Kyonpyaw Township Info Committee NLD

  • Home
  • Kyonpyaw Township Info Committee NLD

Kyonpyaw Township Info Committee NLD Official page of Information Committee, Kyonpyaw Township, National League for Democracy.
(1)

21/12/2023
24/11/2023
24/11/2023
24/11/2023
24/11/2023
24/11/2023

ပြည်သူ့ရေးရာကော်မတီနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သည် “တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအစီအစဥ်နှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး
=========================================

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအား အတူတကွ ချိတ်ဆက်ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးနှင့်စပ်လျဥ်း၍ ပြည်သူ့ရေးရာကော်မတီနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ ၁၂၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Economy, Commerce and Industry (MIECI) က ဆောင်ရွက်မည့် ကမ်ပိန်း၏ လုပ်ငန်းစဥ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ရှင်းလင်းပြောကြားရာတွင် “တော်လှန်ထောက်ကူ ပညာယူ” အစီအစဥ်အနေဖြင့် Mini-MBA သင်တန်းအား သင်တန်းသားတစ်ဦးလျှင် မြန်မာကျပ်ငွေ (၃) သိန်းနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး၊ ရရှိလာသည့်ဝင်ငွေများကို စစ်ဘေးရှောင်ပြည်သူများ၊ CDMer များနှင့် တော်လှန်ရေး အင်အားစုများကို ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသည် ပညာရေးတစ်ပိုင်းတစ်စဖြင့် နိုင်ငံတကာသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအတွက် အဓိကရည်ရွယ်ပြီး သင့်တင့်မျှတသောနှုန်းထားဖြင့် ပညာလေ့လာဆည်းပူး၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်းနှင့် ကမ်ပိန်းအား ပိုမိုအောင်မြင် လူသိများစေရန် နိုင်ငံတကာမှ Fundraiser များနှင့် ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေးအတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကမ်ပိန်း အစီအစဥ်ဆိုင်ရာ အသေးစိတ်ဆောင်ရွက်ချက်များအား ဆွေးနွေးမေးမြန်း၍ နိုင်ငံတကာ Fund Raising Group များနှင့် ချိတ်ဆက်ဆောင်ရွက်အကောင်အထည်ဖော်နိုင်ရေးနှင့် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ထောက်ကူမှုဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဖော်ဆောင်ခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်း၏ အသေးစိတ်အချက်အလက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ page : https://www.facebook.com/mocNUGMyan တွင် ဆက်သွယ်လေ့လာစုံစမ်းနိုင်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

24/11/2023

💥 ဝေလူးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု

၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်ရှစ်ဦးအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်းသိရပြီး ဘုရားကျောင်းတစ်ကျောင်းနှင့် စာသင်ကျောင်းနှစ်ကျောင်းအပါအဝင် အဆောက်အအုံ ၂၅ လုံး ပျက်စီးခဲ့ကြောင်းသိရပါတယ်။

ပျက်စီးသွားသော အဆောက်အဦးများ၏နေရာကို Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ်✅ 21.286919, 93.478633 တွင်တွေ့ရှိရပါတယ်။

သတင်းရင်းမြစ် - https://www.facebook.com/permalink.php?story_fbid=pfbid02nCQdHBfSMnQn17JGsE3PLKqacZ5LZWYSk58PLfd3edb1FgQiXqPKTsLknppovPZgl&id=100071289223177

24/11/2023

ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲမေ များအတွက် ဂုဏ်ပြု‌ငွေများထောက်ပံ့‌ ပေးအပ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လ ၂၃ ရက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲမေ များအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အခွန်ရရှိငွေမှ ဂုဏ်ပြုထောက်ပံ့ငွေများကို မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့၊ နာယက၊ မြို့နယ်အခွန်တော်အရာရှိ၊ မြို့နယ်ဘဏ္ဍာရေးတာဝန်ခံ ၊ မြို့နယ်ပြည်သူ့ကာကွယ်‌ရေး တာဝန်ခံ ၊ မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ ၊ မြို့နယ်လူသားစာနာတာဝန်ခံ ၊ မြို့နယ်အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံနှင့် တိုက်နယ်တာဝန်ခံတို့မှ (၂၃-၁၁-၂၀၂၃ )ရက်နေ့တွင် သွားရောက်ပြီး ထောက်ပံ့ကာ လေးစားဂုဏ်ပြုခဲ့ကြပါသည်။

Source -ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

17/11/2023
17/11/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
http://mohai.nugmyanmar.org/
အမိန့်ကြေညာချက်အမှတ် (၁၂/၂၀၂၃)
Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လ (၁၆) ရက်
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၄)ရက်

၁။မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနေကြပြီးဖြစ်ရာ ယခုအချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြင့်မားစွာဖြင့် “လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီး ဖြစ်ပါသည်။

၂။အဆိုပါ စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ Non-CDM ဝန်ထမ်းများသည် ဌာနဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ရောက်ကြရန် အကြောင်းကြားလိုက်သည်။

၃။Non-CDM ဝန်ထမ်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ကြေညာလိုက်သည်။

