Kani Students' Union - ABFSU

  • Home
  • Kani Students' Union - ABFSU

Kani Students' Union - ABFSU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kani Students' Union - ABFSU, Political organisation, .

လေပြေနီသမဂ္ဂစာကြည့်တိုက်မေလ ၁၉၊ဗကသThe Way Music Film Family အကူအညီဖြင့် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှဦးဆောင်ဖွင့်လှစ...
19/05/2024

လေပြေနီသမဂ္ဂစာကြည့်တိုက်

မေလ ၁၉၊ဗကသ

The Way Music Film Family အကူအညီဖြင့် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှဦးဆောင်ဖွင့်လှစ်သော လေပြေနီသမဂ္ဂစာကြည့်တိုက် အားအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေး

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ ကနီတွင် တော်လှန်ရေးသုံးနှစ်ပြည့် ကျေးလက်လူထုဟောပြောပွဲပြုလုပ်ဖေဖော်ဝါရီလ ၂...
02/02/2024

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ ကနီတွင် တော်လှန်ရေးသုံးနှစ်ပြည့် ကျေးလက်လူထုဟောပြောပွဲပြုလုပ်

ဖေဖော်ဝါရီလ ၂ရက်၊ဗကသ

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကနီမြို့နယ်အတွင်းရှိ ရွာ 5 ရွာမှ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ အုပ်ချုပ်ရေး အဖွဲ့အစည်းများပူးပေါင်းကာ ၁.၂.၂၀၂၄ ရက်နေ့တွင် တော်လှန်ရေးသုံးနှစ်ပြည့် " စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့ " ခေါင်းစဉ်ဖြင့် လူထုဟောပြောပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲတွင် သက်ဆိုင်ရာ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များမှလူထုအား မကြောက်တရားများဟောပြောခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအခြေအနေများ ကိုလူထုအားရှင်းလင်းတင်ပြခဲ့ပြီး လူထုညီညွတ်ရေးနှင့် တပ်ပေါင်းစု အားဖြင့်စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြရန် ဟောပြောခဲ့ပါသည်။

အထူးအစီအစဥ်အနေဖြင့် လူထုမှ ကနီနယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အသီးသီးအား အကြံပြုလွှာများနှင့် အားပေးစာ များကိုရေးသားအကြံပြုခဲ့ကြပြီး ဗကသများအဖွဲ့ချုပ်မှ သက်ဆိုင်ရာအဖွဲ့အစည်းများကို ပြန်လည်ပေးအပ်ပြီးဖြစ်ပါသည်။


#သတင်းနှင့်ပြန်ကြားရေး

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသဇန်နဝါရီ ၂၂ ၊ ဗကသဗ...
22/01/2024

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသ

ဇန်နဝါရီ ၂၂ ၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ် သပိတ်ကော်မတီ တို့ပူးပေါင်း၍ ကနီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ညဘက် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့်ဟောပြောပွဲများကို ဇန်နဝါရီလ ၂၀/၂၁/၂၂ ရက်နေ့များတွင်သုံးရက်ဆက် ပြသ ဟောပြော ​ခဲ့ကြသည်။

#သတင်းနှင့်ပြန်ကြားရေး

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှ...
21/01/2024

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၂၁ ၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ် သပိတ်ကော်မတီ တို့ပူးပေါင်း၍ ကနီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ပြည်သူလူထု သပိတ်စစ်ကြောင်းဖြင့်ပူးပေါင်းကာ " နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို " ပါဘန်နာစာသား ကို ကိုင်ဆောင်ကာ ဇန်နဝါရီလ ၁၉/ ၂၀ /၂၁ ရက်နေ့များတွင်သုံးရက်ဆက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။


#သတင်းနှင့်ပြန်ကြားရေး

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသဇန်နဝါရီ ၁၅ ၊ ဗကသဗ...
15/01/2024

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသ

ဇန်နဝါရီ ၁၅ ၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ် သပိတ်ကော်မတီ တို့ပူးပေါင်း၍ ကနီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ညဘက် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့်ဟောပြောပွဲများကို ဇန်နဝါရီလ ၁၃/၁၄/၁၅ ရက်နေ့များတွင်သုံးရက်ဆက် ပြသ ဟောပြော ​ခဲ့ကြသည်။


