The Crown - Myanmar

Directions Website

The Crown - Myanmar ⚜️ The Crown Must Always Win, Must Win ⚜️ The Crown Myanmar is the official fan page of Netflix most awards winning show “ The Crown”

14/10/2026

⚜️စပိန်အိမ်ရှေ့စံမင်းသမီး Princess Leonor ဟာဆိုရင် အောက်တိုဘာလ ၁၂ ရက်နေ့မှာကျရောက်တဲ့ စပိန်အမျိုးသားနေ့ National Day အခမ်းအနားကို သူမရဲ့ခမည်းတော် ဘုရင်ကြီး King Felipe, မယ်တော် မိဖုရားကြီး Queen Letizia, ညီမတော် မင်းသမီး Infanta Sophia တို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားဟာဆိုရင် မင်းသမီး Leonor ရဲ့ ၃ နှစ်တာ စစ်ရေးလေ့ကျင့်မှုသင်တန်းဆင်းအပြီးမှာ ပထမဆုံး Army gala uniform နှင့် အနာဂါတ် တော်ဝင်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အနေထြင့် တက်ရောက်လာခဲ့တဲ့အခမ်းအနားဖြစ်ပါတယ်။ အခမ်းအနားမှာ မင်းသမီး Leonor ဟာ ခမည်းတော်ဘုရင်ကြီးနှင့်အတူ အလံလွှင့်တင်ခြင်းအခမ်းအနားအားဦးဆေင်ခြင်း၊ စစ်ရေးပြချီတက်လေ့ကျင့်မှုများကို ကွပ်ကဲခြင်းတို့ကို အတူတကွ ပြုလုပ်ခဲ့ပါတယ်။


⚜️ ပုပ်ရဟန်းမင်းကြီး Leo XIV ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပုံမှန်ကျန်းမာရေးစစ်ဆေးမှု Medical Checkup ပြုလုပ်ရင်းနဲ့ သူ့ရဲ့အ...
14/10/2026

⚜️ ပုပ်ရဟန်းမင်းကြီး Leo XIV ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပုံမှန်ကျန်းမာရေးစစ်ဆေးမှု Medical Checkup ပြုလုပ်ရင်းနဲ့ သူ့ရဲ့အဆုတ်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တစ်ခုကိုတွေ့ရှိခဲ့တာကြောင့် ခွဲစိတ်ကာ ဖယ်ရှားမည်ဖြစ်ကြောင်း Vatican ကနေ သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ထိုသတင်းရဲ့နောက်ဆက်တွဲအနေနဲ့ Vatican က အရေးပေါ်သတင်း ထပ်မံထုတ်ပြန်လာတာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး Leo ဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေရကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ်က အကျိတ်ကိုဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုဟာ မိနစ် ၉၀ ကျော်ကြာမြင့်ခဲ့တယ်လို့သိရပြီး ခွဲစိတ်ကုသမှုဟာတော့ ရှုပ်ထွေးမှုများမရှိခဲ့ပဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လဲ ဆရာဝန်များက ခွဲစိတ်ကုသနေစဉ်အတွင်းနဲ့ ခွဲစိတ်ပြီးနောက် လိုအပ်တဲ့ စစ်ဆေးချက်များအရ ပုပ်ရဟန်းမင်းကြီးရဲ့ ညာဘက်အဆုတ်ကနေ ဖယ်ထုတ်ခဲ့တဲ့အကြိတ်ဟာ ကင်ဆာကြိတ်ဖြစ်ပြီးတော့ ပုပ်ရဟန်းမင်းကြီးဟာ Lung adenocarcinoma လို့ခေါ်တဲ့ အဆုတ်ကင်ဆာရောဂါ အမျိုးအစားတစ််ခုကို ခံးစားနေရတာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ Lung Adenocarcinoma ဟာဆိုရင် အဆုတ်ရဲ့ အချွဲထုတ်လွှတ်သော Glandular cells များမှ စတင်ဖြစ်ပွါးတတ်သော အသေးစားမဟုတ်သည့်ကင်ဆာအမျိုးအစား (Non-Small Cell Lung Cancer - NSCLC) အမျိုးအစားဖြစ်ပါတယ်။ အဆုတ်ကင်ဆာအမျိုးအစားများစွာထဲကမှ အဖြစ်အများဆုံးအဆုတ်ကင်ဆာအမျိုးအစားပဲဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာတော့ ထိုရောဂါနဲ့ပတ်သတ်ပြီး လက်ရှိခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ Rome ရှိ Gemelli ဆေးရုံမှာပဲ ကုသမှုဆက်လက်ခံယူသွားဖို့ရှိတယ်လို့ Vatican ကနေ ထုတ်ပြန်ထားပြီး ပြည်သူပြည်သားများအားလုံးကိုလဲ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့ပေးကြဖို့ တောင်းဆိုထားပါတယ်။

