Toe Tat Library

Toe Tat Library တိုးတက်စာကြည့်တိုက် (ထန်းကြီး​ကျေးရွာ)​

3 year anniversary 🎉စာကြည့်တိုက်ဖွင့်တာ ၃ နှစ် ပြည့်ပါပြီ။
01/01/2026

3 year anniversary 🎉

စာကြည့်တိုက်ဖွင့်တာ ၃ နှစ် ပြည့်ပါပြီ။

02/12/2025
စိတ်ပုပ်တာအနံ့တော့ မထွက်ဘူးဒါပေမဲ့မျက်နှာမှာတော့ရုပ် ထွက်မကောင်းဖြစ်တယ်။ မိတ်ကပ်နဲ့လည်းရုပ်ထွက်ကောင်းအောင်လုပ်လို့မဘူး။ ...
01/12/2025

စိတ်ပုပ်တာ
အနံ့တော့ မထွက်ဘူးဒါပေမဲ့
မျက်နှာမှာတော့ရုပ် ထွက်မကောင်းဖြစ်တယ်။ မိတ်ကပ်နဲ့လည်းရုပ်ထွက်ကောင်းအောင်လုပ်လို့မဘူး။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာနန္ဒမာလာဘိဝံသ

ကိုယ့်ကိုယ်ကိုယ် မြတ်နိုးတယ်ဆိုရင် သူများကို ဒုက္ခပေးတဲ့အလုပ် မလုပ်ပါနဲ့ သူများကို ဒုက္ခပေးပြီး ကိုယ်ချမ်းသာရာရဖို့ဆိုတာ...
27/11/2025

ကိုယ့်ကိုယ်ကိုယ် မြတ်နိုးတယ်ဆိုရင် သူများကို
ဒုက္ခပေးတဲ့အလုပ် မလုပ်ပါနဲ့
သူများကို ဒုက္ခပေးပြီး
ကိုယ်ချမ်းသာရာရဖို့ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

"မင်းကောင်းရင် ငါမဆိုးပါဘူး"လို့မပြောနဲ့။"မင်းမကောင်းလည်း ငါမဆိုးပါဘူး"လို့ပြောရမယ်။သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကေ...
09/11/2025

"မင်းကောင်းရင် ငါမဆိုးပါဘူး"လို့မပြောနဲ့။
"မင်းမကောင်းလည်း ငါမဆိုးပါဘူး"လို့ပြောရမယ်။
သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်ကြိုးစားရမယ်။

#ပါချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ
#ဓမ္မစကား နေ့တိုင်းကြားက
#စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။

စာအုပ်ဝယ်ဖို့အတွက် ဒီလမှစပြီး လစဉ်ကြေး စတင်ကောက်ပါတယ် ခဗျာ။ လစဉ်ကြေးကို အနည်းဆုံး 3000မှစပြီး အဆင်ပြေသလောက် ထည့်နိုင်ပါတ...
07/10/2025

စာအုပ်ဝယ်ဖို့အတွက် ဒီလမှစပြီး လစဉ်ကြေး စတင်ကောက်ပါတယ် ခဗျာ။ လစဉ်ကြေးကို အနည်းဆုံး 3000မှစပြီး အဆင်ပြေသလောက် ထည့်နိုင်ပါတယ်ဗျာ စာအုပ်ဖိုး လှူကြသော အလှူရှင်များနှင့်တကွ အားလုံးသော စာချစ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ကျွန်တော်တို့ တိုးတက် စာကြည့်တိုက် အဖွဲဝင်များမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခဗျ။
အဝေးမှ ပါဝင် ကုသိုလ်ယူလိုသူများ အနေဖြင့် K pay နဲ့လည်းလွှဲလို့ရပါတယ်ဗျာ😁😁 မှတ်ချက်မှာ စာအုပ်ဖိုးလို့ ထည့်လွှဲပေးပါဗျ။ ယခုလ ရရှိငွေ
ကိုမျိုးသူ‌နိုင် 23000.
ကိုခမင်းစံ 20000
ကိုအဲမင်းခန့် 20000
ကိုသူစံဖြိုး 20000
ကိုအောင်ဇော်ဖြိုး 18000
‌ဒေါ်မာလာဆန်း 10000
မနွေနွေဆန်း 10000
ကိုစွမ်းထက်အောင် 10000
ကိုခန့်ဇင်ဖြိုး 5000
ကိုခိုင်ဇော်ထက် 5000
ကိုဟိန်းဇင်ဖြိုး 5000
ကိုကျော်ဝေယံဟိန်း 5000
ကိုကျော်ဇင်ထက် 3000
ကိုရန်နိုင်ဦး 5000
ကိုဇော်ရင် 3000
မဆုဇင်ဝင်း 3000 ......more

