NUG & CRPH Supporters Denmark

  • Home
  • NUG & CRPH Supporters Denmark

NUG & CRPH Supporters Denmark National Unity Government & Committee Representing Pyidaungsu Hluttaw Supporters Denmark

Save Myanmar!
27/04/2025

Save Myanmar!

Let's make it happen!
26/04/2025

Let's make it happen!

Call for recognition of Myanmar National Unity (NUG)!ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေညီလာခံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည်သာ ...
13/08/2021

Call for recognition of Myanmar National Unity (NUG)!
ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေညီလာခံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည်သာ မြန်မာနိုင်ငံ၏ တခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်းအသိအမှတ်ပြုလက်ခံရန်
#ဝိုင်းဝန်းလက်မှတ်ရေးထိုးကြဆို့
"Let's sign together"
The UN General Assembly to recognize the National Unity Government (NUG) as the only legitimate government in Myanmar.

71758 signatures are still needed! Call for recognition of Myanmar National Unity government by the UN general assembly

ကိုယ်ထူကိုယ်ထစနစ် လိုအပ်နေသော Covid ကာလတွင်- #ကိုယ်ခံအားကောင်းရန် ၁။အိပ်ရေးဝဝ အိပ်ကြပါ။၂။အားရှိသော အစားအစာများစားပေးကြပါ...
24/07/2021

ကိုယ်ထူကိုယ်ထစနစ် လိုအပ်နေသော Covid ကာလတွင်-

#ကိုယ်ခံအားကောင်းရန်

၁။အိပ်ရေးဝဝ အိပ်ကြပါ။

၂။အားရှိသော အစားအစာများစားပေးကြပါ။ eg. Juice, fruits, vegetables, seeds and water.

၃။သွေးပူလေ့ကျင့်ခန်း များများလုပ်ပေးကြပါ။

၄။ လေကောင်းလေသန့်များများရှူပေးကြပါ။

၅။ စိတ်အနားများများ ယူပေးကြပါ။

၆။ သီးသီးသန့်သန့် နေထိုင်ပေးကြပါ။

17th July 2021, Let's us take the another big Step.
09/07/2021

17th July 2021, Let's us take the another big Step.

02/07/2021

"တည်ကြက်"
_____

လူတော်တော်များများသိကြတာက "ဒလန်"

"ဒလန်"ကြောင့် CDM လုပ်နေသူတွေ အဖမ်းခံရတယ်။

"ဒလန်"ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေကြတဲ့ လူငယ်တွေ အဖမ်းခံရတယ်။

"ဒလန်"ကြောင့် PDFတွေ ပုန်းအောင်းတဲ့နေရာအဖော်ခံရပြီး အဖမ်းခံရတယ်။

"ဒလန်" "ဒလန်" "ဒလန်"

"ဒလန်"ဆိုတာ စစ်ကောင်စီ လက်ပါးစေ။

စစ်ကောင်စီတပ်တွေကို သတင်းပေးနေတဲ့ ပြည်သူ့သစ္စာဖောက်။ ရပ်ကွက်သစ္စာဖောက်။

"ဒလန်" ကြောင့်အဖမ်းခံရတယ်လို့ပဲ တော်တော်များများကသိထားကြပေမဲ့ တကယ်တမ်းက နောက်တစ်မျိုးကြောင့် အဖွဲ့လိုက်ပုန်းအောင်း‌နေတဲ့နေရာတွေပေါ်ပြီး အဖမ်းခံရတာတွေရှိနေပါတယ်။

အဲ့နောက်တစ်မျိုးကိုဘယ်လိုခေါ်လဲဆိုတော့
"တည်ကြက်" လို့
ခေါ်ပါတယ်။

အမဲလိုက်မုဆိုးဟာ အနေအထိုင်မတက်တဲ့ ကြက်တစ်ကောင်ကို တွေ့တာနဲ့ ချက်ချင်းမဖမ်းဘူး။ အဲ့ကြက်ကို ဖမ်းလိုက်ရင် တစ်ကောင်ပဲမိမှာကိုး။ အဲ့တော့ မုဆိုးဟာ ခြေသံလုံလုံနဲ့ ကြက်သွားရာနောက်ကို ခြေရာကောက်ပြီးလိုက်တယ်။ သတိမထားမိတဲ့ အဲ့ကြက်ဟာ သူ့ရဲ့အပေါင်းအပါတွေရှိရာဆီ ရောက်သွားချိန် အနောက်ကလိုက်လာတဲ့ မုဆိုးက ဝင်ဖမ်းတာ တစ်သုတ်ကြီး ခံလိုက်ရပါတော့တယ်။
အနောက်က ခြေရာကောက်ခံရနေရတာကို မသိဘဲ အနေအထိုင်မတတ်၊ သတိမရှိ၊ လမ်းသလားနေတဲ့ ကြက်ကို "တည်ကြက်" လို့ခေါ်ပါတယ်။