#အထူးသတင်း

#ပုပ်ရဟန်းမင်းကြီး #ကင်ဆာ #သတင်း

⚜️ ပုပ်ရဟန်းမင်းကြီး လီယိုဟာ လာမည့်ရက်သတ္တတစ်ပတ်အတွင်းမှာ သူ့ရဲ့ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှုခံယူသွားဖို့ရှိတယ်လို့ Apos...
12/10/2026

⚜️ ပုပ်ရဟန်းမင်းကြီး လီယိုဟာ လာမည့်ရက်သတ္တတစ်ပတ်အတွင်းမှာ သူ့ရဲ့ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှုခံယူသွားဖို့ရှိတယ်လို့ Apostolic နန်းတော်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ပုံမှန်ကျန်းမာရေးစစ်ဆေးမှု medical checkup ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ထိုစစ်ဆေးမှုကနေပဲ သူ့ရဲ့အဆုတ်မှာ အကျိတ်တစ်ခုကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုအကျိတ်ရဲ့အရွယ်အစားနဲ့ ဘယ်လိုအကျိတ်မျိုးလဲဆိုတာကိုတော့ Apostolic နန်းတော်ကနေ မထုတ်ပြန်ထားပေမယ့် အချိန်မဆွဲပဲနဲ့ ချက်ချင်းခွဲစိတ်ပြီး ဖယ်ထုတ်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။ ခွဲစိတ်မှုကိုတော့ Rome ရှိ Gemelli Hospital ဆေးရုံမှာပဲ ပြုလုပ်မှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Leo XIV ဟာဆိုရင် လက်ရှိမှာ သက်တော် ၇၁ နှစ်ရှိပြီဖြစ်ပြီးတော့ ကျန်းမာရေးကတော့ အခုလက်ရှိထိ ကောင်းမွန်နေဆဲဖြစ်ပါတယ်။ Vatican ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ အကျိတ်နဲ့ကျန်းမာရေးအပေါ် အသေးစိပ်မှတ်ချက်ပေးထားခြင်းမရှိပေမယ့်လဲ ခွဲစိတ်ပြီး တစ်ပတ်အတွင်း recovery ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့တော့ ထုတ်ပြန်ထားပါတယ်။


⚜️ ဒီညကတော့ Miss Global မှာ Philippine ရဲ့ညပဲနော် ရွေးချသွားတာ ဂေါင်ကိုရွေးသွားတာ Princess Diana ရဲ့ “I lead from the he...
11/10/2026

⚜️ ဒီညကတော့ Miss Global မှာ Philippine ရဲ့ညပဲနော် ရွေးချသွားတာ ဂေါင်ကိုရွေးသွားတာ Princess Diana ရဲ့ “I lead from the heart, not the head” Quote က meaningful လဲအရမ်းအဖြစ်သလို Humanitarian မေးခွန်းတွေနဲ့ပတ်သတ်ပြီးတော့ ဖြေမယ် သုံးမယ်ဆိုရင် အရမ်းလွယ်ပြီးတော့ သုံးလို့ကောင်းတဲ့ Quote တစ်ခုပါ။

