MC Foundation Library_NTL

MC Foundation Library_NTL " စာဖတချင်သူ တို့ဝိုင်းကူမည်။ "

02/02/2021

ကလေးငယ်တစ်ယောက်က
ဟစ်တလာ ဖြစ်သွားတဲ့အခါ
တစ်ကမ္ဘာလုံး အတုံးအရှုံးသေကြေကြသလို ……
ကလေးငယ် တစ်ယောက်က
မင်ဒဲလား ဖြစ်သွားတဲ့အခါမှာ
အာဖရိက တစ်တိုက်လုံး ကျွန်စနစ်ပျောက်သွားပြန်ရော ……

ကလေးငယ်တစ်ယောက်က
ကဒါဖီ ဖြစ်သွားတဲ့အခါ
လူတွေ ဆင်းရဲဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
ဂန္ဒီဖြစ်သွားတဲ့ အခါ
အာရှတိုက်တခုလုံး ထွန်းလင်းသွားပြန်ရော ……

ကလေးငယ်တစ်ယောက်က
ဘင်လာဒင် ဖြစ်လာတဲ့အခါ
လူတွေ ဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
မာသာထရီဆာ ဖြစ်လာတဲ့အခါ
လူသားတိုင်း အေးချမ်းသွားရပြန်တယ် ,

မင်းတို့ဟာ အနာဂါတ်ရဲ့ ဖန်ဆင်းရှင်တွေ
လက်ဖျံက သွေးကြောတွေ တစ်ဖြောင်းဖြောင်းထ,ပေါက်သလို
ဘုန်းတန်ခိုးရှိတဲ့ သူတွေ … … …

ကောင်းကင်မှာ ချိတ်ထားတဲ့
ငါတို့ သမိုင်းဟာ
မင်းတို့ လက်ထဲမှာ ထွန်းလင်းတော့မှာ
မြန်မာပြည်ရဲ့ ပန်းချီကားကို
မင်းတို့ ဆက်ဆွဲရမှာ . . .

တံခါးတွေ ဖွင့်ဖို့ . . . ,
စာတွေ ဖတ်ရမယ်
ရာဇဝင်တွေ မှတ်ရမယ်
သီအိုရီတွေ ကျက်ရမယ်

မြန်မာနိူင်ငံကြီး အအေးမိနေတာကို
မင်းတို့ ကုဖို့
ပညာအစစ်တွေ တက်ဖို့လိုတယ် . . . . .
သန်း ၆၀ တန် အိမ်မက်တွေကို
လူရာသွင်းဖို့
မင်းတို့ စာဖတ်ဖို့လိုတယ် … … … ။

Credit
Ulay Kyi ( ကိုလင်း )

ယနေ့ Seminar တွင် TAG သင်တန်းသူလေးများကိုလာရောက်ဟောပြောပေးသော ဆရာမဒေါ်မေသန္တာဦး၏ ဟောပြောမှုအား စာကြည့်တိုက် နာယက ဆရာမကြီ...
24/01/2021

ယနေ့ Seminar တွင် TAG သင်တန်းသူလေးများကိုလာရောက်ဟောပြောပေးသော ဆရာမဒေါ်မေသန္တာဦး၏ ဟောပြောမှုအား စာကြည့်တိုက် နာယက ဆရာမကြီး ‌ဒေါ်ခင်မော်ဝင်း(ငြိမ်း)နှင့် အတူ အဖွဲ့ဝင်များဖြစ်‌ေသာ ဆရာမဒေါ်ခင်သိန်းတင်နှင့် ဆရာမဒေါ်ရီရီဝင်းတို့မှလည်း အမျိုးသမီးများစွမ်းရည်မြင့်မားစေရန်အတွက် ရှေးရှုပြီး တက်ကြွစွာပါဝင်အာဖြည့်ဆောင်ရွက်နေတာကိုလည်း ‌ဂုဏ်ယူလေးစားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။
ထို့ကြောင့် MC Foundation Library ၏ ၂၀၂၁ခုနှစ်အတွက်
ဆောငိပုဒ်ကို"
#ကျွန်ုပ်တို့ယနေ့ဆောင်ရွက်ချက်များသည်အနာဂါတ်အတွက်သာဖြစ်သည်‌။"
ဟုသပ်မှတ်၍ စာကြည့်တိုက်ခရီး ရှေ့ဆက်နှင်သွားပါမည်။

ယနေ့ TAG သင်တန်းတွင် နတ်တလင်းမြို့ Nobel Care Education Center မှ Founder & Principal ဖြစ်သူ Teacher May@ ဆရာမ ဒေါ်မေသန္...
24/01/2021