လက်ရှိ စစ်အာဏာရှင်အကြမ်းဖက်အဖွဲ့ကို တော်လှန်ရေးလုပ်ရာမှာ ခိုးကြောင်ခိုးဝှက်လုပ်ကြရပါတယ်။ အထူးသဖြင့် လွတ်မြောက်နယ်မြေတွေမှာ လက်နက်ကိုင်သင်တန်းသွားတက်ပြီး ပြည်သူတွေကိုကာကွယ်ဖို့ ပြန်ရောက်လာသူလူငယ်တွေပါ။ သူတို့ဟာ မြို့ပေါ်မှာ အရင်ကျောင်းတက်တုန်းကလို ပေါ်ပေါ်ထင်ထင်လျှောက်သွားနေလို့မရတော့ပါဘူး။ ခုခံဖို့သေချာတဲ့ Target တွေဆွဲပြီး ပြည်သူတွေ အဖိခံ၊ အဖြိုခံနေရတဲ့အခါ တစ်ဖက်ကနေ ထွက်ပေါက်ရစေဖို့ အတွက် တစ်ဖက်လှည့်နဲ့ကူညီနေကြသူတွေပါ။ ဒီလိုလုပ်နေသူတွေကို မြေအောက်တော်လှန်ရေးသမားလို့ခေါ်သလို မြို့ပြသူပုန်လို့လဲ ခေါ်လို့ရတယ်။

မြို့ပြသူပုန်၊ မြေအောက်တော်လှန်ရေးသမားတွေ အတွက် စည်းမျဉ်းတွေရှိသလို နေထိုင်ရမဲ့ ပုံစံတွေလဲ ရှိပါတယ်။ ဥပမာ - ကိုယ်ခိုအောင်းနေတဲ့ဒေသက သူတွေရဲ့နေပုံထိုင်ပုံထက် ပိုပြီးမထူးခြားအောင်နေရမှာဖြစ်တယ်။ ကြည့်လိုက်တာနဲ့ ထင်ပေါ်နေအောင်မနေရဘူး။

တည်ကြက် ဖြစ်လာနိုင်သူများ -

၁) သာမန်လူတွေထက် နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံတွေမတူဘဲ ထူးခြားနေတာတွေအပြင် လုံခြုံရေးသတိမရှိသူ။

၂) အခုမှသူများမိတ်ဆက်‌ပေးလို့ သိတဲ့သူ‌တစ်ယောက်ကို ကိုယ့်အပေါ်အထင်ကြီးလာစေဖို့ ကိုယ့်အဖွဲ့အကြောင်းအကုန်နီးပါးပြောပြတတ်တဲ့/ စကားအရမ်းများပြီးအာချောင်တတ်သူ

၃) လုံခြုံရေးသတိအမြဲရှိနေရမယ်ဆိုတာ မြန်မာကားတွေထဲကလို ကုပ်ချောင်းကုပ်ချောင်းနဲ့ လမ်းလျှောက်ရင် နောက်ခဏခဏလှည့်လှည့်ကြည့်တတ်တာမျိုးမဆိုလိုပါဘူး။ အမြဲတစေစိုးရိမ်နေတတ်တဲ့မျက်နှာထားမျိုးမဟုတ်ဘူး။

ဒီလူတွေဟာ "တည်ကြက်" အများဆုံးလုပ်ခံရသူပါ။ သူတို့ဒီလိုနေတာတောင်အဖမ်းမခံရသေးတဲ့အတွက် သူတို့ဟာ "လုံခြုံတယ်ကွ" ဆိုပြီး ရဲဘော်တွေကြားထဲ ထပ်‌ကြွားနေကြဦးမှာပါ။ ဒါပေမဲ့ သူသွားခဲ့တဲ့ လမ်းတစ်လျှောက်၊ သူဝင်ခဲ့တဲ့အိမ်တွေက သူ့ရဲဘော်တွေကတော့ အဖမ်းခံနေရပါပြီ။ သူကတော့လွတ်နေသေးတယ်။ နောက်ထပ်အသိုက်တွေ ထပ်ပြအောင်လေ။

