Kuthodaw Library Bagan

Kuthodaw Library Bagan Small Library in Bagan . Promote Reading Habit and Volunteer in teaching reading , volunteer , knowledge sharing

သေချာကြည့်ထားဖို့ သင်ထားဖို့ အကြံပြုပါတယ်။
02/04/2025

သေချာကြည့်ထားဖို့ သင်ထားဖို့ အကြံပြုပါတယ်။

22/02/2025

မိခင်ဘာသာစကားတွေအသုံးပြုသင်ကြားတဲ့ပညာရေးရဲ့စွမ်းအားကို ဂုဏ်ပြုလိုက်ကြရအောင်ပါ။

ကလေးငယ်တွေဟာ သူတို့ရဲ့မိခင်ဘာသာစကားနဲ့သင်ယူမှုပြုလုပ်ရင် အတတ်လွယ်ဆုံးဖြစ်ပြီး ဒီလိုသင်ကြားခြင်းက စာတတ်မြောက်မှု၊ တီထွင်ကြံဆနိုင်မှုနဲ့ တစ်သက်တာသင်ယူမှုတို့အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်ရာရောက်တယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ ဘာသာစကားစုံသုံးပညာရေးကိုဆောင်ရွက်ကြရာမှာ ပညာရေးဆီလက်လှမ်းမီဖို့ခက်ခဲတဲ့ကလေးတွေအပါအဝင် ဘယ်ကလေးငယ်မှမကျန်ခဲ့စေဖို့ မိမိတို့လုပ်‌ဆောင်ပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာမိခင်ဘာသာစကားနေ့မှာ ဘာသာစကားစုံသုံးပညာရေးကိုမြှင့်တင်ဖို့နဲ့ ကလေးငယ်တိုင်း သူတို့ရဲ့မိခင်ဘာသာစကားကိုသုံးပြီး သင်ယူလေ့လာဖွံ့ဖြိုးနိုင်ဖို့အတွက် အတူလက်တွဲလုပ်ဆောင်ကြရအောင်ပါ။



Let's celebrate the power of education in our native languages!

Studies show that children learn best when taught in their mother tongue, building strong foundations for literacy, creativity, and lifelong learning. When we embrace multilingual education, we ensure no child is left behind—especially those who has barriers to access education.

On this International Mother Language Day, Let's work together to promote integrity, multilingual education and create a future where every child can learn, express, and thrive in their own language!

07/01/2025

မင်္ဂလာပါ

NISSAN AUTOMOBILE TECHNICAL COLLEGE ရဲ့ 2026/4 Intake
ဝင်ခွင့်အတွက်ပထမဆုံးအကြိမ်ကျင်းပမယ့် seminar ပွဲလေးကို အွန်လိုင်းကနေကျင်းပပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေဂျပန်နိုင်ငံကားကောလိပ်ကို တိုက်ရိုက်တက်ရောက်နိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။2024 /4 Intake ကနေစတင်ခေါ်ယူခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက်ခေါ်ယူခြင်းဖြစ်ပါသည်။

ဘယ်လိုလူမျိုးတွေတက်ရောက်သင့်သလဲ?

🌸ဂျပန်စာကိုလေ့လာနေပြီး လက်ရှိ N2 လက်မှတ်ရှိထားသူ(သို့) 2024ခုနှစ် 12လပိုင်းနှင့် 2025ခုနှစ် 7လပိုင်းမှာ N2 ဖြေဆိုအောင်မြင်နိုင်မယ့်သူများ

🌸ဂျပန်နိုင်ငံကို ကျောင်းသွားတက်ဘို့စဉ်းစားထားပြီးငွေအများကြီးမသုံးချင်သူများ

🌸ကျောင်းသားမိဘများ

🚘 ကျား၊မ မရွေး ကျောင်းပြီးတာနှင့် Work visa ဖြင့်အလုပ်အကိုင်ရရှိဘို့100% အာမခံချက်ရှိတဲ့Nissan Automobile Technical College ကားကျောင်းရဲ့ 2026ခုနှစ် 4 လပိုင်းဝင်ခွင့်နှင်ပတ်သက်ပြီးNISSANကားကျောင်းမှာစာသင်ကြားပေးနေတဲ့ ဂျပန်လူမျိုးဆရာနှင့် မြန်မာတာဝန်ခံကိုယ်တိုင် အောက်ပါအကြောင်းရာများကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

🔴 ကျောင်းမိတ်ဆက်

🔴 စကော်လားရှစ် (ပညာသင်ဆု) ချေးငွေရနိုင်မဲ့ အခွင့်အလမ်းများ

🔴ကျောင်းဝင်ခွင့်လိုအပ်ချက်

🔴ကုန်ကျစရိတ်

စိတ်ဝင်စားသူများ အောက်က QR code ကနေတစ်ဆင့် Google form လေးဖြည့်ပြီးစာရင်းပေးသွင်းလိုရပါပြီ။

Google form link
https://forms.gle/3fx5q5yVaPrWLXey7

နေရာ အွန်လိုင်း (Google Meet)
နေ့ရက် 2025/1/25 (စနေ)
အချိန် 15:30~16:30 ( မြန်မာစံတော်ချိန်)

#日本留学
#日本語学校
#自動車大学校
#留学生
#ミャンマー See less

မမေ့ပျောက်သင့်တဲ့ ဓလေ့ ရိုးရာ
27/12/2024

မမေ့ပျောက်သင့်တဲ့ ဓလေ့ ရိုးရာ

"ကွယ်လေးရဲ့မင်ကြောင် ဘယ်မှောင်မှာ ထိုး"