⚜️ ထိုင်းနိုင်ငံရဲ့ မိဖုရားခေါင်ကြီး သုဒိတာဟာဆိုရင် အောက်တိုဘာလ ၈ ရက်နေ့ ၂၀၂၆ ခုနှစ်မှာ Saab JAS 39C Gripen fighter jet ...
09/10/2026

⚜️ ထိုင်းနိုင်ငံရဲ့ မိဖုရားခေါင်ကြီး သုဒိတာဟာဆိုရင် အောက်တိုဘာလ ၈ ရက်နေ့ ၂၀၂၆ ခုနှစ်မှာ Saab JAS 39C Gripen fighter jet တိုက်လေယဉ်အမျိုးအစားကို Solo တစ်ကိုယ်တည်းမောင်နှင်းပျံသန်းနိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ Figer Jet အမျိုးအစားလေယဉ်ကို နှစ်ပေါင်း ၁၆ နှစ်ကျော်အတွင်း ပထမဆုံး တစ်ကိုယ်တော်မောင်းနှင်နိုင်ခဲ့သူအမျိုးသမီးပဲဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံထုတ် ခေတ်မှီစစ်ဘက်ဆိုင်ရာတိုက်လေယဉ်အမျိုးအစားဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရေး၊ မြေပြင်ပစ်မှတ်ထားတိုက်ခိုက်ရေးတွေနဲ့ ကင်းထောက်လှမ်းရာမှာအသုံးပြုတဲ့ တိုက်လေယဉ်အမျိုးအစားပဲဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးဟာ ထိုတိုက်လေယဉ်ကို Surat Thani ခရိုင်အတွင်းရှိ တော်ဝင်လေတပ်ရဲ့ လေတပ်ဖွဲ့အမှတ် ၇ ကနေတဆင့် ထိုင်းစံတော်ချိန် မနက် 10:06 မိနစ်မှာ ပျံသန်းခဲ့တာဖြစ်ပြီးတော့ ပျံသန်းချိန်စုစုပေါင်း ၄၁ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ဒါဟာ မိဖုရားခေါင်ကြီး သုဒိတာရဲ့ ပထမဆုံးအကြိမ်ပျံသန်းမှုတော့မဟုတ်ပါဘူး။ မိဖုရားခေါင်ကြီးဟာ ၂၀၁၀ ခုနှစ် မေလ ၁၀ ရက်နေ့မှာထဲက Cessna T-41D လေယဉ်အမျိုးအစားကို စတင်မောင်းနှင်ခဲ့ပြီး CT-4E Airtrainer, Pilatus PC-9, Cessna 172, Mooney M-20, နဲ့ Piper PA-34 Seneca အမျိုးအစား လေ့ကျင့်ရေးလေယဉ်အမျိူးအစားပေါင်းများစွာကို မောင်းနှင်ခဲ့ဖူးသလို လူပေါင်းများစွာစီးနှင်လိုက်ပါသည့် Boeing အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယဉ်များကိုပါမောင်းနှင်နိုင်တဲ့ လေယဉ်မှူးလတ်မှတ်ရရှိထားသူပဲဖြစ်ပါတယ်။ နိုင်ငံခြားခရီးစဉ်တွေသွားတိုင်းလဲ ဘုရင်ကြီးနှင့်အတူ တော်ဝင်လေယဉ်ကြီးများဖြစ်တဲ့ royal Boeing 737-400 နဲ့ Royal Boeing 737-800 တို့ကိုလဲ မောင်းနှင်လေ့ရှိသူဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ပထမဆုံး တိုက်လေယဉ်ပျံသန်းမှုမဟုတ်ပဲ Gripen JAS 39D တိုက်လေယဉ်ကို တွဲဖက်လေယဉ်မှူးအကူအညီဖြင့် ၁၀ နာရီကြော်ကြာမြင့်အောင် ပျံသန်းမောင်းနှင်ခဲ့ပါသေးတယ်။ မိဖုရားခေါင်ကြီး၏ ယခု လေယဉ်ပျံသန်းမှုအသေးစိပ်ကို ထိုင်းဘုရင်မင်းမြတ် မဟာဝဇိရာလင်္ကာရဏ မှ ကြည့်ရှု့ကွပ်ကဲခဲ့ပြီး မိဖုရားခေါင်ကြီး အောင်မြင်စွာ လေယဉ်ဆင်းသက်ပြီးတဲ့အခါမှာ ပန်းများဖြင့်ကြိုဆိုကာ Gripen တိုက်လေယဉ်ကို အောင်မြင်စွာပျံသန်းနိုင်သူများအား ချီးမြှင့်တော်မှုသည့် Golden Gripen Order ဆုတံဆိပ်တော်အား မိဖုရားခေါင်ကြီး၏ ဝတ်စုံလက်မောင်းမှာတပ်ဆင်၍ ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။ မိဖုရားခေါင်ကြီးသုဒီတာဟာဆိုရင် အမျိုးသမီးတွေရဲ့ Soft Power သာမက သန်မာကြံခိုင်သည့် Hard Power နှင့်လဲ ပြည်စုံသည့် မိဖုရားကြီးတစ်ပါးပဲ ဖြစ်ပါတယ်


