NUG Representative Office - Republic of Korea

NUG Representative Office - Republic of Korea 주한 미얀마 연방공화국 대표부
This is official page of Representative Office of National Unity Government of Myanmar in the Republic of Korea

주 대한민국 미얀마 연방공화국 대표부
National Unity Government of the Representative to the Republic of Korea.

20/08/2026
၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် ဆန္ဒပြပွဲနှင့် ချီတက်ပွဲကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ် ဘိုရှင်းဂတ်ပ...
09/08/2026

၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် ဆန္ဒပြပွဲနှင့် ချီတက်ပွဲကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ် ဘိုရှင်းဂတ်ပန်းခြံတွင် ယနေ့ ပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “စစ်အာဏာရှင်ကို တော်လှန်ရာတွင် လူတိုင်း၌ တာဝန်ရှိပြီး၊ လူတိုင်းပါဝင်လျက် ရှစ်ဆယ့်ရှစ်စိတ်ဓာတ်ဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန်” တိုက်တွန်းပြောကြားသည်။

ထုတ်ပြန်ချက်နှင့် သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/share/p/1JE7cbMpRi/

စစ်အစိုးရကို လုံးဝအသိအမှတ်မပြုကြောင်း ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန် ယနေ့ကျရောက်သည့် ၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေး...
08/08/2026

စစ်အစိုးရကို လုံးဝအသိအမှတ်မပြုကြောင်း ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်

ယနေ့ကျရောက်သည့် ၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက်နေ့တွင် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် မြန်မာအဖွဲ့အစည်းများ၏ ပူးပေါင်း သတင်းစာရှင်းလင်းပွဲကို ဆိုးလ်မြို့ စစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့တွင် ကျင်းပရာ အရပ်ဝတ်လဲထားသည့် အာဏာသိမ်းစစ်အစိုးရကို လုံးဝ အသိအမှတ် မပြုကြောင်း ထုတ်ပြန်လိုက်သည်။

မြန်မာ့ဒီမိုကရေစီကို ထောက်ခံသော တောင်ကိုရီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများ တပ်ပေါင်းစု၊ ဂွမ်ဂျူး ၅.၁၈ ဒီမိုကရေစီ အကယ်ဒမီအဖွဲ့၊ ဆောင်ဂုံဝဲတက္ကသိုလ် ဒီမိုကရက်တစ်ကျောင်းသားများအဖွဲ့တို့မှ တာဝန်ခံများက မြန်မာ့ဒီမိုကရေးစီရေးကို မြန်မာပြည်သူများနှင့်အတူ ထောက်ခံသွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားကြသည်။

ကိုရီးယားနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးအဖွဲ့အစည်းများနှင့် တော်လှန်ပြည်သူများမဟာမိတ်မှ တာဝန်ခံနှစ်ဦးကလည်း စစ်ရာဇဝတ်မှု ကျူးလွန်ထားသူများနှင့် အပေါင်းပါများကို မြန်မာပြည်သူများက ခွင့်လွှတ်မည် မဟုတ်ကြောင်း၊ ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်နေမည် ဖြစ်ကြောင်း ပြောကြားကြသည်။

ယနေ့ ထုတ်ပြန်ချက်တွင် “မင်းအောင်လှိုင်သည် စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ သမ္မတအဖြစ် အမည်ပြောင်းသွားသည်ဆိုစေကာမူ မူရင်းမှာ မပြောင်းလဲပါ။ မြန်မာစစ်တပ်သည် မြန်မာပြည်သူများအတွက် တည်ရှိနေသည်ဟု မည်သူမျှ မယုံကြည်ကြပါ။ ၎င်းတို့သည် မိမိတို့၏ အာဏာနှင့် အကျိုးစီးပွားအတွက်သာ ပြည်သူများကို သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်နေကြသည်။”ဟု ဖော်ပြထားပြီး၊ အာဆီယံနိုင်ငံများနှင့် ကိုရီးယားအစိုးရကိုလည်း မင်းအောင်လှိုင်အား တရားဝင်မှုမ‌ပေးရန် တိုက်တွန်းထားသည်။

ဆက်လက်၍ “ကိုရီးယားအစိုးရအနေနှင့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ရန် စဉ်းစားမည်ဆိုလျှင်၊ ယင်းသည် ကိုရီးယားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အထောက်အကူဖြစ်သည်ဟု ဆိုစေဦးတော့၊ မပြောင်းလဲနိုင်သည့် အမှန်တရားတခု ရှိနေသည်။ မြန်မာစစ်တပ်သည် ကိုရီးယားပြည်သူများက ၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသည့် အာဏာသိမ်းမှုမျိုးကို ကျူးလွန်ခဲ့ပြီး မြန်မာပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အင်အားစုဖြစ်သည်။

