမှထောက်ပို့ထားသောထောက်ပို့ငွေများကိုထပ်ဆင့်ထောက်ပို့နေသောအဖွဲ့အစည်းသက်သက်သာဖြစ်ပါသည်။ဘယ်နေရာကိုထောက်ပို့ခြင်ပါသလဲ?

08/04/2026

ကြိုက်လို့ ပြန်တင်

08/02/2026

ကျွန်တော်တို့ဧရာဝတီတိုင်းကြီးရေဘေးဒုက္ခရောက်နေတာမြင်မိတော့အရမ်းဝမ်းနည်းရပါတယ်ဗျာ ကိုယ်တိုင်းဘာမှမကူညီနိုင်ဘူးရေဘေးနဲ့ပတ်သက်လို့ ဒါပေမယ့် ကူညီနိုင်တာလေးတစ်ခုတော့စဥ်းစားမိတယ် ဘာလဲဆိုတော့ ကျွန်တော်တို့အဖွဲ့ကို အန်တီ အမ အကို တေွလစဥ်လှူတာ တစ်လကို ၃သိန်းလောက်တော့ရှိပါတယ် အဲ့ဒါကျွန်တော်တို့ကို မကူတော့ဘဲ ရေဘေးအတွတ် လှူလိုက်ကြပါဗျာ.... ပုံမှန် ဆိုရင်တော့ star link ဘေလ်ဆောင်ဖို့အတွတ်အသုံးပြုတာပါ အရင်တုန်းကတော့ လစဥ် ၁၀ သိန်းလောက်ထိရပါတယ် ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကူသူ လှူသူ မရှိတော့ဘဲ ၃သိန်းလောက်လေး ဖြစ်သွားတာပါ ရေဘေးအတွတ်လှူလိုက်ကြပါအုံးဗျတောင်းပန်ပါတယ်ခင်ဗျာ
ဒီပိုစ်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ခင်ဗျာ.....

ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့
@အမာခံပရိသတ်များ

08/01/2026

အခုလ ဘယ်သူတွေထောက်ပို့အုံးမလည်း🤨?

အားကျမခံ ငါတို့လည်း 😏😏😏😏😏ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့
08/01/2026

အားကျမခံ ငါတို့လည်း 😏😏😏😏😏

ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့

07/29/2026

ကြက်ဥတလုံး ၇၀၀ မကလို့ ၁၀၀၀ ဖြစ်လဲ
ဇာတ်မင်းသားကို သိန်းထောင်ချီ ဆုချ တဲ့သူက ချနေဦးမှာပဲ….

မီးဘယ်လောက်ပျက်ပျက် EV ကားစီးတဲ့ လူတန်းစားကသပ်သပ်ရှိမှာပဲ….

တပြည်လုံးက လူငယ် လူရွယ် စစ်မှုထမ်းလည်း
သူတို့သားသမီးက ဘားကလပ် တက် မပျက်ဘူး…။

သူများနိုင်ငံစစ်မှုထမ်းဥပဒေဆိုတာ…
ဘုရင်သားကအစ ရုပ်ရှင်မင်းသားအဆုံး ယာယီ ဘုန်းကြီးပါမကျန် တန်းတူထမ်းရတာမျိုး…

အချိန်တန် အိမ်ပြန်ရောက်တယ်…
မပြန်လမ်းပို့ခံရတာ ခင်ဗျားတို့သားသမီးပဲ…

ပေါင်းစားတတ်သူက တော့ခေတ်ပျက်လေ ကောင်းစားလေပဲ…

ဘယ်အစိုးရတက် တက် ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတဲ့ လောဂျစ်က သူတို့ဆီက လာတာ….