09/10/2026

⚜️ ထိုင်းနိုင်ငံရဲ့ မိဖုရားခေါင်ကြီး သုဒိတာဟာဆိုရင် အောက်တိုဘာလ ၈ ရက်နေ့ ၂၀၂၆ ခုနှစ်မှာ Saab JAS 39C Gripen fighter jet တိုက်လေယဉ်အမျိုးအစားကို တစ်ကိုယ်တည်းမောင်နှင်းပျံသန်းနိုင်ခဲ့ပါတယ်။ ဆွီဒင်နိုင်ငံထုတ် ခေတ်မှီစစ်ဘက်ဆိုင်ရာတိုက်လေယဉ်အမျိုးအစားဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရေး၊ မြေပြင်ပစ်မှတ်ထားတိုက်ခိုက်ရေးတွေနဲ့ ကင်းထောက်လှမ်းရာမှာအသုံးပြုတဲ့ တိုက်လေယဉ်အမျိုးအစားပဲဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးဟာ ထိုတိုက်လေယဉ်ကို Surat Thani ခရိုင်အတွင်းရှိ တော်ဝင်လေတပ်ရဲ့ လေတပ်ဖွဲ့အမှတ် ၇ ကနေတဆင့် ထိုင်းစံတော်ချိန် မနက် 10:06 မိနစ်မှာ ပျံသန်းခဲ့တာဖြစ်ပြီးတော့ ပျံသန်းချိန်စုစုပေါင်း ၄၁ မိနစ်ကြာမြင့်ခဲ့ပါတယ်။ မိဖုရားခေါင်ကြီးဟာ ၂၀၁၀ ခုနှစ် နောက်ပိုင်းကတည်းက ထိုင်းနိုင်ငံမှာ Gripen အမျိုးအစား တိုက်လေယဉ်ကို အကူလေယဉ်မောင်းမပါပဲ Solo မောင်းနှင်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး တိုက်လေယဉ်မှူးဖြစ်တယ်လို့ မိဖုရားခေါင်ကြီးရဲ့ တော်ဝင်အိမ်တော်မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မိဖုရားခေါင်ကြီး၏ လေယဉ်ပျံသန်းမှုအသေးစိပ်ကို ထိုင်းဘုရင်မင်းမြတ် မဟာဝဇိရာလင်္ကာရဏ မှ ကြည့်ရှု့ကွပ်ကဲခဲ့ပြီး မိဖုရားခေါင်ကြီး အောင်မြင်စွာ လေယဉ်ဆင်းသက်ပြီးတဲ့အခါမှာ ပန်းများဖြင့်ကြိုဆိုကာ Gripen တိုက်လေယဉ်ကို အောင်မြင်စွာပျံသန်းနိုင်သူများအား ချီးမြှင့်တော်မှုသည့် Golden Gripen Order ဆုတံဆိပ်တော်အား မိဖုရားခေါင်ကြီး၏ ဝတ်စုံလက်မောင်းမှာတပ်ဆင်၍ ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။