--- ဒီရက်ပိုင်း ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ ကဗျာပေါင်းချုပ် ပြန်ဖတ်ဖြစ်တယ်။ ဆရာကိုလေးတို့ ကြည်အောင်တို့ တင်မိုးတို့ မောင်စွမ်းရည်တို့ ကဗျာတွေက ကျွန်တော်တို့လို ၉၀ခုနှစ်တွေမှာ ပညာ စသင်ယူခဲ့ရတဲ့ သင်ရိုးတွေထဲမှာ နေရာမရဘူး။ ပြီးတော့ ဆရာတို့ကဗျာတွေကို ဖတ်ချင်တိုင်းလည်း မဖတ်ခဲ့ရဘူး။ ကြီးမှ ဟိုကဒီက ရှာဖွေ ဖတ်ရတာ။ ဒီဆရာတသိုက်ကို ဆရာမောင်သာနိုးက လူထုကဗျာဆရာတွေလို့ ပြောလေ့ရှိတယ်။ လူထုရဲ့အသံကို ထင်ဟပ်တဲ့ ကဗျာတွေ ရေးကြတာကိုး။ ဂန္ထဝင်ထဲက စာလုံးအခန့်အညားကြီးတွေ မသုံးလေ့ဘဲ လူထုအသံတွေကို ကာရန်လုပ်ပြီး လူထုနားထဲ ကဗျာတွေ ထည့်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆရာတွေ။ ကဗျာဆရာများ လူထုအပေါ် စေတနာရှိပြီဆိုရင် ကောင်းကောင်းမနေကြရတဲ့ခေတ်တွေ။ ဆရာတို့လည်း ကောင်းကောင်းမနေရတာ လူထုနဲ့ တသားတည်းလို့ ဆိုရမှာပေါ့။

ပန်တော်ညို ချိုရစ်
အစ်နေအောင် စား ...။

မြေဇာ ခွာခုတ်
ဗူးမှုတ်လို့ စား ... ။

ဆီးအုပ်ပင် ပတပ်ရပ်
ဟပ်ဟပ်ပြီး စား ... ။

သစ်ရွက်နဲ့
မြက်
လူ့အတွက် မဟုတ်တာ
နာပါ့ဗျား။ ။
၁၀-၇-၁၉၈၈
(အာဟာရဒီပနီသစ်)
--- ဒီကဗျာမှာ ကဗျာရေးတဲ့ရက်စွဲက အသက်လို့ ပြောရမယ်။ စနစ်တခုမကောင်းရာက တပြည်လုံး အစစအရာရာရှားပါးသွားပြီး၊ လူတွေ စားစရာမရှိ ငတ်ကြရတဲ့ ကာလတခု ကျနော်တို့ မမွေးခင်က ကြုံဖူးသတဲ့။ ကျွေးဥ ကို တူးပြီး အဆိပ်အတောက်စင်အောင်လုပ်ပြီး ထမင်းလုပ်စားရတဲ့ အချိန်တွေ၊ ပြောင်းဆန်ထမင်းကို ပီလောဟင်းနဲ့ လည်ချောင်းထဲ မျှောချခဲ့ရတဲ့ကာလတွေ။ ကြာလာတော့ ဒါတွေကို မခံမရပ်နိုင်ဖြစ်ပြီး အထွတ်အထိပ် ရောက်သွားတဲ့ ရက်စွဲတွေပေါ့။ ဆရာက အဲဒီကာလမှာ နွားတွေကို ကြည့်ပြီး အားလည်းအားကျ၊ ခေတ်ကြီးကိုလည်း ရွဲ့ချင်တော့ "အာဟာရဒီပနီသစ်"ဆိုပြီး ကောက်ရေးလိုက်တာပဲ။
--- ပန်တော်ညို(ဗဒေါ်ညို)မြက်ပင်ကြီးတွေကို ချိုနဲ့ ရစ်ယူတဲ့ပြီး ဗိုက်ကြီးဝအစ်နေအောင် စားတဲ့နွားတွေ။ မြေကပ် မြေဇာပင်လေးတွေကို ခွာနဲ့ခုတ်လို့ ရွှံ့တွေကို တဗူးဗူးမှုတ်ပြီး မြက်ဖပ်လေးတွေ ရွေးစားလို့ ရနေတဲ့ နွားတွေ။ ဆီးပင်အုပ်အုပ်လေးကို ရှေ့ခြေနှစ်ချောင်း ပတပ်ရပ်တဲ့ပြီး ပါးစပ်နဲ့ ဟပ်ဟပ်စားနေတဲ့ နွားတွေ။ ဒီနွားတွေကို ကြည့်ပြီး၊ ဒီတိရစ္ဆာန်တွေကျ စားမယ်ဆိုရင် စားစရာပေါလိုက်တာ။ ခေါင်းငုံ့ထားလည်း မြေဇာမြက်ပင်စားရ၊ စားဝလို့ ခေါင်းမော့လိုက်တော့တောင်မှ ဇီးရွက်နုနုတွေက လှမ်းဟပ်ချင်စရာ။ တို့များကျ မြက်လည်း စားမရ၊ ဇီးရွက်လည်း စားလို့မရ။ လူစားလို့ရတဲ့ ကောက်ပဲသီးနှံကျ ရှားလိုက်တဲ့ ဖြစ်ခြင်း။ ဆရာက ဒီလို ရှားပါးတဲ့ခေတ်မှာ မြက်နဲ့ သစ်ရွက် လူ့အတွက် အစာမဟုတ်တာ နာပါ့ဗျားတဲ့လေ။ ရင်နာစရာတွေ များသထက် များလာတဲ့အခါ လူထုကိုယ်စား ပွင့်အံကျလာတဲ့ ကဗျာစတွေ။
--- ဒီလိုနာကျင်စရာတွေ ကြားက အင်မတန်ချစ်စရာကောင်းတဲ့ကဗျာတပုဒ်အကြောင်း ပြောမလို့ပါ။ ကဗျာလေးကို သင်ရိုးမှာ ထည့်ပေးပြီး ကလေးတွေကို သင်ပေးရရင်လည်း ပျော်ကြမှာ။ ကဗျာကတိုတိုလေးနဲ့ ဆရာနဲ့တပည့်တွေကြားမှာ ပြောစရာတွေက အများကြီး ရှိလာနိုင်တဲ့ ကဗျာကိုး။ ဖတ်ကြည့်ပါဦး။