ယနေ့ TAG သင်တန်းတွင် နတ်တလင်းမြို့ Nobel Care Education Center မှ Founder & Principal ဖြစ်သူ Teacher May@ ဆရာမ ဒေါ်မေသန္တာဦးမှ " အမျိုးသမီးများအတွက် ပညာရေးနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ " ခေါင်းစဉ်ဖြင့် TAG သင်တန်းသူများကို လာရောက် ဟောပြောဆွေးနွေးပေးပါတယ်။
ယခုလို ကျွန်တော်တို့ရဲ့ MC Foundation Library သို့
လာရောက်‌ေဟာ‌ေပြာဆွေးနွေးပေးပါသော ဆရာမကို
TAG သင်တန်းသူများကိုယ်စားနှင့် စာကြည့်တိုက်ကော်မတီက
ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဆရာမ၏ ပညာရေးလုပ်ငန်းများနှင့် ပရဟိတဆောင်ရွက်ချက်များလည်း ယခုထက်မက ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းလည်းတောင်းအပ်ပါသည်။
ဆရာမသည် နတ်တလင်းမြို့တွင် Education Center တစ်ခု ဖွင့်လှစ်ထားပြီး မူကြိုက‌ေလးသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများကို ဦးဆောင်သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အဆင့်ပညာတက်ရောက်သင်ယူရန် အခက်အခဲရှိသူများကို ကူညီထောက်ပံ့‌ေပး‌ေနသူလည်းဖြစ်ပါသည်။ ထို့အပြင် နတ်လင်းမြို့နယ်တွဲလက်များပရဟိတအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ပရဟိတလုပ်ငန်းများအပြင် နတ်လင်းမြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါသည်။



#တွဲလက်များပရဟိတအဖွဲ့

MC Foundation Library သည် လူငယ်များ၏ အနာဂါတ်တိုးတက်‌ေစရန်အတွက် အစဉ်ကြိုးပမ်းလျက်ရှိရာယခုဖွင့်လှစ်ပို့ချလျက်ရှိသော Tech A...
21/01/2021

MC Foundation Library သည် လူငယ်များ၏ အနာဂါတ်တိုးတက်‌ေစရန်အတွက် အစဉ်ကြိုးပမ်းလျက်ရှိရာ
ယခုဖွင့်လှစ်ပို့ချလျက်ရှိသော Tech Age Girls Myanmar
2021 သင်တန်း၌ နယ်ပယ်အသီးသီးမှ ဆရာ၊ဆရာမများကို ဖိတ်ခေါ်၍ အပါတ်စဉ်(တနင်္ဂနွေနေ့)နေတိုင်းတွင်
ဆွေးနွေးပွဲများကို ထည့်သွင်း၍ ပြုလုပ်ပေးနေပါသည်။
ယခုပါတ်တွင် Nobel Care Education Center Nattalin ၏
Founder & Principal ဖြစ်သူ Teacher May @ ဆရာမဒေါ်မေသန္တာဦးမှ အမျိုးသမီးများအတွက် " ပညာရေးနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ " ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားပါက Volunteers များအ‌ေနဖြင့် ဆွေးနွေးပွဲသို့တက်ရောက်နိုင်ပါသည်။
Organize by

MC Foundation Library သည် လူငယ်များ၏ဘအနာဂါတ်အကျိုးကိုရှေးရှု၍ ဆောင်ရွက်လျှက်ရှိရာ ယခုဆောင်ရွက်နေသော TAG သင်တန်းတွင် နယ်ပ...
17/01/2021

MC Foundation Library သည် လူငယ်များ၏ဘအနာဂါတ်အကျိုးကိုရှေးရှု၍ ဆောင်ရွက်လျှက်ရှိရာ ယခုဆောင်ရွက်နေသော TAG သင်တန်းတွင် နယ်ပယ်အသီသီးမှ အတွေ့အကြုံရှိသော ဝါရင့်ဆရာ၊ဆရာမများမှ အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း သင်တန်းမစတင်မှီ နံနက် (၈:၃၀)မှ (၉:၄၅)အချိန်အထိ TAG သင်တန်းသူများအား Seminar ဟောပြောဆွေးနွေးပွဲကို
စာကြည့်တိုက်မှူးမှ စီစဉ်ဆောင်ရွက်ထားပါတယ်။
ဟောပြောဆွေးနွေးမည့် ဆရာများကိုလည်း အပါတ်စဉ်ကြိုတင်ကြေငြာပေးသွားမှာဖြစ်ပါတယ်။ အခြားသော စိတ်ဝင်စားသော သူများလည်းလာရောက်နားထောင်နိုင်ပါတယ်။