ကျေးရွာအတွက် ကြီးသုံးကြီးကျေးရွာတစ်ရွာ ကောင်းဖို့ရာ၊ ကြီးသုံးကြီးက အရေးကြီးတာ။ ဘုန်းကြီး လူကြီး ဆရာကြီး၊ တော်ရင်တော်သလော...
04/10/2025

ကျေးရွာအတွက် ကြီးသုံးကြီး

ကျေးရွာတစ်ရွာ ကောင်းဖို့ရာ၊ ကြီးသုံးကြီးက အရေးကြီးတာ။

ဘုန်းကြီး လူကြီး ဆရာကြီး၊ တော်ရင်တော်သလောက် အောင်မြင်ပြီး။

ဘုန်းကြီးဆိုတာ ကိုယ့်ဘာသာ၊ ပြန့်ပွားအောင်သာ ပြုရမှာ။

ရွာလူကြီးဆိုတာ ကိုယ့်ကျေးရွာ၊ တိုးတက်အောင်သာ ပြုရမှာ။

ဆရာကြီးဆိုတာ ကိုယ့်ပညာ၊ ဖြန့်ဝေသမှု ပြုရမှာ။

ဘုန်းကြီး ဆရာ ရွာလူကြီး၊ ညီညာစုစည်း အသီးသီး။

တာဝန်ကျေအောင် ဆောင်ရွက်ပြီး၊ ဦးဆောင်ကြဖို့ လိုသတည်း။

ထိုကြီးသုံးကြီး ဦးဆောင်လျှင်၊ ကျေးလက်တစ်ခွင် တိုးတက်အစဉ်။

မြန်ပြည်တစ်ခွင် ဖွံ့ဖြိုးဖို့၊ ကြီးသုံးကြီးတွေ ညီညွတ်စို့ … ။

4/10/2025

#တိုးတက်စာကြည့်တိုက် #ထန်းကြီးရွာ

16/09/2025

ကိုကျော်ဝေယံဟိန်း ၅၀၀၀၀ ကျပ်
ဒေါ်ကေသွယ်ဝင်း ၄၀၀၀၀ ကျပ်
မနွေးနွေးဆန်း ၁၀၀၀၀ ကျပ်
စာအုပ်ဖိုး အလှူရှင်များနဲ့ စာအုပ်ဝယ်ပေးသော အရှင်သူရိယ အား
အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။


ရွာဖျင်းတော့ လမ်းကျဉ်း----------------------အသိဉာဏ်ဖွံ့ဖြိုးမှု သဒ်ဓါအားတှနေညျး, ညံ့ဖျင်းတဲ့ပတ်ဝန်းတွေမှာ မူရင်းရှိလမ်းတ...
23/07/2025