#သံသယ

ငါ့အဖိုးသည်
ထိုးကွင်းမင်ကြောင်၊ ရုပ်တထောင်နှင့်။

အဖိုးသားသည်၊ ကျားကနှစ်ကောင်
ကြောင်ကနှစ်ကွင်း၊ တက်အဆင်းနှင့်။

ငါ့တွင်တမူ၊ ပေါင်ဖြူဖြူကြောင့်
သူအို ဆံကျား၊ တချောင်းသွားနှင့်
ဖွားဖွား ချစ်မှ ချစ်ပါစ။ ။

--- ကဗျာလေးအကြောင်း မပြောခင် ရှေးက ဗမာတွေ ထိုးကွင်းမင်ကြောင် ထိုးကြတဲ့အကြောင်း ပြောဦးမယ်။ ယောကျ်ားတွေရဲ့ ခန္ဓာကိုယ်က မင်ကြောင်ဟာ ရဲစွမ်းသတ္တိနဲ့ ယောကျ်ားပီသမှုတို့ရဲ့ သင်္ကေတ ဖြစ်သလို၊ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားမှာ အရေးပါတဲ့ သင်္ကေတလည်း ဖြစ်သတဲ့။ မိန်းကလေးတယောက်ကို ချစ်စကား ကြိုက်စကား သွားပြောရင် မိန်းကလေးကမင်ကြောင်ထိုးပြီးပလားလို့ ပြန်မေးတတ်သတဲ့။ မင်ကြောင်ထိုးပြီးမှ ငါ့ကို ဒီလို စကားလာပြော။ မင်ကြောင်မရှိတဲ့ ယောကျ်ားက ပြောတဲ့စကားဟာ ယုံစရာမဟုတ်၊ အတည်စကားမဟုတ်၊ ကြီးကောင်ငင်လို့ စိတ်ကစားလို့ ပြောတဲ့စကားလောက်သာ မှတ်သတဲ့။
--- ဆရာရန်ကုန်ဘဆွေရေးတဲ့ မြန်မာပြည်သားဝတ္ထုကြီးမှာ မင်ကြောင်ထိုးမယ့် ယောကျ်ားကလေးနဲ့ သူ့ချစ်သူမိန်းကလေးတို့အကြောင်း စိတ်လှုပ်ရှားအောင် ရေးထားတဲ့ ဇာတ်ဝင်ခန်းတခု ပါပါတယ်။ မင်ကြောင်ထိုးမယ့်နေ့မှာ ကောင်းမြတ်ဆိုတဲ့ ဇာတ်လိုက်လုလင်လေးက မြခက်ဆိုတဲ့ မိန်းကလေးဆီကို မနက်မိုးမလင်းခင် အရောက်သွားပြီး ပန်းပွင့်တောင်းတဲ့အကြောင်း။ မင်ကြောင်ထိုးတဲ့အခါ အောင်မြင်ဖို့ ရွာထဲက အပျိုချောမလေး ၇ယောက်ဆီက ပန်းပွင့် ၇ပွင့်ကို နေလုံးမပေါ်မီ အရတောင်းယူလာရမယ်လို့ မင်ကြောင်ထိုးဆရာက မှာထားလို့ပါတဲ့။ အခြား အပျိုမတွေဆီက ပန်း​၆ပွင့် ရလာခဲ့ပြီ၊ နင့်ဆီက တပွင့်ပဲ ကျန်တော့တယ် မြခက်ရဲ့၊ ပေးပါဟာလို့ သွားလုပ်တော့၊ ဟိုက မိန်းကလေးဆိုတော့ မနာလိုစိတ်က ငယ်ထိပ်တက်တော့တာကိုး။ တခြားမိန်းကလေးတွေဆီ အရင်သွားတယ်၊ မြခက်ဆီကျ နောက်ဆုံးမှ လာတယ်၊ ဘာလဲ ကျုပ်က မချောလို့လား ဖြစ်ကရော့။ ဒါပေမဲ့ ကောင်းမြတ်က အလျှောက်ကောင်းတယ်။ နောက်ဆုံးပန်းပွင့်ဟာ အချောဆုံး မိန်းကလေးဆီက ဖြစ်ရမယ်လို့ မင်သေ့ဆရာက မှာထားလို့ နင့်ဆီကို နောက်ဆုံးမှ ဝင်တာပါဟာ၊ မြန်မြန်ခူးပေးပါတော့ ဆိုတော့မှ မြခက်က ကျေနပ်ပီတိ ဂွမ်းဆီထိပြီး ကျီးမနိုးပန်းတပွင့် ခူးပေးလိုက်ပါတယ်။ ကောင်းမြတ်ဟာ မြခက်လက်ထဲက ကျီးမနိုးပန်းပွင့်လေးကို လှမ်းယူရင်း မြခက်ရဲ့ လက်ကို ဆုပ်လိုက်တယ်။ ကောင်းမြတ်က မြခက်ကို ချစ်စကားပြောတယ်။ ဒါပေမဲ့ စကားက အဆုံးထိ မရောက်လိုက်ပါဘူး။ မြခက်ကပဲ ထွက်ပြေးလို့ မကြားလိုက်တာလား၊ ဒါမှ မဟုတ် ကောင်းမြတ်ကပဲ သူ့စကား သစ္စာတည်ချင်လို့ မင်ကြောင်ထိုးပြီးမှ ချစ်စကားပြောဖို့ စကားစကို ရပ်ထားလိုက်လေသလား မသိပါ။
--- မင်ကြောင်ထိုးတဲ့ အမှောင်ခန်းထဲကို ဝင်တဲ့အခါ လက်ယာအပေါက်က ဝင်တဲ့သူဆိုရင်၊ ယာမှောင်က ဝင်တာလို့ ခေါ်သတဲ့။ ယာမှောင်မှာ ဆေးအင်း အကျအန မပါ။ ထိုးကွင်းအလှအပ မြင်ရရုံ ထိုးနှံတာပါ။ ခဏပဲ ကြာသတဲ့။ ဝဲဘက် အပေါက်က ဝင်ရင်တော့ 'ဝဲမှောင်'လို့ ခေါ်သတဲ့။ ဝဲမှောင်မှာ မင်သေ့ဆရာပေါင်း သုံးယောက်က တလှည့်စီ ဆေးအင်းကွက် စီရင်လို့ အကျအန ထိုးရပါသတဲ့။ အစအဆုံး နေ့တဝက်ကျော် ကြာမြင့်သတဲ့။ မင်ကြောင်ထိုးမယ့် မင်သေ့ဆရာက မင်ကြောင်အထိုးခံမယ့်သူကို