Global Auto Work

Global Auto Work ကားနဲဲ့ပတ်သက်ပြီး လူကြီးမင်းတို့စိ

🚗 ကားဆီစားသက်သာအောင် ဘယ်အစိတ်အပိုင်းတွေကို ဂရုစိုက်ရမလဲ? 🤔ဆီဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ မိမိကားရဲ့ ဆီစားနှုန်းကို အတတ်...
10/08/2026

🚗 ကားဆီစားသက်သာအောင် ဘယ်အစိတ်အပိုင်းတွေကို ဂရုစိုက်ရမလဲ? 🤔
ဆီဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ မိမိကားရဲ့ ဆီစားနှုန်းကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ဆိုတာ ကားပိုင်ရှင်တိုင်း ဂရုစိုက်သင့်တဲ့ အချက်တစ်ခုပါ။ ကားတစ်စီး ဆီစားသက်သာဖို့အတွက် ပုံမှန်စစ်ဆေး ဂရုစိုက်ပေးရမယ့် အဓိက အစိတ်အပိုင်းတွေကတော့...

💨 တာယာလေပေါင် (Tire Pressure) စစ်ဆေးခြင်း: တာယာလေပေါင် လျော့နေတဲ့အခါ လမ်းနဲ့ပွတ်တိုက်အား ပိုများသွားပြီး အင်ဂျင်က ပိုရုန်းရတဲ့အတွက် ဆီစားပိုစေပါတယ်။ ဒါကြောင့် မိမိကားနဲ့ ကိုက်ညီတဲ့ လေပေါင်မှန်ဖို့ အရေးကြီးပါတယ်။

⚡ ပလပ် (Spark Plug) အခြေအနေ: ပလပ်တွေ ဝါနေတာ သို့မဟုတ် သက်တမ်းကုန်သွားတဲ့အခါ ဆီလောင်ကျွမ်းမှု စနစ်တကျ မဖြစ်ပေါ်ဘဲ ဆီစားနှုန်းကို သိသိသာသာ မြင့်တက်စေပါတယ်။

🛢️ အင်ဂျင်ဝိုင် (Engine Oil) ပုံမှန်လဲခြင်း: အင်ဂျင်ဝိုင် အဟောင်းတွေက အင်ဂျင်လည်ပတ်မှုကို လေးလံစေပြီး အင်ဂျင်ကို ပိုအလုပ်လုပ်ရစေတဲ့အတွက် ဆီပိုစားစေပါတယ်။ အင်ဂျင်ဝိုင် မှန်မှန်လဲပေးခြင်းက အင်ဂျင်ကို ချောမွေ့စေပါတယ်။

⛽ လောင်စာဆီ စနစ် (Fuel System): သန့်ရှင်းတဲ့ လောင်စာဆီ အသုံးပြုခြင်းနဲ့ ဆီစစ် (Fuel Filter) ၊ fuel pressure ဓာတ်ဆီ ဖိအားတွေ ကောင်းမွန်နေဖို့ကလည်း ဆီစားနှုန်းကို မှန်ကန်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။

သင့်ကား ဆီစားနှုန်း ပိုများနေပြီလို့ ခံစားရရင်ဖြစ်စေ၊ ပုံမှန် စစ်ဆေးပြုပြင်မှုတွေ လုပ်ဆောင်ချင်ရင်ဖြစ်စေ စိတ်ချယုံကြည်ရတဲ့ GLOBAL AUTO WORK မှာ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🛠️✨

Global Auto Work ကို လာရောက်လိုပါက...
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt
No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155

ဝါဆိုလပြည့် အခါသမယမှာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာပြီး ဘေးဥပဒ်အန္တရာယ်ခပ်သိမ်းမှ ကင်းဝေးကြပါစေ။
29/07/2026

ဝါဆိုလပြည့် အခါသမယမှာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာပြီး ဘေးဥပဒ်အန္တရာယ်ခပ်သိမ်းမှ ကင်းဝေးကြပါစေ။

ဘရိတ်ဖမ်းတဲ့အခါမှာ...🚨 ဘရိတ်တုန်တာ🚨 မေချောပျော့်မမိဖြစ်တာ🚨 ဘရိတ်အုပ်ရင် မမိဘဲ အောက်ကိုလျှောသွားတာ🚨 ကားတစ်ဖက်ကို ဆွဲသွားတ...
27/07/2026

ဘရိတ်ဖမ်းတဲ့အခါမှာ...
🚨 ဘရိတ်တုန်တာ
🚨 မေချောပျော့်မမိဖြစ်တာ
🚨 ဘရိတ်အုပ်ရင် မမိဘဲ အောက်ကိုလျှောသွားတာ
🚨 ကားတစ်ဖက်ကို ဆွဲသွားတာ