(ပုံ)
လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

17/11/2023
16/11/2023
သတင်းထုတ်ပြန်ချက်
11/10/2023

သတင်းထုတ်ပြန်ချက်

27/09/2023
27/09/2023

အာဏာသိမ်းပြီးနောက် စစ်တပ်က NLD ပါတီဝင် နှစ်ထောင်နီးပါးကို ဖမ်းဆီးခဲ့
~~~~~
■ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကာလအတွင်း လွှတ်တော်အမတ်တွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၉၁၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ NLD လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒီအထဲက ၁၂၆၉ ဦး ဆက်လက်ဖမ်းဆီးထိန်းထိမ်းခံထားရတယ်လို့ ဒီနေ့ပြုလုပ်တဲ့ NLD ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ (HRDT-NLD) က အစီအရင်ခံစာ တင်သွင်းခဲ့တာပါ။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပါတီဝင် ၁၂၆၉ ဦးထဲမှာ လွှတ်တော်အမတ် ၇၃ ဦးအပါအဝင် ပါတီဝင်အမျိုးသား ၁၀၇၇ ဦးနဲ့ ပါတီဝင်အမျိုးသမီး ၁၉၂ ဦး ပါဝင်ပါတယ်။

စစ်တပ်ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့သလို NLD ပါတီကိုလည်း ပျက်စီးသွားအောင်ရည်ရွယ်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာခင်ဆောင်က ပြောပါတယ်။

“တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များကို ဥပဒေမဲ့ဖမ်းဆီးအကျဉ်းချပြီး၊ ပါတီရုံးခန်းများ ချိပ်ပိတ်ဖျက်ဆီးခြင်း၊ ပါတီဝင်များကို ဖမ်းဆီးခြင်းများ လုပ်ကြံသတ်ဖြတ်ခြင်း များ ဆက်တိုက် ကျူးလွန်လာပြီး ပါတီကိုလည်း ပျက်စီးသွားအောင် ပစ်မှတ်ထား ချေမှုန်းနေတာကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်”

ဒီအပြင် နိုင်ငံတစ်ဝန်းက NLD ပါတီရုံးတွေ အကြိမ် ၁၆၀ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသလို လွှတ်တော်အမတ် ၁၈၂ ဦး အပါအဝင် ပါတီဝင် ၃၇၃ ဦးရဲ့ အိမ်၊ ခြံ၊ မြေ စုစုပေါင်း ၃၉၀ ခု၊ လုပ်ငန်းပိုင်ဆိုင်မှု ၆၄ ခုနဲ့ မော်တော်ယာဉ် ၁၆ စီး ချိပ်ပိတ်သိမ်းယူခံခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

လွှတ်တော်အမတ် သုံးဦး ပါအဝင် ပါတီဝင် စုစုပေါင်း ၁၀၀ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၆ ရက်နေ့ထိ စာရင်းတွေ အရတော့ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၄၁၂၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ၁၉,၂၇၂ ဦးကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
_________

ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် တွေ့ရသည့် NLD ပါတီဝင်များ။ (Photo: AFP)

27/09/2023

National League for Democracy
Central Work Committee
No. 97/B, West Shwegonedine Road
Bahan Township, Yangon
[email protected]
Date: September 27, 2023

Proclamation (12/2023)

1. Since the time when the National League for Democracy was originally established, it is the political party that has been founded to stand up for the goals of basic human rights and federal democracy and to make efforts to ensure that no authoritarian political system that oppresses the people ever emerges.

2. The National League for Democracy won the elections contested by a landslide with the support of the entire people, under to the leadership of Daw Aung San Suu Kyi and the serious implementation of the will of the people.

3. As a political party, it is customary to contest in elections but NLD opposed and stood up against 2010 elections due to lack of democratic standards and unfair election laws; and today NLD will not recognize and oppose the sham election planned to be held by the military council, which has illegally retained state power.

4. After the coup d'état on February 1, 2021, the military junta has arrested, detained and imprisoned activists from various regions including the leaders of NLD and civilians to the present day, resulting in 15,838 civilians who have been detained, including 1,769 members of the National League for Democracy, and 97 members of the National League for Democracy have been among the 4,011 civilians who have been unlawfully arrested, tortured and killed.

5. The military junta illegally sealed and confiscated the property of 688 people, including the assets and properties of 373 members of the National League for Democracy. In addition, they invaded various offices of NLD, including the central headquarters, stole, demolished and burned down properties for160 times.

6. After the military coup, the National League for Democracy is unable to carry out office work at various levels of the party offices, but we are consolidating and consulting the members of NLD, using the online digital platform in order to act to achieve the success of the Spring Revolution and we have convened Party Central Committee three times as we are adopting and implementing the way forward activities of the party.

7. In addition, we have formed region and state negotiation/coordination groups and have mandated them to work closely with the regional revolutionary forces as well as political parties that do not cooperate with the military council by working together to find ways to achieve federal democracy and the success of the revolution and working in practical ways to finally eradicate the military dictatorship in Myanmar’s politics.

8. We, National League for Democracy, call on and urge friendly countries and the international community to support us for the unconditional release of all political prisoners, including Daw Aung San Suu Kyi, chairperson of the National League for Democracy, who is essential in ensuring that Myanmar crisis does not escalate and spread to the level of regional problem and in building a federal democratic union, the provision of humanitarian assistance to war-affected civilians and stop the military from targeting and attacking of civilians as soon as possible.

9. We would call on and urge the United Nations Credentials Committee to continue to only recognize Ambassador U Kyaw Moe Tun who was appointed during the civilian government elected by the people of Myanmar with the right to represent Myanmar at the United Nations.

Central Work Committee
National League for Democracy

27/09/2023
23/09/2023
22/09/2023
13/09/2023
13/09/2023
13/09/2023
12/09/2023
06/09/2023

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်...

Address


Alerts

Be the first to know and let us send you an email when Kyonpyaw Township Info Committee NLD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Government Service?

Share