The Sentry-Bago Defense Force BGDF

The Sentry-Bago Defense Force BGDF စစ်မှန်သော ဒေသန္တရ အုပ်ချူပ်ရေးတစ်ခု ဖော်ဆောင်နိုင်ရန်

10/04/2024

အကြောင်းကိစ္စ အမျိုးမျိုးတို့ကြောင့် Sentry page ကို ကောင်းကောင်း မrun ဖြစ်ခဲ့ပေမယ် လက်တွေ့မှာတော့ အခက်ခဲများကြားက တပ်ဖွဲ့ဝင်များအတွက် လိုအပ်တာတွေကို တပ်ဖွဲ့ရဲ့ စုပေါင်းအားနဲ့သော်လည်းကောင်း အသိမိတ်ဆွေများရဲ့ ထောက်ပံ့မှု နဲ့သော်လည်းကောင်း ကျားကုပ်ကြပ်ခဲ ရှာဖွေနေပါတယ်။ လိုအပ်တာတွေလဲ အများကြီးကျန်ရှိနေသေးတဲ့အတွက် အကူညီပံ့ပိုးပေးမယ့် အထောက်ပံ့တစ်စုံတစ်ခုကိုလဲ ကမ်းလင့်ပါတယ်ခင်ဗျာ။ လက်တဆုပ်စာ ဒီလောက်ကောင်တွေကို မြေလှန်ပစ်ဖို့ရာ နှခမ်းနီ တစ်တောင့်စာဖြစ်ဖြစ် ပါဝင်ပေးစေလိုပါတယ်။

ပါဝင်ပေးခဲ့သော တစ်ဦးတစ်ယောက်တိုင်းအတွက်လဲ များစွာကျေးဇူးတင်အသိမှတ်ပြုပါတယ်။🙏🏻🙏🏻🙏🏻

အောက်က video က ၄၀မမ အတွက် အကောင်းဆုံးထုတ်လုပ်နေတာဖြစ်ပါတယ်။

#ပြည်သူ့တော်လှန်စစ်မုချအောင်မြင်ရမည်။

15/01/2024
01/01/2024
ကျုပ်တို့က ထိန်းချုပ်နယ်မြေ မဟုတ်တော့ သွေးရဲမှ လာလို့အဆင်ပြေမှာပါ ဝန်ကြီးခင်ဗျာ
22/07/2023

ကျုပ်တို့က ထိန်းချုပ်နယ်မြေ မဟုတ်တော့ သွေးရဲမှ လာလို့အဆင်ပြေမှာပါ ဝန်ကြီးခင်ဗျာ

မသေခင် အလေးပြုချင်လို့ပါ (အတွေးအမြင်ဆောင်းပါး)

ရေးသားသူ - မောင်ဖိုးကြောက်

မြေလတ်အသံ၊ ဇွန်၁၈၊ ၂၀၂၃။

ပဲခူးအရှေ့၊ နတ်သံကွင်းစခန်းသိမ်းပွဲတွေအပြီးမှာ NUG ရဲ့ ပုဂ္ဂိုလ်ကြီးတချို့ကို တွေ့လိုက်ရပါတယ်။

ပြည်သူကတော့ သောင်းသောင်းဖျဖျ ချီးကျူးထောပနာတွေပြုကြပေမယ့် ပဲခူးရိုးမအနောက်ခြမ်းက ရဲဘော်တွေကတော့ ရယ်ရမလို ငိုရမလိုပါ။

တချိန်က မင်းသားတဖြစ်လဲ ဝန်ကြီးလွင်ကိုလတ်နဲ့ ခြံရံပြီးပါလာတာက‌တော့ တောင်ပိုင်းတိုင်း စစ်ဒေသရဲ့တာဝန်ခံ NLD အမတ်တွေဖြစ်တဲ့ စောရှားဖောင်၊ နောက်ပြီး ပဲခူးတိုင်းစစ်ရေးတာဝန်ခံဖြစ်တဲ့ ကိုတင်ဦး၊ ဧရာဝတီတာဝန်ခံ ‌ကိုကောင်းကျော်တို့ပါ။

ခပ်မိုက်မိုက် စစ်ဝတ်တန်ဆာတွေ ဝတ်ထားတဲ့ လုံခြုံရေးတွေနဲ့အတူ တွေ့လိုက်ရတဲ့ ဝန်ကြီးတို့အဖွဲ့ဟာ မင်းသားတွေ စစ်တိုက်တဲ့ ဇာတ်ကား ရိုက်နေကြသလိုပါပဲ။

