CRPH & NUG Supporters Ireland

CRPH & NUG Supporters Ireland / NUG Supporters Ireland · Political organisation

07/09/2026
07/09/2026

ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိလွတ်မြောက်ရေးအတွက် FREE HER လှုပ်ရှားမှုစတင်
---
မိုနာ/BVJ_စက်တင်ဘာ ၇၊ ၂၀၂၆
အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မိသားစုနဲ့အဆက်အသွယ်ရ‌ရေး၊ ခြွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ရေးတို့အတွက် နောက်တဆင့်တက်လှုပ်ရှားမှုပြုလုပ်သွားမယ်လို့ သားငယ်ဖြစ်သူ ကိုထိန်လင်း(ခ)ကင်အဲရစ်ကရဲ့ပြောဆိုချက်နဲ့အတူ All in One Peace Movementက ဒီနေ့စက်တင်ဘာ ၇ရက်မှာကြေညာပါတယ်။

အရင်ကဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်းသိရဖို့အတွက် Proof of life လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပြီးနောက် ICRCကဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရခဲ့တာကြောင့် စိတ်အနည်းငယ်သက်သာရာရခဲ့ပေမယ့် ၈၁နှစ်အရွယ်အမေဖြစ်သူကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ အမေဖြစ်သူနဲ့လည်းအခုချိန်ထိ စကားပြောခွင့်၊တွေ့ဆုံခွင့်မရသေးတာကြောင့် နောက်တဆင့်အနေနဲ့ FREE HER လှုပ်ရှားမှုကိုပြုလုပ်သွားမှာဖြစ်တယ်လို့ ကိုထိန်လင်း(ခ)ကင်အဲရစ်က ပြောထားတာပါ။

"Proof of lifeကအစပဲဖြစ်ပါတယ်။ အခုတော့အမေ့ရဲ့လွတ်လပ်မှုအတွက် ကျနော်တောင်းဆိုရပါမယ်။ အမေရဲ့အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ဆက်သွယ်တွေ့ဆုံခွင့်နဲ့ခြွင်းချက်မရှိ လွတ်မြောက်‌ရေးအတွက်တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကိုစတင်နေပါတယ်"လို့ ကိုထိန်လင်းကပြောပါတယ်။

ဒီFREE HER လှုပ်ရှားမှုမှာလည်းအတူရပ်တည်ပြီး အသံတွေဆက်လက်ပါဝင်ပေးကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူက ‌တောင်းဆိုထားပါတယ်။

ပြည်တွင်း၊ပြည်ပနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဖိအားတွေကြောင့် စစ်အုပ်စုဟာ ‌‌အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့လ သြဂုတ် ၃ရက်မှာတွေ့ဆုံပေးခဲ့ပါတယ်။ အခုလိုတွေ့ဆုံခွင့်ကိုကြိုဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိပြန်လွှတ်‌ပေးရေးကိုလည်း နိုင်ငံတကာက ဆက်လက်တောင်းဆိုထားကြပါတယ်။

ပုံစာ-၂၀၂၆၊ဇွန် ၆ရက်က သြစတေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲ(ဓါတ်ပုံ-Kim Aris Facebook)

Our Ambassador – Our VoiceAmbassador U Kyaw Moe Tun’s continued presence at the United Nations as Myanmar’s representati...
07/09/2026

Our Ambassador – Our Voice

Ambassador U Kyaw Moe Tun’s continued presence at the United Nations as Myanmar’s representative gives the people of Myanmar an important opportunity for their voices to be heard by the world.

Whenever Ambassador U Kyaw Moe Tun has had the opportunity to speak and engage in discussions, he has consistently spoken up for the people of Myanmar. He has worked tirelessly to ensure that their voices are heard and that the world knows what is truly happening in Myanmar.

That is why the military, led by Min Aung Hlaing, has attacked U Kyaw Moe Tun in every possible way and has desperately tried to take Myanmar’s seat at the United Nations.