ရွာဖျင်းတော့ လမ်းကျဉ်း
----------------------
အသိဉာဏ်ဖွံ့ဖြိုးမှု သဒ်ဓါအားတှနေညျး, ညံ့ဖျင်းတဲ့ပတ်ဝန်းတွေမှာ မူရင်းရှိလမ်းတွေတောင် ကျဉ်းမြောင်းသွားမည်။
လမ်းကျယ်တော့ ရွာထည်
-----------------------
လမ်းကျယ်ပြီး သွားရေးလာရေး အဆင်ပြေတဲ့ပတ်ဝန်းကျင်ဟာ လူသူလေးပါး သွားလာရတာ အဆင်ပြေပြီး တန်ဖိုးတွေတက် အိုးအိမ်တိုက်တာ ထည်ဝါခံ့ညားလာမည်။
မှောက်ထားတဲ့အိုး ရေမတိုး
------------------------
ပညာ မဆည်းပူး, ဗဟုသုတမရှာမှီးပဲနေသမျှ အသိဉာဏ်တိုးတက်လာမည်မဟုတ်ပေ။
ကန်သင်းမဆည် ရေမတည်
-------------------------
သိထားတဲ့အသိပညာ လေ့ကျင့်ဖြန့်ဝေမှုမရှိလျှင် အဲဒီပညာ ရေရှည်မတည်။
ဗူးဖင်မလုံ ရေတွေကုန်
--------------------
ပညာမဲ့သူတွေရဲ့လုပ်ရပ်ဟာ ဆုတ်ယုတ်ခြင်းက များချေသည်။
တစ်ဖက်ပိတ်နား တလွဲကြား
-------------------------
သဘာဝက နားကို နှစ်ဖက်ပေးထားတယ်။ နှစ်ဖက်ပေးထားတဲ့အတွက် နှစ်ဖက်လုံး နားထောင်တတ်ဖို့ လိုတယ်။ တစ်ဖက်ထဲ နားထောင်တတ်ရင် အမှန်တရားဝေးကွာပြီး အမှားကိုအမှန်ထင်ပြီး ဆုံးဖြတ်ချက်တွေ မှားနေမယ်။ အမှန်ဖြစ်ဖို့ နားနှစ်ဖက်ဖြင့် နားထောင်တတ်ပါစေ။
တိုရှည်ခြေထောက် ညီတူ မရောက်
-------------------------------
ပန်းတိုင်ကို ချီတက်တဲ့အခါ ခြေလှမ်းညီဖို့ အရေးကြီးတယ်။ ခြေလှမ်မညီရင် ပန်းတိုင်းက ဝေးနေဦးမယ်။ အဖွဲ့အစည်းနဲ့ စီမံဆောင်ရွက်တဲ့အခါ လူညီဖို့, သဘောထားကြီးတဲ့သူတွေဖြစ်နေဖို့, အကြံကောင်း ဉာဏ်ကောင်းတွေကို လက်ခံပြီး တက်ညီလက်ညီ ဆောင်ရွက်နိုင်တဲ့သူတွေများဖို့ အရေးကြီးတယ်။ အဲဒီလိုမဟုတ်ဘဲ တစ်ယောက်တစ်ပေါက်ဖြစ်နေရင် အောင်မြင်တိုးတက်မှုက ဝေးနေဦးမည်သာ။
တစ်ဖက်သာကြည့် အပြည့်မမြင်
-----------------------------
သဘာဝက မျက်စိနှစ်ဖက်ပေးထားတယ်။ နှစ်ဖက်မြင်အောင် ကြည့်တတ်ရမယ်။ တစ်ဖက်ထဲသာ ကြည့်နေရင် တစ်ဖက်က ကွယ်နေမယ်။ တစ်ဖက်ကွယ်နေသ၍ အပြည့်မြင်ဖို့ ခက်နေဦးမယ်။ အပြည့်မြင်ဖို့ နှစ်ဖက်သောမျက်စိနဲ့ ကြည့်တတ်ပါစေ။
ယူသူ မဝ, မယူသူ ရ
------------------
ဦနော လောကော တဏှာဒါသော - တဏှာနဲ့ နေသမျှ တပ်မက်မှုတွေ အားကြီးနေသမျှ လိုချင်တာမှန်သမျှ အလိုတွေပြနေဦးမှာပဲ။ စွန့်လွှတ်တဲ့ပုဂ္ဂိုလ်, ပေကမ်းမှုမှာ ဝါသနာထုံနေတဲ့ ပုဂ္ဂိုလ်အဖို့မှာတော့ အလိုဆိုတာမရှိပဲ အလိုတွေက ပြည့်နေဦးမည်။
လှူသူ ရ, လှူတတ်မှ
-----------------
မြန်မာလူမျိုးတော်တော်များများဟာ လှူတော့လှူနေကြတာပဲ။ လှူတာဟာ ကုသိုလ်ရတာ အကျိုးများတာ မှန်ပေမဲ့ လှူတတ်ဖို့တော့ အရေးကြီးတယ်။ တချို့အလှူတွေဟာ အလှူလို့ခေါင်းစဉ်တပ်ပြီး
အလှူမှာအရေးကြီးလှတဲ့ စေတနာတွေကို အာရုံမပြုဘဲ ပကာသနတွေနဲ့ ဓနဟာ ကုန်သွားပြီး ပဓာနကျလှတဲ့အလှူမှာ စေတနာမရောက်တော့ အလှူဟာ အကျိုးမရဖြစ်သွားတတ်တာကို သတိမူဖို့တော့ အရေးကြီးလှပါတယ်။

