We Love PDF

We Love PDF The Revolution Must Win

Fermé définitivement.
01/31/2026
🥰🥰🥰
01/28/2026

🥰🥰🥰

01/22/2026

နဂါးဆိုတာ ဘာကောင်လည်း
သူ့မယားကိုခိုး
သူ့လင်ကို ဒလံဟု စွတ်စွဲသတ်
ရဲဘော်အမျိုးသမီးလေးတွေကို
မုဒိမ်းကျင့်
ဒီလိုကောင်ကို ထောက်ခံနေတဲ့
လူ့ငနွားတွေရှက်သင့်တယ်

ဖားကန့်၊ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ် ဝင်တိုက်ရာ စစ် ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်...
02/24/2022

ဖားကန့်၊ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ် ဝင်တိုက်ရာ စစ် ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်း

ဖေဖော်ဝါရီ ၂၄ PDF Channel

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ် ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်းမိကြောင်း KIA သတင်းရင်းမြစ်မှသိရသည်။

ဖားကန့်လမ်းပိုင်းရှိ အစစ်အဆေးကြမ်းသော စစ်ကောင်စီ ၏ ကားမိုင်း စစ် ဆေး ရေးဂိတ် ဖေဖော်ဝါရီ ၂၄ မနက် ၆ နာရီ တွင် KIA PDF တပ်ဖွဲ့ဝင် များက တိုက်ခိုက်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦးသေပြီး သေနတ် ၅ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အဆိုပါ စကစ စစ်ဆေးရေး ဂိတ် အနီးရှိ ပြည်သူ တဦး လည်း သေဆုံးခဲ့ကြောင်း၊ကာမိုင်းဗျူဟာကုန်းမှ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လမ်းတွင် KIA PDF အဖွဲ့ဝင်များ ကြားဖြတ် တိုက်ခိုက်သောကြောင့် အထိအခိုက်များနိုင်ကြောင်း သိရှိရသည်။

တိုက်ပွဲသည် မိနစ် ၅၀ ခန့်ကြာမြင့်ပြီး ကာမိုင်း-လဝါလမ်းဆုံရှိ အဆိုပါဂိတ်ကို ဖျက်ဆီးလိုက်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် ကာမိုင်းမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ စခန်းကို ဖျက်ဆီး ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိကာ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်ရှိ ရဲတပ်ရင်း (၂၈)ကို မဟာမိတ်တပ်​ပေါင်းစု တိုက်ခိုက်ရာ စစ်​ကောင်စီနှင့်ရဲ ၁၄ဦး​သေဆုံး​ဖေဖော်ဝါရီလ ၁၁ ရ...
02/11/2022

ယင်းမာပင်မြို့နယ်ရှိ ရဲတပ်ရင်း (၂၈)ကို မဟာမိတ်တပ်​ပေါင်းစု တိုက်ခိုက်ရာ စစ်​ကောင်စီနှင့်ရဲ ၁၄ဦး​သေဆုံး​

ဖေဖော်ဝါရီလ ၁၁ ရက် PDF Channel

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ရဲတပ်ရင်း (၂၈)ကို မဟာမိတ် တပ်ပေါင်းစုက မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီလက်ခံ ၁၄ ဦးသေဆုံးကြောင်း အမိမြေ -တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့( ဖေဖော်ဝါရီ ၁၁ ရက်) နံနက် ၉နာရီမိနစ် ၄၀ခန့်က အမိမြေ တော်လှန်ရေးတပ်ဖွဲ့နှင့်အတူ ချိုမိုင်မိုင်တပ်ဖွဲ့၊ Regional Friend Fighters နှင့် ပြောက်ကျားရဲဘော်များ စုပေါင်း၍ စွန်ရဲစစ်ဆင်ရေးအဖြစ် သက်မှတ်ပြီး ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးအနီးရှိ အောင်ဇေယျကုန်းနှင့် ရဲတပ်ရင်း ၂၈ ကြားကိုလည်းကောင်း၊ ရဲတပ်ရင်း ၂၈ အတွင်းကိုလည်းကောင်း၊ ပစ်မှတ်နှစ်ခုထား၍ မိုင်းစနစ်ဖြင့်တိုက်ခိုက်ခဲ့သည်။ အောင်ဇေယျကုန်းနှင့် ရဲတပ်ရင်း (၂၈) ကြား မိုင်းခွဲတိုက်ခိုက်မှုတွင် ရဲ ၁၀ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကာ၊ ရဲတပ်ရင်းဂိတ်ဝမှထွက်လာသော ရဲများကိုတိုက်ခိုက်ရာ ရဲလေးယောက်ထပ်မံသေဆုံးကြောင်းသိရပြီး ပြ​ည်သူ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အမိမြေ တော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်ရင်း(၂၈)အနီး အောင်မိုးကျေးရွာတောပြင်ရှိ လူနေအိမ်၆လုံးကို မီးရှို့ဖျက်စီးသွားခဲ့ပြီး ရွာခံများလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။