ကိုရီးယားအစိုးရက ဒီမိုကရေစီကို ကာကွယ်မည်ဟု ပြောဆိုနေသရွေ့ ဒီမိုကရေစီနှင့် မြန်မာစစ်အာဏာရှင်စနစ်သည် အတူယှဉ်တွဲ မတည်ရှိနိုင်ပါ။ နောက်ဆုံးတွင် ကိုရီးယားသည် မည်သူ၏ဘက်တွင် ရပ်တည်ခဲ့သနည်းဆိုသည်ကို သမိုင်းက အကဲဖြတ်လိမ့်မည်။ ကျွန်ုပ်တို့သည် မြန်မာစစ်တပ်၏ဘက်တွင် ရပ်တည်သင့်သလော၊ သို့မဟုတ် ဒီမိုကရေစီကို တောင်းဆိုနေသော မြန်မာပြည်သူများ၏ဘက်တွင် ရပ်တည်သင့်သလော။

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ပွားခဲ့သည်မှာ ယခုအခါ ၃၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ တောင်ကိုရီးယားပြည်သူများအတွက် ၁၉၈၀ ပြည့်နှစ် ဂွမ်ဂျူးဒီမိုကရေစီအရေးတော်ပုံသည် အတိတ်သမိုင်းတခုမျှ မဟုတ်ဘဲ ယနေ့ခေတ် ကိုရီးယားလူ့အဖွဲ့အစည်း၏ အမှတ်လက္ခဏာကို ဆက်လက် သတ်မှတ်ပေးနေသည့် သမိုင်းဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံလည်း ထိုနည်းတူပင် ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ စတင်ခဲ့သော “နွေဦးတော်လှန်ရေး” ဆက်လက်ရှင်သန်နေခြင်းမှာ လွန်ခဲ့သော ၃၈ နှစ်က ၈၈၈၈ အရေးတော်ပုံ၏ စိတ်ဓာတ်က ယနေ့တိုင် ဆက်လက် အသက်ဝင်နေသောကြောင့် ဖြစ်သည်။

ကိုရီးယားနှင့် မြန်မာနိုင်ငံမှ ပြည်သူများသည် မြန်မာစစ်အစိုးရကို မည်သည့်အခါမျှ အသိအမှတ်မပြုနိုင်ပါ။” ဟူ၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မနက်ဖြန် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) တွင် ဆိုးလ်မြို့လယ်ရှိ ဘိုရှင်းဂတ်ရင်ပြင်၌ ဆန္ဒပြပွဲနှင့် လမ်းလျှောက်ချီတက်ပွဲကို မြန်မာ-ကိုရီးယား အဖွဲ့အစည်းများ ပူးပေါင်း၍ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သူများ၊ တော်လှန်ရေးရဲဘော်များအားလုံး တက်ရောက်ချီတက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရှစ်လေးလုံး ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကိုရီးယား-အာဆီယံစင်တာ နှင့် အာဆီယံသံရုံးများအားလုံးရှေ့ စုစုပေါင်း နေရာ ၁၂ ခု...
07/08/2026

ရှစ်လေးလုံး ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကိုရီးယား-အာဆီယံစင်တာ နှင့် အာဆီယံသံရုံးများအားလုံးရှေ့ စုစုပေါင်း နေရာ ၁၂ ခုတွင် ဆန္ဒပြ

၈၈၈၈ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ကိုရီးယားနိုင်ငံတွင် ပြုလုပ်လျက်ရှိရာ ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ ဆိုးလ်မြို့ရှိ အာဆီယံစင်တာ အပါအဝင် သံရုံး ၁၁ ခုရှေ့တို့တွင် တပြိုင်နက် တဦးချင်းဆန္ဒပြပွဲများကို ပြုလုပ်ခဲ့သည်။

တဦးချင်းဆန္ဒပြပွဲများကို တောင်ကိုရီယားအဖွဲ့အစည်းများမှ ကမ္ဘောဒီးယားသံရုံး ၊ အရှေ့တီမောသံရုံး ၊ အင်ဒိုနီးရှားသံရုံး ၊ စင်ကာပူသံရုံး နှင့် ဗီယက်နမ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး၊ မြန်မာတော်လှန်ရေးအဖွဲ့အစည်းများမှ ဘရုနိုင်းသံရုံး၊ လာအိုသံရုံး၊ မလေးရှားသံရုံး၊ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး၊ ဖိလစ်ပိုင်သံရုံး ၊ ထိုင်းသံရုံး နှင့် ကိုရီးယား-အာစီယံစင်တာ စသည့် နေရာ ၁၂ခုရှေ့တွင် တပြိုင်နက်တည်း ဆန္ဒပြခဲ့ကြသည်။