ယခုပထမဆုံးပါတ်တွင် MC Foundation Library ၏
စာကြည့်တိုက်ကော်မတီ နာယကကြီ‌းလည်းဖြစ်သော ကျောင်းအုပ်ဆရာကြီး ဆရာဦးတင်ဝေမြင့်မှ " ပရဟိတအများအကျိုးပြုလုပ်ငန်းကို စာကြည့်တိုက်ကဏ္ဍဖြင့်လုပ်ဆောင်ခြင်း" ခေါင်းစဉ်ဖြင့် TAG သင်တန်းသူများကို ဟောပြောဆွေးနွေး‌ေပးခဲ့ပါတယ်။

နောက်အပါတ်များတွင်လည်း အခြားသော ကျွမ်းကျင်ပညာရှင်များမှ သင်တန်းသူများအတွက် ဗဟုသုတများစွာရရှိပြီး အကျိုးရှိစေမည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးပေသွားအုံးမှာဖြစ်ပါတယ်။

MC Foundation Libraryမှ  TAG သင်တန်းကို နေ့လည် (၁)နာရီတွင် သင်တန်းမိတ်ဆက်ခြင်း အစီစဉ်နှင့် စတင်ခဲ့ပြီး သင်တန်းကိုထောက်ပံ...
16/01/2021

MC Foundation Libraryမှ TAG သင်တန်းကို နေ့လည် (၁)နာရီတွင် သင်တန်းမိတ်ဆက်ခြင်း အစီစဉ်နှင့် စတင်ခဲ့ပြီး သင်တန်းကိုထောက်ပံ့ပေးသောအဖွဲ့အစည်းများကို မိတ်ဆက်ရှင်းလင်းခြင်း၊သင်တန်းစည်းမျဥ်း စည်းကမ်းများရှင်းလင်းတင်ပြခဲ့ပြီး What is internet? အင်တာနက်ဆိုတာဘာလဲ ဆိုတဲ့ သင်ခန်းစာခေါင်းစဉ်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ချိတ်ဆက်ခြင်းသင်ခန်းစာများကို သင်တန်းသူများနှင့် Trainnerများ ပျော်ပျော်ပါးပါး လက်တွေ့ဆောင်ရွက်ခဲ့ကြပါတယ်။

မြို့နယ် ပြန်/ဆက် ဦးစီးဌာမှူးမှ TAG သင်တန်းသူများနှင့်စာကြည့်တိုက်တွင်တွေ့ဆုံးပြီး သတင်းရယူပေးခဲ့ပါတယ်။သင်တန်းဖွင့်ပွဲတွ...
16/01/2021

မြို့နယ် ပြန်/ဆက် ဦးစီးဌာမှူးမှ TAG သင်တန်းသူများနှင့်
စာကြည့်တိုက်တွင်တွေ့ဆုံးပြီး သတင်းရယူပေးခဲ့ပါတယ်။
သင်တန်းဖွင့်ပွဲတွင်လည်း စာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းပေးခဲ့ပြီး စာကြည့်တိုက်ကော်မတီနာယကကြီး ဆရာကြီးဦးဝင်ထင်မှ လက်ခံခဲ့ပါတယ်။
ယခုလိုသင်တန်းဖွင့်ပွဲ့သို့ မအားမလပ်သည့်ကြားမှ တက်ရောက်ချီးမြှင့်ပေးပြီး စာအုပ်တွေလှူပေးခဲ့တဲ့ ဦးစီးမှု အန်တီ ဒေါ်လဲ့ဝါမြင့်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

Ooredoo Myanmar နှင့် MBAPF တို့၏ပံပိုးကူညီပေးမှုဖြင့်Tech Age Girls Myanmar 2021 သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝ...
16/01/2021

Ooredoo Myanmar နှင့် MBAPF တို့၏ပံပိုးကူညီပေးမှုဖြင့်
Tech Age Girls Myanmar 2021 သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီလ(၁၆)ရက်၊(စနေနေ့)တွင် ကျန်းမာရေးဝန်ကြီးဌာန၏ COVID 19 ကပ်ရောဂါ ကျန်းမာရေးလမ်းညွှန်ချက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ
ဒမငယ်ကျေးရွာရှိ မ-ကြီး မ-ငယ် သမိုင်းဝင်ဘုရားဝန်းအတွင်းရှိ ပဌာန်းဓမ္မာရုံ၌ MC Foundation Library မှ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းမြို့နယ်၊ တိုင်ဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါတယ်။
ထို့နောက် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်လဲ့ဝါမြင့် နှင့် စာကြည့်တိုက်ကော်မတီ၏ နာယက ဆရာဦးတင်ဝေမြင့်တို့မှ
အမှာစကား အသီးသီးပြောကြားခဲ့ပြီး TAG သင်တန်းနည်းပြနှင့်တာဝန်ခံ စာကြည့်တိုက်မှူး ဦးမင်းချိုမှ Online မှ သင်တန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စာကြည့်တိုက်မှ ဖော်ဆောင်နေသော ကျေးရွာအကျိုးပြုလုပ်ငန်းများအကြောင်း
ရှင်းလင်းတင်ပြပါတယ်။