ရိုသေထိုက်သူကို ရိုသေလေးစားခြင်း••••••••••••••••••••••••••••••••လောကမှာ ရိုသေထိုက် လေစားထိုက်သူကို ရိုသေလေးစားသင့်ပါတယ်။...
17/07/2025

ရိုသေထိုက်သူကို ရိုသေလေးစားခြင်း
••••••••••••••••••••••••••••••••
လောကမှာ ရိုသေထိုက် လေစားထိုက်သူကို ရိုသေလေးစားသင့်ပါတယ်။ မိမိထက် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေ လွန်ကဲမြင့်မြတ်နေရင် မရိုသေထိုက်ဘူးလား? ရိုသေထိုက်ပါတယ်။

အဲ့လိုမဟုတ်ဘူး၊ ထိပ်တိုက်ဆန့်ကျင်ဘက်မှာ ရပ်တည်လိုက်တယ်၊ ဘာကိုပြောတာလဲ၊ မရိုမသေ မလေးမစား ပြုလိုက်တယ်။

မရိုသေ မလေးသားခြင်းဆိုတာ ဘာလဲ?၊
ဒီနေရာမှာ - မိမိထက် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကြီးမြတ်နေတဲ့ သူကို မရိုသေမလေးမစားပြုတယ်..။ မလုပ်သင့်ပါဘူး။ စူဠကမ္မဝိဘင်္ဂသုတ္တံမှာ ဘုရားရှင်ဟောကြားထားပါတယ်။ စိတ်ဓာတ်တွေက ခက်ထန်ကြမ်းတမ်းတယ်။ မာနတွေကလည်း သိပ်ကြီးတယ်။ ရှိခိုးသင့် ရှိခိုးထိုက်သူကို မရှိခိုး၊ ခရီးဦးကြိုဆိုသင့် ကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။ နေရာပေးသင့်သည့် ပုဂ္ဂိုလ်ဆို နေရာမပေး။ ခရီးလမ်းဖယ်ပေးထိုက်သူကို ခရီးလမ်းဖယ်မပေးဘူး။ မိမိထက်အသက်ကြီးသူတွေ၊ မိမိထက်ဂုဏ်သိက္ခာကြီးတဲ့ ရဟန်းသံဃာတွေနဲ့ ခရီးလမ်းမှာကြုံပြီ၊ ကြုံတော့ မိမိကလမ်းမဖယ်ပေးချင်ဘူး။ ဘာလုပ်လဲ?။ ဝင်တိုက်လိုက်တယ်။

နောက်တစ်ခု ရိုသေလေးစားထိုက်သူကို မရိုသေဘူး။ ကိုယ့်ထက် သိက္ခာကြီးတဲ့ ပုဂ္ဂိုလ်ကို ကိုယ်က အရေးမလုပ်ချင်ဘူး။ တစ်ခါတလေ ပြောတောင် ပြောလိုက်သေးတယ်။ ထှော်လော်ကန့်လန့်ပြောပြီး ရန်တောင်ဖြစ်လိုက်သေးတယ်။ လေးစားသင့် လေးစားထိုက်သူကိုလည်း မလေးစားဘူး။ မိမိကို သင်ကြားပြသပေးတဲ့ ဆရာတောင် မလေးစားဘူး။ အထူးသဖြင့် မိမိအားတရားဓမ္မသင်ကြားပြသပေးတဲ့ ဆရာသမားကို မလေးစားဘူး၊ အရေးမဆိုက်ဘူး။ နောက် မိဘနှစ်ပါးရှိတယ်။ ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေးစတဲ့ မိမိထက်ကြီးတဲ့ ဆွေမျိုးသားချင်းတွေ ရှိကြတယ်။ ဘယ့်သူ့ကိုမှလည်း အရေးမဆိုက်ဘူး။ မရိုသေမလေးစားဘူးတဲ့။