#သတင်းနှင့်ပြန်ကြားရေး

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှ...
14/01/2024

ဗကသများအဖွဲ့ချုပ် နှင့်အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်းကာ ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၁၄ ၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ် သပိတ်ကော်မတီ တို့ပူးပေါင်း၍ ကနီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ပြည်သူလူထု သပိတ်စစ်ကြောင်းဖြင့်ပူးပေါင်းကာ " နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို " ပါဘန်နာစာသား ကို ကိုင်ဆောင်ကာ ဇန်နဝါရီလ ၁၂/ ၁၃ /၁၄ ရက်နေ့များတွင်သုံးရက်ဆက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။


#သတင်းနှင့်ပြန်ကြားရေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အထွေထွေအကျပ်အတည်းဖြေရှင်းရေး လှုပ်ရှားမှုပြုလ...
23/11/2023

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အထွေထွေအကျပ်အတည်းဖြေရှင်းရေး လှုပ်ရှားမှုပြုလုပ်

နိုဝင်ဘာ ၂၃ ၊ဗကသ

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ "အထွေထွေအကျပ်အတည်းဖြေရှင်းရေး မှသည်စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့" ပါဘန်နာစာသား နှင့် " ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ် " ပါဘန်နာစာသားတို့ကို ကိုင်ဆောင်ကာ ကနီမြို့နယ်အတွင်းရှိနေရာတစ်ခုတွင် သပိတ်မှောက်ဆန္ဒပြခဲ့ပြီးစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေး

ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေးအတွက်ရည်မှန်း၍ ဗလာစာအုပ် နှင့် စာရေးကိရိယာများ ထောက်ပံ့နိုဝင်ဘာလ ၈ ရက်၊ဗကသမရမ်းကုန်း...
08/11/2023

ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေးအတွက်ရည်မှန်း၍ ဗလာစာအုပ် နှင့် စာရေးကိရိယာများ ထောက်ပံ့

နိုဝင်ဘာလ ၈ ရက်၊ဗကသ

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ကနီ​ြမို့နယ်အတွင်းရှိ စာသင်ကျောင်းနှစ်ကျောင်း တွင် ကျောင်းသား/သူ များစာသင်ကြားရေးတွင် ဗလာစာအုပ်လိုအပ်မှုအခက်အခဲဖြစ်နေသောကြောင့် ဒါဇင် ၁၁၄ဒါဇင် နှင့်စာရေးကိရိယာများ ကူညီထောက်ပံ့ပေးခဲ့ပါသည်။ ယခုလို ထောက်ပံ့နိုင်ရန်အတွက် ကူညီလှူဒါန်းပေးကြသော တစ်ဦးတစ်ယောက်စီတိုင်းကို ကျတော်တို့မရမ်းကုန်းမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့်ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အထူးပင်ကျေးဇူးတင်ရှိလိုက်ရပါတယ်ခင်ဗျာ။


#သတင်းနှင့်ပြန်ကြားရေး

ဗကသများအဖွဲ့ချုပ်မှ ကနီမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်သြဂုတ် ၂၉၊ဗကသကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖ...
29/08/2023

ဗကသများအဖွဲ့ချုပ်မှ ကနီမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်

သြဂုတ် ၂၉၊ဗကသ

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်၍ ကနီမြို့နယ်အတွင်း "အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည်စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဆီသို့" ပါဘန်နာစာသားအားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်မှုကိုပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

“မပြီးဆုံးသေးတဲ့ ၈ လေးလုံးလူထုလွတ်မြောက်ရေး ဒို့အတူရုန်း”ဗကသများအဖွဲ့ချုပ် #ဗကသ      #8888  #၈၈၈၈
08/08/2023

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”

ဗကသများအဖွဲ့ချုပ်
#ဗကသ #8888 #၈၈၈၈

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ သမဂ္ဂစာကြည့်တိုက်ဖွင့်လှစ်မတ် ၂၈၊၂၀၂၃ ဗကသယနေ့မတ်လ ၂၈ရက်နေ့တ...
28/03/2023

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ သမဂ္ဂစာကြည့်တိုက်ဖွင့်လှစ်

မတ် ၂၈၊၂၀၂၃ ဗကသ

ယနေ့မတ်လ ၂၈ရက်နေ့တွင်ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ကနီနယ်အတွင်းရှိကျေးရွာစာသင်ကျောင်းတစ်ခုတွင် ကျောင်းသားကျောင်းသူများရက်ရွာနေပြည်သူများကာကွယ်ရေးရဲဘော်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သမဂ္ဂစာကြည့်တိုက်အားဖွင့်ပွဲအခန်းအနားဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။
သမဂ္ဂစာကြည့်တိုက်အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန်အတွက်ရပ်ရွာနေပြည်သူများနှင့်သက်ဆိုင်ရာအုပ်ချုပ်ရေး ကာကွယ်ရေးအဖွဲ့များမှ တက်အားသရွေ့လုပ်အားငွေအားပါဝင်စိုက်ထုတ်ကူညီပေးခဲ့ကြပါသည်။

#သတင်းနှင့်ပြန်ကြားရေး

မဏ္ဍပ်မထိုးရလူမစုရစားမြိန်ထုပ်မထည့်ရရေအိုးမခွဲရမနက်စောစော လူမသိအောင်ချခဲ့ရတဲ့ အသုဘ ဖုန်းမော်ရေ ... အမျှ အမျှ အမျှ … ။၁၃ ...
13/03/2023

မဏ္ဍပ်မထိုးရ
လူမစုရ
စားမြိန်ထုပ်မထည့်ရ
ရေအိုးမခွဲရ
မနက်စောစော လူမသိအောင်ချခဲ့ရတဲ့ အသုဘ
ဖုန်းမော်ရေ ... အမျှ အမျှ အမျှ … ။

၁၃ - ၃ - ၈၈

ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်။မတ် ၁၁ ၊ ၂၀၂၃ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂဖြစ်သော က...
11/03/2023

ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်။

မတ် ၁၁ ၊ ၂၀၂၃

ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂဖြစ်သော ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးလက်နေအခြေခံပညာကျောင်းသားများပူးပေါင်း၍ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈ နှစ်ပြည့်အထိမ်းအမှတ် အနေဖြင့် "စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ"ပါဘန်နာစာသားဖြင့်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှူတစ်ရပ်ကိုပြုလုပ်ခဲ့ကြသည်။

#သတင်းနှင့်ပြန်ကြားရေး

ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်။ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၃ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂဖြ...
25/02/2023

ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်။

ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၃

ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂဖြစ်သော ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးလက်နေအခြေခံပညာကျောင်းသားများပူးပေါင်း၍ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်အတွင်း ရှိ ကျေးရွာတရွာတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြသည်။

#သတင်းနှင့်ပြန်ကြားရေး

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ သပိတ်မှောက် ဆန္ဒပြဖေဖော်ဝါရီ (၃)ရက်၊ ၂၀၂၂ ဖ...
03/02/2023

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ သပိတ်မှောက် ဆန္ဒပြ

ဖေဖော်ဝါရီ (၃)ရက်၊ ၂၀၂၂

ဖေဖော်ဝါရီ (၃) ရက်နေ့တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ကနီမြို့နယ်တစ်နေရာတွင် "နှောင်ကြိုးမှတစ်ပါးဆုံးရှုံးစရာမရှိ " " ဖက်ဆစ်ရွေးကောက်ပွဲကိုဆန့်ကျင်ကြ၊စစ်သုံးစစ်ကိုအမြစ်ပြတ်တိုက်ဖျက်ကြ" ပါ ဘန်နာစာသားများကိုကိုင်စွဲ၍ ကနီလူထုဖြင့်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

#သတင်းနှင့်ပြန်ကြားရေး

ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြစစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြဗကသများအဖွဲ့ချုပ်   #ဗကသ  #ဖက်ဆစ်ရွေးကောက်ပွဲ  #အတုအယ...
02/02/2023

ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ
စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ

ဗကသများအဖွဲ့ချုပ်
#ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #အတုအယောင်ရွေးကောက်ပွဲ

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ သပိတ်မှောက် ဆန္ဒပြအောက်တိုဘာ (၃)ရက်၊ ၂၀၂၂ အ...
03/10/2022

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ သပိတ်မှောက် ဆန္ဒပြ

အောက်တိုဘာ (၃)ရက်၊ ၂၀၂၂

အောက်တိုဘာ (၃) ရက်နေ့တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ကနီမြို့နယ်တစ်နေရာတွင် "အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည်စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့"ပါ ဘန်နာစာသားကိုကိုင်စွဲ၍ ကနီလူထုသပိတ်စစ်ကြောင်းဖြင့်ချီတက်ဆန္ဒပြခဲ့ကြသည်။

