The Daily Feed MM

The Daily Feed MM everything is not free and did you want more you need to pay more as time and effort.

All of post and uploaded documents and book series can download and read for free.

13/08/2026

#ရန်ကုန်မှာ ဝမ်းပျက်ဝမ်း​ရောဂါ​ကြောင့် #လမ်းဘေးစျေးရောင်းခွင့်ပိတ်ထားပါတယ်။

Post:Mytech Myanmarမွေးရာပါ မျက်စိကွယ်နေသူတွေကို အမြင်အာရုံ ပြန်ရစေမယ့် Elon Musk ရဲ့ Blindsight နည်းပညာ****************...
10/08/2026

Post:Mytech Myanmar

မွေးရာပါ မျက်စိကွယ်နေသူတွေကို အမြင်အာရုံ ပြန်ရစေမယ့် Elon Musk ရဲ့ Blindsight နည်းပညာ
************************
-
မွေးရာပါ မျက်စိကွယ်နေသူတွေကိုပါ အမြင်အာရုံ သစ် ပြန်ရရှိစေမယ့် Blindsight လို့ အမည်ရတဲ့ အမြင်အာရုံ အစားထိုး ဦးနှောက်စက်ပစ္စည်းကို နောက် ၆ လကနေ ၁၂ လအတွင်း လူတွေမှာ စတင်တပ်ဆင် စမ်းသပ်သွားမယ်လို့ Neuralink ပူးတွဲတည်ထောင်သူ Elon Musk က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီနည်းပညာဟာ မျက်လုံး သို့မဟုတ် အမြင်အာရုံကြောတွေကို အသုံးမပြုဘဲ ဦးနှောက်ရဲ့ အမြင်အာရုံ ထိန်းချုပ်ရာ အစိတ်အပိုင်းဆီ အချက်ပြလှိုင်းတွေ တိုက်ရိုက် ပေးပို့မှာဖြစ်တာမို့ ဦးနှောက်ပိုင်းဆိုင်ရာ ပုံမှန်အလုပ်လုပ်နေသူ မည်သူမဆို အလင်းရောင်ကို ပြန်လည် မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အနာဂတ်မှာ ထွက်ရှိလာမယ့် နည်းပညာအဆင့်မြှင့် ဗားရှင်းတွေဟာ ရိုးရိုးလူတွေထက် ပိုမိုကြည်လင် ပြတ်သားတဲ့ Ultra-HD အမြင်အာရုံကို ပေးစွမ်းနိုင်မယ့်အပြင် အနီအောက်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်နဲ့ ရေဒါလှိုင်းတွေကိုပါ မြင်တွေ့နိုင်စွမ်း ရှိလာမယ်လို့ စိတ်လှုပ်ရှားဖွယ် မျှော်လင့်ချက်ပေးထားပါတယ်။

လက်ရှိမှာ Neuralink ဟာ ခန္ဓာကိုယ်မသန်စွမ်းသူတွေအတွက် တီထွင်ထားတဲ့ ဦးနှောက်စက်ပစ္စည်း အခြားတစ်မျိုးကို စမ်းသပ်လျက်ရှိပေမယ့် Blindsight အတွက်တော့ လူတွေမှာ စမ်းသပ်မှု မစတင်ရသေးပါဘူး။

လက်ရှိမှာတော့ ဒီစက်ဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာမို့ အမြင်အာရုံကို တကယ် ပြန်ရစေတယ်ဆိုတာကို ပညာရှင်တွေ အတည်ပြုထားတဲ့ အချက်အလက်မျိုး မရှိသေးပါဘူး။

အမေရိကန် FDA က Blindsight ကို သုတေသန အရှိန်မြှင့်တင်နိုင်မယ့် Breakthrough Device အဖြစ် သတ်မှတ်ပေးထားပေမယ့် ဒါဟာ နည်းပညာ အကောင်အထည်ဖော်မှုကို မြန်ဆန်စေရုံသာ ဖြစ်ပြီး စက်ပစ္စည်း၏ ထိရောက်မှုကို အပြည့်အဝ အာမခံချက်ပေး သတ်မှတ်လိုက်တာတော့ မဟုတ်သေးပါဘူး။