နောက် မြတ်နိူးလေးစားထိုက်တဲ့ သူတော်ကောင်းတွေကို မလေးစား မရိုသေဘူး။ စဉ်းစားကြည့် စိတ်မထားတတ်တော့ ဒီနေရာမှာ အကုသိုလ်တွေ တိုးပွားပြီး မလာဘူးလား?။ တိုးပွားလာပါတယ်။ ရှိခိုးသင့် ရှိခိုးထိုက်သူကို ရှိမခိုးဘူး။ ကြိုဆိုထိုက်သူကို မကြိုဆိုဘူး။ နေရာပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို နေရာမပေးဘူး။ လမ်းဖယ်ပေးခိုက်တဲ့ ပုဂ္ဂိုလ်ကို လမ်းဖယ်မပေးဘူး။ ရိုသေသင့် ရိုသေထိုက်သူကို မရိုသေဘူး။ လေးစားသင့် လေးစားထိုက်သူကို မလေးစားဘူး။ မြတ်နိူးလေးစားထိုက်သူကို မမြတ်နိုးဘူး။

ဒီတော့ ဒီထဲမှာ ပိုက်ဆံကုန်တာ ဘယ်နှစ်ခုပါလဲ?။ တစ်ခုမှ မပါ ပါဘူး။ ကုသိုလ်ဆိုတာ ယူတတ်ရင် ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ ရတဲ့ ကုသိုလ်တွေ များစွာရှိနေပါတယ်။ မြတ်နိူးပူဇော်ထိုက်သူတွေကို မလေးစားဘဲ၊ မြတ်နိူးမပူဇော်ထိုက်သူတွေကိုတော့ သူသွားမြတ်နိူးပူဇော်ချင် မြတ်နိူးမယ်။ ပူဇော်ချင် သူသွားပူဇော်နေလိမ့်မယ်။

ပူဇော်သင့် ပူဇော်ထိုက်သူကို အာမိသပူဇာ၊ ဓမ္မပူဇာဆိုပြီး နှစ်မျိုးရှိတဲ့ထဲက အာမိသပူဇာခေါ်တဲ့ ပစ္စည်းလေးပါးနှင့်ပူဇော်တာထက် ဓမ္မပူဇာခေါ်တဲ့ တရားနှင့် ပူဇော်တာကိုတော့ ဘုရားရှင်နှစ်ခြိုက်ပါတယ်။ မိမိပူဇော်သင့် ပူဇော်ထိုက်သူရဲ့ တရားစကားကို လိုက်နာပြုကျင့်တာကို တရားနှင့် ပူဇော်တယ်ခေါ်ပါတယ်။ ဒီလိုဘဲ ဘုရားရတနာခေါ်တဲ့ ဘုရားရှင်အားပူဇော်တယ်ဆိုတာ ဘုရားရှင်ဆုံးမသွန်သင်တဲ့ တရားရတနာဆိုတဲ့ တရားစကားအကျင့်မြတ်တရားကို လိုက်နာတာ ဘုရားကိုပူဇော်တယ် မည်ပါတယ်။ ဓမ္မပူဇာကပို၍ အဆင့်မြင့်ပါတယ်။ မိမိတို့အား သံသရာဝဋ်ဆင်းမှ လက်ဆင့်ကမ်း သင်ကြားပြသပေးနေတဲ့ အရိယာသံဃာတော်ကို ပူဇော်တယ်၊ ချီးမြှောက်တယ်။

