Myanmar Embassy, Kuwait

Myanmar Embassy, Kuwait Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Embassy, Kuwait, Government Organization, Villa 35, Street 203, Block 2, Al-Salaam Area, South Surra, Kuwait City.

ကူဝိတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် သတိပေးချက်
11/06/2026

ကူဝိတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် သတိပေးချက်

ကူဝိတ်လေကြောင်းလိုင်း ကြေညာချက် ထပ်ဆင့် အသိပေးဖော်ပြခြင်းcredit #
11/06/2026

ကူဝိတ်လေကြောင်းလိုင်း ကြေညာချက် ထပ်ဆင့် အသိပေးဖော်ပြခြင်း
credit #

10/06/2026
07/06/2026

အာဆီယံကော်မတီကူဝိတ်မှ စုပေါင်းသွေးလှူဒါန်းမှုသို့ မြန်မာသံရုံးပါဝင်
(၄-၆-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ ကူဝိတ်(ASEAN Committee in Kuwait-ACK)၏ အလှည့်ကျဥက္ကဌ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းသံရုံး၏စီစဉ်မှုဖြင့် စုပေါင်းသွေးလှူမှုကို ကူဝိတ်ဗဟိုသွေးလှူဘဏ်၌ ၂၀၂၆ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ကူဝိတ်မြို့မှ သံအမတ်ကြီး ဦးချမ်းအေးနှင့် သံရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ မြန်မာအသိုက်အဝန်းမှ သွေးလှူဒါန်းလိုသူများက အခြားသော အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ အခြားသွေးလှူဒါန်းလိုသူများနှင့်အတူ ပါဝင်လှူဒါန်းခဲ့ကြပါသည်။
ACK သည် ကူဝိတ်၌ အာဆီယံ၏ အခန်းကဏ္ဍကိုမြှင့်တင်နိုင်ရန်အတွက် ယခုကဲ့သို့ လူမှုရေးလုပ်ငန်းများကို သက်ဆိုင်ရာအလှည့်ကျဥက္ကဌ၏ စီစဉ်မှုဖြင့် လုပ်ဆောင်လျက်ရှိပြီး၊ မြန်မာသံရုံး၊ ကူဝိတ်မြို့မှလည်း ပုံမှန်ပါဝင်ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။
*************
Myanmar Embassy participates ASEAN Committee in Kuwait (ACK)’s Blood Donation Drive
(4-6-2026, Kuwait)

On 4 June 2026, the ASEAN Committee in Kuwait (ACK), under the current rotational chairmanship of the Embassy of Brunei Darussalam in Kuwait, organized a joint blood donation activity at the Central Blood Bank, Kuwait.
The Embassy of Myanmar in Kuwait City, led by Ambassador U Chan Aye, together with embassy staff and members of the Myanmar community, participated alongside ambassadors, chargé d’affaires, diplomats, and other donors from fellow ASEAN embassies. The ACK continues to carry out such social activities under the leadership of its rotating chairmanship to promote ASEAN’s presence in Kuwait. The Embassy of Myanmar in Kuwait City regularly supports and contributes to these initiatives.
**************

06/06/2026

ကူဝိတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် သတိပေးချက်
ကူဝိတ်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းများထွက်ပေါ်နေ သည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် အချိန်မရွေး သတိထားနေထိုင်ကြရန်နှင့် ကူဝိတ်အာ ဏာပိုင်များ၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် အကြံပြုတိုက်တွန်းအပ်ပါသည်။ ထို့အပြင် နိုင်ငံအတွင်းနှင့် ဒေသအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် သက်ဆိုင်သည့် နောက် ဆုံးရသတင်းများကို ကူဝိတ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များနှင့် ယုံကြည်စိတ်ချရသည့် သတင်း အရင်းအမြစ်များမှ ဆက်လက်စောင့်ကြည့်ကြပါရန် အကြံပြု တိုက်တွန်းအပ်ပါသည်။
ကူဝိတ်ရှိ မြန်မာနိုင်ငံသားများအနေဖြင့် စစ်ရေး၊ လုံခြုံရေးဆိုင်ရာ တည်နေရာများ၊ ကာကွယ် ရေးလုပ်ဆောင်နေမှုများ၊ လုံခြုံရေးပြင်ဆင်မှုများနှင့် သက်ဆိုင်သော ဓာတ်ပုံများ၊ ဗီဒီယိုများကို ရိုက်ကူးခြင်း သို့မဟုတ် ဖြန်ဝေခြင်းကို ရှောင်ကြဉ်ကြရန်နှင့် ထိုကဲ့သို့သော အပြုအမူများသည် အများ ပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သဖြင့် ကူဝိတ်အာဏာပိုင်များက ယင်းလုပ်ရပ်များကို ဥပဒေ အရတိတိကျကျ အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးထားသည်ကို ထပ်ဆင့်အသိ ပေးဖော် ပြအပ်ပါသည်။
ကောင်စစ်ဆိုင်ရာ အရေးပေါ်(အရေးပေါ်) အကူအညီများလိုအပ်ပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Mobile: 6584 0789 , 6039 5031
WhatsApp’s Number : (+65)6584 0789 , (+)65 6039 5031
Email: [email protected]
Advisory for Myanmar Nationals in Kuwait
Following reports of drone and missile attacks in Kuwait, Myanmar nationals are advised to remain vigilant and strictly follow the instructions of the Kuwaiti authorities at all times. Myanmar nationals should also monitor the latest information and advisories from the Government of Kuwait and reliable news sources regarding developments in the country and the region.
Myanmar citizens should avoid publishing or circulating images and videos related to military or security sites, defense operations, or field readiness measures, as this is irresponsible behaviour that could undermine the public interest. The Kuwaiti authorities will take strict legal action against such violations.
If you need urgent consular assistance, please contact the following;
Mobile: 6584 0789 , 6039 5031
WhatsApp’s Number : (+65)6584 0789 , (+)65 6039 5031
Email: [email protected]

Address

Villa 35, Street 203, Block 2, Al-Salaam Area, South Surra
Kuwait City
47702

Opening Hours

Monday 08:00 - 14:00
Tuesday 08:00 - 14:00
Wednesday 08:00 - 14:00
Thursday 08:00 - 14:00
Sunday 08:00 - 14:00

Telephone

+96525240736

Alerts

Be the first to know and let us send you an email when Myanmar Embassy, Kuwait posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Embassy, Kuwait:

Share