Ref: Technology Innovation
-

Post By ဒေါ်ဇင်ဝေထွန်းရွာမြေစစ်စစ်ဝယ်မှာမို့ မြေစာရင်းမှာသွားစစ်တယ်မူလရွာမြေမဟုတ်ဘဲ၊လယ်မြေကိုရွာတိုးချဲ့လျှောက်ထားတဲ့မြေ...
06/08/2026

Post By ဒေါ်ဇင်ဝေထွန်း

ရွာမြေစစ်စစ်ဝယ်မှာမို့ မြေစာရင်းမှာသွားစစ်တယ်
မူလရွာမြေမဟုတ်ဘဲ၊လယ်မြေကို
ရွာတိုးချဲ့လျှောက်ထားတဲ့မြေနယ်နမိတ်ထဲပါနေလို့
ပွဲပျက်ခဲ့ရပါတယ်...

ပွဲစားကမြေစာရင်းလာစစ်ပေးတာ
တည်နေရာမသိ၊ဟိုအကွက်လိုလို၊ဒီအကွက်လိုလို
မြေစာရင်းကလည်း တည်နေရာမသိဘဲဘယ်လိုစစ်ပေးရမလဲပြောတာကို ကိုယ်တွေတိတိကျကျမသိတဲ့တည်နေရာကို စစ်ခိုင်းတယ်..

အဲ့တော့ကိုယ်လည်းမြေစာရင်းရဲ့ဖုန်းနံပါတ်ယူလာပြီးကျမကိုယ်တိုင်ကွင်းဆင်းမယ်
ဝယ်မဲ့အကွက်ထဲရောက်ရင် map ထောက်ပြီးပို့လိုက်မယ်ပြောပြီးချိတ်ခဲ့ရတာပေါ့..

ရောင်းမယ်ဆိုတဲ့အကွက်ထဲရောက်တော့
တည်နေရာကို map ထောက်
ပို့ပေးတော့ မူလရွာမြေမဟုတ်ဘဲ
ရွာတိုးချဲ့နယ်နမိတ်ထဲဖြစ်နေကြောင်း
မြေစာရင်းကအကြောင်းပြန်လာတယ်..

ဝယ်မဲ့အကွက် ရေတောထဲထိဆင်းပြီးmapထောက်တာကို သူတို့မြေကိုရွာမြေမဟုတ်ဘူးပြောလို့
ကျမ map ထောက်တာမှားနေလို့ပါတဲဲ့..

ကဲဒါဆိုရင် ရှင်တို့ ကိုယ်တိုင်ထောက်ပြီး ပို့လိုက်
အဖြေကိုပြန်ပြောဆိုတော့ တိကျရေရာတဲ့
အဖြေမပြောနိုင်...

ဒီလိုအခြေအနေကိုဝယ်သူကဘယ်လို
စိတ်ကူးနဲ့ဝယ်ရမလဲ...

ကျမစိတ်ပူတာကလည်း၊ဝယ်မဲ့အကွက်နဲ့
မြေစာရင်းမှာသူတို့စစ်ပေးတဲ့တည်နေရာလွဲမှာအကြောက်ဆုံးဆိုတော့ကိုယ်တိုင်ပဲအပင်ပန်းခံ
ဝယ်မဲ့အကွက်တည်နေရာအတိအကျရောက်အောင်
သွားရောက်ခဲ့တာပါ..

အဲ့လိုမှမလုပ်ရင် အကွက်တွေလွဲကြ၊ဖြစ်လာသမျှ အကျိုးဆက်က ဝယ်ယူသူပဲ နစ်နာရမှာမို့
ကျမကိုယ်တိုင် သေချာ တည်နေရာ အတိအကျ ရအောင် ပင်ပန်းခံပြီး သေချာ ဆောင်ရွက်ပေးခဲ့ပါတယ်..