ထို့နောက် စာကြည့်တိုက်ကော်မတီနာယကဆရာကြီး ဦးဝင်ထင်မှ မုဒိတာစကားပြောကြားပေးပါတယ်။ TAG 2019 Finalist မအိမွန်စိုးမှ သင်တန်းအ‌ကျိုး‌ေကျးဇူးများနှင့် Leadership Summit တက်ရောက်ခဲ့မှုအတွေ့အကြုံများကို မျှဝေပေးပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။

MC Foundation Library ၏သင်တန်းဖွင့်ပွဲ အခမ်းအနားသို့
ရပ်မိရပ်ဖများ၊ သင်တန်းသူများနှင့် ၎င်းတို့၏ မိဘများ၊စာကြည့်တိုက်ကော်မတီဝင်များ နှင့် သင်တန်းလက်ထောက်နည်းပြများ တက်ရောက်ခဲ့ကြပါတယ်။

TAG သင်တန်းသည် အသက်(၁၆)နှစ်မှ (၂၀)နှစ်အတွင်း ဆယ်ကျော်သက် အမျိုးသမီး‌ေလးများကို အလုပ်အကိုင်အခွင့်လမ်းများရရှိအောင် ကွန်ပျူတာအခြေခံနှင့် နည်းပညာများ၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် အမျိုးသမီးများ၏အခန်းကဏ္ဍတွင် ခေါင်းဆောင်မှုစွမ်းရည်မြင့်မားလာစေရန် ၂၀၂၁ခုနှစ် ဇန်နဝါရီလ မှ မေ လအထိ တစ်ပတ်လျှင် (၂)ရက် (၄)နာရီ သင်တန်းကာလ(၅)လကြာ သင်ကြားပိုချပေးသွားမည်ဖြစ်ပါသည်။

ရွေးချယ် ခံရသော TAG သင်တန်းသူများအနေဖြင့်(၁၆.၁.၂၀၂၁)စနေနေ့တွင် ကျင်းပပြုလုပ်မည့် သင်တန်းဖွင့်ပွဲဖိတ်စာများကို မနက်ဖန် သေ...
14/01/2021

ရွေးချယ် ခံရသော TAG သင်တန်းသူများအနေဖြင့်(၁၆.၁.၂၀၂၁)စနေနေ့တွင် ကျင်းပပြုလုပ်မည့် သင်တန်းဖွင့်ပွဲဖိတ်စာများကို မနက်ဖန် သောကြာနေ့တွင်
စာကြည့်တိုက်တွင် ဖိတ်စာများလာရောက်ယူပေးပါရန်။

နှစ်သစ်တွင် စာအုပ်အလှူ လက်ခံရရှိခြင်း။မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များအား စာအုပ်များထောက်ပံ့လှူဒါန်းပေနေသော Save...
02/01/2021

နှစ်သစ်တွင် စာအုပ်အလှူ လက်ခံရရှိခြင်း။

မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များအား စာအုပ်များထောက်ပံ့လှူဒါန်းပေနေသော Save the Library စာကြည့်တိုက်များကွန်ရက်မှ မနေ့ကရုံးခန်းဖွင့်လှစ်ပွဲ၌ မြန်မာစာအုပ်(၅၅) အုပ်နှင့် English Book (၅)အုပ်ကို ကျွန်တော်တို့စာကြည့်တိုက်သို့ လှူဒါန်းပေပါတယ်။

ယခုလိုလှူဒါန်းပေးသော Save the Library မှ ကိုမောင်မောင်စိုးနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နှစ်သစ်တွင် ကျန်းမာပျော်ရွှင်၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေကြောင်း ဆုတောင်း‌ေမတ္တာပို့သ‌ေပးပါတယ်။
Save the Library ကြီးလည်း ယခုထက်မကပို၍ပို၍ တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။

Address

Bagoda Street
Bago

Telephone

+959450588957

Website

Alerts

Be the first to know and let us send you an email when MC Foundation Library_NTL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MC Foundation Library_NTL:

Share

Category