Top Fan

Top Fan 🌈ချစ်ခြင်းများစွာဖြင့်ဘဝခွန်အား​ပေးသုတ၊ရသစာပေများမျှဝေပါသည် အစစအရာရာဂရုစိုက်ကြပါ အားလုံးကို ချစ်တယ်❤🇲🇲

ခွင့်လွှတ်ရင် အကြိမ်ကြိမ်အခါခါ နာကျင်နေရမယ် ။ စွန့်လွှတ် လိုက်ရင်တော့ တစ်ခါပဲ နာကျင်ရမယ် ။ဒီစကား အင်မတန်မှန်တယ် ။ လူတွေက...
07/07/2026

ခွင့်လွှတ်ရင် အကြိမ်ကြိမ်အခါခါ နာကျင်နေရမယ် ။ စွန့်လွှတ် လိုက်ရင်တော့ တစ်ခါပဲ နာကျင်ရမယ် ။

ဒီစကား အင်မတန်မှန်တယ် ။ လူတွေက ခွင့်လွှတ်မှန်း သိတော့ အကြိမ်ကြိမ် နာကျင်အောင် လုပ်ကြတယ် ။ ပြောရရင် ဒီလူက ခွင့်လွှတ်တယ် ။ ဒီတော့ ငါတို့ အနိုင်ယူလို့ ရတယ် ။ အဲဒီလောက်ထိ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အထာနဲ့ လုပ်ကြတယ် ။ လူတွေကလေ သူတို့ အနိုင်ယူလို့ရတဲ့ လူအပေါ်ပဲ အနိုင်ယူကြတာပါ ။ ငါ့အပေါ် လုပ်ရက်လေခြင်းလို့တွေးပေမဲ့ တစ်ဖက်လူက လုပ်ရက်လို့ လုပ်သွားတာပါ ။

ဘယ်ဆက်ဆံရေးမဆို ကိုယ့်အတွက် Toxic ဖြစ်တယ်လို့ ခံစားရပြီဆိုရင် အမြန်ဆုံး ရပ်တန့်ဖို့ပဲ အားပေးချင်တယ် ။ အချိန်ကြာ သွားရင် ဒီအရာကနေရတဲ့ စိတ်ဒဏ်ရာတွေက အနည်ထိုင်ဖို့ သိပ်ခက်တယ် ။ အနာကျက်ဖို့ အချိန်သိပ်ကြာတယ် ။ ကိုယ့်ရဲ့ Normal Lifeပြန်ရောက်ဖို့ အများကြီး ကြိုးစားယူရတယ် ။ ဒါကြောင့် ဒီနွံထဲ ကြာကြာမနစ်ဖို့ လိုတယ် ။ ကိုယ့်တန်ဖိုးကို မြင်အောင် ကြည့်ပါ ။ မှန်ထဲ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး စိတ်ပျက်သွားမိတဲ့အထိ မဖြစ်ရင် အကောင်းဆုံးပါ ။ လူဆိုတာ ရူးမိုက်တတ်ကြတယ် ။ ဒါပေါ့ ရူးမိုက်လို့ ရတယ် ။ ဒါပေမဲ့
တစ်ကြိမ် တစ်ခါသာ ဖြစ်သင့်တယ် ။

ကိုယ့်ကို ဝမ်းပန်းတသာ မကြိုဆိုတဲ့ ရပ်ဝန်း ၊ မဖိတ်ခေါ်တဲ့ ပွဲလမ်း ၊ ဝင်မဆံ့တဲ့ စကားပြောဝိုင်းတွေ မသွားတာ ၊ ဝင်မပါတာ ပို ကောင်းတယ် ။ ကိုယ့်အတွက် မဟုတ်ဘူးဆိုတဲ့ အရာမှန်သမျှ ရှောင်လိုက်ပါ ။ ရလဒ်က စိတ်အေးချမ်းမှု အတိုင်းအဆမရှိ ခံစားရတယ် ။