If the United Nations does not allow U Kyaw Moe Tun to continue in his position and instead leaves Myanmar’s seat vacant, it would effectively silence the voices of the people of Myanmar and prevent the world from hearing them.

Even worse, if Myanmar’s seat is given to a representative of the military, it would mean disregarding the will of the people of Myanmar and opening the door to the military’s lies and propaganda.

U Kyaw Moe Tun is the Ambassador of the people of Myanmar.
U Kyaw Moe Tun is the Voice of the people of Myanmar.
Do not silence the voices of the people of Myanmar.
Do not open the door to the military’s lies and propaganda.

🗣 ကုလသမဂ္ဂမှာ ကျွန်ုပ်တို့ရဲ့အသံ ဆက်လက်ရှင်သန်ရမယ်! (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ တရားဝင်က...
07/09/2026

🗣 ကုလသမဂ္ဂမှာ ကျွန်ုပ်တို့ရဲ့အသံ ဆက်လက်ရှင်သန်ရမယ်!

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ထားရှိရေးဟာ ကျွန်ုပ်တို့အားလုံးရဲ့ အရေးဖြစ်ပါတယ်။
ကုလသမဂ္ဂကို ကျွန်ုပ်တို့ တောင်းဆိုတာက ရှင်းပါတယ် - ✅ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အပြည့်အဝ ဆက်လက်အသိအမှတ်ပြုပါ။ 🚫 မျက်လှည့်ပြဖို့ ကြိုးစားနေတဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ်ကို လုံးဝ အသိအမှတ်မပြုပါနဲ့။ 🚫 မြန်မာနိုင်ငံရဲ့ နေရာကို "လစ်လပ်" နေရာအဖြစ် မသတ်မှတ်ပါနဲ့။
ကုလသမဂ္ဂအနေနဲ့ အင်အားသုံး အကျပ်ကိုင်နေတဲ့ စစ်တပ်ကို အသိအမှတ်မပြုဘဲ ပြည်သူ့အသံကိုသာ နားထောင်ရပါမယ်။ မြန်မာပြည်သူတွေရဲ့ အသံမတိတ်သွားဖို့ အားလုံးပဲ ဝိုင်းဝန်း Share ပြီး အသံထွက်ပေးကြပါခင်ဗျာ။ ✊🔥


အိတ်ဖွင့်ပေးစာပေးပို့ရန် အဆင့်ငါးဆင့်
၁။ ပြင်ဆင်ထားသော အီးမေးလ်စာသားကို ကူးယူပြီး အီးမေးလ်အသစ်တစ်စောင်တွင် ထည့်သွင်းပါ။ see below 👇
၂။ [Country] ဟုသောနေရာတွင် မိမိ သက်ဆိုင်ရာနိုင်ငံအမည်ကို အစားထိုး ထည့်သွင်းပါ။
၃။ အီးမေးလ်ကို အောက်ပါလိပ်စာများသို့ လိပ်မူပေးပို့ပါ။
• မိမိနိုင်ငံ၏ UN permenant representative (အမည်နှင့် အီးမေးလ်လိပ်စာကို ပူးတွဲပါ website https://bluebook.e-delegate.un.org/ Member states maintaining permenant missions at Headquarters အောက်တွင် သက်ဆိုင်ရာ နိုင်ငံ စာရင်းတွင် ရှာဖွေနိုင်ပါသည်)
• မိမိနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ။ သက်ဆိုင်ရာ အီးမေးလ်လိပ်စာအားလုံးကို အီးမေးလ်တစ်စောင်တည်းတွင် ထည့်သွင်းပါ။
၄။ အီးမေးလ်ခေါင်းစဉ်အဖြစ် “Urgent Appeal Regarding Myanmar’s Representation at the United Nations” ကို အသုံးပြုပြီး “Preserve Ambassador U Kyaw Moe Tun as Myanmar’s Representative” ဟု အမည်ပေးထားသော PDF အိတ်ဖွင့်ပေးစာကို ပူးတွဲထည့်သွင်းပါ။
၅။ အီးမေးလ်မပေးပို့မီ မိမိ၏အမည်၊ အဖွဲ့အစည်းအမည် နှင့် ဆက်သွယ်ရန် အချက်အလက် များကို ထည့်သွင်းပါ။
အီးမေးလ်ပြန်စာရရှိပါက people movement platform ထံ အသိပေးပါ။
[email protected]