ရှေ့နေ တစ်ယောက်ရဲ့ တာဝန်က စာချုပ်တစ်ခုပဲ
သက်တောင့်သက်သာ ချုပ်ယုံ မဟုတ်ဘူးလေနော်
ကိုယ့် Client ကိုယ် ကာကွယ်နိုင်ဖို့ အရေးကြီးတာမျိုးမလား ဘာဖြစ်ဖြစ် အရောင်းအဝယ် မဖြစ်ခဲ့ သော်လည်း ကိုယ့် စေတနာကြောင့် Client ကြည်ဖြူစွာပေးတဲ့ လမ်းစားရိတ် နဲ့ ပီတိ တစ်ခုကပဲ
ဘာနဲ့မှ လဲမရသော တန်ဖိုးတစ်ခု မဟုတ်ပါလားရှင်

#ရှေ့နေဒေါ်ဇင်ဝေထွန်း

29/07/2026

#သမ္မတကြီးမဖတ်အားသေးဖူး 😂😂

 #လူနေထိုင်ခွင့်ရွာမြေမှာအမြင့်ဆုံးကGပါရွာမြေ မကြိုက်လျှင်ဂရံသာဝယ်ပါပုံစံ(၇) G နဲ့ ရွာမြေ G ကတော့ ကွာတာပေါ့ ဂရံ, ပါမစ် ,...
27/07/2026

#လူနေထိုင်ခွင့်ရွာမြေမှာအမြင့်ဆုံးကGပါ
ရွာမြေ မကြိုက်လျှင်ဂရံသာဝယ်ပါ

ပုံစံ(၇) G နဲ့ ရွာမြေ G ကတော့ ကွာတာပေါ့

ဂရံ, ပါမစ် , လိုင်စင် , မြို့ပြစလစ်ကလွဲရင်

✅ကျန်ရွာမြေက G ပေါ်တည်ရွာမြေ

✅လယ်ပျက်ပေါ်တည် ရွာမြေ

✅ရွာနှင့်တစ်ဆက်တည်းလယ်မြေအား လူဦးရေတိုးတက်လာမူအရ နေထိုင်ဖို့လိုအပ်မူ တိုးချဲ့ရန်တရားဝင်တင်ပီး ခွင့်ပြုအခြားနည်းလျောက်နေထိုင်ခွင့်ရ ရွာမြေ

နိုင်ငံတော်က ပြန်လည်အသိမှတ်ပြု ကွက်စိပ်ကွက်ကျဲ
တိုင်းတာစာရင်းဝင်ထားတဲ့ ဂရမ်, ပါမစ် , လိုင်စင် , မြို့ပြစလစ်များမဖြစ်မှီ လူနေထိုင်မူနှင့် တည်ရှိမူ မြေအမျိုးစားများကို လေ့လာကြည့်ပါက ..

ကနဦး နေထိုင်ခြင်း

မြို့မြေ , ရွာမြေ .. ဥယျာဥ်ခြံမြေ .. လယ်ယာမြေ .. တောင်ယာမြေ

ပုံစံ (၁) , ပုံစံ (၈) , G , R , Yစသည်ဖြင့် အတိုကောက်မှတ်သားနိုင်သည်

မြို့မြေ , ရွာမြေ စသည်ဖြင့် လူနေထိုင်မူကို G ပေါ်တွင် အတည်များသည်

G ဥယျာဥ် စိုက်ပျိုးစားသောမြေသည် R လယ် နှင့် မြေ၏ခိုင်မာမူကျစ်လစ်သိပ့်သည်းခြင်းကွာသည်

လူနေထိုင်အဆောက်အအုံဆောက်ဖို့က G က Soil အနေထားသင့်တော်သည်

ဒါကြောင့် အဆောက်အအုံနေထိုင်မူကို Gကို လွယ်လင့်တကူ ခွင့်ပြုသတ်မှတ်ပီး စားဝတ်နေရေး
စိုက်ပျိုးမူ အတွက် Rကို အဓိကထားကြသည်