လူတစ်ယောက်ကို သုံးခါလောက် ခွင့်လွှတ်ရင် လုံလောက်ပါပြီ ။ မစွန့်လွှတ်နိုင်သေးရင် ခွင့်လွှတ်ပါ ။ မခွင့်လွှတ်နိုင်ဘူးဆိုရင် စွန့်လွှတ်ပါ ။

ဘာလို့လဲ လူ့ဘဝက တိုတိုလေးရယ် ။ အကြည်ဓာတ်ပေးတဲ့
လူတွေနဲ့ ပိုထိတွေ့ပါ ။

#နူးနူးအောင်

တကယ်လို့ လူတစ်ယောက်ကို မချစ်တော့ရင်စွန့်လွှတ်လိုက်ပါ ။သူ့ကို တခြားလူ ချစ်ဖို့အခွင့်အရေး ပေးလိုက်ပါ ။တကယ်လို့ ကိုယ် ချစ်တ...
02/06/2026

တကယ်လို့ လူတစ်ယောက်ကို မချစ်တော့ရင်
စွန့်လွှတ်လိုက်ပါ ။
သူ့ကို တခြားလူ ချစ်ဖို့
အခွင့်အရေး ပေးလိုက်ပါ ။

တကယ်လို့ ကိုယ် ချစ်တဲ့လူ
ကိုယ့်ကို မချစ်တော့တဲ့အခါ
ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် မစွန့်ပစ်ပါနဲ့ ။
တခြားတစ်ယောက်ကို ချစ်ဖို့
ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးပေးပါ ။

#နိုင်းနိုင်းစနေ

ပိုင်ဆိုင်ခဲ့ဖူးတာကို အမှတ်တရထားပါ ၊ ပိုင်ဆိုင်နေတာတွေကို တန်ဖိုးထားပါ ၊ ဆုံးရှုံးသွားတဲ့အရာတွေကို မေ့ထားပါ ၊ မရတာတွေကို...
03/05/2026

ပိုင်ဆိုင်ခဲ့ဖူးတာကို အမှတ်တရထားပါ ၊ ပိုင်ဆိုင်နေတာတွေကို တန်ဖိုးထားပါ ၊ ဆုံးရှုံးသွားတဲ့အရာတွေကို မေ့ထားပါ ၊ မရတာတွေကို ကြိုးစားပါ ၊ မရနိုင်တာတွေကို ဥပေက္ခာပြုတတ်အောင် နေပါ ။ အဲဒီ အမျိုးသမီးတစ်ယောက်က ဘယ်လောက်တော်တော် ၊ ဘယ်လောက် ထက်မြက်နေပါစေ ၊ ဘယ်လောက်ပဲ ချောမောလှပနေပါစေ ၊ ဘယ်လောက်ပဲ ဝင်ငွေကောင်းနေပါစေ ၊ တန်ဖိုးမသိတဲ့သူလက်ထဲမှာတော့ သူမဟာ
ဘာတန်ဖိုးမှ မရှိဘူး ။ မင်း ငါမရှိလို့ ဖြစ်လို့လား ၊ မင်းရဲ့ အစွမ်းအစ ဘာရှိလို့လဲ စသဖြင့် စကားတွေက မိမိရဲ့တန်ဖိုးကို ချိုးနှိမ် ထားရုံမကဘဲ အပြစ်တင်ပြောဆိုခံရဖန် များလာတဲ့အခါ မိမိက ဘာ အမှားလုပ်မိလို့လဲ ၊ ဘာတန်ဖိုးမှ မရှိဘူးလား ဆိုပြီး သိမ်ငယ်စရာ မလိုဘူး ။ အားငယ်စရာ မလိုပါဘူး ။

မိန်းမတစ်ယောက်ရဲ့ မကောင်းကြောင်းကို အဲဒီမိန်းမကို မရနိုင်တဲ့ အမျိုးသားတစ်ယောက်ဆီက ကြားရတတ်ပြီး ၊ အဲဒီမိန်းမကို မယှဉ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဆီကပဲ ကြားရတတ်ပါတယ် ။ တကယ်တမ်းတော့ ကျွန်မတို့က တန်ဖိုးမရှိတာ မဟုတ်ပါဘူး ။ ကျွန်မတို့ရဲ့ နေရာမှန် မဟုတ်လို့ပါ ။ တကယ့်နေရာနဲ့ အချိန် ကိုက်ညီသွားရင် တောက်ပတဲ့ ကြယ်လေးတစ်လုံး ဖြစ်နိုင်သလို ဝေဝေဆာဆာနဲ လှပမယ့် ပန်းကလေးတစ်ပွင့်လည်း ဖြစ်နိုင်ပါတယ် ။

#မေဆု (ရာမညမြေ)

ချစ်တဲ့သူတွေကို မိုးလေ ကင်းလွတ်စေချင်တယ် ။ ကျွန်မကိုလည်း ပျော်ရွှင်နေတယ်လို့ပဲ မြင်စေချင်တယ်နာကျင်မှုတွေ ကြိမ်နှုန်းမြင့...
12/04/2026

ချစ်တဲ့သူတွေကို မိုးလေ ကင်းလွတ်စေချင်တယ် ။ ကျွန်မကိုလည်း ပျော်ရွှင်နေတယ်လို့ပဲ မြင်စေချင်တယ်

နာကျင်မှုတွေ ကြိမ်နှုန်းမြင့်လာတဲ့အခါ ဆိတ်ဆိတ်နေခြင်း အမှုကိုပဲ ကျွန်မ ပြုပါတယ် ။ နာကျင်မှုဟာ မကူးစက်သင့်သော မီး မဟုတ်လား ။ ကျွန်မကြောင့် နာကျင်ရပါတယ် ဆိုရင်ဖြင့် ကျွန်မက အဝေးဆုံးကို ထွက်ပြေးသွားဖို့ အဆင်သင့်ပါပဲ ။ တကယ်တမ်းမှာတော့ ကျွန်မချည်းပဲ နာကျင်ခဲ့ရတာ များပါတယ် ။

ကဗျာလေး တစ်ပုဒ်တောင် ရေးခဲ့ဖူးတယ် ။

မတော်တဆ ဆိုပြီး
ကျွန်မ စွန်ကြိုးတွေချည်း
ပြတ်ခဲ့ရတယ်
လက်ခံခဲ့ရပါတယ် ။

#မြကျေး

ကိုယ့်ကို နွေးထွေးစေတဲ့ရပ်ဝန်းမှာနေပါ။ကိုယ့်ကို စိတ်သက်သာစေတဲ့ ဝန်းကျင်မှာ ပျော်ပါ။ရယူလိုစိတ်၊ ပိုင်ဆိုင်လိုစိတ်နဲနဲနဲ့ ...
05/03/2026

ကိုယ့်ကို နွေးထွေးစေတဲ့ရပ်ဝန်းမှာ
နေပါ။

ကိုယ့်ကို စိတ်သက်သာစေတဲ့ ဝန်းကျင်
မှာ ပျော်ပါ။

ရယူလိုစိတ်၊ ပိုင်ဆိုင်လိုစိတ်နဲနဲ
နဲ့ နေ့ရက်တိုင်းကိုရှင်သန်ပါ။

တတ်နိုင်သမျှ စိတ်ကို ခပ်ရှင်း
ရှင်းထားပါ။

လုပ်နိုင်သမျှ မေတ္တာများများ
ရှေ့ထားပါ။

ပူလောင်ကင်းကင်း မောဟကင်းကင်းနဲ့
ဘဝကို နေထိုင်ပါ။

အမှောင်ထဲမှာ လင်းအောင်နေပါ။

အရှုပ်ထဲမှာ ရှင်းအောင်နေပါ။

တစ်ခြားသူ အချည်အနှောင်အောက်မှာ
ငိုခြင်း၊ရယ်ခြင်း ကင်းပါ။

ဦးချေ(27.2.23)