⚜️ နန်းစဉ်ရတနာ (Crown Jewels) လို့ပြောလိုက်တယ်ဆိုရင် လူအတော်များများက မြန်မာ့ရာဇဝင်တွေထဲက ပတ္တမြားငမောက်ကြီးကို တပ်ထားပါ...
07/10/2026

⚜️ နန်းစဉ်ရတနာ (Crown Jewels) လို့ပြောလိုက်တယ်ဆိုရင် လူအတော်များများက မြန်မာ့ရာဇဝင်တွေထဲက ပတ္တမြားငမောက်ကြီးကို တပ်ထားပါတယ်ဆိုပြီး စွပ်စွဲလေ့ရှိကြတဲ့ ဗြိတိန်ရဲ့Imperial State Crown ကြီးလိုမျိုးနဲ့ တစ်ခြားသော ဥရောပတော်ဝင်မိသားစုတွေပိုင်ဆိုင်တဲ့ နန်းစဉ်ရတနာတွေကိုပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ အင်မတန်လှပတဲ့ နန်းစဉ်ရတနာတွေဟာ ဥရောပမှာတင်မဟုတ်ပဲ ဘုရင်စနစ်ကျန်ရှိနေသေးတဲ့ အာရှနိုင်ငံအတော်များများမှာလဲ ရှိကြပါသေးတယ်။ ဒီနေ့မှာတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ နတ်ပြည်သို့ပို့ဆောင်လြင်းခံရတော့မယ့် မိဖုရားခေါင်ကြီးတစ်ဖြစ်လဲ ဘုရင့်မယ်တော်ကြီး သီရိခေတ် သက်ရှိထင်ရှားရှိစဉ်အခါက ဝတ်ဆင်ခဲ့တဲ့ ရတနာပစ္စည်းများအကြောင်းကို ဗဟုသုတရစေရန် ပြောပြပေးသွားပါ့မယ်ဗျ။ (ပုံအောက်များတွင် ဆက်လက်ဖတ်ရှု့ပါရန်)



⚜️ နတ်ပြည်စံဘုရင်မကြီး Queen Elizabeth II သက်တော်ထင်ရှား ရှိခဲ့စဉ်အခါတုန်းက အမြဲတမ်းလိုလို နှစ်ခြိုက်စွာဆင်မြန်းခဲ့တဲ့ ရ...
05/10/2026