ဝန်ကြီးရေ ဝန်ကြီးတို့ တိုက်တယ်ဆိုတာ EAO ထိန်းချုပ်နယ်မြေထဲက စခန်းတွေပါ။ ဒီလိုပဲ ကိုရှားဖောင် တို့ တပ်မဟာ-၆ မှာဆိုလည်း EAO နယ်မြေထဲမှာရှိနေတဲ့ ရန်သူတွေကို စစ်တိုက်ပြတာက ကလေးကို စနေသလိုပါပဲ။

ကျုပ်တို့ပြောချင်တာကတော့ ထိန်းချုပ်နယ်မြေထဲမှာ ပွဲကပြ၊ ပြည်သူကို တော်လှန်ရေးကြီးအောင်နေပြီဆိုပြီး ပြောပြောနေကြတဲ့ သူတွေကိုပါ။

ဝန်ကြီးရောက်ခဲ့တဲ့ ပဲခူးအရှေ့ခြမ်းနဲ့ ကျုပ်တို့ ပဲခူးအနောက်ခြမ်းဆိုတာ အလွှာပါးပါတယ်။ မြေပုံလေး ကြည့်လိုက်ရင်တောင် နီးနီးကပ်ကပ်လေးမြင်ရလိမ့်မယ်။

ဒီတော့ ဝန်ကြီးဘေးမှာ ကပ်ပါနေတဲ့ အင်တာဗျူးမှာ ရုပ်တည်ကြီးနဲ့ ငါတို့အလှည့် ဘာဖြစ်တယ်ဆိုလား ဖြေဆိုသွားတဲ့ ကိုတင်ဦးက ဝန်ကြီးကို ပဲခူးတိုင်းအနောက်ခြမ်းက အခြေအနေတွေရော ရှင်းပြခဲ့သေးလားဆိုတာ ပဲခူးရိုးမက သိချင်နေကြပါသတဲ့။

အထူးသဖြင့် ကိုတင်ဦးလက်အောက်က သာယာဝတီခရိုင်တာဝန်ခံရဲ့ သူ့တပ်ရင်းတွေအပေါ် မောက်မာမှု၊ ဘဏ္ဍာရေးပွင့်လင်းမြင်သာ မရှိမှုနဲ့ ဆရာမွေး၊ တပည့်မွေး ပုံစံနဲ့ လက်နက်တွေကို သူ့လူတွေပဲ တပ်ဆင်သွားတဲ့အကြောင်းတွေ၊ ရိက္ခာတွေ မလောက်မငနဲ့ ငတ်ပြတ်ပြီး အကြွေးတင်နေကြတဲ့ အကြောင်းတွေပေါ့။

အစ်ကိုကြီး ညီလေး ပုခုံးဖက်တော်လှန်ရေးဖြစ်နေမလားဆိုတဲ့ အတွေးတွေကြားမှာပဲ တိုင်သမျှ၊ တင်ပြသမျှဟာ ပဲခူးအနောက်ခြမ်း သာယာဝတီခရိုင်အဖွဲ့တွေဆီ ဒီနေ့ထိ ဖြစ်ဖြစ်မြောက်မြောက် ရောက်မလာသေးဘူးလို့ ရိုးမအင်အားစုတွေဆီက သိရတယ်။

ဒီလိုပါ ဝန်ကြီးတို့ NUG ကို ခုလို တရေးတယူပြောဆိုနေရခြင်းကလည်း ပြည်သူ့ဘဏ္ဍာကို ရယူသုံးစွဲနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတရပ်ဖြစ်နေလို့ဆိုတဲ့ အကြောင်းတချက်ကြောင့်ပါပဲ။

ဝန်ကြီးတို့ NUG မှာ ထိပ်တန်းအရာရှိတွေကို ဘယ်လိုအရည်အချင်းတွေ သတ်မှတ်ပြီး ခန့်အပ်ကြလဲ ဆိုတာမသိပေမယ့် အများစုကတော့ NLD အမတ်တွေပါပဲ။

အဲဒီအမတ်တွေအထဲ တချို့က လူတော်တွေပါ၊ ဒါပေမဲ့ တော်လှန်ရေးထဲက အမတ်အများစုကတော့ လူဖျင်း၊ လူညစ်တွေပါပဲ။ ကျုပ်တို့အခေါ် "ပါတီဆိုက်"လို့ခေါ်တာပေါ့။