ဇန်နဝါရီ ၃၁ရက် ညကလည်း အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ ယင်းမာပင် PDF၊ မုံရွာခရိုင်တပ်ရင်း (၂)အထူးတပ်ဖွဲ့တို့ပူးပေါင်းကာ ရဲတပ်ရင်း ၂၈ သို့ အဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့သည်။

#နွေဦးကိုကို

"ပုလဲမြို့နယ် ပန်းရွာကျေးရွာ အိမ်ခြေ 175 အိမ်ခန့် စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး"ပြည်သူများအနေနှင့် မိမိတို့ တတ်နိုင်တဲ့ဘက...
02/04/2022

"ပုလဲမြို့နယ် ပန်းရွာကျေးရွာ အိမ်ခြေ 175 အိမ်ခန့် စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး"ပြည်သူ
များအနေနှင့် မိမိတို့ တတ်နိုင်တဲ့ဘက်မှ နည်း/များမဆို ကူညီပေးကြပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်၃၁.၁.၂၀၂၂ယမန်နေ့  (5:00) PM ခန့်တွင် ပုလဲမြို့နယ် အင်မထီးကျေးရွာ၌ တပ်စွဲကာ ပျူသင်တန်းပေးနေသော ယ...
01/31/2022

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၃၁.၁.၂၀၂၂

ယမန်နေ့ (5:00) PM ခန့်တွင် ပုလဲမြို့နယ် အင်မထီးကျေးရွာ၌ တပ်စွဲကာ ပျူသင်တန်း
ပေးနေသော ယာယီတပ်စခန်းကို ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု (PPDG)၊People Revolution Army (PRA) ခွဲ(၂၃)၊(၂၈)၊ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် Pale Joker PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ခွေးများ ပိတ်မိနေပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးထွက်ပြေးသွားပါသည်။ပြည်သူ့ကာကွယ်ရေးတပ်
ပေါင်းစုများက မီးငြိမ်းသတ်နေစဥ် ဝေဟင်ပစ်ကူ ရဟတ်ယာဥ်များဖြင့် ပစ်ခတ်သောကြောင့် PDF များ ဘေးကင်းရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။စစ်ခွေး အသေအ
ပျောက်စာရင်းကို တိကျစွာ မသိရှိနိုင်သေးသောကွောငျ့ ဆက်လက်၍ တင်ပြပေးမည်ဖြစ်သည့်အကြောင်း ထုတ်ပြန်အပ်ပါသည်။

ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု

ပြည်သူများ၏ ထောက်ပံ့မှုဖြင့် လက်နက်များ ဝယ်ယူနိုင်ခဲ့ RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရ...
01/31/2022

ပြည်သူများ၏ ထောက်ပံ့မှုဖြင့် လက်နက်များ ဝယ်ယူနိုင်ခဲ့

RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကစယ့်သူးစစ်ကြောင်းမှ ရဲဘော်များအတွက် ပြည်သူများ၏ ထောက်ပံ့မှုဖြင့် လက်နက်များ ဝယ်ယူနိုင်ခဲ့သည့်အတွက် ကူညီထောက်ပံ့ပေးသည့် အလှူရှင် အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း 101 Company page ကနေ အသိပေးထားသည်။

Breaking_Newsဇန်နဝါရီ ၃၀ယနေ့ညနေ4နာရီခွဲဝန်းကျင်မှာ ပုလဲမြို့နယ် အင်မထီးရွာ ပျူစောထီးသင်တန်းကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်...
01/30/2022

Breaking_News

ဇန်နဝါရီ ၃၀

ယနေ့ညနေ4နာရီခွဲဝန်းကျင်မှာ ပုလဲမြို့နယ် အင်မထီးရွာ ပျူစောထီးသင်တန်းကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပ.က.ဖ ) လမ်းညွှန်ချက်နှင့်အတူ ပူးပေါင်းဆောင်ရွတ်နေကြသည့် PRAတပ်ခွဲ၂၈/၂၃/၃၂၊ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု-PPDG၊ကျားသစ်နက် Pale Jokers PDFအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထွက်ပေါက်ပိတ်သွားသော စစ်ကောင်စီတပ်သားများက ရွာကိုမီးရှို့ထွက်‌ပြေးနေပြီး ရဟတ်ယာဉ်၂စီးသုံး၍ လေကြောင်းပစ်ကူနဲ့ ပစ်ခတ်တိုက်ခိုက်သွားပါတယ်လို့ ကနဦးသိရပါတယ်။

Adresse

67 66e Avenue
Laval, QC
H7V2K5

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque We Love PDF publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager