Myanmar Embassy in Beijing

Myanmar Embassy in Beijing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Embassy in Beijing, Government Organization, No. 6, DongZhiMenWai Street, Chao Yang District, 100600 Beijing, Beijing.

23/08/2024
23/08/2024

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွားများထံမှ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များ ရယူနိုင်ရေး အပြညိပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်/ထွက်ပေါက်များတွင် အောက်ဖော်ပြပါ ကျန်းမာရေးကြေညာချက် (Health Declaration Form) ကို ၂၂-၈-၂၀၂၄ ရက် မှစ၍ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(၂၂-၈-၂၀၂၄ ရက်၊ ကျန်းမာရေးဝန်ကြီးဌာန)

22/07/2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ (၈) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ပြပွဲဆိုင်ရာ ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင် တက်ရောက်ရန် ကူမင်းမြို့သို့ထွက်ခွာ

(၂၁-၇-၂၀၂၄ ရက်၊ မန္တလေး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ လိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၂-၇-၂၀၂၄ ရက်မှ စတင်ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင်တက်ရောက်ရန်အတွက် ၂၁-၇-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

အဆိုပါ ကုန်စည်ပြပွဲနှင့် ပို့ကုန်/သွင်းကုန်ပြပွဲများကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့က ပူးတွဲကျင်းပခြင်းဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ခေတ္တကောင်စစ်ဝန်ချုပ် မစ္စတာ ကျန်းဝေ တို့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

*****************************************

Myanmar delegation led by Deputy Prime Minister and Union Minister for Foreign Affairs leaves for 8th China-South Asia Expo and 28th China (Kunming) Export and Import Fair

(21-7-2024, Mandalay)

Myanmar delegation led by H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs together with H.E. U Htun Ohn, Union Minister for Commerce of the Republic of the Union of Myanmar departed from Mandalay International Airport for the People’s Republic of China in the afternoon of 21 July 2024 to participate in the 8th China-South Asia Expo, 28th China Kunming Export and Import Fair and related events to be held from 22nd July 2024 in Kunming city of Yunnan Province, People’s Republic of China.

The Expo and Trade Fair, under the theme of “Solidarity and Coordination for Common Development”, is jointly organized by the Ministry of Commerce of the People’s Republic of China and the People’s Government of Yunnan Province.

The Myanmar delegation was seen off by officials from the Ministry of Foreign Affairs and Ministry of Commerce and Mr. Zhang Wei, acting Consul-General of the Consulate General of the People’s Republic of China in Mandalay at the Mandalay International Airport.

ပြည်ပနေနိုင်ငံသားများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့် အစီအစဉ်အား အသိပေးကြေညာခြင်း၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတ...
11/12/2023

ပြည်ပနေနိုင်ငံသားများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့် အစီအစဉ်အား အသိပေးကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြည်ပ၌အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက်ချက် ထားသည့် အခွန်ပမာဏကို ၁-၁၀-၂၀၂၃ ရက်နေ့မှစတင်၍ ပေးဆောင်ရမည်ဖြစ်ပါသည်။
၂။ သို့ပါ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင် လျက်ရှိကြသော မြန်မာနိုင်ငံသားများအနက် Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် ဝင်ငွေခွန်များကိုတစ်ပါတည်း ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ပြီးသည့်သူများ အနေဖြင့်လည်း မိမိထမ်းဆောင်လိုသည့်ကာလများအတွက် စတင်ထမ်းဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Address

No. 6, DongZhiMenWai Street, Chao Yang District, 100600 Beijing
Beijing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

861065320351

Alerts

Be the first to know and let us send you an email when Myanmar Embassy in Beijing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Embassy in Beijing:

Share