"ဒလန်"ကြောင့် ပြည်သူနဲ့ ပြည်သူ့ဖက်တော်သားတွေ နေ့စဉ် အဖမ်းခံနေရသလို "တည်ကြက်" ကြောင့်အဖမ်းခံရတာတွေလဲ အများကြီးရှိနေပါတယ်။ "တည်ကြက်" ဆိုတာ "ဒလန်"လို သစ္စာဖောက်မဟုတ်ပေမဲ့ သူ့ရဲ့ နှုတ်မစောင့်ဆည်းမှု၊ အနေအထိုင်မတတ်မှု၊ ရန်သူကို အထင်သေးမှု၊ စတာတွေကြောင့် သူ့ရဲ့ရဲဘော်တွေ အုပ်စုလိုက် ဆုံးရှုံးနေရပါတယ်။ အဖမ်းခံနေရတဲ့ရဲဘော်တွေနဲ့ အတူတူလုပ်နေတဲ့ ကိုယ်တိုင်ကတော့ အခုထိ အဖမ်းမခံရသေးဘူး၊ ဝရမ်းတောင် အတပ်မခံရသေးဘူးဆိုပြီး ငါကံကောင်းနေတယ် မထင်စေချင်ပါဘူး။ ငါသွားခဲ့တဲ့နေရာက ရဲဘော်တွေအဖမ်းခံနေရပေမဲ့ ငါမပါသေးတာ ငါ့အနောက်ကဒီကောင်တွေလိုက်နေလို့များလားလို့ သေသေ‌ချာချာ ပြန်သုံးသပ်စေချင်တယ်။

ဒီလို "တည်ကြက်" မဖြစ်စေဖို့ အဓိက‌ေရှာင်ရမှာ‌တွေကတော့

၁) ကျောင်းတက်တုန်းကလို ထူးထူးခြားခြားဝတ်စားပြီး စော်ကြည်စေဖို့မလုပ်ပါနဲ့

၂) လူအထင်ကြီးခံချင်လို့ အခုမှသိတဲ့သူကို ကိုယ်နဲ့ ကိုယ့်အဖွဲ့အကြောင်း မကြွားပါနဲ့/ အာမချောင်ပါနဲ့။

၃) ရန်သူကို လျှော့မတွက်ပါနဲ့။ လုံခြုံရေးသတိ အမြဲရှိသင့်သလို လုံခြုံရေးသတိရှိတယ် ဆိုပြီး မိမိကို ပုန်းရှောင်နေရတဲ့ပုံစံ မဖြစ်ပါစေနဲ့။

တော်လှန်ရေးအောင်သွားတဲ့အခါကျမှ အဲ့တုန်းက "ငါတို့ ဘယ်လိုကြိတ်ပြီးလုပ်ခဲ့ရတာကွ" "ဒီတော်လှန်ရေးအောင်မြင်ဖို့ ဒီဒေသမှာလုပ်ခဲ့တာငါတို့ကွ" လို့ ပြန်ကြွားရင်း အလန်းတွေဝတ်ပြီး စော်ကြည်အောင်သာလုပ်ကြပါ။ ပြန်ကြွယ်ကြပါ။

လောလောဆယ်တော့ တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် စည်းမျဥ်းလေးတွေတော့ သေချာလိုက်နာကြဖို့ ပြောရင်းနိဂုံးချုပ်ပါတယ်။

P.S - အောက်က ဖိုင်ကတော့ အရင်ကတင်ထားခဲ့ဖူးတဲ့ ယခု NUG ကာကွယ်ရေး ဒု-ဝန်ကြီး ဒေါ်ခင်မမမျိုး (ပြန်လည်လွတ်မြောက်ရေးအဖွဲ့ချုပ်) ရေးခဲ့တဲ့ မြို့ပြသူပုန်မှတ်စုများပဲဖြစ်ပါတယ်။ မြို့ပြသူပုန်လုပ်မဲ့သူတစ်ယောက်ရဲ့ ဝိသေသ လက္ခဏာတွေကို သေသေချာချာလိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။

crd

H.E. Dr. Sasa Addressed to the Foreign Affairs Committee of Defenses and Armed Force of the Senate, the Parliament of Fr...
01/07/2021

H.E. Dr. Sasa Addressed to the Foreign Affairs Committee of Defenses and Armed Force of the Senate, the Parliament of France:

30 June 2021

Bonjour!

Thank you, Mr. Chairman. Dear respected members of the Foreign Affairs Committee of Defenses and Armed Forces of the Senate, the Parliament of France, I cannot thank you enough for giving me this great opportunity again to represent my people and country of Myanmar before the French Parliamentarians. I am so moved by seeing and hearing the strong support from the People, Parliament and Government of France for the liberation and freedom of the people of Myanmar from the hands of the military junta and for the building of an inclusive Federal Democratic Union of Myanmar for All of the people of Myanmar regardless of race, religion, gender, culture, background and ethnicities.

01/07/2021

မိတ်ဆွေစစ်တို့ မည်သည်

30/06/2021

Address

Online Meeting

1268

Website

Alerts

Be the first to know and let us send you an email when NUG & CRPH Supporters Denmark posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to NUG & CRPH Supporters Denmark:

  • Want your organization to be the top-listed Government Service?

Share