R ပေါ်တွင်လဲ စိုက်ပျိုးရေးလုပ်တာကြာလာပီး လယ်ပျက်တိမ်ကောပီး ရွာနှင့် ဆက်လျက်ရှိလျှင် ရွာမြေတိုးချဲ့အဖြစ် ခွင့်ပြုတက်သည်

ထို့ကြောင့် ဧကကျယ်ဝယ်ပီးလုပ်ငန်းလုပ်ကိုင်လိုသောသူများသည် ခွင့်ပြုမိန့်လွယ်လင့်တကူချပေးနိုင်သော Gများကိုသာ ဝယ်ယူကြသည်

ပုံစံ(၇) + ပုံစံ(၈) တွဲလျက် မည်သည့်မြေအမျိုးစားမဆို
စိုက်ပျိုးဧရိယာသာဖြစ်ပါသည်

ပုံစံ(၇)ပျောက်ပီး မှသာလူနေထိုင်ကြအခွန်ထမ်းတဲ့ မြေခွန်ပြေစာ(၈) မှသည် မှော်ဘီမြို့တွင် နေထိုင်သော ရွာနေရွာမြေဖြစ်ပါသည် ...

🚫🚫🚫G ကိုနေထိုင်ခွင့်မရှိ မခိုင်မာဘူးဆိုလျှင် မှော်ဘီမြို့၏ ၉၅% ဖျက်သိမ်းရပါမည် .. 🚫🚫🚫

( ရွာမြေ G နှင့် စိုက်ပျိုးGလဲကွာတယ်နော်)
ပုံစံ(၇)Gလောကိမြင်ဖူးပီးရမ်းတုတ်နေတာတော့အဆင်ပြေမနေဘူး

ရွာမြေဝယ်ယူရာတွင် မိမိရရှိသောစလစ် ပုံစံ(၇)ပျောက် မပျောက် မြေစာရင်းရုံးတွင် စစ်ဆေးနိုင်သည်
ပုံစံ(၇) ထွက်ရှိနေသေးလျှင် စိုက်ပျိုးရေးသာ အသုံးဝင်ပါသည် ...

မှော်ဘီသည် ဥယျာဥ်/ လယ်ပေါ်ရွာတည်မြေဖြစ်ပါသည် ..

Gမြေပေါ်နေထိုင်ခွင့်ရှိမရှိကို အပေါ်ကဖော်ပြပါအကြောင်းရာများအရ ဖော်ပြထားပါသည်

✅ကိုယ်ဝယ်မည့်မြေက ပုံစံ(၇)မရှိဖို့ပဲပိုအရေးကြီးပါတယ် ပုံစံ(၇)ဆို ဘာမြေဖစ်ဖစ် စိုက်ပျိုးစားရပါမယ်

မခိုင်မာသောမြေမရှိပါ အကုန်ခိုင်မာသည်
ကိုယ်သုံးစွဲမယ့်အခြေနေပေါ်မူတည်ပီး ခွငိ့ပြုခြင်းမပြုခြင်းပဲရှိတာပါ

ပုံစံ(၇)/မြေပုံမြေရာဇဝင် ၁၀၅/ ၁၀၆
ပေကျဉ်းကွက်ရိုက်တွေ အိမ်ဆောက်ရန်ဝယ်လို့မရပါနော်
၁၀၅ က ပိုင်ဆိုင်မူမဟုတ်ပါ..

အောက်တွင်ဆက်လက်ဖော်ပြမည့်စာများကတော့
ဗဟုသုတရအောင် ကူးယူထည့်သွင်းပေးခြင်းဖြစ်သည်

#မြေအမျိုးစားများ...........................

ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။

အစိုးရမြေဆိုရင် သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆို
တာကို ခွဲခြားလို့ရပါတယ်။ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။
မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM
၅ ။ မူရင်းလယ်မြေဆိုရင် M/MY
၆ ။ ချောင်းရေဝင်မြေဆိုရင် c
၇ ။ ယာမြေဆိုရင် Y
၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉ ။ တောင်ယာမြေဆိုရင် TY/YY
၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY
၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY
၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃ ။ ဓနိမြေဆိုရင် D
၁၄ ။ အပိုင်ရမြေဆိုရင် O
၁၅ ။ အပိုင်ဂရန်မြေဆိုရင် G
၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

#အကျယ်တဝင့်ဖော်ပြချက်

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူး

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်
ရိုက် ရာင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ 7သာ ထွက်ရှိထားသော လယ်များရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည် သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံး
ပါမည်။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည် လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိသည်

ာလုံးထွက်ပြေစာများအတွက်

💢💢💢💢💢 မမြဲဦးပိုင် 💢💢💢💢💢
အခုတလော မြေကွက်ပေါချောင်ကောင်းလေးတွေ လိုင်းပေါ်ကနေ ရှာပြီး ဝယ်ဖို့ စိတ်ကူးယဉ်တဲ့သူအများသား။
ပေါချောင်ကောင်းလေးဝယ်ပြီး ရင်းနှီးထားလိုက်မယ်ဆိုတဲ့အတွေးပေါ့ ၊ ပိုက်ဆံက အများကြီးလည်းမတတ်နိုင် ၁ဧက သိန်း ၁၀၀ လောက်ရှာ ၊ တွေ့တော့ စျေးတန်သားဟ ၁ဧက ဆိုတော့ ကျယ်ကလည်းကျယ် နောက်လူတွေနေလာရင် ထောပြီဆိုတဲ့အတွေးပေါ့။ ပွဲစားက အပြောကောင်း ဝယ်တဲ့သူကလည်း ရှေ့နေခ မပေးချင် ဝယ်လိုက်ကြတာ ဝယ်ပြီးတော့မှ မှားမှန်းသိမယ်။
အခုပြောချင်တာ ရှေ့နေမှ မဟုတ်ဘူး အပြင်ကလူတွေလည်း မြင်တာနဲ့ သိဖို့ ဗဟုသုတ မျှဝေခြင်းပါ။
⏩ ဝယ်မယ်ဆို ဘာပိုင်ဆိုင်မှုရှိလဲ အရင်တောင်းကြည့်ပါ။
အခုတင်ထားတဲ့ မြေခွန်ပြေစာ ပြတယ်ဆိုပါစို့ ။ ဦးပိုင်အမှတ်မှာ (N)လို့ ရေးသားထားတာတွေ့ရင် မဝယ်သင့်ပါဘူး ။ (N)ဆိုတဲ့ အခေါ်အဝေါ်က 💢 မမြဲဦးပိုင်💢 လို့ ခေါ်ပါတယ် ။
မမြဲဦးပိုင် မှ ➡️အမြဲဦးပိုင် လျှောက် ➡️ပြီးမှ ပုံစံ ၇ လျှောက်လို့ရတာပါ ။ မမြဲဦးပိုင်က ပုံစံ၇ တန်းလျှောက်လို့မရပါဘူး။
မမြဲဦးပိုင်ကနေ အမြဲဦးပိုင်လျှောက်ဖို့ အဲဒီမြေမှာ ၄/၅နှစ် အပင်စိုက်ရမှာပါ။ အဲဒါမှ လုပ်ကွက်ဟာ တည်ငြိမ်ခိုင်မြဲပြီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်မှ အမြဲဦးပိုင်မှတ်ပုံတင်စာရင်းမှာ သွင်းပေးတာပါ။
ဥပဒေနားလည်တဲ့သူခေါ်မသွားတော့ ပွဲစားက ဝယ်ပြီး လူနေအိမ်ဆောက် လို့ရတယ် ပြောလို့ပြော မွေးမြူရေးလုပ်လို့ရတယ်ပြောလို့ပြော ယုံပြီး ဝယ်မိမှာစိုးလို့ ။
တချို့တွေ မြေကွက်ရောင်းရင် ပိုင်ဆိုင်မှုအနေနဲ့ 💢ပုံစံ ၁၀၅ 💢ရှိတယ်ပြောလေ့ရှိတယ်။ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှုမဟုတ်ပါဘူး ။ ၁၀၅ ဆိုတာ တည်နေရာသတ်မှတ်ထားတဲ့ မြေပုံပါ။ မြေပိုင်ကြောင်း အာမခံချက်အဖြစ် ထုတ်ပေးထားတဲ့စာရွက်မဟုတ်ပါဘူး ။
💢ပုံစံ ၇ 💢ကလည်း စျေးဆိုင်က ဝယ်တဲ့စာချုပ် နဲ့ ချုပ်ရတာမဟုတ်ပါဘူး။ ပုံစံ ၇ က လယ်စိုက်ဖို့ပါ။ အိမ်ဆောက်နေလို့မရဘူး ၊ တိရစ္ဆာန်မွေးမရဘူး၊ လုပ်ချင်ရင် ပုံစံ ၇ ကနေ အခြားနည်းအသုံးပြုခွင့်လျှောက်ပါ။
(အခု အခြားနည်းလျှောက်တာတွေ ပိတ်ထားဆဲပါ)
တချိုလယ်မြေတွေက အခြားနည်းလျှောက်ထားတယ် မကျသေးဘူးပေါ့ ၊ ဒါပေမဲ့ အခြားနည်းလျှောက်ထားတော့ အားသာတယ်ဆိုပြီး ပြောရောင်းပါတယ် ။ မကျသေးသရွေ့ လယ်ယာမြေထဲမှာပဲ အကျုံးဝင်တုန်းက အလိမ်မခံရဖို့ ဗဟုသုတအဖြစ် မျှဝေရေးသားခြင်းပါ…