ဒီလိုလက္ခဏာတွေရှိနေတယ်ဆိုရင် လျစ်လျူမရှုသင့်ပါဘူး။

ဘရိတ်စနစ်က သင့်ရဲ့အသက်နဲ့ မိသားစုရဲ့လုံခြုံရေးကို ကာကွယ်ပေးတဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။

🌧️ မိုးရာသီမတော်တဆမှုတွေကို ကာကွယ်ဖို့...
Global Auto Work Workshop မှာ Brake System Inspection, Brake Pad Check, Brake Oil Check နဲ့ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို ကျွမ်းကျင်စွာ ဝန်ဆောင်မှုပေးနေပါတယ်။

🚗 မိုးမရွာခင်လည်း စစ်ဆေးပါ၊ မိုးရွာနေချိန်မှာလည်း ယုံကြည်စိတ်ချစွာ မောင်းနှင်ပါ။

Global Auto Work ကို လာရောက်လိုပါက...
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt
No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155

ဘာကြောင့် ပုံမှန် Car Service လုပ်သင့်သလဲ❓ကားတစ်စီးဟာ နေ့စဉ်အသုံးပြုနေရတဲ့ အရေးကြီးဆုံးတဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းတစ်ခု...
18/07/2026

ဘာကြောင့် ပုံမှန် Car Service လုပ်သင့်သလဲ❓

ကားတစ်စီးဟာ နေ့စဉ်အသုံးပြုနေရတဲ့ အရေးကြီးဆုံးတဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းတစ်ခုပါ။ ဒါကြောင့် ကားပျက်သွားမှ ပြင်တာထက် ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းကို လုပ်ပေးတာက ပိုပြီး အကျိုးရှိပါတယ်။

ပုံမှန် Car Service လုပ်ပေးခြင်းဖြင့်……..
✅ အင်ဂျင်သက်တမ်း ပိုရှည်စေတယ်။Engine Oil နဲ့ Filter ကို အချိန်မှန်လဲပေးခြင်းက အင်ဂျင်ကို ကောင်းမွန်စွာ အလုပ်လုပ်စေပြီး ပျက်စီးမှုကို လျှော့ချပေးပါတယ်။

✅ အင်ဂျင်၊ လေစစ် (Air Filter) နဲ့ Spark Plug တွေ သန့်ရှင်းကောင်းမွန်နေတဲ့အခါ ဆီစားနှုန်းလည်း ပိုမိုထိရောက်လာပါတယ်။

✅ လမ်းပေါ်မှာ ရုတ်တရက်ပျက်ခြင်းကို လျှော့ချပေးတယ်။Battery၊ Brake၊ Coolant နဲ့ Tire တွေကို ကြိုတင်စစ်ဆေးထားရင် အရေးပေါ်အခြေအနေတွေကို လျော့နည်းစေနိုင်ပါတယ်။

✅ မိသားစုနဲ့ သင့်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်တယ်။Brake System၊ Suspension နဲ့ Steering System တွေ ကောင်းမွန်နေမှ ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်မှာပါ။

သင့်ကားကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်တဲ့ Global Auto Work နဲ့အတူ လမ်းခရီးတိုင်းကို စိတ်ချလက်ချ မောင်းနှင်လိုက်ပါ။⚡️⚡️⚡️

Global Auto Work ဆိုင်ကို လာရောက်လိုပါက...
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt

No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155


17/07/2026

သိထားသင့်တဲ့ ကားအောက်ပိုင်းမြည်သံများ

Global Auto Work
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt
No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155

See less

သက်တမ်းကုန်လို့ လဲရမယ့် ကားအစိတ်အပိုင်းတွေကို မနှမြောပါနဲ့ 🚗ကားတစ်စီးရဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံရေးက အစိတ်အပိုင်းတိုင်း...
11/07/2026

သက်တမ်းကုန်လို့ လဲရမယ့် ကားအစိတ်အပိုင်းတွေကို မနှမြောပါနဲ့ 🚗

ကားတစ်စီးရဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံရေးက အစိတ်အပိုင်းတိုင်းရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။

သက်တမ်းကုန်နေတဲ့ Brake Pad၊ Engine Oil၊ Battery၊ Tire စတဲ့ အစိတ်အပိုင်းတွေကို မနှမြောဘဲ အချိန်မီလဲလှယ်ပေးတာက ကုန်ကျစရိတ်ကြီးမားတဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

✔ ကားသက်တမ်း ပိုရှည်စေတယ်
✔ မတော်တဆမှုအန္တရာယ် လျော့နည်းစေတယ်
✔ မလိုအပ်တဲ့ ပြုပြင်စရိတ်တွေကို သက်သာစေတယ်