⚜️ နတ်ပြည်စံဘုရင်မကြီး Queen Elizabeth II သက်တော်ထင်ရှား ရှိခဲ့စဉ်အခါတုန်းက အမြဲတမ်းလိုလို နှစ်ခြိုက်စွာဆင်မြန်းခဲ့တဲ့ ရတနာတွေများစွာရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ထိုရတနာများစွာထဲကမှ ယခင်တုန်းက စာဖတ်သူတို့ကို မပြောပြဖူးသေးတဲ့ ရတနာတစ်မျိုးအကြောင်းကိုပြောပြပေးသွားပါမယ်။ အဲ့တာကတော့ Queen Victoria’s Golden Jubilee Necklace လို့ခေါ်တဲ့ စိန်နဲ့ပုလဲဘယက်ကြီးပဲဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ်မှာ နန်းသက် နှစ်ပေါင်း ၅၀ ပြည့်သွားခဲ့တဲ့ ဝိတိုရိယဘုရင်မကြီးအတွက် “Daughters of Her Empire” လို့ခေါ်တဲ့ ဗြိတိသျှအထက်တန်းလွှာအမျိုးသမီးများအဖွဲ့တစ်ခုကနေ ဘုရင်မကြီးကို လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ထိုဘယက်ကြီးထဲမှာဆိုရင် စိန်ပေါင်း ၃၀၀ ကျော်နဲ့ သဘာဝတန်ဖိုးကြီးပုလဲလုံးပေါင်း ၂၆ လုံးတို့ပါဝင်ပြီးတော့ Carrington & Co. ကနေ ဒီဇိုင်းဆွဲ ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ ဘယက်ကြီးကိုဆိုရင် ပုလဲလုံးတစ်လုံးစီကို အလည်ဗဟိုတွင်ထားပြီး ဘေးကနေ စိန်များဖြင့် ကနုတ်ပန်း ၃ လုဖြင့်ဝန်းရံထားတဲ့ အဆစ်ပေါင်းများစွာဖြင့် ချိတ်ဆက်ထားပြီးတော့ ဘယက်ရဲ့အလည်တွင်တော့ မိုးရေစက်ပုံပုလဲကိုတွဲလောင်းချကာ အပေါ်တွင် ဝိတိုရိယဘုရင်မကြီးအရမ်းနှစ်ခြိုက်သည့် Small Diamond Crown ရဲ့ပုံစံငယ်လေးကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ရွှေရတုက ၁၈၈၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာကျင်းပခဲ့ပေမယ့်လဲ ဘယက်ကြီးကိုတော့ တစ်နှစ်နောက်ကျပြီး ၁၈၈၈ ခုနှစ်မှာမှ ဘုရင်မကြီးထံသို့ ဆက်သနိုင်ခဲ့ပါတယ်။ ဘုရင်မကြီးဟာ ထိုဘယက်ကြီးကို မြင်မြင်ချင်းနှစ်ခြိုက်တော်မူသောကြောင့် သူမရဲ့ ကိုယ်ပိုင် Private Collection ထဲကိုမထည့်ပဲနဲ့ နန်းစဉ်ရတနာ အဖြစ်သတ်မှတ်စေကာ Crown Jewel Collection ထဲကို ထည့်သွင်းခဲ့ပါတယ်။ ၁၉၀၁ ခုနီစ်မှာ ဝိတိုရိယဘုရင်မကြီးဆုံးပြီးနောက် ထိုဘယက်ကြီးအားနောက်ပိုင်း Queen Elizabeth II မှ အမွေဆက်ခံခဲ့ရတာဖြစ်ပြီး ၁၉၅၂ ခုနှစ် ပါလီမန်ဖွင့်ပွဲအခမ်းအနားကို ပထမဆုံးအကြိမ်အနေဖြင့်ထုတ်ဝတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၂ ခုနှစ် သူမမကွယ်လွန်မှီအချိန်ထိ ထိုဘယက်ကြီးကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် Queen Elizabeth ဟာ ဝတ်ဆင်ခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်က $5000 ကျော်သာ တန်ဖိုးရှိခဲ့ပေမယ့် အခုချ်န်မှာတော့ ထိုဘယက်ကြီးဟာ $700000 ဝန်းကျင် တန်ဖိုးရှိတဲ့ နန်းစဉ်ရတနာ ဘယက်ကြီးအဖြစ်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။


⚜️ စာဖတ်သူတို့ဟာ သာမန်ပြည်သူဘဝကနေ မင်းသားလေးနဲ့မေတ္တာမျှပြီး လက်ထပ်ကာ တော်ဝင်မိသားစုဘဝဖြင့် အေးချမ်းစွာနေထိုင်သွားကြတဲ့ ...
04/10/2026