Email တွင် ထည့်ရေးရမည့်စာကို comment တွင် ယူပါ။ 👇
e

07/09/2026

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐌𝐢𝐥𝐢𝐭𝐚𝐫𝐲 𝐀𝐢𝐫𝐬𝐭𝐫𝐢𝐤𝐞 𝐃𝐚𝐦𝐚𝐠𝐞𝐬 𝐇𝐢𝐬𝐭𝐨𝐫𝐢𝐜 𝐂𝐚𝐯𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐢𝐧 𝐑𝐚𝐤𝐡𝐢𝐧𝐞

An alleged Myanmar military airstrike and artillery attack has severely damaged a historic cave pagoda in Rakhine State, destroying ancient Buddhist statues

Read Full News:
https://bayofbengalpost.com/news/myanmar-military-airstrike-damages-historic-cave-pagoda-in-rakhine

04/09/2026

Credential Challenge – 2026

အတုအယောင်ရွေးကောက်ပွဲနဲ့အတူ ကမ္ဘာ့နိုင်ငံရေး စင်မြင့်ထက်ကို ပြန်တက်လှမ်းနိုင်ဖို့ ကြိုးစားလာမယ့် မင်းအောင်လှိုင် စစ်အစိုးရကို ဒီတစ်ကြိမ်မှာလည်း ထပ်ပြီး အနိင်ယူဖို့ Credential Challenge Campaign – 2026 စတင်ပါပြီ။

ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ဘယ်လိုပါဝင်လို့ရမလဲဆိုတာကို ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။


#သံအမတ်ကြီး #ဦးကျော်မိုးထွန်း


04/09/2026

မီဒီယာလွတ်လပ်ခွင့်နဲ့စပ်လျဉ်းပြီး ချိုးဖောက်ခံ ရခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်စွာသတင်းယူပိုင်ခွင့်ကို ဖိနှိပ်ပြီး စာနယ်ဇင်း ဂျာနယ်လစ်ပေါင်း (၂၂၅) ဦးကို မတရားဖမ်းဆီးခဲ့ကာ (၉၃) ဦးကို တရားစွဲဆိုခဲ့ပြီး မီဒီယာ လုပ်ငန်းအဖွဲ့အစည်းပေါင်း (၁၆) ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို ရုပ်သိမ်းခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ သတင်းထောက်နဲ့ မီဒီယာသမား (၉) ဦးဟာ စစ်တပ်နဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့တွေ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူတွေအပေါ် ဒီလိုတိုက်ခိုက်မှုတွေက လွတ်လပ်တဲ့အသံတွေကို ဖိနှိပ်ခြင်းနဲ့ စစ်တပ်ရဲ့ ဝါဒ ဖြန့်ချိမှုကို မြှင့်တင်ခြင်းဆိုတဲ့ ရည်ရွယ်ချက်နှစ်ရပ်နဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
သတင်းအချက်အလက်အမှားတွေနဲ့ လိမ်ညာဝါဒ ဖြန့်ချိမှုတွေကို ဖြန့်ဝေဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေထဲမှာ အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားတဲ့ မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့တွေ၊ Influencer လိုင်းတွေ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စု အလိုတော်ရိ သံတမန်တွေနဲ့ သူတို့ရဲ့ ရုံးတွေလည်း ပါဝင်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ ရလဒ်များ အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့် အစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်

Address

Dublin

Website

Alerts

Be the first to know and let us send you an email when CRPH & NUG Supporters Ireland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share