03/09/2026
https://www.facebook.com/share/p/19JJAcMkrp/?mibextid=wwXIfr
◾ ပြေးလို့မလွတ်တော့ဘူး ပြန်တိုက်
စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လာတဲ့နောက်ပိုင်း မြန်မာနိုင်ငံက လူငယ်တွေရဲ့ဘဝဟာ အခြေခံကစပြီး ပြောင်းလဲသွားတယ်။ ပညာဆက်သင်ဖို့၊ အလုပ်လုပ်ဖို့၊ မိသားစုကို ထောက်ပံ့ဖို့ စီစဉ်ထားတာတွေဟာ ဘယ်နေ့မဲပေါက်မလဲ၊ ဘယ်နေ့ ပေါ်တာနဲ့ဖမ်းဆီးခေါ်ဆောင်ခံရမလဲဆိုတဲ့ စိုးရိမ်မှုအောက်ကို ရောက်သွားပြီ။
အများစုစဉ်းစားတဲ့ ပထမဆုံးရွေးချယ်မှုက ထွက်ပြေးမယ်၊ ပုန်းမယ်ဆိုတာပဲ ဖြစ်တယ်။ နယ်စပ်ဖြတ်ကျော်သူတွေရှိတယ်၊ ပြည်တွင်းမှာပဲ ပုန်းရှောင်သူတွေရှိတယ်၊ နိုင်ငံခြားထွက်ဖို့ ကြိုးစားသူတွေရှိတယ်။ ဒါပေမယ့် ဒီလို ပြေးတာဟာ လူတိုင်းအတွက်တော့ အဆင်မပြေဘူး။ ငွေမရှိသူ၊ မိသားစုကိုထားပြီးသွားလို့မရတဲ့သူ၊ မိဘကို စောင့်ရှောက်နေရသူတွေအတွက် ပြေးတာဟာ ရွေးချယ်စရာအဖြေတခုမဟုတ်ဘူး။ ပြေးလွတ်လို့သွားသူတယောက်ရှိရင် ကျန်တဲ့ထဲကနောက်တခြားယောက်ကို အစားထိုးဖမ်းခေါ်နိုင်တဲ့ အခြေအနေမှာ တယောက်ချင်းစီ လွတ်မြောက်နေတာက ပြဿနာရဲ့ အဖြေမဟုတ်တော့ဘူး။
ဒီနေ့ ကိုယ်ပြေးလွတ်သွားရင် နောက်တယောက်ကို ဖမ်းခေါ်မယ်။ ဒီလူငယ် မရှိရင် နောက်လူငယ်တယောက်ကို အစားထိုးမယ်။ တမြို့မှာ ရှောင်ထလို့လွတ်သွားရင် နောက်မြို့မှာ ဖမ်းဆီးခံရမယ်။
နိုင်ငံဖြတ်ကျော်၊ နယ်စပ်ဖြတ်ကျော်ရင်လည်း ဖမ်းမိရင် အော်တိုစုဆောင်းရေးဆီ ဖမ်းပို့ခံရမယ်။ တရားဝင်ဆိုလည်း အထွက်မခံတော့ဘူး။ ထွက်ပြီးသားသူတွေလည်း နိုင်ငံခြားမှာနေဖို့က တဖြည်းဖြည်းခက်လာပြီ။ စဉ်းစားကြည့်ရင် ပြေးတာကအဖြေမဟုတ်တော့ဘူး။လူငယ်တွေကို အမြဲပြေးနေရတဲ့ ဒီအခြေအနေကို ဘယ်လိုအဆုံးသတ်မလဲဆိုတာ ရှာဖွေရမယ့်တကယ့်ကိုအရေးကြီးဆုံးအချိန်ဖြစ်နေပြီ။
ပြေးလို့မလွတ်တော့ဘူး။ အဆုံးသတ်ရွေးကိုရွေးရမှာက အကြမ်းဖက်စစ်တပ်ကို ပြန်ပြီးတိုက်တာပဲ။ ပြန်တိုက်ဆိုတာ သေနတ်ကိုင်ပြီးတိုက်တာတမျိုးတည်း မဟုတ်ဘူး။ အသိပညာ၊ အတတ်ပညာ၊ ငွေအား၊ လူအားစသဖြင့် နည်းလမ်းပေါင်းစုံနဲ့တော်လှန်ရေးကို ကူညီထောက်ပံ့လို့ရတယ်။
ကြားနေဆိုတာမရှိတော့ဘူး။ ခိုးကြောင်ခိုးဝှက်ပေါ်တာဆွဲရာကနေ အိမ်ရှေ့တခါးဝအထိ ပြောင်ပြောင်တင်းတင်းလူလာခေါ်နေပြီ။
လူငယ်တွေ လိုချင်တာ စစ်ပွဲမဟုတ်ဘူး။ ကိုယ့်ဘဝကို ကိုယ်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်ပဲ ဖြစ်တယ်။ အဲဒီအခွင့်အရေးကို အတင်းအကျပ် လုယူနေသရွေ့ ပြေးနေပုန်းနေတာတခုတည်းနဲ့ အဖြေမရနိုင်ဘူး။
ပြေးလို့မလွတ်တော့ဘူး။ လူငယ်တွေ အမြဲပြေးနေရတဲ့ အခြေအနေကို အဆုံးသတ်ဖို့ အကြမ်းဖက်စစ်တပ်ကို ပြန်လည်ခုခံရမယ့်အချိန် ရောက်နေပြီ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော လူငယ်တွေကို သေတွင်းထဲတွန်းချနေတာ။ ဒီနေ့မဟုတ်ရင် မနက်ဖြန်ဟာ ကိုယ့်အလှည့်ပဲ။
#စစ်ရေးမြင်ကွင်းများ #အောင်ပွဲ #ပြည်သူ့စစ်မှုထမ်း #ပြည်သူ့ကာကွယ်ရေးတပ်မတော်