⚜️ စာဖတ်သူတို့ဟာ သာမန်ပြည်သူဘဝကနေ မင်းသားလေးနဲ့မေတ္တာမျှပြီး လက်ထပ်ကာ တော်ဝင်မိသားစုဘဝဖြင့် အေးချမ်းစွာနေထိုင်သွားကြတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမျိုးစုံကို ဖတ်ဖူးကြပေမယ့် ဒီဇာတ်လမ်းလေးကတော့ အချစ်၊နိုင်ငံရေးနဲ့ပြဿနာတွေရောထွေးနေတဲ့ ရသစုံဇာတ်လမ်းလေးတစ်ပုဒ်လို့ တင်စားရင် ပိုမှန်မယ်ထင်ပါတယ်။ သာမန်အမေရိကန်ကျောင်းသူလေးနဲ့ တိုင်းတစ်ပါးရဲ့ အိမ်ရှေ့မင်းသားတစ်ပါးတို့ စတင်တွေ့ဆုံခဲ့တဲ့ နတ်သမီးပုံပြင်လိုဇာတ်လမ်းလေးနဲ့ အစချီခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာ ကံကြမ္မာရဲ့အချိုးအကွေ့များစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင်ကတော့ Hope Cooke လို့အမည်ရတဲ့ မိန်းကလေးငယ်လေးပဲဖြစ်ပါတယ်။

Hope ကို ၁၉၄၀ ခုနှစ်မှာ အမေရိကနိုင်ငံ San Francisco မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ မွေးဖွားစဉ်ကတည်းက ကံဆိုးခဲ့လေသူလို့ပဲပြောရမလား Hope ရဲ့မိဘတွေဟာ သူမကိုမွေးဖွားပြီးသိပ်မကြာခင်မှာပဲ ကွာရှင်းခဲ့ကြသလို Hope ရဲ့မိခင်ဟာလဲ သူမနို့ပြတ်ကာစအရွယ်မှာပဲ ကွယ်လွန်သွားရှာပါတယ်။ Hope ဟာ သူမဘဝရဲ့ အချိန်တော်တော်များများကို သူမရဲ့မိခင်ဘက်မှတော်စပ်တဲ့ ချမ်းသာတဲ့အဖိုးနဲ့အဖွားရဲ့စောင့်ရှောက်မှုအောက်မှာပဲ ဖြတ်သန်းခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်သံအမတ်တစ်ဦးဖြစ်ခဲ့တဲ့ နာမကျန်းသူ သူမရဲ့အဖိုးကို ပြန်လည်ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ Hope ဟာ Sarah Lawrence College မှာ ပညာသင်ကြားနေရင်းကနေ အာရှနိုင်ငံတွေအပေါ်မှာ သူမရဲ့စိတ်ဝင်စားမှုအင်မတန်တိုးလာခဲ့ပြီး ၁၉၅၉ ခုနှစ် သူမအသက် ၁၉ နှစ်ဝန်းကျင်မှာပဲ ဟိမဝန္တာ Himalayas တောင်တန်းတွေဆီကို လေ့လာရေးခရီးထွက်ခဲ့ပါတော့တယ်။ ရေစက်နဲ့ ကံကြမ္မာတို့ရဲ့ စွမ်းအားကြောင့် သာမန်လေ့လာရေးခရီးစဉ်လေးကနေ သူမရဲ့ဘဝကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေမယ့် သူတစ်ယောက်နဲ့ ထိုခရီးစဉ်မှာ ဆုံဆည်းခဲ့ပါတော့တယ်။ (ပုံများ၏အောက်တွင်ဆက်လက်ဖတ်ရှု့ရန်)


⚜️ အမွှာမင်းသားနှင့် မင်းသမီးငယ်လေးတို့ဟာ Denmark တော်ဝင်မိသားစုတွင်သာမကပဲ Monaco ရဲ့ တော်ဝင်မိသားစုမှာလဲ ရှိနေပါတယ်။ သူ...
04/10/2026