ဒီလို ရတနာသုံးပါးတို့ အပေါ်၌ ပူဇော်သူသည် ရိုသေလေးစားသူတို့ အကျိုးကျေးဇူး အနေနဲ့ (၁ဝ)ပါး ရှိပါတယ်။ ပုံစံလေးတစ်ခု အနေနဲ့ နတ် ဆိုကြပါစို့ -
(၁) နတ်၌ ဖြစ်သော သက်တမ်းစေ့ နေရခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ချမ်းသာကြွယ်ဝခြင်း၊
(၄) အခြွေအရံ ပေါများခြင်း၊
(၅) အကြီးအကဲ ဖြစ်ခြင်း၊
(၆) နတ်၌ ဖြစ်သော ရူပါရုံ၊
(၇) နတ်၌ ဖြစ်သော သဒ္ဒါရုံ၊
(၈) နတ်၌ ဖြစ်သော ဂန္ဓာရုံ၊
(၉) နတ်၌ ဖြစ်သော ရသာရုံ၊
(၁ဝ) နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံတို့အား သာလွန်စွာ ရရှိခြင်း ဒီအကျိုးတရားတွေကို ရရှိနိုင်ပါတယ်။ ဒီလို ရတနာသုံးပါးတို့ အပေါ်၌ ပူဇော်သူသည် အမြတ်ဆုံးသော မဂ်ဖိုလ်ကို ရရှိနိုင်တယ်တဲ့။ (သံ၊၂။၄၆၇)

ဒါဆို ရိုသေထိုက်သူကို ရှေးကပြောခဲ့သလိုဘဲ ရတနာသုံးပါးတို့ အပေါ်၌ မလေးစားဘူးတဲ့။ ဒီအကုသိုလ်ကံက သေခါနီးကာလမှာ အကျိုးပေးဖို့ ဖြစ်ပေါ်လာပြီဆိုရင် ဒီသူဘယ်ရောက်မလဲ?။ ငရဲရောက်မယ်တဲ့။

အကယ်၍ ငရဲမရောက်ဘူး ဒါမှမဟုတ် ငရဲကလွတ်လာပြီဘဲထား။ လူ့ပြည်လူ့လောကသို့ တစ်ဖန် ပဋိသန္ဓေနေရပြီ လူ့ဘဝကို ရရှိပြီ။ ဒီသူဘယ်မှာ သွားဖြစ်လဲ၊ အမျိုးယုတ်တဲ့ လူ့ဘဝကို ရရှိပါတယ်။ ဘာဖြစ်လို့လဲ၊ ကိုယ့်စိတ်ထားက ကိုယ့်ကို ပြန်နှိပ့်ချလိုက်တာပါပဲ။ ကိုယ်ကသူများကို မရိုမသေနိမ့်ချလိုက်တယ်။ ထိုသူကနိမ့်ချင်လည်း နိမ့်သွားမယ်၊ မနိမ့်ချင်လည်းမနိမ့်ဘူး သို့သော် မိမိကတော့ နိမ့်ကျသွားဖို့ ကျိန်းသေနေပါတယ်။ တစ်ချိန်ဒီကံက အကျိုးပေးပြီဆို အထက်တန်းမှာ မနေရဘူး အောက်တန်းမှာသာနေရပ်တယ်။ မိမိကိုယ်လည်း ပြန်ပြီး မရိုသေမလေးစားတဲ့သူတွေ ပေါ်လာမယ်။

ဒါကြောင့် သူတော်ကောင်းဖြစ်ချင်သူတွေ မာနကြီးသင့်သလား?။ ဒေါသကြီးသင့်သလား?။

"ငါ့မာနက လူများနဲ့ မတူဘူး၊ ငါ့ဒေါသက သူများနဲ့ မတူဘူး” ဒီလိုလူမျိုးတွေ လောကမှာ မရှိဘူးလား၊ ရှိနေပါတယ်။ သတိရှိဖို့တော့ လိုအပ်နေပါတယ်။

"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma

ဘဝတန်ဖိုး🍀🍀🍀🍀🍀တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလ...
14/07/2025

ဘဝတန်ဖိုး
🍀🍀🍀🍀🍀

တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်...

ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...

လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်...

လမ်းမှာ လိမ္မော်သီးရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲ၀င်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်... စျေးသည်က..." ဒီကျောက်တုံးဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်... ယူမှာလား" ဆိုပြီး စျေးဖြတ်လိုက်တယ်... လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့ မှာထားတဲ့ အတွက် စျေးသည်ကို တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်...

ဆက်သွားပြီးမကြာခင် ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး အထက်ပါအတိုင်း စျေးသည်ကို ကျောက်တုံံးရဲ့တန်ဖိုးကို မေးလိုက်တယ်... ဒါနဲ့ စျေးသည်လည်း ပြောင်လက်နေတဲ့ ကျောက်တုံးကို ကြည့်ပြီး... "ကျောက်တုံးပေးရင် အာလူးတစ်အိတ် ရမယ်" ဆိုပြီး လူငယ်ကို ပြောလိုက်တယ်... လူငယ်လည်း မရောင်းသေးဘူး ဆိုတဲ့အကြောင်း တောင်းပန်ပြောဆိုပြီး ပြန်ထွက်လာ ခဲ့တယ်...

