Chin State People's Police Force - CSPPF

  • Home
  • Chin State People's Police Force - CSPPF

Chin State People's Police Force - CSPPF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin State People's Police Force - CSPPF, Government Organization, Chin State, Myanmar, .
(1)

13/01/2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB)၏ ပ...
11/01/2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB)၏ ပထမအကြိမ် ညီလာခံကာလအတွင်း ရိုက်ကူးမှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို ပြည်သူလူထုများ ကြည့်ရှုနိုင်ရန် အောက်ပါအတိုင်း ထုတ်ပြန်အပ်ပါသည်။

ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

https://www.facebook.com/share/p/174vjkxioW/?mibextid=wwXIfr

ရက်စွဲ။ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ  (ICNCC)၏ ပထမအကြိမ် ညီလာခံ ထုတ်ပြန်ကြေညာချက်
09/01/2026

ရက်စွဲ။ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၏ ပထမအကြိမ် ညီလာခံ
ထုတ်ပြန်ကြေညာချက်

ချင်းအမျိုးသားကောင်စီ အဖြစ်  နှစ်ဖက်ပေါင်းစည်းရန် ကြားကာလ  ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် ချင်းပြည်ကောင်စီတို့ သဘ...
26/02/2025

ချင်းအမျိုးသားကောင်စီ အဖြစ် နှစ်ဖက်ပေါင်းစည်းရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် ချင်းပြည်ကောင်စီတို့ သဘောတူညီမှုရရှိ

ဖေဖော်ဝါရီလ ၂၆ ရက်။

ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အ နေဖြင့် ချင်းပြည်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီ ၂ ရပ် ရှိ နေခြင်းကိုမဖြစ်သင့် ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နှင့်အညီ ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန်သဘောတူညီခဲ့ကြပြီး ထိုကောင်စီအမည်ကို ချင်းအမျိုးသားကောင်စီ(Chin National Council ) ဟု ခေါ်တွင်ရန်
သဘောတူညီကြကြောင်း Chinland Council နဲ့ ICNCC တို့အကြား ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

20/02/2025

ရက်စွဲ။ ၂၀-၂-၂၀၂၅

"ချင်းအချင်ချင်းကြား ကွဲပြားနေတဲ့ပြဿနာအပေါ် ပြန်လည်ပေါင်းစည်းရေးနိုင်ရေးအတွက် တရားဥပဒေနဲ့အညီ ဘယ်လိုမူဝါဒမျိုး ရေးဆွဲသင့်ပါသလဲ" ဆိုတဲ့ The Zotung Post မှ မေးတဲ့မေခွန်းကို ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ် Steven Pa Bia မှ ချင်းပြည်နယ်ရဲ့ လက်ရှိနိုင်ငံရေး၊ စစ်ရေးပြဿနာများအပေါ် အကောင်းဆုံးအဖြေတစ်ခု ရရှိနိုင်ရေးအတွက် အကျယ်တစ်ဝန်း ပြန်လည်ဖြေကြားတဲ့ Video Clip အား ပြည်သူလူထုအားလုံးမှ ကြည့်ရှုနားဆင်သုံးသတ်နိုင်ရန် ပြန်လည်တင်ပြအပ်ပါသည်။

ရက်စွဲ။ ၁၄-၂-၂၀၂၅မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက နိုင်ငံတကာဖမ်းဝရမ်းထုတ်လိုက်ပါပြီ။
14/02/2025

ရက်စွဲ။ ၁၄-၂-၂၀၂၅

မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက နိုင်ငံတကာဖမ်းဝရမ်းထုတ်လိုက်ပါပြီ။

07/02/2025

🔺 ဒီတစ်ပတ်အစီအစဉ်ကတော့အမေရိကန်အစိုးသစ်နဲ့သမ္မတ President Trumpတို့ရဲမူဝါဒကနွေဦးတော်လှန်ရေးမှာသက်ရောက်မှု၊ တရုတ်နဲ့ Trump အစိုးရတို့အကြားမြန်မာ့အရေးနဲ့အနာဂတ်တော်လှန်ရေး၊ တော်လှန်ရေးအုပ်စုများသိမ်းပိုက်ထားတဲ့မြို့ရွာတွေမှာတရားဉပဒေစိုးမိုးရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအကြောင်း စသည်တို့ကိုဆွေးနွေးသွားပါမယ်။
🔺NUG ဝန်ကြီး ဦးမိုးဇော်ဦး၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့ချုပ် ရဲအရာရှိဆရာ စတီဗင်၊ CB ပြောခွင့်ရ ဆရာယောမန်၊ တော်လှန်တေးရေး/ဆို အဆိုတော် ကိုလင်းထက်နဲ့ CLF ညီအကိုမောင်နှမတွေပါဝင်ပါမယ်။

