ညောင်ဦးခရိုင် ပကဖ

ညောင်ဦးခရိုင် ပကဖ ညောင်ဦးခရိုင်မှ ပြည်သူများ စစ်ကျွန်ဘဝမှ လွတ်မြောက်စေဖို့

11/08/2026
11/08/2026

၂၀၂၆ ခုနစ်၊ ဇူလိုင်လအတွင်း အရပ်သားများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုများ

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

07/08/2026

ရေထက်မြန်တဲ့ ပကဖ အသံ

07/08/2026

မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ၍ "ပြည်သူ့ခုခံတွန်းလှန်စစ်"မှသည် "မဟာဗျူဟာထိုးစစ်"သို့ တက်လှမ်းနိုင်‌ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွားကြရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။

တပ်မှူးကြီးများ အစည်းအဝေး (၂/၂၀၂၆)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

03/08/2026
အမေစု ကျန်းမာစွာနဲ့ တွေ့ရလို့ အမေ့သားတွေ အားတက်ရပါတယ်။အာဏာရှင်အမြစ်ပြုတ်အောင် တော်လှန်မှာပါ။
03/08/2026

အမေစု ကျန်းမာစွာနဲ့ တွေ့ရလို့ အမေ့သားတွေ အားတက်ရပါတယ်။
အာဏာရှင်အမြစ်ပြုတ်အောင် တော်လှန်မှာပါ။

31/07/2026

“ညောင်ဦးလေဆိပ်ကို တိုက်ခိုက်ခြင်း၊ အတွင်းပိုင်း ဒေသထိရောက်လာတဲ့ တိုက်ခိုက်မှု”
………………………………

ပုဂံယဉ်ကျေးမှုနယ်မြေ ညောင်ဦးလေဆိပ်မှာ တပ်စွဲပြီး အပစ်မဲ့ အရပ်သားတွေကို ဗုံးကြဲ သတ်ဖြတ်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ BWM (Brave Warriors for Myanmar) အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး အသုံးပြုပြီး ၅ လုံး အောင်ခဲ့တယ်လို့ ပါရှိပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ ဦးဆောင် စီမံမှုနဲ့ No More Dictatorship (NMD-PDF)၊ Infinity (အညာ) အဖွဲ့တို့ဟာ Justice Brohters Force, ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာပလဖအဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း ၅ တို့ရဲ့ အကူအညီနဲ့ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ကြည့်ရင် နိုင်ငံအလယ်ပိုင်း ဒေသက အရေးကြီး ယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ညောင်ဦးလေဆိပ်ကိုပါ လုံခြုံအောင် စစ်တပ်က ကာကွယ်နိုင်ခြင်းမရှိဘူးဆိုတာကို ပြသလျက်ရှိပါတယ်။ မဟာဗျူဟာနေရာဖြစ်တဲ့ လေဆိပ်တွေရဲ့ အနီးပတ်ခြာလည် ၁၀ မိုင်လောက်ထိ လုံခြုံအောင် မလုပ်နိုင်ဘူးဆိုတာကိုလည်း ပြသလျက်ရှိပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှု အခြေအနေကို ပြသလျက်ရှိပါတယ်။ အကြမ်းဖက်စစ်တပ် အနေနဲ့ အဓမ္မ စစ်သားစုဆောင်းမှုနဲ့ အင်အားဖြည့်တင်းပြီး တချို့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်လည်း နိုင်ငံအလယ်ပိုင်း ဒေသမှာ ဟာကွက်တွေ ဖြစ်နေတယ်၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို စစ်လေယာဉ်တွေ တပ်စွဲထားတဲ့ ညောင်ဦးလေဆိပ်ကို ပစ်ခတ်တိုက်ခိုက်မှုက ညွှန်ပြနေပါတယ်။ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ မကွေးလေတပ်စခန်း၊ မိတ္ထီလာ လေတပ်စခန်း၊ တောင်ငူလေတပ်စခန်းတွေ ရှိပြီး မကြာခင်မှာလည်း အဲဒီစခန်းတွေ အနီးအနား ဒေသတွေအပေါ် စစ်အုပ်စု စိုးမိုးမှု ပိုမိုလျော့ကျလာတာကို တွေ့လာရနိုင်ပါတယ်။ နိုင်ငံအတွင်းပိုင်း နတ်မောက်၊ တောင်တွင်းကြီး၊ ညောင်ဦး၊ သရက်၊ ကျောက်ပန်းတောင်း၊ နေပြည်တော် အနီးမှာ ဖြစ်ပွားတဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေ၊ လေတပ်စခန်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းကြားဖြတ်တိုက်မှုတွေ၊ စစ်ယာဉ်တန်း တိုက်ခိုက်မှုတွေဟာ အတွင်းပိုင်း ဒေသတွေထိပါ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးဖောက်တိုက်ခိုက်မှု အားကောင်းလာတာကို ညွှန်ပြနေပါတယ်။

31/07/2026
31/07/2026

ပုန်း
ပြေး
ပြောင်း
ပစ်
#ပကဖအသံ

၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲ အတွင်းကျဆုံးခဲ...
19/07/2026

၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲ အတွင်းကျဆုံးခဲ့ရသော ညောင်ဦးခရိုင် ပကဖ ရဲဘော်များနှင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ သူရဲကောင်းများအားလုံးကို အလေးပြုပါတယ်။

Address

Bagan

Alerts

Be the first to know and let us send you an email when ညောင်ဦးခရိုင် ပကဖ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share