30/08/2026
ငါတို့ သံအမတ် - ငါတို့ အသံ
Our Ambassador - Our Voice
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဆက်ရှိနေခြင်းဟာ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာက ကြားနိုင်ဖို့ အခွင့်အရေးတခုဖြစ်တယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပြောဆိုဆွေးနွေးခွင့်ရတဲ့ အချိန်တိုင်းမှာ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာကကြားရအောင်၊ မြန်မာနိုင်ငံမှာ အမှန်တကယ်ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ကမ္ဘာက သိရအောင် စဉ်ဆက်မပြတ် ပြောဆိုဆွေးနွေးတိုက်ပွဲဝင်ခဲ့ပါတယ်။
ဒါ့ကြောင့်လဲ မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုဟာ ဦးကျော်မိုးထွန်းကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ပြီး ကုလသမဂ္ဂက ထိုင်ခုံကို အသည်းအသန် လိုချင်နေခဲ့တာဖြစ်တယ်။
ကုလသမဂ္ဂဟာ ဦးကျော်မိုးထွန်းကို ဆက်မထားပဲ ထိုင်ခုံအလွတ်ထားလိုက်မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာက မကြားရအောင် ပိတ်ပစ်လိုက်တဲ့ သဘောဆောင်ပါလိမ့်မယ်။
ဒီ့ထက် ပိုဆိုးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ထိုင်ခုံကို အကြမ်းဖက်စစ်တပ်ဘက်က တဦးဦးကို နေရာပေးလိုက်မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေကို လုံးဝလျစ်လျှူရှုလိုက်ပြီး စစ်အုပ်စုရဲ့ အလိမ်အညာတွေအတွက် လမ်းဖွင့်ပေးလိုက်တဲ့ သဘောဆောင်ပါလိမ့်မယ်။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့သံအမတ်ဖြစ်တယ် … ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့အသံဖြစ်တယ်။
မြန်မာပြည်သူတွေရဲ့ အသံကို ပိတ်မပစ်ပါနဲ့။
အကြမ်းဖက်စစ်အုပ်စုရဲ့ အလိမ်အညာတွေကို လမ်းဖွင့်မပေးပါနဲ့။