ကိုယ့်ကိုယ်ကို ပိုချစ်ပေးဖို့ကိုယ့်ကိုယ်ကို ပျော်ရွှင်စေနိုင်ဖို့ဆိုတာကိုယ့်မှာပဲ တာဝန်ရှိပါတယ် ။မိမိကိုယ်ကို ချစ်တတ်လာတ...
02/03/2026

ကိုယ့်ကိုယ်ကို ပိုချစ်ပေးဖို့
ကိုယ့်ကိုယ်ကို ပျော်ရွှင်စေနိုင်ဖို့ဆိုတာ
ကိုယ့်မှာပဲ တာဝန်ရှိပါတယ် ။

မိမိကိုယ်ကို ချစ်တတ်လာတဲ့အခါ
အရင်ကထက် ပိုဂရုစိုက်ဖြစ်လာတယ် ။
ရာသီဥတုလေး ချမ်းအေးလာခဲ့ရင်
အနွေးထည်ဝတ်ဖို့ သတိရလာတယ် ။
ကော်ဖီနွေးနွေးလေးဖျော်ရင်
အနွေးဓာတ်လေးကို ရယူခံစားလိုက်မယ် ။

ချစ်ခြင်းမေတ္တာဟာ ဂရုစိုက်ခြင်း တစ်မျိုးပါပဲ
စိတ်ရောကိုယ်ပါ ကျန်းမာအောင် နေထိုင်ပြီး
ငြိမ်းချမ်းသော စိတ်ကလေးသာ ပိုင်ဆိုင်ချင်သူပါ...။

စာဖတ်ဖို့ အချိန်လေးပေးရင်း
နှလုံးသားနဲ့ဦးနှောက်ကို ခွန်အားဖြည့်ပါတယ် ။
အစိမ်းရောင်သစ်ရွက်တွေ
ရောင်စုံပန်းကလေးတွေကို ထိတွေ့ရင်း
ပင်ပန်းစရာတွေကို ဖြေဖျောက်ရတယ် ။

ငါလည်း အိမ်မက်တွေနဲ့ လူသားတစ်ယောက်ပါပဲ ။
ဖြစ်ချင်တဲ့ အိမ်မက်တွေ ရှိတယ် ။
ဖြစ်နိုင်ပါ့မလားလို့ အတွေးဝင်လာတဲ့အခါ
လက်လျော့လိုက်မလို့လားဆိုတဲ့ မေးခွန်းက
အသင့်စောင့် ကြိုနေတတ်ပြန်တယ် ။

ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံး
ရှေ့ဆက်လျှောက်လှမ်းနိုင်ပါတယ် ။
ကိုယ့်ကိုယ်ကိုရော ယုံကြည်စိတ်ထားရတယ် ။
အလွယ်တကူ မပြိုလဲအောင် ဂရုစိုက်ရင်းပေါ့ ။
အိမ်မက်တွေအတွက် ကိုယ်တိုင်ပဲ
အကောင်အထည် ဖော်နိုင်ရမယ်မို့လား ။

မိမိကိုယ်ကို ချစ်တတ်တဲ့ စိတ်ကလေးရှိနေလို့
ကျေးဇူးပါပဲ ။
ပျော်ရွှင်နေတာလေး မြင်ချင်တယ် ။
သန်မာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်စေချင်တယ်...။

#လုံးလုံးလေး

တစ်ခါတလေဘဝမှာ မပျော်ဘူးလို့ ခံစားရတာဟာဘဝဆိုးရွားနေလို့ မဟုတ်ဘဲဘဝထဲက သေးငယ်တဲ့ အလှတရားတွေကို လျစ်လျူရှုထားမိလို့ဖြစ်တယ်။တ...
06/02/2026