🔺စည်းလုံးခြင်းနဲ့အတူတူဆက်တွန်းကြပါစို့..ဒီခရီးမဝေးတော့ပြီ။

Chin Liberation Fund

“ကျေးဇူးတင်လွှာ”၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို လက်မခံကြသည့်အတွက် ပြည်သူလူထုဘက်...
20/01/2025

“ကျေးဇူးတင်လွှာ”
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်

အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို လက်မခံကြသည့်အတွက် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး (CDM) ဝင်လာကြသည့်အပြင် ချင်းပြည်နယ်၊ ချင်းပြည်သူလူထုနှင့် တရားမျှတမှုများအတွက် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် (Chin State People’s Police Force – CSPPF) ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအဖြစ် မြေပြင်၌ အမှန်တကယ်တာဝန်ထမ်းဆောင်ကြသည့် (CDM) ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအတွက် Youth For Myanmar – YFM မှ 16,000,000MMK တိတိ ကူညီထောက်ပံ့ပေးမှုအား ကောင်းမွန်ပြည့်စုံစွာ လက်ခံရရှိကြောင်းနှင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့

အမျိုးသားညီညွတ်ရေးအစိုးရမှ မဟာမိတ်များထံသို့ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားပြုလုပ်ဇန်နဝါရီ ၁၈၊ ၂၀၂၅ အမျိုးသားညီည...
19/01/2025

အမျိုးသားညီညွတ်ရေးအစိုးရမှ မဟာမိတ်များထံသို့ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားပြုလုပ်
ဇန်နဝါရီ ၁၈၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများအား မျှဝေခြင်း အခမ်းအနားတရပ်ကို ယနေ့ တွင် Zoom Platform မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ Chinland Council (CC) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနား၌ ရန်ပုံငွေမျှဝေခြင်းအပြင် ချင်းအမျိုးသားရေးအတွက် အင်အားစုများ၊ အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး နှစ်ဘက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားမည်အကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံးpresidentoffice@nugmyanmar.orgအမိန့်အမှတ်၊ ...
01/01/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံတော်သမ္မတရုံး
[email protected]

အမိန့်အမှတ်၊ ၁ / ၂၀၂၅
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

၁။​ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၁၆၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်။

၂။​အထက်အပိုဒ် ၁ တွင် အကျုံးမဝင်သော ကျန်အကျဉ်းသား/သူများကို ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်သည်။


ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်အထိမ်းအမှတ်“ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာ”၂၀၂၄ ခု...
30/12/2024

ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်အထိမ်းအမှတ်
“ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာ”
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်

၁။ ယနေ့တွင် ကျရောက်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ်ပြည့်အထိမ်းအမှတ် နေ့ထူးနေ့မြတ်နေ့တွင် ရွှင်လန်းချမ်းမြေ့ခြင်းနှင့် ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်း‌မေတ္တာပို့အပ်ပါသည်။
၂။ ချင်းညီနောင်သည် ချင်းပြည်နယ်တစ်လုံးတွင်သာမက မြန်မာပြည်တပြည်လုံး စစ်အာဏာရှင် အုပ်ချုပ်မှုစနစ်မှ လွတ်မြောက်ပြီး တရားမျှတမှုနှင့် တန်းတူညီတူရှိမှုကို အခြေခံသည့် နိုင်ငံတော်သစ် ပေါ်ပေါက်နိုင်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင်နေကြမှုအပေါ် အထူးပင် လေးစားဂုဏ်ယူကြောင်း လေးလေးနက်နက် ဖော်ပြလိုပါသည်။
၃။ ချင်းညီနောင်၏ သက်တမ်းသည် (၁) နှစ်တိတိသာ ရှိသေးသော်လည်း စစ်ကောင်စီ၏ အဓိက ဗျူဟာကုန်း၊ တပ်ရင်း၊ တပ်စခန်းနှင့် ရဲစခန်းများ သိမ်းပိုက်နိုင်ခဲ့မှုများသည် ချင်းသမိုင်းနှင့် မြန်မာ့သမိုင်းတွင် ထာဝစဉ်ကျန်ရစ်ထိုက်သည့် အလွန်ဂုဏ်ယူစရာ အောင်မြင်မှုကြီးများဖြစ်ပါသည်။
၄။ “ချင်းပြည်နယ်တပြည်နယ်လုံး စကစကင်းစင်ရေးသည်ပထမ” ဆိုသည့် ချင်းညီနောင်၏ အဓိက ရည်ရွယ်ချက်အား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ကြမည်ဟု ယုံကြည်ကြောင်းနှင့် ရည်ရွယ်ချက်များ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း “ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့” မှ ဆုမွန်ကောင်း ပါးအပ်ပါသည်။
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့

Address

Chin State, Myanmar

Alerts

Be the first to know and let us send you an email when Chin State People's Police Force - CSPPF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Chin State People's Police Force - CSPPF:

Shortcuts

  • Want your organization to be the top-listed Government Service?

Share