ရှေ့နားမှာ လက်၀တ်ရတနာ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ပြီး ကျောက်တန်ဖိုးကို ၀င်မေးလိုက်ပြန်တယ်... ဆိုင်ရှင်လည်း ကျောက်တုံးကို မှန်ဘီလူးနဲ့ တချက်ကြည့်လိုက်ပြီး.. "ဒေါ်လာ သန်း ၅၀ ပေးမယ်" ဆိုပြီး လူငယ်ကို ကမ်းလှမ်း လိုက်တယ်... လူငယ်လည်း ခေါင်းခါပြီး မရောင်းနိုင်သေးဘူး ဆိုတဲ့အကြောင်း ရှင်းပြတောင်းပန်ကာ ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့တယ်...

ဒီိလိုနဲ့ ရှေ့ကို ဆက်ပြီး သွားလိုက်တဲ့ အခါ မှာတော့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်း၀ယ်တဲ့ ဆိုင်ကြီး တစ်ဆိုင်ကို တွေ့လိုက်တယ်... လူငယ်လည်း အလားတူပဲ ကျောက်ရဲ့တန်ဖိုးကို ဝင်မေးလိုက်တယ်... ဆိုင်ပိုင်ရှင်က တောက်ပြောင်နေတဲ့ ပတ္တမြားကြီးကို တွေ့လိုက်တဲ့ အခါမှာ အ၀တ်အနီစ တစ်ခုကို ဖြန့်ခင်းလိုက်ပြီး အပေါ်မှာ တင်လိုက်တယ်... ကျောက်တုံး ဘေးပတ်လည်ကို လှည့်ပတ်ကြည့် လိုက်တယ်... ပြီးတော့ ခါးကို ကိုင်းကာ ကျောက်တုံးကို သေသေချာချာ စိုက်ကြည့့်ရင်း... "ဒီလောက် အဖိုး မဖြတ်နိုင်တဲ့ ပတ္တမြားကြီးကို ဘယ်ကနေ ရလာတာလဲ"... လို့ လူငယ်ကို မေးလိုက်ပြီး... "ကမ္ဘာကြီး တခုလုံးကို ရောင်းပြီးတော့ ၀ယ်မယ် ဆိုရင်တောင် ဒီလောက် တန်ဖိုးကြီးတဲ့ ပတ္တမြားကြီးကို ၀ယ်နိုင်မှာ မဟုတ်ဘူး"... လို့ တအံ့တသြ ပြောလိုက်တယ်...

လူငယ်လေးလည်း နားမလည်နိုင်အောင် ဖြစ်ကာ ကြက်သေသေပြီး အဖိုးဖြစ်သူထံ ပြန်လာခဲ့ လိုက်တယ်... အဖိုးကို သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပြီး တဲ့နောက်... "ကဲ... အခု.. အဖိုးက ကျနော့ကို 'ဘ၀တန်ဖိုး' ဆိုတာ ဘာလဲ ရှင်းပြပေတော့" လို့ ပြောလိုက်တယ်...