Global Auto Work မှာ အရည်အသွေးကောင်းတဲ့ ကားအစိတ်အပိုင်းတွေနဲ့ Professional Service ကို ယုံကြည်စိတ်ချစွာ ရယူလိုက်ပါ။

Global Auto Work ဆိုင်ကို လာရောက်လိုပါက...
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt

No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155


သတင်းကောင်းလေးတစ်ခုကတော့ စက်သုံးဆီဈေးနှုန်းတွေ ကျလာတာပါ။ 🚗ခရီးသွားတာပဲဖြစ်ဖြစ်၊ နေ့စဉ်သွားလာတာပဲဖြစ်ဖြစ် ကုန်ကျစရိတ်ကို ...
07/07/2026

သတင်းကောင်းလေးတစ်ခုကတော့ စက်သုံးဆီဈေးနှုန်းတွေ ကျလာတာပါ။ 🚗

ခရီးသွားတာပဲဖြစ်ဖြစ်၊ နေ့စဉ်သွားလာတာပဲဖြစ်ဖြစ် ကုန်ကျစရိတ်ကို အနည်းငယ် သက်သာစေမယ့် အချိန်လေး ဖြစ်လာနိုင်ပါတယ်။

လုံခြုံစွာ မောင်းနှင်ပြီး စိတ်ချမ်းသာတဲ့ ခရီးစဉ်တိုင်းကို ပိုင်ဆိုင်ကြပါစို့။ 💙

🚗 သင့်ကားအတွက် ယုံကြည်စိတ်ချရတဲ့ Service Partner  Global Auto Workကားတစ်စီးရဲ့ စွမ်းဆောင်ရည်က ပုံမှန်ထိန်းသိမ်းမှုအပေါ် ...
07/07/2026

🚗 သင့်ကားအတွက် ယုံကြည်စိတ်ချရတဲ့ Service Partner Global Auto Work

ကားတစ်စီးရဲ့ စွမ်းဆောင်ရည်က ပုံမှန်ထိန်းသိမ်းမှုအပေါ် မှာ အများကြီး မူတည်ပါတယ်။ ဒါကြောင့် ကားကို ပုံမှန် ထိန်းသိမ်းမယ်။ ကားမောင်းတိုင်း စိတ်ချလက်ချ ဖြစ်ချင်တယ်ဆိုရင် Global Auto Work ကို ရွေးချယ်လိုက်ပါ။

🔧 အင်ဂျင်စစ်ဆေးခြင်း�🛠️ ပြုပြင်ထိန်းသိမ်းခြင်း�🛞 Suspension & Brake Service�🛢️ Engine Oil & Maintenance Service�⚡ ကားစွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်စေမည့် ဝန်ဆောင်မှုများကို ကျွမ်းကျင်ဝန်ထမ်းများက ဂရုတစိုက် ဆောင်ရွက်ပေးနေပါတယ်။

သင့်ကားကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်တဲ့ Global Auto Work နဲ့အတူ လမ်းခရီးတိုင်းကို စိတ်ချလက်ချ မောင်းနှင်လိုက်ပါ။⚡️⚡️⚡️

Global Auto Work ဆိုင်ကို လာရောက်လိုပါက...
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt

No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155


🚗 ကားတာယာတွေ ဘာလို့ ပါးလာတာလဲ?တာယာပါးတယ်ဆိုတာ “သဘာဝအရပျက်စီးမှု” တစ်ခုမဟုတ်ဘဲ သင့်ကားရဲ့ အခြေအနေကို ပြောနေတဲ့ signal တစ်...
03/07/2026

🚗 ကားတာယာတွေ ဘာလို့ ပါးလာတာလဲ?

တာယာပါးတယ်ဆိုတာ “သဘာဝအရပျက်စီးမှု” တစ်ခုမဟုတ်ဘဲ သင့်ကားရဲ့ အခြေအနေကို ပြောနေတဲ့ signal တစ်ခုပါပဲ

အများဆုံးဖြစ်တတ်တဲ့အကြောင်းအရင်းတွေကတော့👇

🔧 လေဖိအားမမှန်ခြင်း
လေနည်းရင် တာယာဘေးပိုင်းတွေစားမယ်။ လေများရင် အလယ်ပိုင်းပဲစားမယ်။ လေဖိအားမမှန်တာကတာယာအသက်ကို တစ်ဝက်လောက်ထိလျော့စေနိုင်ပါတယ်။

🔧 Wheel Alignment မတည့်ခြင်း
ကားဘီးတွေ မတည့်ရင် တစ်ဖက်တည်း စောင်းစားနိုင်တာကြောင့် မညီညာတဲ့ တာယာစားပုံဖြစ်လာနိုင်ပါတယ်။

🔧 Shock Absorber မကောင်းခြင်း
ကားတုန်ခါမှုကို မထိန်းနိုင်ရင် တာယာက အမြန်ပါးစေပါတယ်။