တစ်ခါတလေ
ဘဝမှာ မပျော်ဘူးလို့ ခံစားရတာဟာ
ဘဝဆိုးရွားနေလို့ မဟုတ်ဘဲ
ဘဝထဲက သေးငယ်တဲ့ အလှတရားတွေကို လျစ်လျူရှုထားမိလို့ဖြစ်တယ်။

တကယ်တော့ ပျော်ရွှင်မှုဆိုတာ
ရိုးရှင်းသာမန်ပြီး နေ့စဉ် ဘဝအသေးအဖွဲကြားမှာ ပုန်းကွယ်နေလို့ ကိုယ်က ရှာဖွေရပါတယ်။

အခုအချိန်ကစ ပျော်ရွှင်စရာနှစ်ခုကို နေ့တိုင်းမှတ်ထားကြည့်ပါ။

အဲဒီပျော်ရွှင်မှုက...
လက်တွဲဖော်ဆီက ပွေ့ဖက်မှုတစ်ခုလည်းဖြစ်နိုင်တယ်။

မိဘနဲ့အတူစားတဲ့ ထမင်းဝိုင်းလည်း ဖြစ်နိုင်တယ်။

ချစ်ရတဲ့သူ့ဆီက "ဂွတ်မောနင်း" ဆိုတဲ့ စကားတစ်ခွန်းလည်း ဖြစ်နိုင်တယ်။

လမ်းဘေးက ပန်းလေးတစ်ပွင့်၊
ချီးကျူးစကားတစ်ခွန်းလည်း ဖြစ်နိုင်တယ်။

ကိုယ့်ကို ပျော်ရွှင်သွားစေတဲ့အရာကို ချရေးကြည့်နိုင်ပါတယ်။

အဲဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်ရဲ့ပျော်ရွှင်နိုင်စွမ်းက ပိုအားကောင်းလာမှာဖြစ်တယ်။

ဂျပန်စာရေးဆရာ မူရာကာမီက ပြောတယ်.. ..

"ဘဝမှာ ငြီးငွေ့စရာလို့ထင်ရတဲ့ အရာလေးတွေကို လေးနက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့သဘောထားနဲ့ ဆက်ဆံတဲ့အခါ တိကျသေချာတဲ့ ပျော်ရွှင်မှုငယ်လေးတစ်ခုကို ခံစားရမှာဖြစ်ပြီး အဲဒီကမှတဆင့် ဘဝဟာ အနှိုင်းမဲ့လှပတယ်လို့ ခံစားရပါလိမ့်မယ်" တဲ့။



#နိုင်းနိုင်းစနေ

မျှော်လင့်ချက်တွေ ၊ ရုန်းကန်မှုတွေနဲ့ ပြုပြင်ဖာထေးတာတွေမရှိတဲ့ သင့်ဘဝကို မြင်ယောင်ကြည့်ပါ ။ သင် အမှန်တကယ် လိုအပ်နေတာကို ...
22/12/2025

မျှော်လင့်ချက်တွေ ၊ ရုန်းကန်မှုတွေနဲ့ ပြုပြင်ဖာထေးတာတွေမရှိတဲ့ သင့်ဘဝကို မြင်ယောင်ကြည့်ပါ ။ သင် အမှန်တကယ် လိုအပ်နေတာကို ရှာဖွေဖို့ ဒီလေ့ကျင့်ခန်းကို ပုံမှန်လေး လုပ်ဆောင်ပါ ။

သင့်ရဲ့ လိုအပ်ချက်ကို ဒီကျင့်စဉ်လေးနဲ့ ရှာဖွေကြည့်ပါ ။ အခုလက်ရှိ သင့်မှာ ရုန်းကန်စရာတွေ ၊ ပြုပြင်စရာတွေ ဘာတစ်ခုမှမရှိနေဘူးဆို သင် ဘယ်လိုခံစားရမလဲ ။

