22/07/2025
◾ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်
မဝတ်ရည်အောင်
(၂၀၀၀- ၂၀၂၅)
၂၀၀၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် အဖ ဦးသန်းမောင် (ကွယ်လွန်) ၊ အမိ ဒေါ်လှလှအေးတို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။
မွေးချင်း ငါးဦးအနက် အငယ်ဆုံးသမီး ဖြစ်သည်။ ငယ်မည် မီးမီး၊အပြုံး။
အ.ထ.က.(သုဝဏ္ဏ) တွင် ဆယ်တန်းအောင်မြင်ပြီး ၂၀၁၇ ခုနှစ်တွင် ဒဂုံတက္ကသိုလ်၌ သတ္တဗေဒဘာသာရပ်အထူးပြုဖြင့် ပညာသင်ယူခဲ့သည်။
၂၀၁၈ ခုနှစ်တွင် Unity & Progress ဒဂုံတက္ကသိုလ် ကျောင်းသားအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ဒဂုံတက္ကသိုလ် Cheer leaders အဖွဲ့တွင်လည်းပါဝင်ခဲ့သည်။ ထို့နောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂသို့ဝင်ရောက်ပြီး ကျောင်းသားအရေးကိစ္စများတွင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို Unity & Progress ကျောင်းသားများအစည်းအရုံး ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။
၂၀၂၀ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ရောဂါထိန်းချုပ်၊ကုသရေးအတွက် Quaratine Center များတွင် စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့တွင်သာမက ရခိုင်ပြည်နယ်အထိသွားရောက်၍ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၅ဦးနှင့်အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်။ စစ်ကြောရေး၏ ပြင်းထန်သော နှိပ်စက်မှုများကြောင့် ဖမ်းဆီးခံရပြီး သုံးလအကြာတွင် လေဖြန်းဝေဒနါခံစားရသည်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရသည်။ ဧပြီလတွင် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည်။ ထို့နောက် ကျန်းမာရေးဆိုးရွားလာသဖြင့် အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခံရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၄နှစ်ချမှတ်ခံရရာ စုစုပေါင်း ထောင်ဒဏ် ၇နှစ်ဖြစ်လာသည်။
အင်းစိန်အကျဉ်းထောင်အတွင်း ဆိုးရွားသော အကျဉ်းထောင်စနစ်များကြောင့် ဆေးကုသမှူလုံလောက်စွာမရရှိဘဲ ဒဏ်ရာအခံကြောင့် မကြာခဏတက်ခြင်း၊ သတိလစ်ခြင်း ၊ နှလုံးရပ်ခြင်းများ ဖြစ်ပွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် နံနက် (၃) နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
Central Executive Committee Member of the Dagon University Students' Union
Wutt Yi Aung
(2000 – 2025)
Ma Wut Yi Aung was born on January 27, 2000, in Yangon to her parents U Than Maung (deceased) and Daw Hla Hla Aye.
She was the youngest of five siblings. Her childhood nickname was "Mi Mi" and A Pyone(Smile ).
She completed her matriculation at Basic Education High School (Thuwunna) and enrolled at Dagon University in 2017, specializing in Zoology.
In 2018, she have joined the Unity & Progress ( student organization) at Dagon University. She was also a member of the Dagon University cheerleader team. After that, she became actively involved with the Dagon University Students' Union, dedicating herself to student affairs.
In 2020, she contested in the Dagon University Students' Union election, representing by the Unity & Progress student group, and she won.
Ma Wutt Yi Aung served avtively as a Central Executive Committee member and Joint General Secretary of the Students' Union.
During the COVID-19 pandemic in 2020, she was also volunteered at quarantine centers to support disease control and treatment efforts—not only in Yangon but also in Rakhine State.
Following the military coup in 2021, she actively participated in anti-dictatorship movements together with the Dagon University Students' Union.
On September 14, 2021, she was arrested by the military along with five other members of the Dagon University Students' Union. Due to the harsh and abusive treatment during military interrogation, she began experiencing severe physical and mental trauma after three months of detention.
On March 10, 2022, she was sentenced to three years in prison under Penal Code Section 505(a). In April, she was transferred to Daik-U Prison. Due to worsening health, she was later moved back to Insein Prison.
On June 27, 2023, she was sentenced to an additional four years under Section 52(a), bringing her total prison sentence to seven years.
While imprisoned at Insein Prison, she suffered from serious health issues due to the harsh prison conditions and lack of adequate medical care. She frequently lost consciousness and suffered from heart-related complications.
On July 20, 2025, at 3:00 a.m., Ma Wut Yi Aung passed away and was honored inside Insein Prison.
Dagon University Students' Union