21/08/2026
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gywn Lewis အား လက်ခံတွေ့ဆုံ
(၂၁-၈-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gywn Lewis အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိများ တက်ရောက်ခဲ့ကြသည်။
***********
U Ko Ko Kyaw, Deputy Minister for Foreign Affairs receives United Nations Resident and Humanitarian Coordinator a.i. (UNRC/HC a.i.)
(21-8-2026, Nay Pyi Taw)
U Ko Ko Kyaw, Deputy Minister for Foreign Affairs received Ms Gwyn Lewis, United Nations Resident and Humanitarian Coordinator a.i. (UNRC/HC a.i.), at 1400 hrs on 21 August 2026 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to the existing and further cooperation between the Government of Myanmar and the United Nations agencies.
Also present at the meeting were officials of the Ministry of Foreign Affairs.
**********