မထိုးခင်မှာ မေးခွန်းတွေ မေးတယ်။ ခန္ဓာကိုယ်မှာ အနာကြီး၊ ပွေးကြီး၊ ဝဲကြီး၊ အိုင်းအနာ ရောဂါဘယ ကင်းရဲ့လား။ နပုံးပဏ္ဍုပ်မဟုတ်၊ ယောကျ်ားလောင်း မိန်းမလောင်း မဟုတ်သော ယောကျ်ားစင်စစ် ဖြစ်ရဲ့လား။ အထိုးခံမယ့်သူက အနာပွေးဝဲ ကင်းပါ၏၊ ယောကျ်ားစင်စစ် ဖြစ်ပါ၏ ဆိုမှ မင်ကြောင်ကို စထိုးပါတယ်။ မင်ကြောင်ထိုးပွဲမှာ အတီးအမှုတ်အဖွဲ့လည်း ရှိတယ်။ ဘေးကနေ မျောက်မင်းအူသံတို့ အချာပဝရတို့ တီးပေးရာကနေ မင်သေ့ဆရာကိုကြည့်ပြီး အရှိန်ရလာရင် ဗိန်းမောင်းတီးတယ်။ အဲဒီအခါ မင်သေ့ဆရာက တီးလုံးနဲ့အတူ စုတ်ချက်တွေ ပြင်းလာ ကြမ်းလာ မြန်လာပြီး ဆေးစီးလာတယ်။ သွေးမြင်လေ စိတ်တွေ ထလာလေဆိုတော့ အထိုးခံရတဲ့သူမှာ မသက်သာလှပေဘူး။ မိန်းကလေးတွေ ပေးတဲ့ ကွမ်းသီးလုံးကို ကွဲအောင် ကိုက်ပြီး အံကြိတ်ခံရသတဲ့။ ဒီလိုနဲ့ မပြီးသေး။ မင်ကြောင်ထိုးတဲ့အခန်းထဲက ထွက်တဲ့အခါ၊ ခန္ဓာကိုယ်မှာ သွေးတရဲရဲ၊ ဆေးတမည်းမည်းနဲ့ လက်ပမ်းပေါက်ခတ်ရတဲ့ ထုံးစံက ရှိသေးသတဲ့။ မင်ကြောင်အထိုးခံရလို့မှ မသက်သာရတဲ့ကြားထဲ တချို့ဆိုရင် လက်ပမ်းပေါက်ခတ်ဖို့ မထနိုင်ရင် ထူပေးရသတဲ့။ အထူနဲ့မှ လက်ပမ်း၃ချက် ခတ်တယ်ဆိုရုံ ခတ်နိုင်ရင် 'အဝါခတ်'လို့ ခေါ်သတဲ့။ တချို့ကျ ထူရုံနဲ့မရဘူး၊ တွဲပေးထားရသတဲ့။ အတွဲနဲ့မှ လက်ပမ်းခတ်နိုင်တဲ့သူကို 'အမြှောင်ခတ်'လို့ ခေါ်သတဲ့။ ဘယ်သူမှ ထူစရာ၊ တွဲစရာမလိုဘဲ၊ မိမိဘာသာ လမ်းလျှောက်ထွက်လာပြီး လက်ပမ်းပေါက်ခတ်နိုင်ရင်တော့ 'ထီးထီးခတ်'လို့ ခေါ်ကြသတဲ့။ ကောင်းမြတ်ဟာ ဝဲမှောင်ကဝင်ပြီး၊ ဗိန်းမောင်းသံ တညံညံနဲ့ ဆေးမင်ကြောင်ထိုးကာ၊ လက်ပမ်းကို ထီးထီးခတ် ပေါက်ခတ်လို့ ထွက်လာပါသတဲ့။ ထွက်လာတဲ့ ကောင်းမြတ်ရဲ့ ကိုယ်ပေါ်က သွေးတရဲရဲ တစိုစို စုတ်ချက်တွေအပေါ်မှာ အသင့်စောင့်နေတဲ့ မိန်းမပျိုတွေက နံ့သာရည်နဲ့ လိမ်းကျံပေးရသတဲ့။
--- နံ့သာရည် ဆီးကြိုလိမ်းကျံပေးတဲ့အထဲမှာ မိပဲဆိုတဲ့ မိန်းကလေးတယောက်လည်း ပါလာပါတယ်။ မိပဲဟာ ကောင်းမြတ်ရဲ့ သွေးရွှဲခန္ဓာကိုယ်ကို တောက်ပရွှန်းစိုတဲ့ မျက်လုံးရွဲကြီးတွေနဲ့ စိတ်လှုပ်ရှားမှုကို မဖုံးနိုင် မဖိနိုင် ကြည့်နေတာကို ကောင်းမြတ်က သတိထားမိပါသတဲ့။ ဒီလိုနဲ့ မင်ကြောင်မထိုးခင်က မြခက်အပေါ် ရည်းစားစကားပြောဖို့ ကြံရွယ်ခဲ့တဲ့ ကောင်းမြတ်ဟာ မိပဲအပေါ်မှာ စိတ်ညွှတ်သွားတဲ့အကြောင်း ဝတ္ထုက ဇာတ်ကောင်စရိုက်ကို ပြောင်းပေးလိုက်တဲ့အခါ ကျွန်တော်တို့ စာဖတ်သူတွေမှာ မကျေမနပ် ဖြစ်ခဲ့ရတယ်။ ဒီကစလို့ စာရေးဆရာက ဇာတ်ကောင်စရိုက်တွေကို ပြောင်းပစ်ပြီး စစ်ပွဲတွေဆီကို ဝတ္ထုက ဦးတည်သွားတဲ့အခါမှာလည်း ထိုးကွင်းမင်ကြောင်ရဲ့ အရေးပါမှုက ရှိနေဆဲပါ။
--- မြန်မာဘုရင်လက်ထက်မှာ မင်ကြောင်ထိုးပြီးသား လူငယ်တွေဟာ စစ်ထဲကို လိုက်ဖို့ စည်းကြပ်ခံရသတဲ့။ မင်ကြောင်မရှိသူကိုတော့ စစ်သားအဖြစ်နဲ့ စည်းကြပ်ခြင်း မပြုကြပါဘူးတဲ့။ ထိုးကွင်းမင်ကြောင်တော့ ရှိပါရဲ့၊ အဆုံးထိရောက်အောင် အပြည့်အစုံ ထိုးမထားတဲ့သူ၊ ခြေတဖက်၌သာ မင်သေ့ရှိသောသူ၊ ထိုးကွင်းဒူးကျမဟုတ်ဘဲ ပေါင်လည်လောက်သာ ထိုးနှံထားတဲ့သူများဟာ စစ်ပွဲမှာ ပါခဲ့ရင်လည်း ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း အစေအပါးလောက်သာ လုပ်ကြရပါသတဲ့။ ထိုးကွင်းမင်ကြောင်ဟာ ရှေးက မြန်မာစစ်သားတွေရဲ့ ယောကျ်ားပီသမှု သတ္တိရှိမှု ပြဒါးတိုင် ဖြစ်ခဲ့ပါတယ်။ ရှေးမြန်မာစစ်သားတွေဆိုတာဟာလည်း ရှင်ဘုရင်တဦးတယောက်၊ တစုတဖွဲ့ရဲ့ အကျိုးစီးပွားအတွက် စစ်မှုထမ်းရွက်ကြသူတွေ မဟုတ်ပါဘူး။ တိုင်းပြည့်ရန်ကို နှိမ်နင်းဖို့၊ ပြည့်နယ်နိမိတ်နဲ့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ စစ်ထွက်ကြရတာဆိုတော့ ထိုးကွင်းမင်ကြောင်နဲ့ စစ်ထွက်လူငယ်တွေရဲ့ဘဝဟာ အင်မတန် ဂုဏ်ယူစရာ ကောင်းခဲ့မှာပါ။ နောက်ပိုင်းမှာတော့ ကျေးရွာလူငယ်တွေကို စစ်ထွက်ဖို့ စည်းကြပ်ဆင့်ခေါ်တာတွေများလာတဲ့အခါ စစ်ထဲမလိုက်ချင်တဲ့ သတ္တိကြောင်တဲ့ လူငယ်တွေဟာ ထိုးကွင်းမင်ကြောင် မထိုးတော့ဘဲ နေကြရာက၊ မင်ကြောင်ဓလေ့လည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့တာပါ။ ဒီနေရာမှာ သတ္တိကြောင်တယ်ဆိုတာထက် ရှင်ဘုရင်တွေ လောဘတက်လာပြီး ပြည်ပစစ်တင်မက ပြည်တွင်းစစ်တွေပါ ဆင်နွှဲလာတဲ့အခါ စစ်ဟာ ရှေးကလို ဂုဏ်ယူစရာ မကောင်းတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ စစ်ကို ရှောင်ရအောင် မင်ကြောင်ကို စွန့်ခဲ့ကြပုံရပါတယ်။
--- ဆရာကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ ကဗျာကို ပြန်သွားရရင်၊ စာရေးသူရဲ့ အဘိုးဟာ ထိုးကွင်းမင်ကြောင် ရုပ်တထောင်ကို အပြည့်အစုံ ထိုးနှံထားသူ ဖြစ်ပါသတဲ့။ စာရေးသူရဲ့ အဖေဟာ ဆိုရင်လည်း ကျားနှစ်ကောင် ကြောင်နှစ်ကွင်း အတက်အဆင်းပြုနေဟန်တွေကအစ ထိုးကွင်းဒူးကျအောင် ထိုးနှံထားသူ ဖြစ်ပါသတဲ့။ အဖိုးဟာ အဖွားကို မင်ကြောင်ထိုးပြီးမှ ချစ်စကား အတည်တကျ ဆိုခဲ့သူ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ အဖိုးနဲ့အဖွားရဲ့သား၊ စာရေးသူရဲ့ ဖခင်ဟာလည်း မင်ကြောင်ထိုးပြီး တိုင်းပြည်အတွက် စစ်ထဲဝင်ခဲ့သူ ဂုဏ်ယူဖွယ်လုလင်တဦး ဖြစ်ခဲ့မှာ သေချာပါတယ်။ စာရေးသူ ကဗျာစာဆိုလက်ထက်မှာတော့ မင်ကြောင်ဓလေ့လည်း ပျောက်ခဲ့ပြီ။ စာဆိုရဲ့ ပေါင်မှာ ဘာထိုးကွင်းမှ မရှိ။ ဒီတော့ အသက်ကြီးလှပြီဖြစ်တဲ့အပြင် ဆံပင်ကျိုးကျဲ သွားတချောင်းတည်းသာ ရှိတော့တဲ့ စာရေးသူရဲ့အဖွားဟာ စာရေးသူဖြစ်တဲ့ မြေးအပေါ်မှာ ခင်ပွန်းနဲ့သားကိုချစ်သလို ဂုဏ်ယူဖွယ် မေတ္တာမျိုးနဲ့ ချစ်မှ ချစ်ပါလေစလို့ သံသယစိတ် ဝင်မိပါသတဲ့။
--- ဒီကဗျာကို ကလေးတွေကို ပြောပြတဲ့အခါ ကျနော်တို့ဟာ ထိုးကွင်းမင်ကြောင် ဘယ်လိုထိုးတယ်၊ ဘယ်နက္ခတ်မှာ အင်းတွေကို ဘယ်လိုချတယ်၊ အရုပ်တွေကို ဘယ်လိုရေးတယ်ဆိုတဲ့ အချက်အလက်တွေဆီ အသေးစိတ် ပြောပြနေဖို့ မလိုအပ်တော့ပါဘူး။ ပြောမယ်ဆိုရင် သိလည်း မသိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဘက်ခေတ်မှာ ထိုးကွင်းမင်ကြောင်ဓလေ့ဟာ ပျောက်ခဲ့ပါပြီ။ မင်ကြောင်မထူ ​ပေါင်ဖြူဖြူနဲ့ ရဲရင့်ကြတဲ့ လူငယ်တွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ကဗျာမှာ အဓိက ထည့်သွင်းဖွဲ့ဆိုထားတဲ့ ထိုးကွင်းမင်ကြောင်က အရေးမကြီးတော့ဘူးဆိုရင် ဘာက အရေးကြီးတာလဲ။
--- ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ ဟောပြောပွဲတခုအကြောင်း မောင်သာချို ပြန်ရေးတာ သတိရမိပါတယ်။ ဆရာကြီးက စင်မြင့်ပေါ်ကနေ ကဗျာတပုဒ်ကို ရွတ်ပြပါသတဲ့။