ယနေ့ ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံကြသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ ကလေးကဘော်ထောက်ပို့အဖွဲ့၊ ဂွမ်ဂျုးလေး မြန်မာလူမှုကူညီရေးအသင်းနှင့် ဗိုလ်သံချောင်းထောက်ပို့အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆိုးလ်မြို့ရှိ အာဆီယံစင်တာနှင့် အာဆီယံသံရုံးများရှေ့၌ တဦးချင်းဆန္ဒပြပွဲများ ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီအား အသိအမှတ်မပြုရန်နှင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာရန် တောင်းဆိုရန်ဖြစ်သည်။ ထို့အပြင် အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံချာတာပေါ်တွင် ခိုင်မာစွာရပ်တည်ရန်နှင့် မြန်မာပြည်သူများ၏ တောင်းဆိုချက်များကို ဖိအားပေးဆောင်ရွက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) တွင် ဆိုးလ်မြို့လယ်ရှိ ဘိုရှင်းဂတ်ရင်ပြင်၌ ဆန္ဒပြပွဲနှင့် လမ်းလျှောက်ချီတက်ဆန္ဒပြပွဲကို မြန်မာ-ကိုရီးယား အဖွဲ့အစည်းများ ပူးပေါင်း၍ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သူများ၊ တော်လှန်ရေးရဲဘော်များအားလုံး တက်ရောက်ချီတက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

8888 မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဦးမင်းကိုနိုင်နှင့် တော်လှန်ပြည်သူများ၏ အွန်လိုင်း  ဆွေ...
05/08/2026

8888 မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဦးမင်းကိုနိုင်နှင့် တော်လှန်ပြည်သူများ၏ အွန်လိုင်း ဆွေးနွေးဟော‌ပြောပွဲကို ဩဂုတ်လ ၅ ရက်နေ့က ပြုလုပ်ပါသည်။

ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဩစတေးလျား၊ ဂျပန်နှင့် ကိုရီးယားမှ ကိုယ်စားလှယ်ရုံးများ ပူးပေါင်းစီစဉ်ပြီး အဖွဲ့အစည်းများမှ ပါဝင် တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် ဦးမင်းကိုနိုင်က တော်လှန်ရေးတွင် လုပ်အားနှင့် ဉာဏ်ပညာ ထည့်ဝင်ကြရန် အလေးထား ပြောကြားသွားပြီး လက်တွေ့အလုပ်များ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းပြောကြားသည်။

05/08/2026
8888 ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အွန်လိုင်း  ဆွေးနွေးဟော‌ပြောပွဲသို့ တက်ရောက်ကြပါရန် ဖိတ်ကြားပါ...
29/07/2026

8888 ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အွန်လိုင်း ဆွေးနွေးဟော‌ပြောပွဲသို့ တက်ရောက်ကြပါရန် ဖိတ်ကြားပါတယ်...

DATE
2026 AUG 5
TIME
5:00 PM (Myanmar)
7:30 PM (Japan & Korea)
8:30 PM (Australia)
ZOOM
ID: 2958129581
PW: 8888

29/07/2026

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီနှင့် နိုင်ငံတကာရောက်မြန်မာများ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာရောက် မြန်မာများ နှင့် ဇူလိုင်လ (၂၅) ရက်နေ့တွင် ကမ္ဘာ့အရှေ့ခြမ်း၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကမ္ဘာ့အနောက်ခြမ်း (၂) ကြိမ်တွေ့ဆုံခဲ့ပြီး SCEF ပေါ်ပေါက်လာပုံ၊ ရည်ရွယ်ချက်၊ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုဉာဏ်များရယူခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသော ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလတို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး SCEF ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့် တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kuhl Cùng တို့က SCEF နှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံတကာရောက် မြန်မာများက သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်းနှင့် အကြံပြုဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး SCEF မှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များအား လက်ခံမှတ်သားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကြပြီး အစည်းအဝေးများကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါသည်။

26/07/2026

Address

부평구 경인로931번길 2, 303호 미진씨밀레 3 (သောကြာနေ့မှအပ ရုံးဖွင့်ပါတယ်)
Incheon
21407

Alerts

Be the first to know and let us send you an email when NUG Representative Office - Republic of Korea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to NUG Representative Office - Republic of Korea:

Shortcuts

Share