နေရာတကာ သူတို့မှ တရားဝင်တယ်လို့ထင်ကြပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာတော့ ပုတ်သင်ညိုလို ခေါင်းညိတ်တာမျိုးလောက်တော့ ကောင်းကောင်းလုပ်တတ်ကြပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်လို့ ဘာအမျှော်အမြင်မှလည်း မယ်မယ်ရရမရှိတဲ့အပြင် သူတို့တာဝန်ယူ ထားတဲ့ဒေသတွေကိုတောင် စွမ်းရည်မြင့်တက်ဖို့၊ တပ်ဆင်ရေးတွေဖြစ်လာဖို့တွေတောင် အင်မတန်လေးပင်ကြသူတွေပါ။

သဘောပြောရရင် အပေါ်က မခိုင်းရင် ဘာမှမလုပ်ဘူးပေါ့။

သူတို့ကြောင့် တော်လှန်ရေးကို စွန့်ခွာသွားရတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားရတဲ့ ရဲဘော်တွေအများကြီး ပါပဲ။

ဒီကြားထဲ ဘယ်မှာနေမှန်းမသိတဲ့ သူတွေ၊ ခရိုင်တစ်ခုလုံးကို တာဝန်ယူရပြီး ‌သူ့နယ်မြေကို တခါမှမရောက်ဖူးတဲ့သူတွေကို စစ်ရေးတာဝန်ခံအဖြစ် NUG ကခန့်ထားတာကို ပြီးခဲ့တဲ့လက မှတ်တမ်းတခုမှာ ဖတ်ရပါတယ်။

ဒီလူတွေလက်မှာပဲ လက်နက်တွေလည်း မနည်းမနောပျောက်ဆုံး၊ အဖမ်းခံခဲ့ရပါသတဲ့။

အဲဒီမှတ်တမ်းတိုင်စာတွေဟာ ဝန်ကြီးတို့ အစိုးရအဆင့်ထိ ရောက်တဲ့စာတွေလို့သိရပေမယ့် ဒီနေ့ထိ ဘာမှမထူးခြားဘဲ တာဝန်ခံယူမှုတွေပျောက်ဆုံးသွားတာမျိုးဟာ ဒီတော်လှန်ရေးမှာ တာဝန်ယူတဲ့ NUG လိုအဖွဲ့အစည်းတစ်ခုတဲ့လား။

ခုတော့ ပဲခူးအရှေ့ခြမ်းမှာ စုံစုံလင်လင်တွေ့လိုက်ရတဲ့ ခေါင်းဆောင်တွေကို ကျုပ်တို့ အနောက်ဘက် ပဲခူးရိုးမက ရဲဘော်တွေက တွေ့ချင်ကြပါသတဲ့။

တခြားတော့မဟုတ်ပါဘူး၊ သူတို့ဆီမှာ ခန့်အပ်တာဝန်ပေးထားတဲ့ စစ်ရေးတာဝန်ခံဆိုသူကို တော်လှန်ရေးစကတည်းကနေ ဒီနေ့ထိ တခါမှမတွေ့ဖူးသေးလို့ ဒီရက်ရောက်လာတဲ့ ခေါင်းဆောင်တွေကိုများ လမ်းကြုံတွေ့ခွင့်ရမလားဆိုပြီး မျှော်လင့်မိကြတာပါတဲ့။

ကျုပ်တို့ဆီကတော့ ထိန်းချုပ်နယ်မြေမဟုတ်တော့ သွေးရဲမှပဲ လာလို့ကောင်းမှာတော့ တချက်ရှိတယ်ဗျ။

ဘာအကာအကွယ်မှ မရှိသလို ပြန်ပစ်စရာကတော့ NUG က ချပေးတဲ့ လက်လုပ်တွေ၊ မီးမောင်းကျိုးပျက် ဂန်းတွေတော့ ကောင်းကောင်းရှိတယ်ဗျို့။

ဒီလက်လုပ်တွေ၊ မီးမောင်းကျိုးပျက်တွေနဲ့ ဝင်တိုက်တာ ဟိုး ... သာယာဝတီခရိုင်၊ နတ်တလင်းဆိုတဲ့ဘက်က ကြက်မနက်မှာ ရဲဘော်ညီအစ်ကို နှစ်ဦးကျဆုံးသွားသတဲ့။