"နေဝင်စ
ချိုးမရယ်ကူ
တောသူမလေး အဝေး။

ရေကိုသာ ရေကိုငတ်လို့
ကူရှာသလော ကူသလော။
စာကိုသာ စာကိုငတ်လို့
ကူရှာသလော ကူသလော။

နွားကျောင်းသားငယ်
ကျော့ကွင်းရယ် တည်။
ဘယ် ဘယ်ကိုရယ်မိ၊ ခြေကိုမိလို့။
ဘယ် ဘယ်ကိုရယ်နှက်၊
လည်ပင်းအထက် ခေါင်းကိုနှက်လို့။
ဘယ် ဘယ်ကိုရယ်ခွဲ၊ ရင်ကိုခွဲလို့။

ရှားမီးခဲတွင် ရဲရဲငယ်ကင်
အကျွန်မမြင်ဝံ့ပါပြီတကား၊
ရွှေချိုးဖိုရယ်လေ မယ့်လင်သား။

--- သေကွဲ ကွဲကြရတဲ့ ချိုးမိသားစုရဲ့ ပရိဒေဝသောကကို ဖွဲ့တဲ့ ရုပ်သေးသီချင်းကဗျာ။ သင်ရိုးမှာ ပါလာတော့ ဆရာတို့ ဆရာမတို့ရော ကလေးတွေကို ဘယ်လို မေးခွန်းထုတ်ကြမလဲ။ နွားကျောင်းသား၏ ကျော့ကွင်းသည် ချိုးဖို၏ မည်သည့်နေရာတွင် မိသနည်း။ နွားကျောင်းသားက မည်သည့်နေရာကို နှက်ပါသနည်း။ မည်သည့်နေရာကို ခွဲပါသနည်း။ မည်သည့်မီးတွင် ကင်ပါသနည်း။ ဆရာဆရာမက ဒီလိုမေးခွန်းတွေ ထုတ်ပြီး သင်နေကြတဲ့အခါ ကလေးတွေကလည်း ခြေထောက်ကို မိပါသည်လို့ ဖြေတဲ့သူကဖြေ။ ခေါင်းကို နှက်သည်၊ ရင်ကိုခွဲလိုက်သည်၊ ရှားမီး၌ ကင်သည် အစရှိသဖြင့် ဖြေကြမှာပေါ့လေ။ အလားတူပဲ -

"နှမထွေး မယ်တို့အိမ်ကို သိလိုချင်မူ၊
နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်။
အိမ့်ရှေ့ကမူ -
အုတ်ပလ္လင်နှင့် ညောင်ပင်နှင့်။
အိမ့်တောင်ကမူ -
ကြက်သွန်ခင်းနှင့် ရေတွင်းနှင့်။
အိမ့်မြောက်ကမူ -
စပါးလင်နှင့် ဒန်းပင်နှင့်။
အိမ့်နောက်ကမူ -
မိဿလင်နှင့် ချင်းပင်နှင့်။
မိဿလင်နှင့် ချင်းကိုလိုလျှင်
ဝါဆိုငယ်မှ ဝါဦး -
မြေနူးနူးကို တူးလှည့်ပါ့ရှင်" ကဗျာ စာသားကို သင်ကြားတဲ့အခါမှာလည်း "ကြက်သွန်ခင်းနှင့် ရေတွင်းသည် အိမ်၏ မည်သည့်အရပ်ဘက်တွင် ရှိသနည်း"တို့၊ "အိမ်၏ မြောက်ဘက်တွင် မည်သင်အပင်များ ရှိသနည်း"တို့၊ အချက်အလက်ဆိုင်ရာ မေးခွန်းတွေ ထုတ်နေရမှာ မဟုတ်ပါဘူး။ ယခု ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ကဗျာကို သင်တဲ့အခါမှာလည်း "အဖိုး၌ အရုပ်မည်မျှ ရှိသနည်း၊ အဖိုးသား၌ ကျားဘယ်နှကောင် ကြောင်ဘယ်နှကောင် ရှိသနည်း၊ အဖွား၌ သွား ဘယ်နှချောင်း ရှိသနည်း"ဆိုပြီး လုပ်နေလို့ မရပါဘူး။
--- ရသစာပေမှာ အချက်အလက်တွေကို သင်မလား၊ ခံစားမှုကို သင်မလားဆိုတဲ့ကိစ္စ အလေးထားမိတဲ့ အခါ၊ ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ 'သံသယ'ကဗျာဟာလည်း မိသားစု ချစ်ခြင်းမေတ္တာကို ဖွဲ့တဲ့ သိင်္ဂါရရသကို ခံစားလိုက်ရတဲ့အပြင်၊ ယောကျ်ားပီသမှု၊ ရဲစွမ်းသတ္တိရှိမှုနဲ့ သစ္စာတရားတွေ၊ မြန်မာတို့ရဲ့ ဂုဏ်ယူစရာဓလေ့တွေ၊ မိန်းကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရွေးချယ်မှုတို့အကြောင်းတွေ ပြောမကုန်တဲ့အကြားက၊ အချက်အလက်တွေကို ခဏမေ့ထားလို့ ရိုးစင်းတဲ့ ချစ်စဖွယ် ကဗျာငယ်တပုဒ် ဖြစ်လာတော့တာပါ။