#မြေခွန်ပြေစာအကြောင်း....

ပြေစာ အကြောင်းလေးတွေ ခုနောက်ပိုင်းမှာ...
သဘောထားမတူတာတွေ....အယူအဆ ကွဲလွဲတာ
လေးတွေကြောင့် အမေးများလာလို့ တင်လိုက်ရပါ
တယ်....

ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး.
ယခုအခါ မြန်မာနိူင်ငံ နယ်ပယ်ဒေသ အချိူ့မှာ
ပြေစာ စာတွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...

အချို့သောသူတွေက ...ပြေစာဆိုတာနဲ့
လယ်ယာမြေ လို့ တစ်ထစ်ချ ပြောဆိုတတ်ကြပါ
တယ်....

ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်...

ပြေစာ ဟာ ....အောက်ပါပုံမှ မြင်ရတဲ့အတိုင်း
ကော်လ်ိတ္တော်အရာရှိလက်မှတ် ပါမယ်..
သက်ဆိုင်ရာ မြို့နယ် ခရိုင် အမှတ်အသားပါမယ်

မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်း
ပါပါမယ်...:

ပြေစာ နဲ့မြေ ကို အချို့က သုံးမရဘူး....
ရောင်းမရဘူး... ဘာမှအသူံးမဝင်ဘူး လို့ယူဆ
ထားကြတာ တွေ တွေ့ခဲ့ရပါတယ်...

အမှန်တကယ်တော့....ပြေစာဟာ
ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစား
တစ်ခုပါဘဲ....

ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေ
ဆောင်ရွက်လို့ရပါတယ်....

မြေခွန်ပြေစာအကြောင်းရသိရှိနားလည်သူများက
ကောင်းစွာ အသုံးချတတ်ကြပြီး.....အချို့သော
နားမလည်သူများက .....တရားမဝင်မြေ ဟု
ယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်.:.

အချူပ်အားဖြင့်ဆိူသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ဖြစ်ပြီး ပါမစ်မြေ
ဂရန်မြေ ထက် အဆင့်နိမ့်သောမြေ အမျိူးအစား
တစ်ခုဖြစ်ပေမဲ့ .....နားလည်သူများ ကကောင်းစွာ
အသုံးချလေ့ရှိပါတယ်
Credit wit respect original writer 🥰❤️

23/07/2026

ကိုယ်တော်ရယ်စိတ်ထိန်းပါ

21/07/2026

HD တွေတော့လိုင်းပေါ်တက်တော့မယ် ထင်ပါတယ် 🤣🤣

19/07/2026

#မရှိတာထက် မသိသာ ပိုခက် 🤣

ခင်ပွန်းဖြစ်သူ တူမအရင်းနှင့် ဖောက်ပြန်မှုကြောင့် စိတ်ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရသည့် ချင်းအမျိုးသမီးတစ်ဦး သားငယ်နှင့်အတူ ...
17/06/2026

ခင်ပွန်းဖြစ်သူ တူမအရင်းနှင့် ဖောက်ပြန်မှုကြောင့် စိတ်ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရသည့် ချင်းအမျိုးသမီးတစ်ဦး သားငယ်နှင့်အတူ မိမိကိုယ်မိမိ အဆုံးစီရင်၊ သားအမိနှစ်ဦးစလုံး ကွယ်လွန်

ဇွန် ၁၅

ကနေဒါနိုင်ငံ၊ ကယ်ဂရီ (Calgary) မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့ဇာတိ ချင်းတိုင်းရင်းသူ အသက် (၄၃) နှစ်အရွယ် မေရီတွမ်ကိပ်ဆုန်း (Mary Thuam Kip Sung) သည် ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုကြောင့် စိတ်ကျရောဂါ ပြင်းထန်စွာ ခံစားခဲ့ရပြီးနောက် ဇွန်လ ၁၀ ရက်နေ့က ၎င်း၏ အသက် (၇) နှစ်အရွယ် သားငယ်နှင့်အတူ အဆိပ်သောက်ကာ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

မေရီတွမ်ကိပ်ဆုန်း၏ ခင်ပွန်းဖြစ်သူသည် ၎င်း၏ မောင်နှမအရင်းမှ မွေးဖွားသည့် တူမတော်စပ်သူ အသက် (၂၂) နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် မေရီတွမ်ကိပ်ဆုန်းသည် (၄) နှစ်မျှ ကြာမြင့်သည့်တိုင် စိတ်ကျရောဂါနှင့် စိတ်ဒဏ်ရာများကို ပြင်းထန်စွာ ဆက်လက်ခံစားခဲ့ရပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် မိခင်ဖြစ်သူနှင့် သားဖြစ်သူ အဘီဒန် လာလ်လျန်ထန်း (Abidan Lal Lian Thang) တို့ သားအမိနှစ်ဦးစလုံး အဆိပ်သောက်ကာ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ကွယ်လွန်သူ မိခင် မေရီတွမ်ကိပ်ဆုန်းနှင့် သားဖြစ်သူ အဘီဒန်တို့၏ နာရေးစျာပနအခမ်းအနားနှင့် သင်္ဂြိုဟ်မည့် အစီအစဉ်ကို လာမည့် ဇွန်လ ၂၀ ရက် (စနေနေ့) နံနက် ၁၀:၀၀ နာရီတွင် ကနေဒါနိုင်ငံ၊ Calgary မြို့ရှိ Mountain View Funeral Home & Cemetery (လိပ်စာ - 1605 100 St SE, Calgary, AB, Canada) ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ထို့ပြင် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များကိုမူ ၎င်းနေ့ မွန်းလွဲ ၁:၀၀ နာရီမှ ည ၁၀:၀၀ နာရီအထိ RUNDLE COMMUNITY HALL (လိပ်စာ - 2409 50 St NE, Calgary, AB, Canada) တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း နာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
#လူ့ဘဝ
သတင်း - ချင်းလေး

14/06/2026

မြန်မာမဟုပ်ပါစေနဲ့ဆုတောင်းပါတယ်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when The Daily Feed MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Daily Feed MM:

Shortcuts

Share