ဒီရဲဘော်နှစ်ယောက်လည်း ကျသာကျသွားတာ ဘယ်ဝန်ကြီး၊ ဘယ်တာဝန်ခံမှ မတွေ့ဖူးလိုက်ဘူး။

ခုပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲဒီသာယာဝတီခရိုင်ကပဲ ခပ်စုတ်စုတ်စခန်းတခု အစီးခံရပြီး သုံးယောက်ထပ်ကျသတဲ့ အသက် ၂၀ ဝန်းကျင် ရဲဘော်လေးတွေပါပဲ၊ သူတို့လည်း မတွေ့ဖူးလိုက်ကြဘူး။

ဒါကြောင့် ကျုပ်တို့ရဲဘော်တွေကတော့ မသေခင်လေး ဝန်ကြီးတို့ဆီက အရာရှိမဟုတ်ရင်တောင် ရုံးစာရေးဖြစ်ဖြစ်၊ တယောက်ယောက်လောက်တော့ တွေ့ပြီးအလေးပြုသွားချင်ကြတယ်လို့ ဆိုကြပါတယ်။

တွေ့ပြီးဘာလုပ်ကြမလို့လဲဆိုတော့ သူတို့လာရင် သူတို့ကိုင်လာမယ့် သေနတ်စစ်စစ်တွေကို မြင်ဖူးချင် လို့ပါတဲ့ဗျာ။

ဖိတ်ခေါ်ပါတယ် ဝန်ကြီးရေ ဂျော်နီဝေါကားတော့မရှိဘူး၊ ဖက်ကြမ်းနဲ့ တောအရက်တော့ရမယ်ဗျာ။

#မြေလတ်အသံ

*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

ကျွန်တော်တို့ရဲ့ ပထမဆုံးပြုလုပ်ခဲ့သော mission တစ်ခုဖြစ်တဲ့ jul 02 23 နေ့မှာ ဇီးဖြူကုန်း ရဲစခန်းကို ဝင်ရောက်ပစ်ခက်မှုမှာ ...
21/07/2023

ကျွန်တော်တို့ရဲ့ ပထမဆုံးပြုလုပ်ခဲ့သော mission တစ်ခုဖြစ်တဲ့ jul 02 23 နေ့မှာ ဇီးဖြူကုန်း ရဲစခန်းကို ဝင်ရောက်ပစ်ခက်မှုမှာ ရဲခွေး ၃ ကောင်နဲ့ ပျူ ၂ ကောင် ကို မရှိ ရှိတာလေးနဲ့ အဆင်ပြေအောင် ငရဲတံခါးဝ ပို့ဖြစ်ခဲ့တာလေး ကို အကြောင်းအမျိုးမျိုးကြောင့်ရယ် ကျွန်တော်တို့ ရဲဘော်တွေ အခု လုံခြုံတဲ့ အချိန်ရောက်မှ တင်ပြမှုတစ်ခုသက်သက်ပါခင်ဗျာ။



#အာဏာရှင်မှန်သမျှတိုက်ထုတ်ကြ
#ငါတို့အလှည့်ကျန်သေးတယ်

လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လက်ပံတန်းမြို့အနောက်ခြမ်း၊ အောင်မင်္ဂလာကျေးရွာရှိ ဇီးဖြူကုန်းရဲစခန်းနှင့် ဇီးဖြူကုန်း မီးရထားဘူတာအနီးရှိ လောင်းကစားဝိုင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း ဇီးဖြူကုန်း ရဲကင်းမှ နယ်ထိန်း အောင်ခိုင်၊ ရဲတပ်သား သန်းဇော်‌ဦး၊ အမည်မသိ ရဲတပ်သား ၁ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ၊ ပျူစောထီး အလောင်းများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ဇီးဖြူကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

"ညက လောင်းကစားဝိုင်းကို အရင်ဝင်ပစ်တာ အဲ့မှာရှိနေတဲ့ ရဲ ၃ ဦး နဲ့ ပျူစောထီး ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးတယ် ပြီးမှ ရဲစခန်းကို ဝင်ပစ်တာ" ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာကို စစ်ကား ၁ စီး ရောက်ရှိလာပြီး ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဇီးဖြူကုန်းစျေးကိုလည်း ပိတ်ထားပြီး အခင်းဖြစ်ပွားသည့် အောင်မင်္ဂလာလမ်းနှင့် ဆေးရုံအနီးကိုလည်း လမ်းပိတ်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Address

Bago
08018

Website

Alerts

Be the first to know and let us send you an email when The Sentry-Bago Defense Force BGDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category