⚜️ အမွှာမင်းသားနှင့် မင်းသမီးငယ်လေးတို့ဟာ Denmark တော်ဝင်မိသားစုတွင်သာမကပဲ Monaco ရဲ့ တော်ဝင်မိသားစုမှာလဲ ရှိနေပါတယ်။ သူတို့ဟာဆိုရင် မိုနာကိုတော်ဝင်မိသားစုရဲ့အကြီးအကဲ Prince Albert II of Monaco နှင့် ကြင်ရာတော်မင်းသမီး Princess Charlene တို့ရဲ့ ကလေးတွေပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မေလ ၁၀ ရက်နေ့မှာ မိုနာကိုရှိ Princess Grace Hospital မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ မိန်းကလေးဖြစ်တဲ့ Princess Gabriella က အကြီးဖြစ်ကာ မင်းသားငယ်လေး Hereditary Prince Jacques ကတော့ အငယ်လေးဖြစ်ပါတယ်။ မင်းသားလေးဟာ မောင်နှမနှစ်ယောက်ထဲမှာ အငယ်ဆုံးဖြစ်သော်ငြားလည်း မိုနာကိုတိုင်းပြည်ရဲ့ male-preference system ကြောင့် မိုနာကိုထီးနန်းစောင့်ဆိုင်းစာရင်းရဲ့ ပထမနေရာမှာတည်ရှိနေတဲ့ အမွေခံအိမ်ရှေ့မင်းသား Heir Apparent ဖြစ်လာခဲ့ရပါတယ်။ ဒီနေရာမှာ အိမ်ရှေ့မင်းသားဖြစ်ပါလျှက် ဘာကြောင့် Crown Prince ဆိုတဲ့ဘွဲ့ကို မသုံးရတာလဲဆိုရင်တော့ အဓိကရွေးချယ်မှုကြောင့်ပါပဲ။ Crown Prince ရော Hereditary Prince ရော ဘွဲ့နှစ်ခုစလုံးဟာ ထီးမွေနန်းမွေဆက်ခံရမယ့်မင်းသားဆိုတဲ့ အဓိပ္ပာယ်ကိုသက်ရောက်ပါတယ်။ ဒါပေမယ့်တစ်ချို့သော ဥရောပနိုင်ငံတွေက Crown Prince ဆိုတဲ့စာလုံးအစား ပိုအဓိပ္ပာယ်ပြည့်စုံလေးနက်ပြီး မတူကွဲပြားတဲ့ဘွဲ့မျိုးဖြစ်တဲ့ Hereditary Prince (အမွေခံမင်းသား) ဆိုတဲ့ဘွဲ့ကို အသုံးပြုကြတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Monaco ရဲ့ Hereditary Prince Jacques (Baux နယ်စားကြီး) နှင့် Princess Gabriella (Carlades မြို့စားမကြီး) တို့ဟာ အသက် 11 နှစ်ရှိပြီဖြစ်ပါတယ်။ မိမိကအရင် လူ့လောကထဲကိုရောက်လာခဲ့သော်ငြားလဲ အမျိုးသမီးဖြစ်နေတာကြောင့် မိမိထက် ၂ မိနစ်နောက်ကျပြီး လူ့လောကထဲကိုရောက်လာခဲ့တဲ့ မောင်လေးထံမှာ ရှုံးနိမ့်ခဲ့ရတဲ့အဖြစ်တွေဟာ အခုချိန်ထိရှိနေဆဲဖြစ်ပါတယ်။


Address

St. James
London
SW1

Opening Hours

Monday 9am - 10pm
Tuesday 9am - 10pm
Wednesday 9pm - 10pm
Thursday 9am - 10pm
Friday 9pm - 10pm
Saturday 8am - 11pm
Sunday 8pm - 11pm

Alerts

Be the first to know and let us send you an email when The Crown - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share