ဒါနဲ့ အဖိုးဖြစ်သူက... "ဘ၀တန်ဖိုးက ဘာလဲ ဆိုတာ ငါ့မြေးသွားခဲ့တဲ့ လိမ္မော်သီးဆိုင်၊ ဟင်းသီး ဟင်းရွက်ဆိုင်၊ လက်၀တ်ရတနာဆိုင်နဲ့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်း၀ယ်တဲ့ ဆိုင်တွေက အဖြေပေးခဲ့ပြီ မဟုတ်လား... ငါ့မြေးဟာ ဒီလို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တုံးတစ်တုံး ဖြစ်ကောင်းဖြစ်မယ်... ဒါပေမဲ့ လူတွေဟာ သူတို့ရဲ့ ငွေကြေးအခြေအနေ... ပညာအရည်အချင်း... အသိပညာ အဆင့့်အတန်း... ယုံကြည်ချက်တွေ... သူတို့ ကျင်လည် ဖြတ်သန်းရတဲ့ ဘဝတွေပေါ်မှာ အခြေခံပြီး ငါ့မြေးရဲ့ ဘ၀ကို တန်ဖိုး ဖြတ်ကြလိမ့်မယ်... လူတွေဟာ သူတို့ အဆင့်အတန်းနဲ့ ယှဉ်ပြီး အခြားသူတွေရဲ့ ဘ၀ကို တန်ဖိုး ဖြတ်တတ်ကြတယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... ငါ့မြေးရဲ့ ဘ၀တန်ဖိုး အစစ်အမှန်ကို ထိုးထွင်း သိမြင်နိုင်တဲ့ လူတွေကို ငါ့မြေး ကျိန်းသေပေါက် ရှာတွေ့မှာပါ... ကိုယ့်ကိုကိုယ် လေးစားမှု ရှိပါ... 'ငါ့မြေးဟာ... ငါ့မြေးပါပဲ'......။"

"ဘ၀ကို တန်ဖိုးထားတတ်ကြပါစေ..."

 #ပူလောင်မှုအားလုံးတို့ရဲ့_တရားခံ ___________________________ဘုရားရှင်ကို သိကြားမင်းက လာပြီး မေးလျှောက်တယ်။ စိုးရိမ်ခြင်...
10/07/2025

#ပူလောင်မှုအားလုံးတို့ရဲ့_တရားခံ
___________________________

ဘုရားရှင်ကို သိကြားမင်းက လာပြီး မေးလျှောက်တယ်။

စိုးရိမ်ခြင်းတွေ, ပူဆွေးခြင်းတွေ, ငိုကြွေးခြင်းတွေ, ဒုက္ခတွေ, ဒေါမနဿတွေ ဘာကြောင့် ဖြစ်ရတာလဲ ဘုရား လို့ မေးလျှောက်တဲ့အခါမှာ

ဘုရားရှင်က -

ဣဿာ မစ္ဆရိယ(ဝန်တိုစိတ်)ကြောင့် ဖြစ်တာ လို့ ဒီလို ဖြေပါတယ်။

သိကြားမင်းက ထပ်ပြီးတော့ -
ဣဿာ မစ္ဆရိယ(ဝန်တိုစိတ်) က ဘာကြောင့် ဖြစ်တာလဲ ဘုရား ဆိုတော့ -

ချစ်ခြင်း မုန်းခြင်းတွေကြောင့် ဖြစ်တာ တဲ့။

ချစ်ခြင်း မုန်းခြင်းတွေက ဘာကြောင့် ဖြစ်တာပါလဲ ဘုရား လို့ မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က -

အလို ဆန္ဒတွေကြောင့် ဖြစ်တာ တဲ့။

အလို ဆန္ဒတွေက ဘာကြောင့် ဖြစ်တာလဲ ဘုရား လို့ ဆက်ပြီး မေးလျှောက်တဲ့ အခါမှာ -

အတွေးတွေကြောင့် တဲ့။
ဒီနေရာမှာ အတွေးတွေက တဏှာ, မာန, ဒိဋ္ဌိ အတွေးတွေ လို့ ဘုရားရှင်က ပြောပါတယ်။

၁။ စွဲလမ်းမှုနဲ့ ပတ်သက်တဲ့ တဏှာ အတွေးတွေ။
၂။ ငါပိုင်တယ်, ငါ့ပစ္စည်း ဆိုတဲ့ ဒိဋ္ဌိ အတွေးတွေ။
၃။ ငါသာလျှင် တတ်တယ်, မြတ်တယ် လို့ မှန်ကင်းကဲ့သို့ ထောင်လွှားနေတဲ့ မာန အတွေးတွေ။
၄။ ဒီ အတွေးတွေ အားလုံးကို ဖျက်ဆီးပစ်ရမှာ လို့ ဘုရားရှင်က မိန့်ပါတယ်။

ဒေါက်တာ သီဟဉာဏာဘိဝံသ🙏🙏🙏

Address

Ayadaw

Website

Alerts

Be the first to know and let us send you an email when Toe Tat Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category