31/08/2026
⚜️29th anniversary of Diana’s passing ⚜️
- ဒီကနေ့ 2026 ခုနှစ် August လ 31 ရက်နေ့ဟာဆိုရင် ဝေလမင်းသမီး ဒိုင်ယာနာ ပြင်သစ်မှာ ကားမတော်တဆမှုဖြင့် ဆုံးပါးသွားတဲ့ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားပဲဖြစ်ပါတယ်။ Diana မင်းသမီးဟာဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြယုဂ် တစ်ခုဖြစ်သလို ကမ္ဘာတစ်လွှားက လူတွေရဲ့မေတ္တာတွေကိုရရှိထားသူဖြစ်ပြီး “People’s Princess” လူထုမင်းသမီးဆိုတဲ့ဘွဲ့ကို ရရှိခဲ့သူလဲဖြစ်ပါတယ်။ Diana ဟာနတ်ရွာစံချိန်မှာ သက်တော် ၃၆ သာရှိပါသေးတယ်။