#သတင်းနှင့်ပြန်ကြားရေး

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးပြုလုပ်စက်တင်ဘာ (...
30/09/2022

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးပြုလုပ်

စက်တင်ဘာ (၃၀)ရက်၊ ၂၀၂၂

စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ကနီမြို့နယ်တစ်နေရာတွင် "လူထုလက်ရုံးနဲ့တည်ဆောက်တပ်ပေါင်းစုနဲ့ချီတက်" ဘန်နာစာသားကိုကိုင်စွဲ၍ လူထုသပိတ်စစ်ကြောင်းဖြင့်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးပြုလုပ်စက်တင်ဘာ (...
09/09/2022

ကနီ​မြို့နယ်တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆာင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးပြုလုပ်

စက်တင်ဘာ (၉)ရက်၊ ၂၀၂၂

စက်တင်ဘာလ (၉) ရက်နေ့တွင် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ကနီမြို့နယ်တစ်နေရာတွင် "လူထုလက်ရုံးနဲ့တည်ဆောက်တပ်ပေါင်းစုနဲ့ချီတက်" ဘန်နာစာသားကိုကိုင်စွဲ၍ လူထုသပိတ်စစ်ကြောင်းဖြင့်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂမှကနီမြို့နယ်ကျောင်းသားများသမဂ္ဂသို့ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက်စာအုပ်များလှူဒါန...
08/09/2022

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂမှကနီမြို့နယ်ကျောင်းသားများသမဂ္ဂသို့ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက်စာအုပ်များလှူဒါန်းခဲ့

စက်တင်ဘာ (၈)ရက်၊ ၂၀၂၂

စက်တင်ဘာလ (၈) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အားကနီမြို့နယ်အတွင်းစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက်လိုအပ်နေသောစာအုပ်များကူညီလှူဒါန်းခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂနှင့်ကနီမြို့နယ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ဆေးဝါးများကူညီထောက်ပံ့ခဲ့စက်တင်ဘာ ...
08/09/2022

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂနှင့်ကနီမြို့နယ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ဆေးဝါးများကူညီထောက်ပံ့ခဲ့

စက်တင်ဘာ (၈)ရက်၊ ၂၀၂၂

စက်တင်ဘာလ (၈) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့်ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ပူးပေါင်း၍ ကနီမြို့နယ်ဒေသတစ်ခုအတွင်းရှိဆေးပေးခန်းတစ်ခုအားလိုအပ်နေသောဆေးဝါးများကိုကူညီထောက်ပံံ့ပေးခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

15/08/2022
ကနီမြို့နယ်တွင် "၁၃ ​August မမေ့အပ် တောင်းတော့ဆီဆန် ပေးတော့ကျည်ဆန်"ဘန်နာစာသားဖြင့်စစ်တွေဆန်ပြဿနာနေ့ ၅၅ နှစ်ပြည့် အထိန်းအ...
13/08/2022

ကနီမြို့နယ်တွင် "၁၃ ​August မမေ့အပ် တောင်းတော့ဆီဆန် ပေးတော့ကျည်ဆန်"ဘန်နာစာသားဖြင့်စစ်တွေဆန်ပြဿနာနေ့ ၅၅ နှစ်ပြည့် အထိန်းအမှတ်အနေဖြင့်ချီတက်ဆန္ဒပြခဲ့

သြဂုတ် ၁၃

ကနီမြို့နယ်တွင် "၁၃ ​August မမေ့အပ် တောင်းတော့ဆီဆန် ပေးတော့ကျည်ဆန်"ဘန်နာစာသားဖြင့်စစ်တွေဆန်ပြဿနာနေ့ ၅၅ နှစ်ပြည့် အထိန်းအမှတ်အနေဖြင့်ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှလူထုအား ဦးဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

သတင်းနှင့်ပြန်ကြားရေး

ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း၂၀၂၂ သြဂုတ် ၊၁၃ ဗကသ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ...
13/08/2022

ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

၂၀၂၂ သြဂုတ် ၊၁၃ ဗကသ

၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီ ဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာ၍ ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ​သြဂုတ် လ ၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။

ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ
ဗကသများအဖွဲ့ချုပ်

Address


Website

Alerts

Be the first to know and let us send you an email when Kani Students' Union - ABFSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your organization to be the top-listed Government Service?

Share