01/06/2022
#နိုင်ငံတော်အကြည်ငြိုပျက်ရအောင်ကလည်း
မင်းအောင်လှိုင်နဲ့အပေါင်းပါ တစ်စုသည်
နိုင်ငံတော်မဟုတ်။
အဂတိလိုက်စားတယ်ပြောရအောင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့သားများ ကုမ္မဏီတို့ ၊ဦးဝင်းမြင့် မိသားစုလီမိတက် တို့တစ်ခုမှမရှိ ။လခနဲ့မမျှတဲ့ပိုင်ဆိုင်မှု တွေဘာမှမရှိ။
ကိုဗစ်သဘာဝကပ်ဘေး ကို ပြန့်ပွားစေတယ်ပြောရအောင်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်လောက် ကိုဗစ် ပထမလှိုင်း၊ဒုတိယလှိုင်းကို ဦးဆောင်ကာကွယ်ခဲ့သူမရှိ။
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားရအောင်လည်း သူကိုယ်တိုင်ကနိုင်ငံအကြီးအကဲ ။ စစ်ရေးလျှို့ဝှက်ချက်လည်းသမ္မတနဲ့အတိုင်ပင်ခံကသိရတာမဟုတ် ။
လမ်းလျှောက်စကားပြောစက် သွင်းကုန် လိုင်စင်ဥပဒေနဲ့ငြိတယ်ပြောရအောင် အဲဒါ စစ်တပ်လက်အောက်ခံပြည်ထဲရေးဝန်ကြီးဌာနက ပိုင်တဲ့ဟာတွေ ။
အဲဒီတော့ဘာဥပဒေနဲ့မှမငြိဘူး ။ စစ်သားပီပီ ယောက်ျားတွေဆို တည့်တည့်ဝန်ခံလိုက် ။ ကျွန်တော် တို့ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်ဘက်ကမှမယှဥ်နိုင်လို့ ရန်ငြိုးနဲ့ အကွက်ဆင်ပြီး ယုတ်မာနေတာပါလို့။
#သရဝဏ်(ပြည်)