ခေတ်ပြောင်း စနစ်ပြောင်းရင် လွယ်လွယ်ချောင်ချောင်စီးပွါးရှာမရတော့မှာ စိုးတဲ့ ဝိသမစီးပွါးရေးသမားရယ်…

ဘေ့ာပင်တချောင်းနဲ့ တောင်းရမ်းစားတဲ့ အဂတိဝန်ထမ်းရယ်…
ခိုးထားဝှက်ထားသမျှ ပြည်သူပိုင် သိမ်းခံရမှာမို့…

Sစ်တပ်ကို ကျောထောက်နောက်ခံလုပ်
တိုးတိုးတိတ်တိတ်ထောက်ပံ့နေတာ ဒီလူတန်းစားတရပ် ပဲ….

ခေတ်ပြောင်းမှာ ကြောက်တဲ့ လူတန်းစားပေါ့…

အဲဒီလူတန်းစားကပဲ ခင်ဗျားတို့ ကျွန်တော်တို့
လူမှုနေစဉ် ဘဝနဲ့ အတွေးအခေါ် ယဉ်ကျေးမှုအဆုံး အကုန်လုံးကို ထိန်းချုပ်ထားတာ…

တန်းတူအခွင့်အရေးဆိုတာ သူတို့အကြောက်ဆုံးစကားပဲ…

ဒီလူတန်းစားတွေ ပျော်မော် နေတဲ့ပွဲတွေမှာ သံယောင် လိုက် ပျော်နေတာက…

သားသည်သမား ခြင်းထဲက
စဉ့်လှီးတုံးဆီ မရောက်ခင် တွန်နေတာမျိုး…

အားလုံးစစ်မှန်တဲ့ အပျော်
စစ်မှန်သော လွတ်မြောက်မှု အမြန်ဆုံးရရှိနိုင်ကြပါစေ…

ဇာတ်ပွဲတခုရဲ့ video ဖိုင်လေးတခု ကို စိတ်ထဲမခံစားနိုင်လို့ ရေးမိတာပါ…

မေတ္တာဖြင့်…
ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့

🪔 ဓမ္မစကြာအခါတော်နေ့ (ဒုတိယဝါဆိုလပြည့်နေ့)🪔 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ။🪔 စိတ်သွားတိုင်း...
07/28/2026

🪔 ဓမ္မစကြာအခါတော်နေ့ (ဒုတိယဝါဆိုလပြည့်နေ့)
🪔 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ။
🪔 စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒမှန်သမျှလည်း အကုန်ပြည့်ဝကြပါစေ။
🪔 ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့မှဆုတောင်းမေတ္တာပို့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့

07/28/2026

တစ်ချိူ့ပိုက်ဆံချမ်းသာတဲ့လူတွေပြောတဲ့စကားနှစ်ခွန်းရှိတယ် တော်လှန်ရေးနဲ့ပတ်သက်ပြီး '' လှူခြင်တယ် အဖမ်းခံရမှာကြောက်လို့ '' နောက်တစ်ခုက တော်လှန်ရေးကပြီးတော့မယ် '' ဘယ်လိုကူရမှန်းမသိလို့'' တဲ့ 😁😁😁😁

သူတို့အဲ့လိုပြောနေရင်း သူတို့စည်းစိမ်းတွေ သမ္မတတုက ပြည်သူပိုင်သိမ်းလို့ အကုန်ကုန်တော့မှာလဲ မသိဘူး
တော်လှန်ရေးအတွတ် လှူတာကမှ စည်းစိမ်းတစ်ဝတ်လောက်ကုန်ခြင်မှကုန်မယ် လိုအပ်တာတွေဝယ်ပြီးဗျင်းလိုက်ရရင် အမလ တို့ ပွဲပြီးတာကြာလှ အခုမအလ ကို လှုရတော့မယ်😁😁😁😁

ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့

07/25/2026

မင်းအောင်လှိုင်က ဗိုလ်နေဝင်းမအောင်မြင်ခဲ့တဲ့ စနစ်တစ်ခုကို
ပြန်အသက်သွင်းဖို့ ကြိုးစားနေတယ်။
မင်းအောင်လှိုင်သွားနေပုံက
ပါတီစုံဒီမိုကရေစီ ဘာညာဆိုတဲ့ အသံကို ဝင်ကစွပ်လို အငှားခန္ဓာခြုံပြီး လှုပ်တုပ်လှုပ်တုပ်ဖြစ်နေတယ် ။
သူလုပ်နေတာတွေ ဘွားခနဲ ရုပ်လုံးပေါ်လာတဲ့အခါ သူ့ကို
ဘယ်သူမှ လက်မခံရင်တောင် သူက
တရုတ်ကွန်မြူနစ်တို့ ၊ဂျပန်မင်းဆက်တစ်ခုတို့ ဟိုးတုန်းက လုပ်ခဲ့ဖူးသလို တခါးပိတ်ဝါဒထိ အမိုက်ခံပြီး လုပ်လိမ့်မယ်။
(အချောင်ရနေတဲ့ တရုတ်ကွန်မြူနစ်လို ကပ်ပါးဗိုင်းရပ်စ်ကတော့ ရိုးတွင်းချဥ်ဆီထိရောက်နေပြီမို့ တံခါးပိတ်လည်း အတွင်းမှာ ရှိနေမှာပဲ။)

ကျွန်နော်သတိပေးချင်တာက ပြည်တွင်းပိုင်ဆိုင်မှု အားကောင်းနေဆဲ ခရိုနီ ခရိုနက်များအတွက်ဖြစ်ပါတယ်။ ဦးတို့ ၊အဒေါ်တို့ ၊ အကိုတို့ အစ်မတို့က ကျွန်တော့်ထက်တော့ ပိုသိကြ ပိုအကွက်မြင်ကြမယ်
ထင်ပါတယ်။ ဟုတ်ပါတယ်။
အခုလို နိုင်မြင်းစောင့်လောင်းရင်း ရုတ်တရတ် မလုပ်ရဲတာဘာမှ မရှိဘူးဟေ့ဆိုတဲ့အကွက်ထဲ ရောက်သွားမှဟုတ်ပေ့ ဖြစ်နေမှာလည်း
ကျွန်နော်က စိုးရိမ်ပေးတာပါ။ ဥပမာအနေနဲ့သတိပေးရရင် မင်းအောင်လှိုင်ရဲ့သမီးက သူ့ပိုင်ဆိုင်မှုတွေကို ရွှေထည်အနေနဲ့ပြည်ပ စပို့နေပြီဆိုတာ သတိရစေချင်ပါတယ်။

ဟုတ်ကဲ့။ တရုတ်ကွန်မြူနစ်အစိုးရအနေနဲ့လည်း ဂုဏ်သိက္ခာအကြောင်းပြ စစ်ပွဲတစ်ခုထဲ ခြေချော်လက်ချော် ကျဆင်းရဖို့ရှိနေပြန်တော့
ရေရှည်မှာ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာလည်း
ရေထဲက ဘူးပေါ်သလို ဘွားခနဲ ပြန်ကောင်းလာဖို့ လိုပါတယ်။

ဒါကြောင့် တိုးတိုးတိတ်တိတ်ပဲဖြစ်ဖြစ် များများစားစားပါဝင်လာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်နော့်ဆီကို လာလှူရမှာ မဟုတ်ပါဘူး။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့
ဖက်ဒရယ်ဦးဆောင်ကော်မတီဆီ တိုက်ရိုက်သွားကြဖို့ဖြစ်ပါတယ်။

နိုင်ငံရေးကို အလစ်မပေးကြပါနဲ့
ငါတို့မှာငါတို့ပဲ ရှိပါတယ်။

မဟာချို

ချီးနားထိသေရုရှထိသေအိန္ဒိယထိသေအခုအလှည့်ကျသူကတော့ ထိုင်းဖြစ်ပါတယ် မကြာမှီမျှော်.....
07/23/2026

ချီးနားထိသေ
ရုရှထိသေ
အိန္ဒိယထိသေ
အခုအလှည့်ကျသူကတော့ ထိုင်းဖြစ်ပါတယ်
မကြာမှီမျှော်.....

Address

Washington D.C., DC

Alerts

Be the first to know and let us send you an email when ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category