#သုဒ္ဓ
6June2021

06/10/2024

ကျောင်းသားတွေအတွက် AI-Powered Learning Tools တွေအကြောင်း အပြည့်အစုံ! 🎓🤖
ဟိုင်း! ဒီနေ့မှာတော့ ခေတ်သစ်ပညာရေးကို ပြောင်းလဲပစ်နိုင်တဲ့ AI နည်းပညာအကြောင်း ပြောကြမယ်နော်။ AI က ကျောင်းသားတွေအတွက် သင်ယူရေးကို ပိုလွယ်ကူစေမယ့် ကိရိယာတွေကို ဖန်တီးပေးနေပါပြီ။ ဒီ tools တွေက သင်ယူရေးကို ပိုထိရောက်စေပြီး၊ စာလုပ်တာကို ပိုမြန်ဆန်စေမှာပါ။ ဘာသာရပ်အမျိုးမျိုးအတွက် အသုံးဝင်တဲ့ tools တွေကို လေ့လာကြရအောင်! 💪🧠

အထွေထွေ သင်ယူရေးနဲ့ ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေး Tools 📊📈

Tutor AI: http://www.tutorai.me/ 👨‍🏫
ဘာသာရပ်အမျိုးမျိုးမှာ ကိုယ်ပိုင်ဆရာတစ်ယောက်လို သင်ကြားပေးတဲ့ AI platform ပါ။
Grammarly: http://www.grammarly.com/ ✍️
အဂ္ဂလိပ်စာ ရေးသားတဲ့အခါ အမှားအယွင်းကင်းပြီး ရှင်းလင်းအောင် ကူညီပေးတဲ့ tool ပါ။
Quillbot: http://www.quillbot.com/ 📝
စာပိုဒ်တွေကို ပြန်ရေးပေးတာ၊ အကျဉ်းချုပ်ပေးတာတွေ လုပ်ပေးတဲ့ AI tool ပါ။
Speechify: http://www.speechify.com/ 🎧
စာသားတွေကို အသံအဖြစ် ပြောင်းပေးတဲ့ app ပါ။ နားထောင်ပြီး သင်ယူတာကို ပိုနှစ်သက်တဲ့သူတွေအတွက် အသုံးဝင်ပါတယ်။
Elicit: https://elicit.org/ 🔍
သုတေသနစာတမ်းတွေကနေ အရေးကြီးတဲ့ အချက်အလက်တွေကို ဆွဲထုတ်ပေးတဲ့ AI သုတေသန လက်ထောက်ပါ။

ဒါတွေက အထွေထွေ သင်ယူရေးအတွက် အသုံးဝင်တဲ့ tools တွေပဲ ဖြစ်ပါတယ်။ နောက်ထပ် အသုံးဝင်တဲ့ tools တွေကိုလည်း ဆက်ပြောပြပါ့မယ်။
ဘာသာစကား သင်ယူရေးအတွက် AI Tools 🌎🗣️

Duolingo: http://www.duolingo.com/ 🦉
ဂိမ်းကစားသလို ပျော်ပျော်ရွှင်ရွှင် ဘာသာစကားသင်ယူနိုင်တဲ့ app ပါ။ AI က သင့်အတွက် သင့်တော်တဲ့ သင်ခန်းစာတွေကို ရွေးချယ်ပေးပါတယ်။
Elsa Speak: http://www.elsaspeak.com/ 🎤
အင်္ဂလိပ်စကား ပြောဆိုမှုကို တိုးတက်စေဖို့ AI နဲ့ လေ့ကျင့်ပေးတဲ့ app ပါ။
Memrise: http://www.memrise.com/ 🧠
ဝေါဟာရတွေကို လွယ်ကူစွာ မှတ်မိအောင် AI နဲ့ ကူညီပေးတဲ့ app ပါ။

သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေအတွက် AI Tools 🧮🔬

Photomath: http://www.photomath.com/ 📸
သင်္ချာပုစ္ဆာတွေကို ကင်မရာနဲ့ ရိုက်ယုံနဲ့ အဖြေရှာပေးတဲ့ app ပါ။ အဆင့်ဆင့် ဖြေရှင်းနည်းတွေကိုပါ ပြသပေးပါတယ်။
WolframAlpha: http://www.wolframalpha.com/ 🧪
ရှုပ်ထွေးတဲ့ သင်္ချာညီမျှခြင်းတွေကို ဖြေရှင်းပေးပြီး၊ ဂရပ်တွေ ရေးဆွဲပေးတဲ့အပြင် သိပ္ပံဆိုင်ရာ အချက်အလက်တွေကိုပါ ပေးပါတယ်။

မှတ်စုရေးခြင်းနဲ့ စီစဉ်ခြင်းအတွက် AI Tools 📝🗂️

Otter.ai: http://www.otter.ai/ 🦦
စကားပြောသံကို စာသားအဖြစ် ပြောင်းပေးတဲ့ AI tool ပါ။ ဟောပြောပွဲတွေ၊ အင်တာဗျူးတွေမှာ အသုံးဝင်ပါတယ်။
Notion AI: http://www.notion.so/ 🗒️
AI နဲ့ မှတ်စုရေးတဲ့ app ပါ။ အကျဉ်းချုပ်ရေးသားခြင်းနဲ့ အိုင်ဒီယာ ထုတ်လုပ်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဒါတွေကတော့ ကျောင်းသားတွေအတွက် အသုံးဝင်နိုင်တဲ့ AI-Powered Learning Tools တွေပဲ ဖြစ်ပါတယ်။ ဒီ tools တွေက သင်ယူရေးကို ပိုမိုထိရောက်စေပြီး၊ စိတ်ဝင်စားဖွယ်ကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ 🌟
သတိပြုရမှာက သင့်အတွက် အသင့်တော်ဆုံး tools တွေက သင့်ရဲ့ လိုအပ်ချက်နဲ့ သင်ယူပုံ ပုံစံပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် စမ်းသပ်အသုံးပြုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ AI ရဲ့ စွမ်းအားကို အသုံးချပြီး သင့်ရဲ့ ပညာရေးစွမ်းရည်ကို အပြည့်အဝ ဖော်ထုတ်လိုက်ပါ! 💪🎓
ဒီနေ့ ကတော့ ဒီလောက်ပါပဲ။ မေးမြန်းလိုတာတွေ ရှိရင် comment မှာ ရေးထားခဲ့ပါ။ Like နဲ့ follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်! နောက်တစ်ခါ ထပ်တွေ့ကြပါဦးမယ်။ ဂွတ်ဘိုင်ပါဗျာ! 👋😊