ငါ ဘာကို လိုအပ်နေလဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ ။ အပြင်းအထန် အဖြေရှာနေတာမျိုးမဟုတ်ဘဲ ရင်ဘတ်ထဲကလာတဲ့ သင့်အတွက် အဖြေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပါ ။ လိုအပ်ချက်တွေကို ချဉ်းကပ်နိုင်မယ့် နည်းလမ်းသစ်တွေ ချမှတ်ပြီး စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကို ရှောင်ရှားပါ ။

ဆိတ်ငြိမ်စွာ ထိုင်ချလိုက်ပြီး သင့်ရဲ့ထိန်းချုပ်ချင်တဲ့ ဆန္ဒတွေကို လွှတ်ချလိုက်ပါ ။ သင့်ကိုယ်သင်ရော ၊ အခြားသူကိုပါ ကြိုးစားသင့်သေးတယ် လို့ မြင်နေတာတွေကို မေ့ဖျောက်ပစ်ပါ ။ သင် အခုရော ဘယ်လိုခံစားရလဲ ။ အခုလက်ရှိမှာ ဘယ်အရာကမှ လွဲချော်မနေသလို ဘယ်အရာကိုမှလည်း ပြန်လည်ပြုပြင်ဖို့ မလိုအပ်ဘူးဆိုတာ လက်ခံ လိုက်ပါ ။ လက်ရှိအခိုက်အတန့်လေးဟာ ပြီးပြည့်စုံလွန်းပါတယ် ။

သင့်မှာ အာရုံစိုက်စရာ ပြဿနာတစ်ခုခု ရှိလာခဲ့ရင်လည်း စိတ်ကို ငြိမ်ငြိမ်ထားပြီး နောက်ကွယ်က လိုအပ်ချက် အစစ်အမှန်ကိုသာ မြင်အောင်ကြည့်ပါ ။

#ဉာဏ

မိမိကိုယ်ကိုနဲ့ ငြိမ်းချမ်းရေး ယူတတ်အောင် ကြိုးစားပါ။ဘယ်သူကမှ ခြောက်ပစ်မကင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့...
18/12/2025

မိမိကိုယ်ကိုနဲ့ ငြိမ်းချမ်းရေး ယူတတ်အောင်
ကြိုးစားပါ။
ဘယ်သူကမှ ခြောက်ပစ်မကင်းပါဘူး။
ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့။
ကိုယ့် အားသာချက်ကို အာရုံစိုက်ပြီး
ပြီးခဲ့တာတွေ ပြီးပါစေ။

ကားရှေ့မှန်က ဘာလို့ နောက်ကြည့်မှန်ထက်
ပိုကြီးနေရတာလဲ။
ရှေ့ဆက်လျှောက်မယ့် လမ်းက
လျှောက်ခဲ့တဲ့ လမ်းထက်
ပိုအရေးပါလို့ပါ တဲ့။



#နိုင်းနိုင်းစနေ

တောပန်းလေးတွေဆိုပေမယ့်ချစ်တဲ့စိတ်နဲ့ကြည့်ရင် လှပါတယ် ....အသေးအဖွဲလေးတွေဆိုပေမယ့်ကြင်နာတတ်တဲ့စိတ်နဲ့ ဂရုစိုက်ပေးရင်ကြည်နူ...
09/12/2025

တောပန်းလေးတွေဆိုပေမယ့်
ချစ်တဲ့စိတ်နဲ့ကြည့်ရင် လှပါတယ် ....

အသေးအဖွဲလေးတွေဆိုပေမယ့်
ကြင်နာတတ်တဲ့စိတ်နဲ့ ဂရုစိုက်ပေးရင်
ကြည်နူးစရာကောင်းပါတယ် ...

ကြီးကြီးမားမားကံကောင်းခြင်းတွေက
လွယ်လွယ်နဲ့ မရတတ်ပေမယ့်
ကံကောင်းခြင်းအသေးစားလေးတွေက
မကြာခဏ ရတတ်ပါတယ် ...

သူတို့ကို ခံစားကြည့်ဖို့ မမေ့ပါနဲ့....

WPH

Address

London

Website

Alerts

Be the first to know and let us send you an email when Top Fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category