🔧 မောင်းနှင်ပုံ
အလျင်မြန်ကွေ့ခြင်း၊ အရှိန်တင်မောင်းခြင်း၊ ဘရိတ်အကြမ်းစားခြင်းတို့ကလည်း တာယာကို အလွန်မြန်မြန်စားစေပါတယ်။

🔧 5. သဘာဝအရွယ်အစား (Wear & Tear)
အချိန်ကြာလာရင် rubber က hard ဖြစ်ပြီး grip လျော့လာနိုင်တာကြောင့်3–5 နှစ်အတွင်း ပြောင်းဖို့လိုအပ်ပါတယ်။

သင့်ကားက သင့်ကို အချက်ပြနေပြီဆိုရင် "နောက်မှပဲ ပြတော့မယ်" ဆိုပြီး အချိန်မဆွဲပါနဲ့။ ကားရဲ့ ဘာသာစကားကို နားလည်ပြီး အချိန်မီ ပြုပြင်ထိန်းသိမ်းခြင်းက သင့်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ သင့်ပိုက်ဆံအိတ်ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။💯💯💯

Global Auto Work ဆိုင်ကို လာရောက်လိုပါက...
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt

No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155



သင့်ကားက စကားမပြောနိုင်ပေမယ့် ပြဿနာတွေကိုတော့ အချက်ပေးနိုင်ပါတယ်။ 🚗✨ကားတစ်စီးဟာ သူ့မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို နည်းလမ်းမ...
27/06/2026

သင့်ကားက စကားမပြောနိုင်ပေမယ့် ပြဿနာတွေကိုတော့ အချက်ပေးနိုင်ပါတယ်။ 🚗✨

ကားတစ်စီးဟာ သူ့မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို နည်းလမ်းမျိုးစုံနဲ့ "အချက်ပြ" လေ့ရှိပါတယ်။ ဒါကို
သတိမထားမိဘဲ လျစ်လျုရှုထားရင် လမ်းခုလတ်မှာ ဒုက္ခရောက်ရုံတင်မကဘဲ ပြင်ဆင်စရိတ်ပါ အဆမတန် ကုန်ကျသွားနိုင်ပါတယ်။

ဒါကြောင့် သင့်ကားရဲ့ အချက်ပြမှုတွေကို အမြဲသတိထားဖို့ မမေ့ပါနဲ့ ။

💥Dashboard ပေါ်က "မီးရောင်စုံ" အချက်ပြမှုတွေရှိနေရင် အင်ဂျင်ပိုင်းမှာ တစ်ခုခုလွဲချော်နေတာ၊ဘက်ထရီပိုင်းဒါမှမဟုတ် အင်ဂျင်ဝိုင်ဖိအား ကျဆင်းနေတာကို သတိပေးခြင်းဖြစ်ပါတယ်။

💥ပုံမှန်မဟုတ်တဲ့ "အသံဆန်းများ"ကို နားထောင်ပါ။အင်ဂျင်ဆီက တဂျိန်းဂျိမ်း တုန်ခါသံ သို့မဟုတ် လေချွန်သံ၊ ဘရိတ်နင်းရင် ဂျိမ်းဂျိမ်း/ကျွိကျွိ မြည်သံတွေက ကားရဲ့ ပြဿနာကို အဓိကဖော်ပြနေတဲ့ အသံတွေဖြစ်ပါတယ်။

💥 အနံ့ထွက်ခြင်း ပလတ်စတစ် သို့မဟုတ် ရော်ဘာလောင်နံ့ကဝိုင်ယာကြိုးတွေ ရှော့ဖြစ်နေတာ ဒါမှမဟုတ်
ရေတိုင်ကီ (Radiator) က Coolant (အအေးခံရည်) ယိုစိမ့်နေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

သင့်ကားက သင့်ကို အချက်ပြနေပြီဆိုရင် "နောက်မှပဲ ပြတော့မယ်" ဆိုပြီး အချိန်မဆွဲပါနဲ့။ ကားရဲ့ ဘာသာစကားကို နားလည်ပြီး အချိန်မီ ပြုပြင်ထိန်းသိမ်းခြင်းက သင့်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ သင့်ပိုက်ဆံအိတ်ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။💯💯💯

Global Auto Work ဆိုင်ကို လာရောက်လိုပါက...
google map address
https://goo.gl/maps/hDdeAzdY2RAV5Dty6?coh=178573&entry=tt

No 2 Hnin Si Gone Street , Ahlone Township , Yangon
09788226454 , 09966555155




Address

Hnin Si Gone Street
Ahlone
11181

Telephone

+959788226454

Website

Alerts

Be the first to know and let us send you an email when Global Auto Work posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share