ရွှေအသစ်စာမျက်နှာhttps://www.facebook.com/profile.php?id=100063766727011&mibextid=LQQJ4d
22/09/2024

ရွှေအသစ်စာမျက်နှာ

https://www.facebook.com/profile.php?id=100063766727011&mibextid=LQQJ4d

ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်
စာဖတ်ဖြစ်ဖို့ရာ အဓိကပါပဲ။

စာအုပ်စျေးတွေကတော့
အားလုံးသိတဲ့အတိုင်း
မိုးပေါ်ထောင်တက်နေဆဲပါပဲ။
စာအုပ်နဲ့ ပြည်သူတွေဟာ
တစ်စ တစ်စ ဝေးကွားသွားနေတာလည်း
အမှန်ပါပဲ။

ဒါပေမယ့် စာဖတ်ဖို့ကိုတော့
ဘယ်လိုနည်းနဲ့မဆို
ဖတ်ဖြစ်နေစေချင်ပါတယ်။
ပိုက်ဆံမကုန်ဘဲ စာဖတ်ချင်သူတွေအတွက်
လောလောဆယ် FB ပေါ်မှာ
ကျွန်တော်တွေ့မိတဲ့ ပေ့ချ်နှစ်ခုရှိပါတယ်။
တစ်ခုက ရွှေအသစ် ဒီဂျစ်တယ်စာမျက်နှာဖြစ်ပါတယ်။ ဝါရင့် သမ္ဘာရင့် ရွှေအမြုတေ မဂ္ဂဇင်း
အယ်ဒီတာအဖွဲ့ရဲ့ အားထုတ်မှုဖြစ်ပါတယ်။
အစောပိုင်းမှာကတော့
ကလောင်သစ်တွေရဲ့ ဝတ္ထုသစ်တွေတင်နေရာကနေ
အခုတော့ နာမည်ကျော် စာရေးဆရာတွေရဲ့
ဝတ္ထုသစ်တွေပါ တင်ဆက်တော့မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့
The Hledan Review ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့များနဲ့ စနစ်တကျ
ထွက်ပေါ်လာတဲ့ အွန်လိုင်း စာပေ
တစ်ခုပါ။ ခေတ်ပြိုင်စာပေလက်ရာတွေကို
ဘာသာပြန်ဆိုပြီး
အခန်းဆက်တင်ပြနေပါတယ်။
အက်ဆေးတွေ ဆောင်းပါးအသစ်တွေလည်း
တင်ဆက်နေတာ ဖတ်ရပါတယ်။

စာအုပ်အသစ်တွေ ဝယ်ဖတ်ဖို့ရာ
ငွေရေးကြေးရေး အဆင်သင့်မဖြစ်သေးသူတွေအတွက် အဆိုပါပေ့ချ်နှစ်ခုဟာ
စိတ်အဆာပြေနိုင်မယ်လို့
ယူဆပါတယ်။
ပေ့ချ်လင့်ခ်ကို မန့်မှာကြည့်နိုင်ပါတယ်။

ပုံကတော့
ကျွန်တော် စာဖတ်တိုင်း
ဘေးမှာ လာအိပ်လေ့ရှိတဲ့
ကျွန်တော့်သမီးလေးပါ။

12/09/2024
09/09/2024

“ရာသီချိန်ခါ သတိပြုစရာ”

🌸ရာသီပေါ်ခြင်းဟာ အပျိုဖော်ဝင်ချိန်ကစလို့
သွေးဆုံးချိန်ထိ အမျိုးသမီးတိုင်း လစဉ်တွေ့ကြုံခံစားရမယ့် အရာတစ်ခုပါ။

🌸ရာသီလာနေချိန်မှာ ကျန်းမာအောင်နေနိုင်ခြင်းနဲ့
တစ်ကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ခြင်းတို့ဟာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပြီးရုံမကဘဲ ယုံကြည်မှုပြည့်ဝတဲ့ နေ့စဉ်လူမှုဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

🌸ရာသီလာနေစဉ်မှာ ဂရုစိုက်ရမယ့်အရာတွေကတော့

* အစာအာဟာရပြည့်ဝမျှတစွာစားပါ
* ရေများများသောက်ပါ
* ပုံမှန်ကိုယ်လက်လှုပ်ရှားပါ
* လက်ကို မကြာခဏဆေးကြောပါ
* သန့်ရှင်းရေးကို ဂရုစိုက်ပါ
* လစဉ်သုံးပစ္စည်းများကို (၄နာရီ မှ ၆နာရီ) ခြား ပုံမှန်လဲလှယ်ပါ
* အသုံးပြုပြီးသားပစ္စည်းများကို စနစ်တကျစွန့်ပစ်ပါ
* သင့်တော်သောလစဉ်သုံးပစ္စည်းကိုရွေးချယ်ပါ (ဂွမ်းထုပ်၊ သန့်ရှင်းသော အဝတ်စ၊ Menstrual cup၊ Tampon)
* မိမိရဲ့ ရာသီချိန်အတွက် အမြဲပြင်ဆင်ထားပြီး၊ မိန်းကလေးဖော်ချင်း ဗဟုသုတမျှဝေပါ၊ ကူညီဖေးမပါ။� �

� #မိခင်နှင့်ကလေးကျန်းမာရေး�

Address

7 Street
Bagan

Opening Hours

Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

9595035091

Alerts

Be the first to know and let us send you an email when Kuthodaw Library Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kuthodaw Library Bagan:

Share